အကောင်းဆုံးအရသာနှင့် ဆေးဖက်ဝင်အပင်တစ်ရာကျမ်း
Vol. 3 Ch. 22
"ရွာအပြင်ဘက်က မြစ်ထဲမှာပါပဲ အဘိုး။ မနေ့က ရှောင်ယန်နဲ့ကျွန်တော် ငါးမျှားထွက်ရင်း ကံကောင်းလို့ဖမ်းမိခဲ့တာပါ။" လုချင်းက ပြန်ဖြေလိုက်၏။
"အဲ့ဒီမြစ်ငယ်လေးထဲမှာ ကျောက်ငါးပြာတွေရှိလို့လား။" သမားတော်ချန်သည် အနည်းငယ် အံ့ဩသွားခဲ့သည်။
ရွာအပြင်ဘက်ရှိမြစ်သည် သိပ်မကြီးမားသောကြောင့် ကျောက်ငါးပြာတစ်ကောင် ဤအရွယ်အစားအထိ ကြီးထွားလာခြင်းသည် ရှားပါးလှ၏။
သို့သော် ထို့နောက်တွင် အနီးအနားရှိရွာများသည် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမပြုကြသည်ကို သူပြန်သတိရလိုက်သည်။
ထို့ကြောင့်ပင် ကျောက်ငါးပြာသည် ဤမျှကြီးမားအောင် ကြီးထွားနိုင်ခဲ့ခြင်းဖြစ်ပေမည်။
"မင်းက ငါးဖမ်းတာမှာ ပါရမီပါတယ်လို့ပြောကြတာ အံ့ဩစရာမရှိတော့ဘူးပဲ။ ဒီလိုငါးအမြုတေတစ်ခုကိုရလောက်တဲ့အထိဆို ကျောက်ငါးပြာက တော်တော်လေးကြီးလောက်မှာ။ မင်းဘယ်လိုများ ဖမ်းနိုင်ခဲ့တာလဲ။"
သမားတော်ချန်သည် လုချင်း၏ အနည်းငယ်ပိန်လှီသောခန္ဓာကိုယ်ကို လေးစားသောအကြည့်ဖြင့် ကြည့်လိုက်၏။
"ဒါတွေအားလုံးက အဘိုးချန်ပေးတဲ့ ငါးမျှားကြိုးကြောင့်ပါပဲ။" လုချင်းက ပြောလိုက်သည်။ "အဘိုးချန်၊ အဲ့ဒီငါးမျှားကြိုးက မယုံနိုင်လောက်အောင် ခိုင်ခံ့တာပဲ။ အဲ့ဒါသာမရှိရင် ကျွန်တော် ဒီလောက်ကြီးတဲ့ငါးကို ဆွဲတင်နိုင်မှာမဟုတ်ဘူး။"
"အသုံးဝင်တယ်ဆိုရင်ပြီးတာပါပဲ။ ငါ့အတွက်တော့ အသုံးမဝင်တော့ပါဘူး။" သမားတော်ချန်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး သိပ်အလေးမထားဟန်ပြ၏။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် လုချင်းကိုင်ဆောင်ထားသော သစ်သားပုံးကို ပို၍စိတ်ဝင်စားနေခဲ့သည်။
"မင်းပုံးထဲမှာ ဘာတွေလဲ။ တော်တော်လေးပုံပဲ။"
လုချင်းသည် အပြင်ထွက်သောအခါ ငါးကိုမထိတ်လန့်စေရန် ပုံးအား သစ်ရွက်သစ်ကိုင်းဖြင့် ဖုံးလာသောကြောင့် သမားတော်ချန်သည် အတွင်း၌ ဘာရှိသည်ကို ရှင်းလင်းစွာမမြင်နိုင်ခဲ့ပေ။
"အဘိုးချန်ကို ကျွန်တော်ပေးချင်တဲ့ပစ္စည်းတစ်ခုရှိလို့ပါ။" လုချင်းသည် ပုံးပေါ်မှ သစ်ကိုင်းများကို ဖယ်ရှားစပြုလိုက်သည်။ "မနေ့က ရှောင်ယန်နဲ့ကျွန်တော် ငါးကြီးနှစ်ကောင်ဖမ်းမိခဲ့တယ်လေ။ ပိုကြီးတဲ့ကျောက်ငါးပြာကိုတော့ ကျွန်တော်တို့စားလိုက်ကြတယ်ဗျ။ ဒီပိုသေးတဲ့တစ်ကောင်ကိုတော့ အဘိုးမြည်းစမ်းကြည့်ဖို့ ချန်ထားခဲ့တာပါ။"
"ဟုတ်တယ် အဘိုးချန်၊ ဒီငါးက တကယ်လှတာ။ အဘိုးကျန်းတို့တောင် ဒါက ဘာငါးအမျိုးအစားလဲဆိုတာ မသိကြဘူး။" ရှောင်ယန်က ထပ်ပြောလိုက်၏။
"အိုး၊ မင်းတို့က သိပ်ကိုသဘောကောင်းတာပဲ။ ဘယ်လိုငါးအမျိုးအစားလဲဆိုတာ ငါ့ကိုကြည့်ခွင့်ပေးပါဦး။"
ထိုသို့ကြားရသောအခါ သမားတော်ချန်သည် ပို၍ပင်စိတ်ဝင်စားလာခဲ့သည်။
"ဒီငါးပါဗျ။"
လုချင်းသည် ပုံးထဲမှသစ်ကိုင်းအားလုံးကို ဖယ်ရှားပြီး သမားတော်အိုကြီးထံသို့ ကမ်းပေးလိုက်၏။
သမားတော်ချန်သည် ပုံးထဲသို့ကြည့်လိုက်ပြီးနောက် မီးတောက်နှင့်တူသောငါးကိုမြင်သောအခါ သူ၏အမူအရာသည် အချိန်ခဏလောက်ထိ တောင့်တင်းသွားပြီးနောက်တွင်တော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။
သူသည် အမှတ်တမဲ့ရေရွတ်လိုက်၏။ "ဒါ... ဒါ ငါးကြင်းနီ မဟုတ်လား။"
သမားတော်ချန်သည် ထိုငါးကို အမှန်ပင်သိရှိနေခဲ့သည်ပင်။
လုချင်း၏အတွေးများသည် လျင်မြန်စွာလည်ပတ်နေသော်လည်း သူ၏မျက်နှာပေါ်တွင်တောြ ရှုပ်ထွေးနေသောအမူအရာကို ဆက်လက်ထိန်းသိမ်းထားခဲ့၏။
"အဘိုးချန်၊ ဒါ ဘယ်လိုငါးအမျိုးအစားလဲဆိုတာ အဘိုးသိတယ်လား။"
သမားတော်ချန်သည် ရှောင်ယန်ကိုအောက်သို့ချပေးလိုက်ပြီးနောက် ပုံးအနီးသို့ကိုင်းကာ ငါးကိုစမ်းသပ်ရန်နှင့် ဂရုတစိုက်စစ်ဆေးရန် သူ၏လက်ကို ပုံးထဲသို့ထည့်လိုက်၏။
နောက်ဆုံးတွင် သူအတည်ပြုလိုက်သည်မှာ "မှားစရာမရှိဘူး၊ ဒါ ငါးကြင်းနီပဲ။"
သမားတော်ချန်သည် လုချင်းအား အမှန်တကယ်အံ့ဩသောအကြည့်ဖြင့် ကြည့်လိုက်သည်။ "မင်းက ရှားပါးတဲ့ ငါးကြင်းနီတစ်ကောင်ကိုတောင် ဖမ်းနိုင်ခဲ့တယ်ပေါ့။"
"အဘိုးချန်၊ ငါးကြင်းနီဆိုတာ ဘာလဲဟင်။" ရှောင်ယန်က အပြစ်ကင်းစင်စွာမေးလိုက်သည်။
"ငါးကြင်းနီကတော့ တော်တော်ထူးခြားတယ်ကွဲ့။" သမားတော်ချန်က ရှင်းပြစပြုတော့သည်။
"ငါးကြင်းနီဆိုတာ ရှားပါးတဲ့ငါးအမျိုးအစားတစ်ခုပဲ။ ရှားပါးတယ်လို့ခေါ်ဆိုနိုင်တဲ့ငါးတိုင်းမှာ ထူးခြားတဲ့အရည်အသွေးတွေရှိတယ်။"
"ငါးကြင်းနီကတော့ သူ့ရဲ့အရမ်းကို ကောင်းတဲ့အရသာကြောင့် နာမည်ကြီးတယ်။"
"သူ့ရဲ့အရသာက တော်တော်လေးကို ကောင်းလွန်းလို့ တစ်ခါမြည်းစမ်းဖူးရုံနဲ့ ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ဘူးလို့ ဆိုကြတယ်။ ဒီအချက်ကြောင့်ပဲ လူတချို့က သူ့ကို ကမ္ဘာ့ထိပ်တန်း အရသာဆယ်မျိုးထဲက တစ်မျိုးလို့တောင် ခေါ်ဝေါ်ခဲ့ကြတယ် လေ။"
"ကမ္ဘာ့ထိပ်တန်း အရသာဆယ်မျိုးထဲက တစ်မျိုးလား"
ဤတစ်ကြိမ်တွင် အံ့ဩသွားရသူမှာ လုချင်းပင်ဖြစ်၏။
ငါးကြင်းနီက ဤမျှကျော်ကြားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤသို့ဆိုလျှင် သူ့နတ်မျက်စိစွမ်းရည်က ထိုငါးကို အလွန်လတ်ဆတ်သောအရသာထူးအဖြစ် သတ်မှတ်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ချေ။
"ဒီငါးအနီကြီးက အံ့ဩစရာကောင်းလိုက်တာ။" ရှောင်ယန်သည်လည်း မှင်တက်သွားခဲ့သည်။ "အဘိုးချန်၊ အဘိုး ငါးကြင်းနီကို စားဖူးလားဟင်။"
"အဘိုးတစ်ခါက မှူးမတ်တစ်ယောက်ရဲ့စားသောက်ပွဲမှာတော့ ငါးကြင်းနီကို မြည်းစမ်းခွင့်ရခဲ့ဖူးတယ်။ အဲ့ဒီအရသာကတော့..."
သမားတော်ချန်သည် သူ၏စကားကို အဆုံးမသတ်ခဲ့သော်လည်း ရှောင်ယန်ပင်လျှင် သူ၏မျက်နှာပေါ်မှ လွမ်းဆွတ်တမ်းတနေသောအမူအရာကို မြင်နိုင်ခဲ့သည်။
"ဒါဆိုရင်တော့ ဒီငါးကြင်းနီကို အဘိုးချန်ကိုပေးတာ အကောင်းဆုံးဆုံးဖြတ်ချက်ပဲ။" လုချင်းက ပြောလိုက်သည်။
"ဒီလိုလက်ဆောင်မျိုးကို ငါလက်မခံနိုင်ဘူး။" သမားတော်ချန်သည် သူ၏စိတ်ကိုပြန်လည်ထိန်းချုပ်လိုက်သည်။ "ဒီငါးကြင်းနီက မြို့ထဲမှာ ဘယ်လောက်ဈေးရလဲဆိုတာ မင်းသိလား။"
လုချင်းသည် ခေါင်းခါပြလိုက်၏။
"ငွေတစ်ရာ။" သမားတော်ချန်သည် လက်တစ်ချောင်းကိုထောင်ပြလိုက်ပြီး လုချင်း၏မျက်နှာပေါ်မှ တုန်လှုပ်နေသောအမူအရာကိုမြင်သောအခါ ဆက်လက်ပြောလာလေ၏။ "အကောင်းဆုံးအရည်အသွေးရှိတဲ့ ငါးကြင်းနီက အနည်းဆုံး ငွေတစ်ရာဈေးရနိုင်တယ်။"
"ငါးတစ်ကောင်က ငွေတစ်ရာတန်တယ် ဟုတ်လား။" လုချင်းသည် အသက်ရှူမှားသွားခဲ့သည်။
ဤကမ္ဘာတွင် ငွေသည် အလွန်တန်ဖိုးရှိကြောင်း သူသိသည်။
ငွေတစ်ကျပ်သည် သုံးယောက်သားမိသားစုတစ်စုကို တစ်လအထိ ထောက်ပံ့နိုင်သည်။
သူ၏မှတ်ဉာဏ်ထဲတွင် လုမိသားစု၏ အစည်ပင်ဆုံးအချိန်၌ပင် ငွေဆယ်ကျပ်မျှ စုဆောင်းငွေမရှိခဲ့ပေ။
ယခု ငါးတစ်ကောင်သည် ငွေတစ်ရာတန်သည်မှာ သူ၏မျှော်လင့်ချက်များထက် ကျော်လွန်နေခဲ့သည်။
အဓိကအချက်မှာ ဤသည်မှာ အနီရောင်အလင်းတန်းသဲ့သဲ့သာပါသော သာမန်ရှားပါးငါးတစ်ကောင်သာဖြစ်၏။ အကယ်၍ ၎င်းသည် အနီရောင်အလင်းတန်းအဆင့်ရှိသော စိတ်ဝိညာဉ်ငါးအစစ်အမှန်ဖြစ်ပါက မည်မျှတန်ဖိုးရှိမည်နည်း။
"ဒီကမ္ဘာကြီးက ကျယ်ပြန့်လှတယ် လုချင်းရာ။" သမားတော်ချန်က သက်ပြင်းချလိုက်သည်။ "အဲ့ဒီမှူးမတ်တွေရဲ့ နေ့စဉ်အသုံးစရိတ်က သာမန်လူတွေရဲ့စိတ်ကူးထက် ကျော်လွန်နေတယ်။ သူတို့ စားသောက်ပွဲတစ်ခုကျင်းပဖို့ ဘယ်လောက်ကုန်ကျလဲဆိုတာ မင်းသိလား။"
လုချင်းသည် နောက်တစ်ကြိမ်ခေါင်းခါပြလိုက်၏။
"အနည်းဆုံး ငွေတစ်ထောင်ပဲ။ သူတို့က ထူးခြားတဲ့ဧည့်သည်တွေကို ဧည့်ခံနေတယ်ဆိုရင်တော့ ကုန်ကျစရိတ်က ပိုပြီး စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။"
"ဒီငါးကြင်းနီက ရှားပါးတဲ့အရသာထူးတစ်ခုပဲ။ အဲ့ဒီသူဌေးမှူးမတ်တွေအတွက် ငွေတစ်ရာဆိုတာ ဘာမှမဟုတ်ဘူး။"
လုချင်း၏ပါးစပ်သည် အဟောင်းသားဖြစ်သွားခဲ့သည်။
သူ၏အမူအရာသည် တစ်ဝက်မှာဟန်ဆောင်ထားခြင်းဖြစ်သော်လည်း ကျန်တစ်ဝက်မှာ အမှန်တကယ်အံ့ဩမှုပင်ဖြစ်၏။
အမှန်စင်စစ် မည်သည့်ကမ္ဘာတွင်ပင်ဖြစ်စေ၊ ချမ်းသာသူများ၏ ဇိမ်ခံမှုသည် အမြဲတမ်းပင် ဤမျှလောက် အလွန်အကျွံဖြစ်နေတတ်သည်။
"ကဲ၊ ဒီငါးကြင်းနီကို ငါ့ကိုပေးချင်သေးလား။" သမားတော်ချန်က လုချင်း၏မယုံနိုင်သောအမူအရာကိုမြင်ပြီး နောက်ပြောင်လိုက်၏။
လုချင်းသည် သတိပြန်ဝင်လာပြီး ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခိုင်မာစွာခေါင်းညိတ်လိုက်သည်မှာ "ဟုတ်ကဲ့၊ ပေးမှာပေါ့။ အဘိုးချန်ရဲ့ အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားနဲ့ ယှဉ်ရင် ငွေတစ်ရာဆိုတာ ဘာများ အရေးပါလို့လဲဗျာ။ အဘိုးသာမရှိရင် ကျွန်တော် ဒီနေရာမှာ ရပ်တောင်နေနိုင်မှာမဟုတ်ဘူးလေ ၊ ဒီငါးကြင်းနီကို ဖမ်းမိဖို့ဆိုတာ ဝေးရောပေါ့။"
"ဟားဟားဟား..."
သမားတော်ချန်သည် ရုတ်တရက် အားပါးတရရယ်မောလိုက်တော့သည်။
ခဏမျှရယ်မောပြီးနောက် သူသည် ရပ်တန့်လိုက်ပြီး ကျေနပ်သောအမူအရာဖြင့်ကြည့်လိုက်ရင်း "မင်းရဲ့စေတနာကို ငါအရမ်းသဘောကျတယ်၊ ဒါပေမဲ့ ဒီငါးကြင်းနီကို ငါတကယ်လက်မခံနိုင်ဘူး။ ဒီလောက်တန်ဖိုးကြီးတဲ့ငါးကို ငါစားဖို့က အရမ်းဖြုန်းတီးရာကျတယ်။"
"ဒါပေမဲ့ အဘိုးချန်..."
လုချင်းသည် ထပ်ပြောလိုသော်လည်း သမားတော်ချန်က သူ၏လက်ကိုမြှောက်၍ တားဆီးလိုက်၏။
"တော်ပြီ၊ ဒီလိုပဲဆုံးဖြတ်လိုက်ကြစို့။ ငါးကို ငါ့ဆီမှာထားခဲ့လိုက်။ နှစ်ရက်လောက်နေရင် ငါမြို့ထဲကိုယူသွားပြီး ရောင်းလိုက်မယ်။ ငွေနဲ့လဲလှယ်ပြီးရင် မင်းအိမ်သုံးစရိတ်အတွက် ယူသွားလိုက်ပေါ့။"
လုချင်းသည် ပါးစပ်ဟလိုက်သော်လည်း ဆက်လက်မတောင်းဆိုတော့ချေ။ "ဟုတ်ကဲ့ပါ ၊ ဒါပေမဲ့ အဘိုးချန်၊ ငါးရောင်းလို့ရတဲ့ငွေကို အရင်ဆုံး အဘိုး ကျွန်တာ့်ကို အရင်က ဆေးကုသပေးခဲ့တဲ့ စရိတ်တွေအတွက် အဘိုးကိုပေးပါရစေ။"
"အေးပါကွာ" သမားတော်ချန်က ခေါင်းညိတ်လိုက်၏။
သို့သော် သူသည် လုချင်းအား သူအရင်ကဖော်စပ်ပေးခဲ့သော ဆေးရည်ထဲမှ တန်ဖိုးကြီးဆေးပင်များသည် ဤငါးကြင်းနီထက်မလျော့သောတန်ဖိုးရှိကြောင်း မပြောပြခဲ့ပေ။
သမားတော်ချန်သည် လုချင်းက အလွန်မာနကြီးသောလူငယ်တစ်ယောက်ဖြစ်ကြောင်း သိမြင်နိုင်သည်။
အကယ်၍ သူသာ ထိုဆေးရည်၏တန်ဖိုးကိုသိသွားပါက ငါးကြင်းနီရောင်းရငွေကို လက်ခံမည်မဟုတ်လောက်။
သမားတော်ချန်သည် ပုံးထဲမှ ငါးကြင်းနီကို နောက်တစ်ကြိမ်ကြည့်လိုက်၏။
ထို့နောက် သူသည် မျက်မှောင်ကြုတ်လိုက်ပြီး "ကံမကောင်းစွာနဲ့ပဲ ဒီငါးကြင်းနီက အသွင်အပြင်ကောင်းပေမယ့် နည်းနည်းကြီးလွန်းနေတယ်။ ငွေတစ်ရာတော့တန်ဖိုးရှိမှာမဟုတ်ဘူး၊ သူ့တန်ဖိုးက နည်းနည်းကျသွားနိုင်တယ်။"
"ဘာလို့လဲ အဘိုးချန်၊ ငါးက ပိုကြီးရင် ပိုမကောင်းဘူးလားဟင်။" ရှောင်ယန်က နားမလည်စွာမေးလိုက်သည်။
"ယေဘုယျအားဖြင့်တော့ ဟုတ်တယ်၊ ဒါပေမဲ့ ငါးကြင်းနီအတွက်တော့ မဟုတ်ဘူး။" သမားတော်ချန်က ရှင်းပြလိုက်၏။
"ငါးကြင်းနီရဲ့ အထူးခြားဆုံးအချက်က သူ့ရဲ့လတ်ဆတ်မှုပဲ။ အများအားဖြင့် နှစ်ပေါင်လောက်အလေးချိန်ရှိတဲ့ ငါးကြင်းနီက အနူးညံ့ဆုံးနဲ့ အအရသာရှိဆုံးဖြစ်တယ်။ ဒီအလေးချိန်ထက်ကျော်လွန်သွားရင်တော့ အရသာမလျော့ကျသွားပေမယ့် အသားက နည်းနည်းမာသွားတတ်တယ်၊ ဒါကြောင့် သူ့တန်ဖိုးကလည်း သဘာဝအတိုင်းပဲ လျော့ကျသွားတာပေါ့။"
လုချင်းသည် ဤအချက်ကို နားလည်နိုင်၏။
၎င်းသည် သူ၏ယခင်ဘဝက အချို့သောပင်လယ်စာများကဲ့သို့ပင်ဖြစ်ပြီး ကြီးလေလေ ဈေးပိုကြီးလေမဟုတ်ဘဲ သေးငယ်ချိန်တွင် တစ်ယူနစ်ဈေးနှုန်းက ပိုမိုမြင့်မားတတ်သည်။
"သူ့တန်ဖိုးဘယ်လောက်ပဲရှိရှိ၊ အဘိုးချန်သဘောပါပဲ။" လုချင်းက ပြောလိုက်သည်။
ငါးကြင်းနီသည် မည်မျှပင်တန်ဖိုးရှိစေကာမူ လုချင်းကိုယ်တိုင်ရောင်းချနိုင်မည်မဟုတ်ပေ။
သူသည် ဤမျှရှားပါးသောငါးတစ်ကောင်ကို မြို့ထဲသို့ယူဆောင်သွားရဲပါက ရောင်းချနိုင်ခဲ့လျှင်ပင် မြို့ထဲမှ ဘေးကင်းစွာထွက်ခွာနိုင်မည်မဟုတ်ဟု သူယုံကြည်သည်။
သမားတော်ချန်ကဲ့သို့ ကျင့်ကြံသူတစ်ဦးသာလျှင် ဤသို့သောအရောင်းအဝယ်များပြုလုပ်ရန် အရည်အချင်းရှိပေလိမ့်မည်။
"ဒါနဲ့၊ ငါးကြင်းနီက အမြဲတမ်းရှားပါးပြီး သူ့ရဲ့အလေ့အထတွေကို ခွဲခြားရခက်တယ်။ တစ်ကိုယ်တည်းနေရတာကိုကြိုက်ပြီး ရှာတွေ့ရခက်တယ်။ မင်းဘယ်လိုများ ဖမ်းမိခဲ့တာလဲ။" သမားတော်ချန်က စူးစမ်းစွာမေးလိုက်၏။
"ကံကောင်းလို့ဖြစ်မှာပါဗျာ အဘိုးရာ။ မနေ့က ကျောက်ငါးပြာကိုဖမ်းပြီးတော့ ကျွန်တော်ခဏလောက်ဆက်ပြီးငါးမျှားနေတုန်း ဒီငါးကြင်းနီကို မတော်တဆဖမ်းမိခဲ့တာပါ။" လုချင်းက ပြန်ဖြေလိုက်၏။
သို့သော် သူသည် နက်နက်နဲနဲစဉ်းစားနေခဲ့သည်။
အလေ့အထတွေကို ခွဲခြားရခက်တယ် ဟုတ်လား။ ဒါဆိုရင် သမားတော်ချန်တောင်မှ ငါးကြင်းနီက သွေးမက်မွန်သီးစားရတာကိုကြိုက်တယ်ဆိုတာ မသိဘူးလား။
"တကယ်ပဲ မင်းရဲ့ကံကောင်းမှုဖြစ်နိုင်တယ်။" သမားတော်ချန်က သက်ပြင်းချလိုက်သည်။ "ကောင်းကင်ဘုံက မင်းနဲ့မင်းညီမလေး ဒီလောက်ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတာကို သနားလို့ ဒီကံကောင်းခြင်းကို ပေးသနားတာဖြစ်နိုင်တယ်။"
သမားတော်ချန်သည် လုချင်း၏ ရုတ်တရက်ရောဂါပျောက်ကင်းသွားခြင်းကို စဉ်းစားမိလိုက်သည်။
လုချင်း၏ရောဂါ ရုတ်တရက်ကောင်းမွန်သွားခြင်းသည်လည်း ဤအကြောင်းကြောင့်ပင် ဖြစ်နိုင်မည်လော။
ခဏမျှသက်ပြင်းချပြီးနောက် သမားတော်ချန်သည် ငါးကြင်းနီကို သူ၏အိမ်ရှိရေကန်တစ်ခုတွင် ယာယီသိမ်းဆည်းထားပြီးနောက် လုချင်းအား အပ်စိုက်ကုသမှုစတင်ပြုလုပ်တော့သည်။
ဤတစ်ကြိမ်တွင် အပ်စိုက်ကုသမှုအပြီး၌ လုချင်းသည် ယခင်တစ်ကြိမ်ထက် အချိန်တိုတောင်းစွာ အိပ်စက်ခဲ့၏။
သူနိုးလာသောအခါ သမားတော်ချန်သည် ခြံဝင်းထဲတွင် ရှောင်ယန်နှင့် စကားစမြည်ပြောဆိုရယ်မောနေဆဲဖြစ်ပြီး ကျောက်စားပွဲပေါ်တွင် ပီလောပီနံမုန့်တစ်ပန်းကန် ရှိနေဆဲဖြစ်သည်ကို သူတွေ့လိုက်ရသည်။
"နိုးပြီလား။ လာ၊ အရင်ဆုံး တစ်ခုခုစားလိုက်ဦး။"
လုချင်းထွက်လာသည်ကိုမြင်သောအခါ သမားတော်ချန်သည် မုန့်ပန်းကန်ကို သူ၏ရှေ့သို့တွန်းပေးလိုက်၏။
ဤတစ်ကြိမ်တွင် လုချင်းသည် မငြင်းဆန်တော့ဘဲ မုန့်တစ်ဖဲ့ကိုယူ၍ ဖြည်းညှင်းစွာစားသုံးလိုက်သည်။
သမားတော်ချန်သည် လုချင်း၏မျက်နှာရောင်ကိုလေ့လာပြီး ခေါင်းညိတ်လိုက်၏။
"မဆိုးဘူး။ မင်းက ဒီရက်ပိုင်းတွေမှာ ငါ့အကြံဉာဏ်ကိုလိုက်နာပြီး အစားအသောက်ကို မခြွေတာဘူးထင်တယ်။"
"အဘိုးချန်၊ သမီးနဲ့ကိုကိုက နေ့တိုင်းအစားကောင်းကောင်းစားနေကြတာ။ ကိုကို့ဟင်းချက်လက်ရာက တကယ်ကောင်းတာ။" ရှောင်ယန်က ဂုဏ်ယူစွာကြွားဝါလိုက်၏။
"ဟုတ်ပါပြီ။ အဘိုးမြင်ပါတယ်။" သမားတော်ချန်က ကလေးမလေး၏ခေါင်းကို ချစ်ခင်စွာပုတ်လိုက်သည်။
သူ၏ဆေးပညာစွမ်းရည်ဖြင့် မောင်နှမနှစ်ယောက်၏မျက်နှာရောင်သည် လွန်ခဲ့သောရက်အနည်းငယ်ကထက် များစွာပိုမိုကောင်းမွန်နေသည်ကို သူမည်သို့မမြင်ဘဲနေနိုင်မည်နည်း။
လုချင်းသည် မုန့်အနည်းငယ်စားပြီးနောက် သမားတော်ချန်က ဖြည်းညှင်းစွာပြောလိုက်သည်မှာ "ငါအရင်ကပြောခဲ့တယ်၊ ဒီအပ်စိုက်ကုသမှုပြီးရင် မင်းကိုငါနဲ့အတူ ဆေးဖက်ဝင်အပင်တွေအကြောင်း နာရီဝက်လေ့လာခွင့်ပြုမယ်လို့။ မှတ်မိသေးလား။"
လုချင်းသည် ချက်ချင်းပင် တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး လေးနက်စွာပြောလိုက်သည်မှာ "ဟုတ်ကဲ့၊ လုချင်းမှတ်မိပါတယ်။"
"ဒါဆိုရင် အခုရော ဆေးဖက်ဝင်အပင်တွေအကြောင်း လေ့လာချင်စိတ်ရှိသေးလား။"
"ဟုတ်ကဲ့၊ ကျွန်တော် လုချင်းရဲ့ ဆေးပင်တွေအပေါ် စိတ်ဝင်စားမှုက ဘယ်တုန်းကမှ မလျော့ပါးခဲ့ပါဘူး။"
"ကောင်းတယ်။" သမားတော်ချန်က ပြုံးလိုက်သည်။ "ငါးကြင်းနီတစ်ကောင်ဖမ်းမိပြီး မကြာခင်ငွေအများကြီးရတော့မှာဆိုတော့ မင်းဆေးပင်ပညာကို လိုက်စားချင်တော့မှာမဟုတ်ဘူးလို့ ငါထင်နေတာ။"
"ကျွန်တော် ဆေးဖက်ဝင်အပင်တွေအကြောင်း လေ့လာချင်တာက အသက်မွေးဝမ်းကျောင်းအတွက်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဆေးပင်အမျိုးမျိုးရဲ့ အံ့ဩဖွယ်ဂုဏ်သတ္တိတွေနဲ့ သူတို့က ရောဂါတွေကို ဘယ်လိုကုသပေးနိုင်သလဲဆိုတာကို အမှန်တကယ်စူးစမ်းလိုစိတ်ရှိလို့ပါဗျ။" လုချင်းက လေးနက်စွာပြောလိုက်၏။
"ဒီလိုဆိုရင်တော့ ငါနဲ့ လိုက်ခဲ့။"
ထို့နောက် သမားတော်ချန်သည် ထရပ်ပြီး အိမ်ထဲသို့လျှောက်ဝင်သွားခဲ့သည်။
လုချင်းသည်လည်း အလျင်အမြန်လိုက်ပါသွား၏။
အတွင်းထဲတွင် သမားတော်ချန်သည် စာအုပ်တစ်အုပ်ကိုထုတ်ယူပြီး လုချင်းအားပေးလိုက်သည်။
"ဒါက 'ဆေးဖက်ဝင်အပင်တစ်ရာကျမ်း' ပဲ။ သူ့ထဲမှာ ဆေးပင်အမျိုးမျိုးရဲ့နာမည်တွေ၊ ပုံတွေနဲ့ ကြီးထွားပုံအလေ့အထတွေကို မှတ်တမ်းတင်ထားတယ်။ ယူသွားပြီး သေချာလေ့လာလိုက်။ အပြင်ဘက်ခြံဝင်းထဲမှာ အခြောက်လှန်းထားတဲ့ဆေးပင်တွေနဲ့ နှိုင်းယှဉ်ကြည့်။ မေးစရာရှိရင် ငါ့ကိုလာမေး။"
စာအုပ်ကိုကိုင်ရင်း လုချင်းသည် မှင်တက်သွားခဲ့သည်။ "အဘိုးချန်၊ အဘိုးက ကျွန်တော့်ကို ဆေးပင်တွေအခြောက်လှန်းရင်းနဲ့ အဘိုးဆီကနေ သင်ယူခိုင်းမယ်လို့ ပြောခဲ့တာမဟုတ်လား။"
ယခုတွင်တော့ သူသည် စာအုပ်တစ်အုပ်ကို တိုက်ရိုက်ပေးအပ်ခြင်းခံလိုက်ရသည်။
လုချင်းသည် ဤကမ္ဘာတွင် စာအုပ်များက တန်ဖိုးရှိကြောင်းသိသည်။
ပထမဦးစွာအနေနှင့် စက္ကူက ဈေးကြီးပြီး ဒုတိယအနေဖြင့် မှင်ကလည်း ဈေးကြီးသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏အဘိုးသည် ဘေးဒုက္ခတစ်ခုမှထွက်ပြေးစဉ် စာအုပ်အနည်းငယ်မှလွဲ၍ ဘာကိုမျှမယူဆောင်ခဲ့ပေ။
ကံမကောင်းစွာဖြင့် ထွက်ပြေးစဉ်အတွင်း ထိုစာအုပ်များပျောက်ဆုံးသွားခဲ့သည်။
ရလဒ်အနေဖြင့် မူလပိုင်ရှင်သည် သူ၏အဘိုးက ထိုမိသားစုအမွေအနှစ်စာအုပ်များပျောက်ဆုံးသွားခြင်းသည် သူတို့၏ဘိုးဘေးများအတွက် ကြီးမားသောအရှက်ရစရာဖြစ်ကြောင်း ညည်းတွားသည်ကို မကြာခဏကြားခဲ့ရသည်။
နောက်ပိုင်းတွင် မိသားစု၏ဆင်းရဲမွဲတေမှုကြောင့် သူတို့သည် စက္ကူနှင့်မှင်ကို မတတ်နိုင်ခဲ့သဖြင့် လု၏အဘိုးသည် ထိုမိသားစုအမွေအနှစ်စာအုပ်များကို ဘယ်တော့မှပြန်လည်ရေးသားနိုင်ခဲ့ခြင်းမရှိပေ။
သို့ဖြစ်၍ မူလပိုင်ရှင်သည် အချို့သောစာလုံးများကိုသာ မှတ်မိပြီး သူ၏စာရေးစွမ်းရည်မှာ အလွန်နည်းပါးလှ၏။
"ဘာဖြစ်လို့လဲ။ မင်းက မလိုချင်ဘူးလား။" သမားတော်ချန်က မေးလိုက်သည်။
"ဟုတ်ပါဘူးဗျ ၊ လိုချင်ပါတယ်ဗျ။" လုချင်းက အလျင်အမြန်ပြန်ဖြေလိုက်သည်။
သူသည် ဤကမ္ဘာတွင် အသိပညာ၏တန်ဖိုးကိုသိသည်။
"ဒါဆိုရင် ဒီလိုပဲဆုံးဖြတ်လိုက်ကြစို့။ မင်း အခုပဲ စပြီးလေ့လာနိုင်ပြီ။"
သမားတော်ချန်၏တိုက်တွန်းမှုကိုမြင်သောအခါ လုချင်းသည်လည်း စာအုပ်ကိုယူ၍ ခြံဝင်းထဲသို့ပြန်လာခဲ့ရုံသာ တတ်နိုင်တော့သည်။
ရှောင်ယန်ကို ခဏမှာကြားပြီးနောက် သူသည် တိတ်ဆိတ်သောနေရာတစ်ခုကိုရှာဖွေပြီး စာအုပ်ကိုဖွင့်လိုက်၏။
သို့သော် စာမျက်နှာအနည်းငယ်ကို လျှောက်ဖတ်ပြီးနောက် လုချင်းသည် မျက်မှောင်ကြုတ်မိတော့သည်။
အဘယ်ကြောင့်ဆိုသော် "ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" ထဲမှ ဆေးပင်အမည်များစွာသည် အတော်ပင်ထူးဆန်းပြီး စာလုံးများသည် အလွန်ရှုပ်ထွေးသောကြောင့်ဖြစ်၏။
မူလခန္ဓာကိုယ်ပိုင်ရှင်မှာလည်း စာလုံးများများစားစားမသိပေ။
သူသည် ယခင်ဘဝမှမှတ်ဉာဏ်များရှိသော်လည်း ကမ္ဘာနှစ်ခု၏စာလုံးများသည် အနည်းငယ်ကွာခြားနေခဲ့သည်။
သူ မမှတ်မိသော စာလုံးအချို့ရှိနေခဲ့သည်။
ရလဒ်အနေဖြင့် ဤ "ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" ကိုဖတ်ရှုခြင်းသည် သူ့အတွက်တော့ အလွန်ခက်ခဲနေခဲ့သည်။
ဤနှုန်းဖြင့်ဆိုလျှင် စာအုပ်ထဲမှအသိပညာများကိုသင်ယူရန် အချိန်မည်မျှကြာမည်ကို သူ မသိတော့။
လုချင်းသည် သူကိုယ်တိုင် အလွန်ထက်မြက်သူမဟုတ်ကြောင်းသိသည်။
သူသည် စာတစ်ကြောင်းကို ဆယ်ကြောင်းဖတ်နိုင်ပြီး ချက်ချင်းနားလည်နိုင်စွမ်းလည်းမရှိပေ။
သူ၏ယခင်ဘဝက သူသည် သာမန်တက္ကသိုလ်တစ်ခုသို့ မဖြစ်မနေဝင်ခွင့်ရရန် ကြိုးစားလေ့လာခဲ့ရသော သာမန်ဉာဏ်ရည်ရှိသူသာမန်လူတစ်ယောက်သာဖြစ်၏။
သို့ဖြစ်၍ "ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" ကိုသင်ယူရန် သူသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် လေ့လာစဉ်ကကဲ့သို့ တူညီသောဇွဲလုံ့လလိုအပ်မည်ဟု သူခန့်မှန်းလိုက်သည်။
သူ့ကိုယ်သူ အားပေးရင်း လုချင်းသည် ဆက်လက်ဖတ်ရှုနေခဲ့သည်။
ထို့နောက် သူဖတ်ရှုနေစဉ် ဆေးပင်စာအုပ်သည် ရုတ်တရက် အဖြူရောင်အလင်းတန်းသဲ့သဲ့တစ်ခုကို ထုတ်လွှတ်လိုက်၏။
[ဆေးဖက်ဝင်အပင်တစ်ရာကျမ်း - ဆေးပင်အမျိုးမျိုးအကြောင်း အသိပညာဗဟုသုတများကို မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။]
[ဤစာအုပ်ကိုလေ့လာခြင်းဖြင့် ကမ္ဘာ့ဆေးပင်များအကြောင်း အကြမ်းဖျင်းနားလည်မှုရရှိနိုင်မည်ဖြစ်သည်။]
[ဒေါင်းလုဒ် ပြုလုပ်လိုပါသလား။]
ပထမသတင်းစကားနှစ်ခုသည် ပုံမှန်ပင်ဖြစ်သော်လည်း တတိယသတင်းစကားပေါ်လာသောအခါ လုချင်းသည် လုံးဝမှင်တက်သွားခဲ့တော့သည်။
းကျောက်၏မိသားစုသည် တုန်လှုပ်သွားခဲ့ကြသည်။