← Chapters

ထွက်ပြေးမှာလား

Vol. 47 Ch. 693

ထွက်ပြေးမှာလား

Vol. 47 Ch. 693

ကောင်းကင်ပေါ်ရှိ သူတော်စင်ဘုံအဆင့်ပညာရှင် ၁၀ယောက်မှာ သူတို့၏အသက်စွမ်းအားများမရှိတော့သည့်အထိ ထိခိုက်သွားခဲ့ပြီးနှစ်ခြိုက်စွာအိပ်မောကျသွားခဲ့သည်။

ကျိုးဟောင်၏မျက်နှာတွင် ဝမ်းနည်းမှုများဖြင့်ပြည့်နေခဲ့သည်။ ကံကောင်းသည်မှာအာကာသသားရဲသည်လည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီးကြောက်လန့်တကြားဖြင့် ပင်လယ်နက်ပိုင်းသို့ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။ ကျိုးဟောင်မှာဝမ်းနည်းနေရင်းမှ ရုတ်တရက်သက်ပြင်းမောအားချလိုက်မိသည်။

သို့သော်ကျိုးဟောင်ယခုစိုးရိမ်နေသည်မှာ ဤကမ္ဘာကြီးရှိသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်အားလုံးမှာ အသတ်ခံရသူအသတ်ခံရပြီး ကျန်သူများမှာအိပ်မောကျနေကြခြင်းပင်ဖြစ်သည်။

လက်ရှိအချိန်တွင် ဤအာကာသသားရဲမှာမည်မျှစွမ်းအားကြီးကြောင်းသူတို့မသိသေးပေ။

၎င်းရာစုနှစ်ချီ သို့မဟုတ် ဆယ်စုနှစ်ချီအိပ်ပျော်သွားပါက အဆင်ပြေပေသည်။

ဖြစ်နိုင်သည်မှာ စစ်နတ်ဘုရားတပ်ရင်းသည် ဤအာကာသသားရဲ၏စွမ်းရည်နှင့်အင်အားအရ ၎င်းအားဖြေရှင်းရန်ပြိုင်ဘက်ကင်းနည်းလမ်းအချို့အားတီထွင်နိုင်ပေသည်။

သို့သော် ဤအာကာသသားရဲမှာသိပ်မကြာခင်နိုးလာပါက မည်သို့လုပ်မည်နည်း။

မူလကတည်းက ဤကမ္ဘာကြီးတွင်သူတော်စင်ဘုံတစ်ဝက်အဆင့်ပညာရှင်များမှာ များများစားစားမရှိပေ။

ယခု သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်အားလုံးမှာ ဤအာကာသသားရဲကြောင့်အိပ်မောကျသွားခဲ့ပြီဖြစ်သည်။

အကယ်၍သူတို့ပြန်လည်နိုးထလာပြီး ဤအာကာသသားရဲအားရင်မဆိုင်နိုင်ပါက လောကကြီးတစ်ခုလုံးဆိုးရွားသောအခြေအနေသို့ကျရောက်သွားနိုင်ပေသည်။

ဤအချက်အားသဘောပေါက်လိုက်ချိန်တွင် ကျိုးဟောင်၏မျက်နှာပေါ်ရှိအမူအရာမှာချက်ချင်းပင်အလွန်စိုးရိမ်ကာပူပန်နေသည့်ပုံပေါ်လာခဲ့သည်။

ကျိုးဟောင်မှာတွေးကာ ပူပန်နေစဥ်မှာပင် ဖားသည်ကျိုးဟောင်၏အိတ်ကပ်ထဲမှတွားသွားထွက်လာခဲ့သည်။

၎င်းမှာထွက်လာပြီးနောက် ချက်ချင်းပင်ကျိုးဟောင်အားစိုးရိမ်တကြီးပြောလိုက်သည်။

"မင်းဘာလို့ဒီလောက်‌ အေးဆေးဖြစ်နေသေးတာလဲ ကိစ္စအကြီးကြီးဖြစ်တော့မယ်ဆိုတာမင်းသိလား"

ဖားမှာအလွန်စိတ်ပူနေကာ ၎င်းအမြဲတစေတပ်ထားတတ်သည့်မျက်မှန်ကိုပင်ချွတ်ကာပြောလာခဲ့သည်။ ၎င်းမှာဝတ်ရုံအားခါပြီးနောက် ဖြည်းဖြည်းချင်းပြောလာခဲ့သည်။

" တကယ်လို့မင်းမြန်မြန်မပြေးရင် ငါတို့လွတ်တော့မှာမဟုတ်ဘူး"

ထိုစကားအားကြားပြီးနောက် ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်တောင့်တင်းသွားခဲ့သည်။

ထို့နောက်သူသည်ဝေဝါးစွာဖြင့်မေးလိုက်သည်။

"ကျွန်တော်တို့ အခုထွက်ပြေးမလို့လား"

ဖားမှာရုတ်တရက်ပေါ်လာပြီး သူ့အားထွက်ပြေးစေချင်နေပေသည်။ ဤသည်မှာမည်သို့ဖြစ်နိုင်မည်နည်း။

ကျိုးဟောင်မှာသေချာပေါက်လက်မခံနိုင်ပေရာ သူသည်တွေဝေစွာဖြင့်မေးလိုက်သည်။

ဖား၏အမူအရာမှာအလွန်လေးနက်နေခဲ့သည်။ ထို့နောက်၎င်းသည်မျက်မှောင်ကြုတ်ကာစိုးရိမ်တကြီးပြောလာခဲ့သည်။

"အာကာသသားရဲက နိုးလာ‌တော့မှာ"

"အနည်းဆုံး သူနိုးလာဖို့က နှစ်ရက် သုံးရက်လောက်ပဲကြာမှာ အဲဒါကြောင့်သူနိုးမလာခင်ငါတို့ချက်ချင်းထွက်ပြေးတာကငါတို့အတွက်အကောင်းဆုံးပဲ"

"မဟုတ်လို့ သူနိုးလာရင် ကမ္ဘာကြီးတစ်ခုလုံးသူ့ပါးစပ်ထဲမြိုချခံရပြီးသေသွားနိုင်တယ် "

ဖားထံမှဤစကားအားကြားသောအခါ ကျိုး‌ဟောင်၏

အမူအရာမှာအလွန်လေးနက်သွားခဲ့သည်။

သူသည်ခေတ္တမျှစဥ်းစားနေပြီးနောက် ခေါင်းယမ်းရင်းဂရုမစိုက်ဟန်ဖြင့်ပြောလာခဲ့သည်။ သူ၏မျက်လုံးများတွင်လည်းရှုပ်ထွေးမှုများဖြင့်ပြည့်နေခဲ့သည်။

"ကျွန်တော်တို့လက်ရှိအချိန်မှာ ထွက်သွားလို့မရသေးဘူး"

ယခု စစ်နတ်ဘုရားတပ်ရင်းမှပညာရှင်များစွာမှာ ဤကြမ်းကြုတ်သောသန္ဓေပြောင်းသားရဲနှင့်ရင်ဆိုင်နေပေသည်။

အကယ်၍ သူတို့ကြောင့်သာမဟုတ်ပါက သူတို့ထံတွင်အခွင့်အ‌ရေးလုံးဝရှိမည်မဟုတ်ပေ။

ကျိုးဟောင်သည်ဤအချက်အားနားလည်လိုက်ချိန်တွင် သူ၏အမူအရာမှာအလွန်တည်ကြည်သွားကာ မျက်လုံးများမှာလည်းမှောင်ရိပ်သန်းသွားခဲ့သည်။ ထို့နောက်တစ်လုံးချင်းထပ်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်သေချာပေါက်သတ္တိကြောင်တဲ့လူမလုပ်ဘူး"

ကျိုး‌ဟောင်၏စကားများမှာအလွန်ခိုင်မာနေခဲ့သော်ငြား ဖားမှာဤစကားအားကြားချိန်တွင် သူ၏အမူအရာမှာအလွန်အမင်းပျက်ယွင်းသွားခဲ့သည်။

၎င်းမှာမျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာမှာမဲမှောင်သွားခဲ့ကာ တွေဝေစွာဖြင့်ပြောလိုက်သည်။

"ကောင်လေး မင်းရဲ့ရွေးချယ်မှုကဘာအဓိပ္ပာယ်လဲဆိုတာသိလား"

ပြောရင်း ဖား၏အမူအရာမှာချက်ချင်းတောင့်တင်းသွားခဲ့သည်။

၎င်းမှာမျက်စိရှေ့ရှိကျိုးဟောင်အားရှုပ်ထွေးစွာကြည့်ရင်း ဖြည်းဖြည်းချင်းပြောလိုက်သည်။

"မင်းတကယ် ဆုံးဖြတ်ပြီးပြီလား"

ဖား၏သံသယဝင်သောမေးခွန်းအားကြားလိုက်ရချိန်တွင် ကျိူး‌ဟောင်၏မျက်နှာပေါ်တွင် ချက်ချင်းပင်ဆုံးဖြတ်ချက်ပြတ်သားသောအမူအရာမျိုးပေါ်လာခဲ့သည်။

သူသည်ခေတ္တမျှစဥ်းစားနေပြီးနောက် ဖြည်းညင်းစွာခေါင်းညိတ်ရင်းပြောလာခဲ့သည်။

"ကျွန်တော် စိတ်ဆုံးဖြတ်ပြီးပြီ"

ကျိုးဟောင်မှာမရမကပြောနေ၍ ဖားမှာအခြားဘာမှမပြောနိုင်ပေ။ မတတ်နိုင်ပေ ၎င်းသည်ကျိုးဟောင်နှင့်အတူနေခဲ့ရန်ရွေးချယ်ရုံသာတတ်နိုင်ပေသည်။

သို့သော်ယခုအချိန်တွင် သူတော်စင်ဘုုံအဆင့်တစ်ဝက်ပညာရှင်များမှာ အာကာသသားရဲကြောင့်နှစ်ခြိုက်စွာအိပ်မောကျသွားခဲ့ပြီဖြစ်သည်။

သူတို့ ၏အကူအညီမရှိပါက သူသည်ကိစ္စများအားဤမျှချောမွေ့စွာလုပ်ဆောင်နိုင်ဦးမည်လော"

နေ့လယ်ခင်းတွင် ကျိုးဟောင်မှာလူတစ်ဖွဲ့အားခေါ်လာပြီး အိပ်မောကျနေသောထိုသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များအား အာကာသယာဥ်အခန်းထဲသို့ခေါ်လာခဲ့သည်။

သူတို့အားနေရာချပေးပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။

"ကျွန်တော်သေချာပေါက် ကောင်းကောင်းလုပ်မှာပါ အာကာသသားရဲကိုကျွန်တော့်ဆီလွှဲထားလိုက် စိတ်ချပါ"

ယခုတစ်ကြိမ်တွင် ကျိုးဟောင်မှာ‌သေရန်ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။ သူအမြဲတမ်းစဥ်းစားနေခဲ့သည်မှာ အကယ်၍သူသာဤကိစ္စအားကောင်းမွန်စွာလုပ်နိုင်ပါက လူအများအပြားအနစ်နာခံစရာမလိုတော့ပေ။

သို့သော်ယခုအချိန်တွင် ကျိုးဟောင်သည်သူတကယ်တုံးအခဲ့မှန်းသ‌ဘောပေါက်လိုက်ပေသည်။

အာကာသသားရဲ၏အဆင့်နှင့်စွမ်းအားမှာ သူစိတ်ကူးထားသည်ထက်အများကြီးပိုမိုစွမ်းအားကြီးပေသည်။

ဤသန္ဓေပြောင်းသားရဲ၏စွမ်းရည်မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိလူသားအားလုံးကိုကြောက်ရွံ့စေပေသည်။

လူသားများ၏စိတ်ထဲတွင် အကယ်၍ ဤသန္ဓေပြောင်းသားရဲ‌ပေါ်လာပါက ၎င်းသည်သေချာပေါက် တစ်လောကလုံးအားအလွယ်တကူဖျက်ဆီးပစ်နိုင်သည်ဟုခံစားရပေသည်။

ယခု သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ယောက်မှာ ဘာမှမလုပ်နိုင်ပေရာ ဤအချက်အားကြည့်ခြင်းဖြင့် ထိုသန္ဓေပြောင်းသားရဲမည်မျှစွမ်းအားကြီးကြောင်းသိရန်လုံလောက်ပေသည်။

ကျိုးဟောင်မှာ ဤအချက်အားသိလိုက်ချိန်တွင် သူ၏မျက်နှာပေါ်တွင်ခိုင်မာသောအမူအရာတစ်ခုပေါ်လာခဲ့ကာ ပြောလိုက်သည်။

"ဒီကိစ္စကြောင့် ဒီလောကကြီးက ပြောင်းလဲတော့မယ်"

"အဲဒါကြောင့် ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီး တတ်နိုင်သမျှအကောင်းဆုံးလုပ်ရမယ်"

"ဒီလိုမျိုးထွက်ပြေးသွားလို့မရဘူး"

"ကမ္ဘာဂြိုဟ်က ကျွန်တော်တို့ရဲ့အိမ်ပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီအာကာသသားရဲကြောင့် ကမ္ဘာဂြိုဟ်ကိုအန္တရာယ်ဖြစ်စေလို့မဖြစ်ဘူး"

ကျိုးဟောင်၏စကားများမှာ အလွန်ခိုင်မာနေခဲ့သည်။

သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ခိုင်မာမှုများနှင့်ပြည့်နေကာ ခပ်ဖျော့ဖျော့ပြုံးပြီးပြောလိုက်သည်။

"ဟီးဟီး အာကာသသားရဲကအရမ်းစွမ်းအားကြီးတော့ရော ဘာဖြစ်လဲ"

"ကျွန်တော်တို့ ဒီအာကာသသားရဲကိုရင်ဆိုင်နိုင်သေးတာပဲ ဒါကအားစိုက်ထုတ်ရတယ်ဆိုပေမဲ့ ပြဿနာတော့မဟုတ်ပါဘူး"

အာကာသသားရဲသည်လည်း ဤတိုက်ပွဲကြောင့်ထိခိုက်မှုများရှိခဲ့ပေသည်။

၎င်းသည်လည်း လူသားများထံမှကိုယ်တစ်ပိုင်းမလှုပ်နိုင်သည်အထိ တိုက်ခိုက်ခံခဲ့ရပေရာ ၎င်း၏အသက်ရှူသံပင် အားနည်းလာခဲ့သည်။

အကယ်၍ ကျိုးဟောင်သာဤကြမ်းကြုတ်သောသားရဲအား တစ်ချက်တည်းဖြင့်သတ်လိုက်နိုင်ပါက သူ၏မိသားစုအားပါဝင်ပတ်သက်စေလာနိုင်သည့်ရန်မှလည်းကြိုတင်ကာကွယ်နိုင်ပေသည်။

....................................................................................

All Chapters