← Chapters

ရောဂါ၏ အရင်းအမြစ်

Vol. 3 Ch. 24

ရောဂါ၏ အရင်းအမြစ်

Vol. 3 Ch. 24

"ငါဘယ်ရောက်နေတာလဲ။"

ဦးလေးကျောက်သည် နိုးလာပြီးနောက်၌ သူ့ပတ်ဝန်းကျင်မှ လူများကိုကြည့်ကာ ရှုပ်ထွေးစွာမေးလိုက်၏။

"ဦးလေးကျောက်၊ ခင်ဗျားမေ့သွားပြီလား။ ခင်ဗျား ရေထဲ ပြုတ်ကျပြီး ရေနစ်လုနီးပါးဖြစ်နေတာကို ကျွန်တော်တို့ကယ်ခဲ့တာလေ။"

"ဟုတ်တယ်၊ ခင်ဗျားအော်သံကိုကြားလို့ ကျွန်တော်တို့ရောက်လာတော့ ခင်ဗျားက ရေအောက်ကို ရောက်တော့မလိုတောင်ဖြစ်နေပြီ။"

"သမားတော်အိုကြီးရဲ့ ဆေးပညာစွမ်းရည်သာမကောင်းရင်တော့လား ၊ ခင်ဗျား ခုချိန်လောက်ဆို တမလွန်ဘဝမှာ ခင်ဗျားအဖေနဲ့တောင် တွေ့နေလောက်ပြီ။"

"ခင်ဗျားဘယ်လိုလုပ် ရေထဲပြုတ်ကျသွားတာလဲ။ ငါးက ဆွဲချသွားတာလား။"

ရွာသားများက သူ့ပတ်လည်တွင် စကားတပြောပြောဖြင့် ပြောဆိုနေကြရာ ဦးလေးကျောက်သည် အစောပိုင်းကဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရလာခဲ့သည်။

သူသည် ထိတ်လန့်တကြားထထိုင်လိုက်ပြီး "ဟုတ်တယ်၊ ငါး။ ငါ့ငါးမျှားတံ ဘယ်မှာလဲ။"

"ခင်ဗျားက ခင်ဗျားငါးမျှားတံကို မှတ်မိသေးတယ်ပေါ့။ ခင်ဗျားကို ရေထဲကနေ ဆွဲထုတ်တုန်းက ခင်ဗျားက အဲ့ဒါကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလို့ မြစ်ကမ်းနားမှာပဲ ပစ်ထားခဲ့တယ်။" ရွာသားတစ်ဦးက ပြန်ပြောလိုက်၏။

"အိုး၊ မဟုတ်သေးပါဘူး။ ဘာလို့ငါ့ငါးမျှားတံကို ပစ်ထားခဲ့ရတာလဲ။ အဲ့ဒါဘယ်မှာလဲ။" ဦးလေးကျောက်သည် စိုးရိမ်တကြီးဖြစ်လာခဲ့သည်။

ရွာသားသည် မကျေမနပ်ဖြစ်သွားသည်မှာ "ဘာတွေပြောနေတာလဲ ဦးလေးကျောက်။ ခင်ဗျားကို အသက်ကယ်ထားတာ ကျေးဇူးတစ်စက်မှမတင်ဘဲနဲ့ အခုမှ လာပြီး ကျွန်တော်တို့ကို အပြစ်တင်နေရလားဗျ။"

"ဟုတ်တယ်၊ ဒီလိုမှန်းသိရင် ခင်ဗျားကိုမကယ်ဘဲ ရေနစ်သေပါစေဆိုပြီး ပစ်ထားခဲ့ပါတယ်။"

"ကျေးဇူးမသိတတ်တဲ့လူ။ ခင်ဗျားကို သမားတော်အိုကြီးဆီ ခေါ်လာရတာ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ။"

အခြားရွာသားများကလည်း သူတို့၏မကျေနပ်မှုကို ထပ်လောင်းပြောဆိုကြ၏။

"ဒီ... ဒီ... ငါက ငါ့ငါးမျှားတံကို စိတ်ပူလို့ပါ။ အဲ့ဒါကိုလုပ်ထားရတာ အားအများကြီးစိုက်ထုတ်ထားရတယ်။ အထင်မလွဲကြပါနဲ့၊ ငါ့ကို ကယ်တင်ခဲ့တာအတွက်လည်း ကျေးဇူးတင်ပါတယ်။"

သူ၏အမှားကိုသိရှိသွားသောအခါ ဦးလေးကျောက်သည် အလျင်အမြန်ပင် ကျေးဇူးတင်စကားဆိုလိုက်၏။

ရွာသားများသည် ကြမ်းတမ်းသော်လည်း စိတ်ထားနူးညံ့သူများဖြစ်၏။ ဦးလေးကျောက်၏ကျေးဇူးတင်စကားကိုကြားလိုက်သောအခါ သူတို့၏အမူအရာများမှာလည်း ပျော့ပျောင်းသွားခဲ့သည်။

"တော်ပြီ၊ အဲ့ဒီငါးမျှားတံအကြောင်း မေ့လိုက်တော့။ ခင်ဗျားဘယ်လိုလုပ် ရေထဲ ရောက်သွားတာလဲဆိုတာပဲ ပြောပြ။ ခင်ဗျားအရင်က မြစ်ကမ်းနားကိုတောင် မသွားဖူးဘူးမဟုတ်လား ၊ ကျွန်တော်မှတ်မိပါတယ်"

"ငါ... ငါကိုယ်တိုင် ခုန်ချလိုက်တာ။" ဦးလေးကျောက်၏နှုတ်ခမ်းသည် အကြိမ်အနည်းငယ်တွန့်သွားပြီးနောက် ဝန်ခံလိုက်၏။

"ခင်ဗျားကိုယ်တိုင် ခုန်ချလိုက်တယ် ဟုတ်လား။" ရွာသားတစ်ဦးက မယုံနိုင်စွာအော်လိုက်သည်မှာ "ခင်ဗျားရေမကူးတတ်ဘူးဆိုတာ မသိဘူးလား။ ဘယ်လိုသတ္တိတွေနဲ့ မြစ်ထဲခုန်ချရဲတာလဲ။"

"ရေက အဲ့ဒီလောက်နက်မှန်း ငါက ဘယ်လိုသိမှာလဲ။ ငါက ပေါင်လောက်ပဲ ရှိမယ်ထင်တာ။" ဦးလေးကျောက်က ခုခံပြောဆိုလိုက်၏။

"ဒါဆိုရင် ဘာလို့ခုန်ချလိုက်တာလဲ။"

"အဲ့ဒါက... ငါက မတော်တဆ ငါးကို ငါးမျှားတံဆွဲသွားခွင့်ပေးလိုက်မိတာ၊ အဲ့ဒါနဲ့ စိတ်လောပြီး ပြန်ရဖို့ ခုန်ချလိုက်တာ။"

အဝေးတစ်နေရာမှ လုချင်း ။ "..."

ထင်တဲ့အတိုင်းပဲ။

ဝမ်တာ့အန်းတစ်ယောက် အစောပိုင်းက ဇာတ်လမ်းကိုပြန်ပြောပြစဉ်ကတည်းက လုချင်းသည် ဦးလေးကျောက်က သူ၏ငါးမျှားတံကို ပြန်ဆယ်ဖို့အတွက် ရေထဲသို့ ခုန်ချခဲ့သည်ဟု ခန့်မှန်းခဲ့ပြီးဖြစ်သည်။

သူသည် ဤသို့သောအဖြစ်အပျက်များကို သူ၏ယခင်ဘဝတွင် အကြိမ်များစွာမြင်တွေ့ခဲ့ဖူးသည်။

သူကိုယ်တိုင်လည်း အလားတူအရာများကို ပြုလုပ်ခဲ့ဖူးသည်။

သူမမျှော်လင့်ထားသည်မှာ ဦးလေးကျောက်က ရေပင်မကူးတတ်နှင့် ဤမျှမဆင်မခြင်နိုင်လွန်းလှခြင်းပင်။

"ခင်ဗျားက တကယ့်ကို အသုံးမကျတဲ့လူပဲ။"

ဦးလေးကျောက် ရေနစ်လုနီးပါးဖြစ်ရသည့်အကြောင်းရင်းကိုသိရှိသွားသောအခါ အခြားရွာသားများမှာ မှင်တက်သွားခဲ့ကြသည်။

"ခင်ဗျားရဲ့အဲ့ဒီငါးမျှားတံအဟောင်းက ဘာမှတန်ဖိုးမရှိဘူး။ ပျက်သွားလည တောင်ပေါ်ကနေ အသစ်တစ်ခုခုတ်လိုက်ရုံပဲကိစ္စ။ ခုတော့ အဲ့ဒါကြောင့်နဲ့ အသက်တောင်ဆုံးရှုံးတော့မလိုဖြစ်သွားတယ်လေ။ ခင်ဗျားရူးနေလား။"

ဦးလေးကျောက်နှင့်ရင်းနှီးသော ရွာသားတစ်ဦးက သူ့ကို ဆူပူကြိမ်းမောင်းလိုက်၏။

ဦးလေးကျောက်ကတော့ စကားတစ်ခွန်းမျှမပြောရဲတော့ချေ။

သူသည် ငါးမျှားတံတစ်ခုတည်းကြောင့်မဟုတ်ဘဲ ရှားပါးသောငါးကြီးတစ်ကောင်က ငါးမျှားချိတ်ကိုကိုက်သွားပြီး သူ၏ငါးမျှားတံကို အလွယ်တကူဆွဲယူသွားနိုင်သောကြောင့် လက်မလွှတ်နိုင်ခဲ့ကြောင်း ဝန်မခံရဲပေ။

မနေ့က လုချင်းသည် ငါးကြီးနှစ်ကောင်ဖမ်းမိခဲ့ရာ ၎င်းက သူ့ကိုမယုံနိုင်လောက်အောင် မနာလိုဖြစ်စေခဲ့သည်။

ဤမျှကြီးမားသောငါးသည် ထမင်းအနပ်ပေါင်းများစွာအတွက်လုံလုံလောက်လောက်ပဲပင်။ ထို့ကြောငခ့ သူသည် နောက်ဆုံးတွင် ငါးကြီးတစ်ကောင်ဖမ်းရန်အခွင့်အရေးရခဲ့သဖြင့် လက်လွှတ်မခံနိုင်ခဲ့ပေ။

သို့သော် ဤအဖြစ်အပျက်သည် ထိုနေရာတွင် အမှန်တကယ်ငါးကြီးများရှိကြောင်း သူ့အား အတည်ပြုပေးခဲ့သည်။

နောက်တစ်ကြိမ်တွင်တော့ သူသာ ပိုမိုဂရုစိုက်ပါက တစ်ကောင်လောက်တော့ ဖမ်းမိလောက်မည်ပင်။

ရွာသားများကတော့ ဦးလေးကျောက်၏အတွေးများကို မသိရှိကြပေ၊ မဟုတ်ပါက သူသည် နောက်တစ်ကြိမ်အဆူခံရပေလိမ့်မည်။

ဦးလေးကျောက်သည် ထရပ်ရန်ကြိုးစားသော်လည်း သူသည် အားနည်းနေပြီး မည်သည့်ခွန်အားမျှမရှိသည်ကို တွေ့ရှိလိုက်ရ၏။ သူ၏ခေါင်းသည်လည်း မူးဝေနေပြီး သူ၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ပေ။

သူသည် ထိတ်လန့်သွားလျက်ဖြင့် "သမားတော်အိုကြီး၊ ကျွန်တော်ဘာဖြစ်တာလဲ။ ဘာလို့ကျွန်တော်မလှုပ်နိုင်တော့တာလဲ။"

သမားတော်ချန်က သက်ပြင်းချလိုက်၏။ "မင်းရေထဲမှာ အကြာကြီးနေခဲ့ရတော့ ခန္ဓာကိုယ်ထဲကို အအေးဓာတ်တွေဝင်သွားတယ်လေ။ ပြီးတော့ ညစ်ပတ်နေတဲ့မြစ်ရေတွေ အများကြီးသောက်မိတော့ သရက်ရွက်နဲ့ အစာအိမ်ကိုပါ ထိခိုက်သွားတယ်။ မင်းအသက်ကိုလည်း အကြာကြီးအောင့်ထားခဲ့ရသေးတယ်။ ငါညစ်ပတ်တဲ့ရေတွေကို ထုတ်ပေးပြီး မင်းကိုနိုးလာအောင်လုပ်ပေးခဲ့ပေမယ့် မင်းခန္ဓာကိုယ်ကတော့ ထိခိုက်ပျက်စီးသွားပြီ။"

"ကျွန်တော်ဘယ်လိုလုပ်ရမလဲ သမားတော်ကြီး။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုကယ်ပါဦး။"

ဦးလေးကျောက်သည် ထိတ်လန့်တကြားဖြင့် အလျင်အမြန်တောင်းပန်လိုက်၏။

ငါးကြီးတစ်ကောင်ဖမ်းရန်အတွေးသည် သူ၏စိတ်ထဲမှ ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့ပြီ။

"စိတ်အေးအေးထား၊ ငါက သမားတော်တစ်ယောက်ပါ ၊ မင်းကို ငါကုသပေးမှာပါ။" သမားတော်ချန်က သူ့ကိုစိတ်ချစေရန်ပြောလိုက်သည်။ "ဒါပေမဲ့ မင်းက အသက်ကြီးပြီ၊ မင်းရဲ့ပြန်လည်သက်သာလာမှုနှုန်းက လွယ်ကူမှာတော့ မဟုတ်ဘူး။ မင်း ခဏလောက် အနားယူပြီး ပြန်လည်ကျန်းမာအောင်လုပ်ဖို့လိုတယ်။"

"ကျွန်တော်ပြန်လမ်းလျှောက်နိုင်ပါ့မလား။" ဦးလေးကျောက်က မျှော်လင့်တကြီးမေးလိုက်၏။

"လမ်းလျှောက်တာက ပြဿနာမဟုတ်ဘူး။ မင်းဘယ်လောက်ကောင်းကောင်းပြန်လည်သက်သာလာမလဲဆိုတာက မင်းဘယ်လောက်ကောင်းကောင်းအနားယူသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။" သမားတော်က ပြန်ဖြေလိုက်၏။

"ကျွန်တော်လမ်းလျှောက်နိုင်သရွေ့တော့...။" ဦးလေးကျောက်သည် အနည်းငယ်စိတ်အေးသွားခဲ့သည်။

သူသည် အမှန်တကယ်ပင် လေဖြတ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

"ငါ့အဖေ ဘယ်မှာလဲ။"

ဦးလေးကျောက် သက်ပြင်းချနေစဉ် ခြံဝင်းအပြင်ဘက်တွင် ဆူညံသံတစ်ခုထွက်ပေါ်လာပြီး လူတစ်စုဝင်ရောက်လာခဲ့သည်။

သူတို့ကိုဦးဆောင်လာသူများမှာ လူငယ်နှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးတို့ဖြစ်ကြ၏။

သူတို့နောက်တွင် သတင်းကြား၍ရောက်လာကြသော အခြားရွာသားများလည်း ပါဝင်လာခဲ့သည်။

"အဖေ။"

အသက်ကြီးသောလူငယ်သည် ဦးလေးကျောက် လဲလျောင်းနေသည်ကိုမြင်သောအခါ အလျင်အမြန်ပြေးလာခဲ့သည်။

"တာ့ရှန်းဆီက ကြားတာ အဖေရေထဲပြုတ်ကျပြီး သမားတော်အိုကြီးဆီခေါ်လာခံရတယ်ဆို၊ ဘာဖြစ်တာလဲ။"

ဝမ်တာ့အန်းနှင့်သူ၏အဖွဲ့သည် ဦးလေးကျောက်ကိုသယ်ဆောင်လာစဉ် သူ၏မိသားစုကို အသိပေးခဲ့ခြင်းဖြစ်၏။

"ငါအခုအဆင်ပြေသွားပါပြီ။" ဦးလေးကျောက်သည် သူ၏သားကိုကြည့်ရင်း အပြစ်ရှိသလိုခံစားကာပြောလိုက်၏။

"အဆင်ပြေတယ် ဟုတ်လား။" ရွာသားတစ်ဦးက ချက်ချင်းပင်ဖွင့်ချလိုက်၏။ "အားမင်၊ မင်းအဖေက တစ်ယောက်တည်းငါးမျှားသွားတာ၊ မြစ်ထဲကို သူကိုယ်တိုင်ခုန်ချပြီး သေတော့မလိုဖြစ်သွားတာလေ..."

ထို့နောက် သူသည် ဇာတ်လမ်းတစ်ခုလုံးကို ပြန်ပြောပြလိုက်၏။

သူစကားဆုံးသည်နှင့်တစ်ပြိုင်နက် ဦးလေးကျောက်၏ဇနီးဖြစ်သူ သက်ကြီးရွယ်အိုအမျိုးသမီးသည် ငိုယိုကာ ကျိန်ဆဲစပြုတော့သည်။

"ဒီလူယုတ်မာကြီး။ ကျွန်မ ရှင့်ကို ငါးမမျှားနဲ့လို့ ပြောထားတာကို နားမထောင်ဘဲ သွားရဲတယ်ပေါ့။ ရှင် ရေမကူးတတ်ဘဲနဲ့ ဘာလို့မြစ်ကမ်းနားကို သွားပြီး ခုန်ချရတာလဲ။ ရှင်က ရှင်သေရုံတင်မလုံလောက်လို့ ကျွန်မကိုပါသေစေချင်နေတာလား။"

ဦးလေးကျောက်၏သား ကျောက်မင်သည်လည်း မကျေမနပ်သောအမူအရာဖြင့် ကြည့်လိုက်၏။

သို့သော် သားတစ်ယောက်အနေဖြင့် သူသည် သူ၏ဖခင်ကိုမဆူပူနိုင်ပေ။

သူသည် နားချနိုင်ရုံသာတတ်နိုင်ပါ၏။ "အဖေ၊ ကျွန်တော်တို့ငါးမျှားတာကို ရပ်လိုက်ကြရင်ကောင်းမယ်။ အိမ်မှာလည်း စားဖို့ငါးမရှားပါဘူး၊ ဘာလို့အတင်းလုပ်နေရတာလဲ။"

ဒုတိယသားကလည်း ဝင်ပြောလာသည်။ "ဟုတ်တယ် အဖေ၊ အဖေတစ်ခုခုလိုချင်ရင် ကျွန်တော်တို့ကိုသာပြောပါ။ ဘယ်လောက်ပဲခက်ခဲပါစေ၊ ကျွန်တော်တို့ရှာပေးပါ့မယ်။ ဒီလိုအန္တရာယ်ရှိတဲ့အလုပ်မျိုးတွေကိုတော့ ထပ်မလုပ်ပါနဲ့တော့။"

"ငါမသွားတော့ဘူး၊ ဘယ်တော့မှမသွားတော့ဘူး။"

ဦးလေးကျောက်သည် သူ၏ဇနီးနှင့်သားများ၏စကားကြောင့် ရှက်ရွံ့ကာ သဘောတူလိုက်၏။

"စိတ်မပူပါနဲ့ အားမင်။ မင်းအဖေက နောက်တစ်ခါငါးမျှားချင်ရင်တောင် မရနိုင်တော့ဘူး။" ရွာသားတစ်ဦးက ပြောလိုက်သည်။ "သမားတော်အိုကြီးက ပြောတယ်။ မင်းအဖေက ရေထဲမှာ အကြာကြီးနေခဲ့ရလို့ သူ့ကိုယ်က ပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်တဲ့ အဲ့တာကြောင့် သေသေချာချာအနားယူဖို့လိုတယ်တဲ့ ၊ မဟုတ်ရင် အနာဂတ်မှာ လမ်းလျှောက်ဖို့တောင်ခက်ခဲသွားလိမ့်မယ်တဲ့"

"ဘာ... ဘာဖြစ်တယ်...။"

ဦးလေ

All Chapters