← Chapters

ပြဿနာ

Vol. 47 Ch. 694

ပြဿနာ

Vol. 47 Ch. 694

အာကာသသားရဲ၏အကြီးဆုံးစွမ်းအားမှာ ၎င်းသည်မြို့တစ်မြို့အားအလွယ်တကူဖျက်ဆီးနိုင်ခြင်းပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာဂြိုဟ်ပေါ်ရှိလူများတွင် မည်သူမျှသူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

ထို့ကြောင့် သူတို့သည်အာကာသသားရဲအားအနိုင်ယူလိုပါက တစ်ခုတည်းသောနည်းလမ်းမှာအားလုံးပူးပေါင်းခြင်းပင်ဖြစ်သည်။

အလုပ်ဖြစ်မဖြစ်ကိုတော့ မသိနိုင်ပေ။

ကျိယောင်ယွဲ့နှင့်အခြားလူများမှာ အိပ်ပျော်သွားခဲ့ပြီး‌ဆေးရုံသို့ပို့ဆောင်ခံလိုက်ရပြီဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရပြီးမျက်လုံးများအားမှိတ်ကာ အာကာသယာဥ်ထဲတွင်လှဲလျောင်းနေသူအားလုံးကိုကြည့်ကာ ကျိုးဟောင်၏အမူအရာမှာစိုးရိမ်ပူပန်မှုများဖြင့်ပြည့်နေခဲ့သည်။

မည်သို့ပင်ဖြစ််စေ သူ့ထံတွင်ရွေးချယ်စရာလမ်းမှာဤလမ်းမှလွဲမရှိကြောင်းအားကျိုးဟောင်သိပေသည်။

သူကိုယ်တိုင်အတွက်ဖြစ်စေ သူ့တိုင်းပြည်အတွက်ဖြစ်စေ အတူတူပင်။

အာကာသသားရဲမှာလည်းဤစကားအားကြားပုံရပေရာ ရုတ်တရက်မြေအောက်မှပြင်းထန်စွာတုန်ခါလာခဲ့သည်။

ဖားမှာဤမြင်ကွင်းအားမြင်သောအခါ ၎င်းသည်မပြုံးဘဲမနေနိုင်တော့ပေ။ ထို့နောက်တက်ကြွနေသောအသံဖြင့်မေးလိုက်သည်။

"ဟားဟား ဘာလဲ ကြောက်နေပြီလား"

"ကိစ္စမရှိဘူး ဘယ်လိုပဲဖြစ်ဖြစ်သုံးရက်ကျန်သေးတယ် တကယ်လို့သုံးရက်အတွင်းမင်းစိတ်ပြောင်းပြီး ဒီနေရာကထွက်သွားချင်တယ်ဆိုရင် ငါ့ကိုသာပြောလိုက် ငါစောင့်နေမယ်"

ဖားမှာ၎င်း၏နေကာမျက်မှန်အားဂုဏ်ယူစွာဖြင့်တပ်လိုက်ပေရာ ၎င်း၏ပုံံစံမှာအလွန်အပူအပင်ကင်းလှပေသည်။

အထူးသဖြင့် မည်သည့်နေရာမှရလာမှန်းမသိသည့်အနီရောင်ဝတ်စုံမှာ ၎င်းအားအလွန်ခန့်ညားစေပေသည်။

ကျိုးဟောင်၏အမူအရာမှာ အလွန်လေးနက်လာခဲ့သည်။

သူသည်တွန့်ဆုတ်တတ်သောသူမဟုတ်သော်ငြား လက်ရှိအခြေအနေမှာသူ့အားရွေးချယ်ခွင့်မပေးပေ။

အာကာသသားရဲ၏ကျုးကျော်မှုမှာ အားလုံးအားစိုးရိမ်ကာထိတ်လန့်စေသည်။

သူတို့၏စိတ်ထဲတွင် ဤအာကာသသားရဲသည်ကမ္ဘာပျက်ကပ်အားကိုယ်စားပြုသည်ဟု အမြဲတမ်းခံစားရပေသည်။

သူတို့သည်ဤအချက်အားနားလည်လိုက်ချိန်တွင် အားလုံးမှာအာကာသသားရဲအားလုံးဝကြောက်ရွံ့လာကြသည်။

အာကာသသားရဲမသေသရွေ့ ကမ္ဘာကြီးငြိမ်းချမ်းမည်မဟုတ်ပေ။

ထို့ကြောင့် ကျိုးဟောင်အတွက် ဤအာကာသသားရဲအားသတ်ရန်မှာဦးစားပေးကိစ္စဖြစ်သည်။

တစ်ချိန်တည်းမှာပင် တစ်ကမ္ဘာလုံးတွင် စစ်ပွဲများဖြစ်ပွားနေပေသည်။

များစွာသောသန္ဓေပြောင်းသားရဲများမှာအထိန်းအကွပ်မရှိ ကမ္ဘာကြီး၏ငြိမ်းချမ်းမှုအားဖျက်ဆီးကာ တစ်လောကလုံးအားအန္တရာယ်ကျရောက်အောင်လုပ်နေကြပေသည်။

ထို့အပြင်သန္ဓေပြောင်းသားရဲများမှာ မြို့အားတိုက်ခိုက်နေရင်းမှာပင် နေရာတိုင်းတွင်အခြေအနေများမှာရှုပ်ထွေးနေပေသည်။

စျေးဆိုင်ကြီးများနှင့် စျေးဝယ်စင်တာများ၏ ပြတင်းပေါက်များမှာကွဲကြေနေသည်။ လူများစွာမှာထိုနေရာများထဲသို့အတင်းဝင်ရောက်ကာ ချက်ချင်းပင်အတွင်းရှိပစ္စည်းများအားလုယက်နေကြပေသည်။

မြင့်မားသောအဆောက်အဦးများပေါ်တွင် လူအုပ်စုများအားနေရာတိုင်းတွင်မြင်နေရပေသည်။ ခေါင်မိုးထပ်တွင်ရပ်ရင်း ၎င်းတို့မှာမျှော်လင့်ချက်ကုန်နေပြီဖြစ်သည်။ သူတို့သည်ခုန်ချပြီးသတ်သေရန်ပြင်ဆင်ထားပြီးပြီဖြစ်သည်။ ဤနည်းလမ်းဖြင့်ဆိုပါက အားလုံးပြီးဆုံးသွားမည်ဖြစ်သည်။

အချို့လူများသည်လည်း ဤလောကကြီးမှလွတ်မြောက်လိုသည့်စိတ်ဖြင့် မြောက်ဘက်သို့ကားမောင်းရင်း ရူးသွပ်စွာထွက်ပြေးနေကြပေသည်။

သို့သော်မည်သို့ပင်ဖြစ်စေ ၎င်းတို့သည်ကမ္ဘာကြီးပေါ်တွင်ရှိနေဆဲပင်ဖြစ်သည်။ သူတို့ကမ္ဘာကြီးပေါ်တွင်ရှိနေသရွေ့ ဤနေရာမှလွတ်မြောက်နိုင်မည်မဟုတ်ပေ။

ကမ္ဘာကြီးအတွက် ကျိုးဟောင်၏မျှော်လင့်ချက်မှာ တစ်နေ့တွင်ကမ္ဘာကြီးသည်မူလအခြေအနေသို့ပြန်‌ရောက်ရန်သာဖြစ်သည်။ ဤသည်မှာသူရရန်ကြိုးစားနေသည့်ဘဝဖြစ်သည်။

သို့သော်ယခုအချိန်တွင် ကမ္ဘာကြီးမှာရှုပ်ထွေးနေပြီဖြစ်သည်။

အကယ်၍သူသာဤသန္ဓေပြောင်းသားရဲအား အမြန်ဆုံးမဖြေရှင်းပါက အရှုပ်အထွေးများတိုးလာချိန်တွင် သူတို့ရင်ဆိုင်ရမည့်အန္တရာယ်သည်လည်း တိုးလာမည်ဖြစ်သည်။

သူသည်ဤအချက်အားသဘောပေါက်လိုက်ချိန်တွင် ကျိုးဟောင်မှာချက်ချင်းပင်ခိုင်မာသည့်မျက်နှာထားဖြင့် တစ်လုံးချင်းပြောလိုက်သည်။

"ငါကဒီကမ္ဘာကြီးပေါ်မှာရပ်နေတယ်ဆိုမှတော့ ငါနေထိုင်တဲ့နေရာအတွက်တိုက်ပွဲဝင်ရမှာပဲ"

"တကယ်လို့ အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ အားလုံးကမားမားမတ်မတ်ရပ်တည်ဖို့ဆန္ဒမရှိဘူးဆိုရင် ဒါဆိုငါတို့ကမ္ဘာကြီးအနှေးနဲ့အမြန်ဖျက်ဆီးခံရလိမ့်မယ်"

အားလုံးမှာအလွန်ထိတ်လန့်နေခဲ့ပြီး ပြောစရာစကားမရှိဖြစ်နေခဲ့သည်။ သူတို့သည်ကျိုးဟောင်၏စကားများကြောင့်အလွန်အံ့သြသွားပြီးလေးစားသွားကာ စိတ်ထဲတွင်ဝမ်းနည်းသလိုခံစားလိုက်ရသည်။

ကျိုးဟောင်လိုလူမျိုးမှာ တကယ်ကိုဖြောင့်မတ်လှပေသည်။

ဤခေတ်၏သူရဲကောင်းမှာ ကျိုးဟောင်မှလွဲအခြားသူမရှိနိုင်ပေ။

သူတို့သည်ဤအချက်အားသဘောပေါက်လိုက်ချိန်တွင် ကျိုးဟောင်အားအံ့သြတကြီးကြည့်လာခဲ့ကြပြီး လေးစားလွန်း၍အသက်ရှူသံများပင်မြန်လာခဲ့သည်။

ကျိုးဟောင်၏အကြည့်များမှာရုတ်တရက်ပိုမိုလေးနက်လာခဲ့သည်။ သူသည်အဝေးတစ်နေရာသို့ကြည့်ရင်းအသက်ရှူသံမှာ ကျယ်လောင်လာခဲ့သည်။

ဤလောကကြီးတွင် ကျိုးဟောင်အတွက်အရေးကြီးဆုံးအရာမှာ မည်သည့်အရာဖြစ်မည်နည်း။

သူ၏မိဘ၊ မိတ်ဆွေနှင့်ချစ်ရသူ အားလုံးမှာဤနေရာတွင်ရှိနေပေသည်။ သူချစ်ရသူများထိခိုက်မည်ကိုကျိုးဟောင်ကြည့်မနေနိုင်ပေ။

သို့သော်ယခုအချိန်တွင် သူတော်စင်ဘုံအဆင့်တစ်ဝက်စစ်သည်တော်များမှာ အိပ်မောကျနေကြပြီဖစ်သည်။

အကယ်၍ဤကိစ္စအားအမြန်ဆုံမဖြေရှင်းနိုင်ပါက အနာဂတ်တွင်အာကာသသားရဲနိုးလာသည့်အချိန်၌ ကမ္ဘာကြီးမှာပိုမိုပြင်းထန်သောပြဿနာနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

ဤအချက်အားတွေးမိလိုက်ချိန်တွင် ကျိုးဟောင်သည်လက်ရှိအချိန်တွင် ဤကိစ္စအားဖြေရှင်းရန်နည်းလမ်းတစ်ခုသာရှိကြောင်းသဘောပေါက်လိုက်သည်။

၎င်းမှာ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်များအားစုဝေးကာ အာကာသသားရဲ၏သဲလွန်စအားရှာရန်ဖြစ်သည်။ အကယ်ဤ၎င်း၏သဲလွန်စအားရှာနိုင်ပါက ၎င်းအားတစ်ချက်တည်းဖြင့်သတ်နိုင်မည့်အခွင့်‌အရေးရှာနိုင်မည်ဖြစ်သည်။

အာကာသသားရဲမှာဒဏ်ရာရထားပြီးပြီဖြစ်ပေရာ အကယ်၍လက်ရှိအချိန်တွင်၎င်းအားအနိုင်ယူနိုင်မည့်အခွင့်အရေးရှာနိုင်ပါက ၎င်းအားလွယ်လင့်တကူမောင်းထုတ်လိုက်နိုင်မည်ဖြစ်သည်။

မကြာမီကျိုးဟောင်မှာစစ်နတ်ဘုရားတပ်ရင်းသို့ရောက်လာပြီး ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ရှိသော စစ်သည်၁၀ယောက်အားစုဝေးလိုက်သည်။ ၎င်းတို့သည်ကျိုးဟောင်နှင့်အတူအာကာသသားရဲ၏သဲလွန်စအားရှာဖွေရန်ပြင်ဆင်နေကြသည်။

ဤသတင်းအားကြားပြီးနောက် အာကာသသားရဲမှာကျိုးဟောင်တို့အားအထင်သေးသည့်အတွေးတို့တွေးနေခဲ့သည်။

သူတို့သည်သာမန်လူတစ်ဖွဲ့သာဖြစ်ပေရာ ၎င်းအားယှဥ်ပြိုင်ရန် မည်သည့်စွမ်းရည်ရှိမည်နည်း။

သို့သော်၎င်းသည် ကျိုးဟောင်တို့သူ့အားအလွယ်တကူရှာတွေ့သွားခွင့်မပေးနိုင်ပေ။

ထိုသို့တွေးရင်း အာကာသသားရဲမှာချက်ချင်းပင်သန္ဓေပြောင်းသားရဲများစွာအားဖန်တီးကာ ကျိုးဟောင်တို့အဖွဲ့အားပြဿနာပေးရန်ပြင်တော့သည်။

အာကာသသားရဲ၏ဆင့်ခေါ်မှုအားလက်ခံရရှိပြီးနောက် တစ်ကမ္ဘာလုံးတွင် ပဋိပက္ခမများစွာဖြစ်ပေါ်လာခဲ့သည်။

သန္ဓေပြောင်းသားရဲများစွာမှာမြေကြီးထဲမှရူးသွပ်စွာတိုးထွက်လာကြပြီး မြို့အားဖျက်ဆီးရန်ပြင်ဆင်နေကြသည်။

ပြင်းထန်သောလေတိုးသံများထွက်ပေါ်လာပြီးနောက် ချက်ချင်းပင်အငွေ့များမှာနေရာအနှံ့ပျံ့နှံ့သွားခဲ့သည်။

အငွေ့များပျောက်ကွယ်သွားပြီးနောက် မူလကပတ်ဝန်းကျင်တွင်ရှိနေခဲ့သောသတ်ဖြတ်လိုသည့်အငွေ့အသက်များမှာရုတ်တရက်တိုးလာခဲ့သည်။

ထို့နောက် ရုတ်တရက်ဆိုသလိုပင်အလွန်ကြီးမားကာ ကြမ်းကြုတ်သည့်သားရဲတစ်ကောင်မှာတစ်မြို့လုံးတွင်ပေါ်လာခဲ့သည်။

၎င်းမှာကြီးမားသောမျောက်သားရဲတစ်ကောင်ဖြစ်ကာ ဆယ်မီတာမျှရှည်လျားပြီး မျက်လုံးများမှာနီရဲကာ ကြက်သွေးရောင်တောက်ပနေခဲ့သည်။

၎င်းမှာအဝေးတွင် ဝင့်ကြွားစွာမတ်တပ်ရပ်နေပြီး ၎င်း၏မျက်လုံးများထဲတွင် မည်သည့်အရာကိုမျှဂရုမစိုက်သည့်ဟန်ပေါ်နေပေသည်။

မျောက်သားရဲမှာတည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်ပြီးနောက် အဝေးတစ်နေရာသို့စိုက်ကြည့်နေခဲ့သည်။ ထို့နောက်၎င်းသည်‌ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရာ ၎င်း၏ခြေထောက်အောက်တွင် ရုတ်တရက်ကြီးမားသောတွင်းကြီးတစ်ခုပေါ်လာခဲ့သည်။

....................................................................................

All Chapters