တိုက်ပွဲစိတ်ဓာတ်အားပြန်လည်အသက်သွင်းပေးခြင်း
Vol. 47 Ch. 699
ကျိုးဟောင်မှာ ဤအာကာသသားရဲသည်ထိုမျှလောက်ကောက်ကျစ်လိမ့်မည်ဟုလုံးဝမထင်ထားခဲ့ပေ။ ၎င်းမှာဒဏ်ရာရထားသည်မှာမှန်သော်ငြား ပြဿနာရှာရန်ယခုလိုအောက်ဆွဲများစွာကိုလွှတ်ကာ ကျိုးဟောင်အား၎င်းတို့အားဖြေရှင်းပြီး အခြားဘာမှမလုပ်နိုင်အောင်လုပ်ခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေ အခြားပညာရှင်များမှာလည်းသူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲများအားမဖြေရှင်းနိုင်ပေ။ ကျိုးဟောင်တစ်ယောက်သာဖြေရှင်းနိုင်ပေသည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်နီးပါးကုန်ဆုံးသွားခဲ့ပြီး ကျိုးဟောင်မှာအလွန်စိုးရိမ်နေခဲ့သည်။ ယခုအချိန်တွင်ထိုသတ္တဝါပေါ်လာပါက ၎င်းမှာသူတို့အတွက်ကြီးမားသည့်အပျက်အစီးတစ်ခုဖြစ်ပေါ်စေမည်ဖြစ်သည်။
"ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ"
ကျိုးဟောင်မှာအလွန်နာကျင်နေသာ်ငြား ယခုအချိန်တွင်သူလုပ်နိုင်တာဘာမှမရှိပေ။ သူသည်ချိပ်ပိတ်သိုင်းအား အတင်းအကြပ်အသက်သွင်းရုံသာတတ်နိုင်သည်။
"တကယ်လို့ ကျွန်တော်ဒီသိုင်းကို အတင်းအကြပ်အသက်သွင်းလိုက်ရင် ကျရှုံးမဲ့နှုန်းက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ် ပြီးတော့ သူတော်စင်ဘုံအဆင့်တစ်ဝက်ကိုရောက်ဖို့ဆို အနည်းဆုံး၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်က သူတို့ရဲ့အသက်စွမ်းအားကိုလောင်ကျွမ်းပေးဖို့လိုတယ် သူတို့ရဲ့အသက်စွမ်းအားကိုကျွန်တော်နဲ့အတူလောင်ကျွမ်းမှသာ ကျွန်တော်ဒီသိုင်းကိုသုံးလို့ရမှာ"
ကောက်ချက်များစွာချပြီးနောက် နောက်ဆုံးတွင်ကျိုးဟောင်မှာဤနည်းလမ်းသည်တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းအားနားလည်သွားခဲ့သည်။
ဖားမှာကျိုးဟောင်၏အစီအစဥ်အားသိပြီးနောက် ၎င်းမှာချက်ချင်းပင်သက်ပြင်းချကာပြောလာခဲ့သည်။
"မင်းရူးနေလား ကျရှုံးမဲ့နှုန်းက ၈၀ ရာခိုင်နှုန်းအထိရှိနေတာကို မင်းကကြိုးစားချင်နေသေးတယ်...မင်းဒီတိုင်းပြေးလိုက်ရမှာ"
ဖားမှာထွက်ပြေးချင်နေပေသည်။ ၎င်းဤသို့ပြောနေရခြင်းသည်လည်းကျိုးဟောင်မှာမဆိုး၍သာဖြစ်သည်။ မဟုတ်ပါက ၎င်းမှာအစောကတည်းကထွက်ပြေးသွားလောက်ပြီဖြစ်သည်။
"ကျွန်တော်ထွက်မသွားနိုင်ဘူး စီနီယာကျိနဲ့တခြားလူတွေက ဒီအာကာသသားရဲကြောင့်အိပ်မောကျနေကြတယ် တကယ်လို့ကျွန်တော်ဒီလိုထွက်သွားရင် ကျွန်တော်အားလုံးကိုစိတ်ပျက်စေလိမ့်မယ် တကယ်လို့ဒီမှာပဲနေရင် ကျွန်တော်သေရရင်တောင် နောင်တမရှိဘူး"
ကျိုးဟောင်မှာစိတ်ပိုင်းဖြတ်ပြီးပြီဖြစ်သည်။ ထို့နောက်သူသည်အသက်ပြင်းပြင်းရှူကာအိမ်သို့ပြန်လာခဲ့သည်။
သူ၏မိဘများမှာ အာကာသသားရဲအကြောင်းကိုအစောကတည်းကသိထားပြီးပြီဖြစ်သည်။ လူသားမျိုးနွယ်မှပညာရှင်များအားလုံးမှာအိပ်ပျော်နေပြီး အာကာသသားရဲမသေဆုံးသေးသောကိစ္စသည်လူသားများအတွက် လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ၎င်းမှာသိပ်မကြာခင်အချိန်တွင်ပြန်လာမည်ဖြစ်ကြောင်းသူတို့လည်းသိထားပေသည်။ ထိုအချိန်ရောက်လာပါက ကမ္ဘာဂြိုဟ်မှာလုံးဝဖျက်ဆီးခံရမည်ဖြစ်သည်။
ကျိုးဟောင်ပြန်လာသည်ကိုကြည့်ပြီးနောက် ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်တို့မှာအလွန်စိုးရိမ်နေခဲ့သည်။ ကျိုးဟောင်ထံမှမှန်ကန်ကြောင်းအဖြေရပြီးနောက် သူတို့သည်တိတ်ဆိတ်သွားခဲ့သည်။
"ရှိပါစေတော့ ဘယ်လိုပဲဖြစ်ဖြစ်ကမ္ဘာဂြိုဟ်ကဖျက်ဆီးခံရတော့မှာပဲကို တကယ်လို့ငါတို့မသေရင်ရော တခြားဘယ်နေရာသွားစရာရှိလို့လဲ"
ကျိုးရွှယ်ကောမှာ ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းယမ်းရင်းပြောလာခဲ့သည်။
ဝမ်ရှုယွင်သည်လည်း အတူတူပင်ဖြစ်လေသည်။
"မိသားစုပြန်ဆုံတဲ့အနေနဲ့ ထမင်းစားကြတာပေါ့ ဟင်းဟင်း"
သက်ကြီးပိုင်းလင်မယားနှစ်ယောက်မှာအလွန်အကောင်းမြင်ကြပေသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာဂြိုဟ်သည်ပျောက်ကွယ်သွားတော့မည်ဖြစ်ပေရာ သူတို့သည်လည်းရှိနေနိုင်တော့မည်မဟုတ်ပေ။ ထို့အပြင်သူတို့အကောင်းမြင်နေသရွေ့ သေခြင်းတရားဟူသည်အတွေးတစ်ခုမျှသာဖြစ်သည်။
ကျိုးဟောင်မှာပြုံးကာ သူပြောချင်ခဲ့သည့်စကားများအားစိတ်ထဲတွင်သာသိမ်းထားလိုက်သည်။ သူ၏မိဘများမှာသေရန်ဆုံးဖြတ်ထားပြီးပြီဖြစ်ပေရာ သူမူလကပြောချင်ခဲ့သည့်စကးများအားပြောရန်မလိုတော့ပေ။
ညစာစားပြီးနောက်ကျိုးဟောင်မှာရှုလင်အားသွားတွေ့ခဲ့သည်။ သူတို့နှစ်ယောက်သည်ကောင်းကင်ထက်ရှိ လုံနတ်ဘုရားစစ်သင်္ဘောပေါ်တွင်လှဲရင်း အောက်ဘက်ရှိအလင်းရောင်များအားငုံ့ကြည့်နေရင်း ရှုလင်မှာကျိုးဟောင်အားတင်းကြပ်စွာဖက်ထားခဲ့သည်။
"ကျွန်မတို့တကယ်သေတော့မှာလား"
ရှုလင်သည်လည်းဤမေးခွန်းအားမေးလာခဲ့သည်။
"မင်းကြောက်လို့လား"
ကျိုးဟောင်မှာပြုံးကာမေးလိုက်သည်။
"မကြောက်ဘူး ရှင်သာရှိနေရင် ကျွန်မလုံးဝမကြောက်ဘူး"
ရှုလင်မှာချိုသာစွာပြုံးရင်းပြောလိုက်သည်။
ကျိုးဟောင်သည်လည်း သူ့မိသားစုအားယခုလိုသေခွင့်မပြုဟုစိတ်ထဲမှကျိန်ဆိုလိုက်သည်။
နောက်တစ်နေ့မနက်တွင် ကျိုးဟောင်မှာသန့်စင်ဘုရားကျောင်းသို့ရောက်လာခဲ့သည်။ လက်ရှိအချိန်တွင် သန့်စင်ဘုရားကျောင်းသည်တိုက်ခိုက်လိုသည့်ဆန္ဒလုံးဝမရှိကြောင်းကိုကျိုးဟောင်တွေ့လိုက်ရသည်။ တစ်ခါကအလွန်ဂုဏ်ယူဝင့်ကြွားနေခဲ့သော ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ ကမ္ဘာကြီး၏အဆုံးသတ်ရောက်ရှိလာသည့်အတိုင်းပင် ထိုနေရာတွင်သာတိတ်ဆိတ်စွာထိုင်နေကြသည်။
"ခင်ဗျားတို့တွေ ဘာဖြစ်နေတာလဲ ဘာလို့ဒီလောက်အားမရှိတဲ့ပုံပေါက်နေတာလဲ"
ကျိုးဟောင်၏ရောက်ရှိလာမှုမှာ သူတို့၏မျက်လုံးများအားအရောင်တောက်လာစေခဲ့သည်။ သို့သော်ဤအရောင်မှာအလွန်မှေးမှိန်လှပေသည်။
"ခေါင်းဆောင်ကျိုး ကျွန်တော်တို့....သေဖို့စောင့်နေတာ"
အားလုံးမှာခါးသက်စွာပြုံးလိုက်သည်။ မည်သို့ပင်ဖြစ်စေ စီနီယာကျိနှင့်အခြားသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာပင် ထိုသားရဲအားအနိုင်မယူနိုင်ပေရာ သူတို့လိုကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ ဘာလုပ်နိုင်မည်နည်း"
"သေဖို့လား ဘာလို့လဲ တကယ်လို့ကျွန်တော်တို့သေရမယ်ဆိုရင်တောင် နောင်တမရှိအောင်အကောင်းဆုံးကြိုးစားရမှာပဲ"
ကျိုးဟောင်မှာ သူတို့အားကြည့်ကာအေးစက်စွာပြောလိုက်သည်။
ကျိုးဟောင်၏စကားများအားကြားသောအခါ သူတို့၏အမူအရာများမှာအနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ပြီး ကျိုးဟောင်အားကြည့်ကာမေးလိုက်သည်။
"ခေါင်းဆောင်ကျိုး ကျွန်တော်တို့လုပ်နိုင်တဲ့တခြားနည်းလမ်းရှိသေးလား"
သူတို့သည်ဤမေးခွန်းအားမေးလိုက်သော်ငြား သူတို့တတ်နိုင်တာဘာမှမရှိကြောင်းသေချာပေါက်သိပေသည်။
သို့သော် ထိုအချိန်တွင်ကျိုးဟောင်မှာတကယ်ပင်ခေါင်းညိတ်ပြလာခဲ့သည်။
"ရှိတယ်"
ဤစကားမှာအားလုံး၏အမူအရာများမှာ မယုံကြည်နိုင်သည့်အမူအရာမျိုးပြောင်းလဲသွားစေခဲ့သည်။
"ရှိတယ်လား ခေါင်းဆောင်ကျိုး ခင်ဗျားရဲ့အစီအစဥ်ကဘာလဲ"
ထိုစကားအားကြားပြီးနောက်အားလုံးမှာစိတ်လှုပ်ရှားလာခဲ့ကြပြီး ကျိုးဟောင်မှာသက်ပြင်းချကာပြောလိုက်သည်။
"ကျွန်တော့်မှာအောင်မြင်နိုင်ခြေ ၂၀ရာခိုင်နှုန်းရှိတဲ့နည်းလမ်းတစ်ခုရှိတယ် ကျွန်တော် ၁၂ဆင့်မြောက်ကောင်းကင်ဘုံ အထွတ်အထိပ်အဆင့်ပညာရှင် ၁၀ယောက်လိုမယ် ကျွန်တော်တို့ကစိတ်ဝိဉာဥ်ကိုလောင်ကျွမ်းပြီး ချိပ်ပိတ်သိုင်းတစ်ခုသုံးမှာ ဒီလိုဆိုဒါကိုချိပ်ပိတ်နိုင်တဲ့အခွင့်အရေးတစ်ခုတော့ရှိမှာပဲ အဲဒါကလွဲကျွန်တော့်မှာတခြားနည်းလမ်းမရှိဘူး"
အောင်မြင်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပဲရှိသည်ဟူသောစကားအားကြားလိုက်ရသောအခါ အားလုံးမှာခေတ္တမျှကြက်သေသေသွားခဲ့ပြီး ကျိုးဟောင်အားအံ့သြတကြီးကြည့်လာခဲ့သည်။
"၂၀ ရာခိုင်နှုန်းတည်းလား"
အားလုံးမှာဤအောင်မြင်နိုင်ချေသည်အလွန်နည်းပါးလှသည်ဟုခံစားလိုက်ရပေသည်။
ဤအစီအစဥ်သည်ကျရှုံးရန်သေချာသလောက်ရှိသည်ဟုဆိုနိုင်ပေသည်။
ကျိုးဟောင်မှာထိုအဖွဲ့အားကြည့်ကာခေါင်းယမ်းပြလိုက်သည်။
"တကယ်လို့ ၁ရာခိုင်နှုန်း ဒါမှမဟုတ် ၀.၁ရာခိုင်နှုန်းပဲရှိတယ်ဆိုရင်တောင် ကျွန်တော်တို့စမ်းကြည့်ရဦးမှာပဲ တကယ်လို့အောင်မြင်ရင် ကျွန်တော်တို့သေမယ်ဆိုပေမဲ့ ကျွန်တော်တို့မိသားစုတွေကရော သူတို့အသက်ရှင်နိုင်တယ်လေး ကမ္ဘာဂြိုဟ်ရှိနေသရွေ့ ကျွန်တော်တို့အိမ်လည်းရှိနေမှာပဲ ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုယ်အတွက်တိုက်ခိုက်နေတာမဟုတ်သလို နိုင်ငံအတွက်တိုက်ခိုက်နေတာလည်းမဟုတ်ဘူး လူသားမျိုးနွယ်အတွက်တိုက်ခိုက်နေတာ
"တကယ်လို့သေရရင်တောင်ကိစ္စမရှိဘူး ဒါကသိုင်းပညာရှင်တစ်ယောက်အနေနဲ့ကျွန်တော်တို့ရဲ့ကံတရားပဲ ဟုတ်တယ်မလား"
"ကျွန်တော်တို့ရဲ့မိသားစုဝင်တွေနဲ့ ကမ္ဘာဂြိုဟ်အတွက်တိုက်ခိုက်ရလိမ့်မယ် ကျွန်တော်တို့သေမယ်ဆိုပေမဲ့ ဒါကဂုဏ်ယူစရာကောင်းတဲ့နည်းလမ်းနဲ့သေခြင်းမျိုးဖြစ်လိမ့်မယ် တကယ်လို့ကျွန်တော်တို့ကျရှုံးသွားခဲ့ရင်တောင် နောက်ဘဝမှာမကျေနပ်တာမရှိဘူး ဟုတ်တယ်မလား"
ကျိုးဟောင်၏စကားများမှာ သူတို့၏နှလုံးသားများထိရောက်စေပြီး စိတ်အားတက်စေနိုင်ပေရာ အားလုံးမှာချက်ချင်းပင်ပြန်လည်တက်ကြွလာခဲ့ကြသည်။
"ဟုတ်တယ် တကယ်လို့ကျွန်တော်တို့ကျရှုံးရင်ရောဘာဖြစ်လဲ ကျွန်တော်တို့ဒီမှာသေရဦးမှာပဲ တကယ်လို့သေသွားရင်တောင် သူ့ကိုတစ်ချက်လောက်တိုက်ခိုက်ခဲ့ပြီး ဒေါသဖြစ်အောင်လုပ်ခဲ့ရမှာပဲ"
"ဟုတ်တယ် သေရမယ်ဆိုရင်တောင်ဂုဏ်ရှိရှိနဲ့ပဲသေမယ်"
"သေစမ်း ခေါင်းဆောင်ကျိုး ကျွန်တော်က ၁၂ဆင့်မြောက်ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ပါ ကျွန်တော်အသက်စွန့်ဖို့ဆန္ဒရှိပါတယ်
"ကျွန်တော်ရောပဲ ကျွန်တော်က ၁၀ဆင့်မြောက်မူလအဆင့်ပညာရှင်တစ်ယောက်ပဲဆိုပေမဲ့ကျွန်တော်လည်းဆန္ဒရှိတယ်"
"ကျွန်တော်ရောပဲ"
သူတို့မှာချက်ချင်းပင်စိတ်အခြေနေပြန်ကောင်းသွားခဲ့သည်။ အားလုံးမှာတိုက်ခိုက်လိုသောပြင်းထန်သည့် စွမ်းအားတို့ဖြင့်ပြည့်နေပေရာ ကျိုးဟောင်မှာဤမြင်ကွင်းအားကြည့်ကာပြုံးလိုက်သည်။
"၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်ပဲ တခြားလူတွေမလိုဘူး တကယ်လို့ကျွန်တော်တို့အောင်မြင်သွားရင် ကျွန်တော်တို့ရဲ့အိမ်တွေကိုပြန်ပြင်မလား လူသားမျိုးနွယ်အားလုံးကိုကူညီမလားဆိုတာကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တယ် ကျွန်တော်ဒီတာဝန်ကိုခင်ဗျားတို့ဆီပဲလွှဲထားလိုက်ပြီ ဒါကိုမှတ်ထား"
ကျိုးဟောင်မှာရယ်မောကာပြောလိုက်သည်။ သူသည်မဟာမိတ်၅ခုမှသူတို့အသက်အားစွန့်စားလိုသည့် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်ဖြင့်တွေ့ခဲ့သည်။ ယခုသူတို့လုပ်ရမည့်အလုပ်မှာ ကျိုးဟောင်ထံမှဤချိပ်ပိတ်သိုင်းအားသင်ယူရမည်ဖြစ်သည်။
ဤကျင့်ကြံရေးသိုင်းမှာအလွန်လွယ်ကူသော်ငြား စံနှုန်းသည်လည်းမြင့်ပေသည်။ မူလကတည်းက ထိုသိုင်းအားအသက်သွင်းရန် သူတော်စင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးမျိုးလိုအပ်သော်လည်း ၎င်းမှာမဖြစ်နိုင်ပေ။ ထို့ကြောင့်လက်ရှိအချိန်တွင် မူလကျောက်စာ၏စွမ်းအားနှင့်ဝိဉာဥ်ကျောက်တုံးရှိသည့်ကျိုးဟောင်နှင့် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်သာ ၎င်းအားအသက်သွင်းနိုင်မည့်အခွင့်အရေးရှိတော့သည်။
....................................................................................