← Chapters

ပြန်လည်ကောင်းမွန်လာခြင်း

Vol. 47 Ch. 702

ပြန်လည်ကောင်းမွန်လာခြင်း

Vol. 47 Ch. 702

ဘာဖြစ်သွားမှန်းမည်သူမှမသိပေ။ အားလုံးမှာကိရိယာပေါ်ရှိအလင်းစက်များအားကြည့်ကာ တိတ်ဆိတ်သွားကြသည်။ အကြောင်းမှာအလင်းစက်များအားလုံးမှာပျောက်ကွယ်သွား၍ပင်ဖြစ်သည်။

"အသက်ရှင်နေတဲ့ အရိပ်အယောင်မရှိဘူး သူသေသွားပြီလား"

"အာကာသသားရဲမရှိ‌တော့ဘူ ခေါင်းဆောင်ကျိုးရောပဲ မဟုတ်မှ....သူတို့အားလုံးသေသွားပြီလား"

သူတို့သည်‌ရှေ့ရှိမျက်နှာပြင်အား မယုံကြည်နိုင်သလိုကြည့်နေခဲ့ကြသည်။

သူတို့မျက်နှာပြင်အားစိုးရိမ်စွာကြည့်နေခြင်းမှာ အာကာသသားရဲမှာအလွန်စွမ်းအားကြီးကြောင်းသိထား၍သာဖြစ်သည်။ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁၀ ယောက်ပင် ၎င်းအားမသတ်နိုင်ခဲ့ပေ။ ယခုကျိုးဟောင်နှင့်အခြားလူများမှာ တကယ်ပင်ထိုသားရဲနှင့်အတူအသက်စွန့်သွားနိုင်ခဲ့သည်လော။

သူတို့သည်ထိုအကြောင်းအား စဥ်းပင်မစဥ်းစားဝံ့ပေ။

တဖြည်းဖြည်းနှင့် ၁၀မိနစ်မျှကုန်လွန်သွားခဲ့ပြီး အားလုံးမှာလည်းစတင်တုန်ယင်လာကြသည်။

"သူတကယ်သေသွားတာလား"

"သွားစစ်ကြည့်ရအောင်ပညာရှင်တွေမြန်မြန်လွှတ်လိုက်"

သိုင်းပညာရှင်များသာမက စစ်တပ်မှတပ်သားများပါ ချက်ချင်းပင်ပင်လယ်အောက်ခြေသို့ခုန်ဆင်းသွားခဲ့ကြပြီးနောက် ချောက်နက်ထဲတွင်အာကာသသားရဲ၏ ကြီးမားသောခန္ဓာကိုယ်ကြီးအားမြင်လိုက်ရသည်။ ၎င်းသည်လှုပ်ရှားမှုကင်းမဲ့နေပြီး မည်သည့်အသက်စွမ်းအားမျှမရှိတော့ပေ။

"သေပြီလား ဒါကတကယ်သေသွားပြီလား"

အားလုံးမှာထိတ်လန့်သွားခဲ့ကြသည်။

သတင်းပျံ့သွားချိန်တွင် အားလုံးမှာအံ့သြသွားခဲ့ကြသည်။

"ငါတို့နိုင်ပြီ ငါတို့နိုင်ပြီ"

"ကျိုးဟောင် ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်၊ ကျိယောင်ယွဲ့နဲ့ တခြားသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၉ယောက် အားလုံးကငါတို့ရဲ့သူရဲကောင်းတွေပဲ သူတို့၂၁ ယောက်လုံးက ကမ္ဘာဂြိုဟ်ရဲ့သူရဲကောင်းတွေပဲ"

"ဟုတ်တယ် ငါတို့ကမ္ဘာဂြိုဟ်အန္တရာယ်ကင်းတာ အားလုံးသူတို့ကျေးဇူးကြောင့်ပဲ"

"သူတို့ကငါတို့ရဲ့သူရဲကောင်းတွေပဲ ငါတို့ရဲ့တကယ်စစ်မှန်တဲ့သူရဲကောင်းတွေ"

အားလုံးမှာအလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ကြသည်။ ယခုအကျပ်အတည်းအားဖြေရှင်းသွားပြီးပြီဖြစ်ပြီး သေခြင်းတရားနှင့်ကြုံတွေ့ပြီးနောက်ပိုင်းအသက်ရှင်ကျန်ခဲ့ရသည့်ခံစားချက်အား လုံးဝတွေ့ကြုံခံစားလိုက်ရပြီဖစ်သည်။

အချို့မှာပျော်ရွှင်နေကြပြီး အချို့မှာတော့ဝမ်းနည်းနေကြပေသည်။

ထိုအချိန်တွင် ချူမြို့စစ်နတ်ဘုရားတပ်ရင်းတွင် အားလုံးမှာသူတို့၏ရှေ့ရှိကြီးမားသောမျက်နှာပြင်အားကြည့်နေကြပြီး သူတို့၏မျက်နှာပေါ်တွင်ဝမ်းနည်းနေသောအရိပ်အယောင်များရှိနေခဲ့သည်။ ရှေ့ဆုံးတွင်အသက်ကြီးကြီးစုံတွဲရှိနေပြီး သူတို့ဘေးတွင်ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်ရှိနေသည်။

အသက်ကြီးကြီးစုံတွဲမှာ ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်တို့ဖြစ်ကြသည်။ ကျိုးရွှယ်ကောမှာမငိုမိအောင်အကောင်းဆုံးကြိုးစားရင်း မျက်လုံးများမှာနီရဲနေခဲ့သည်။ တစ်ဖက်တွင် ဝမ်ရှုယွင်မှာရှိုက်ကြီးတငင်ငိုကြွေးနေပြီဖြစ်သည်။

သူမ၏သားဖြစ်သူမှာ ကမ္ဘာဂြိုဟ်အတွက်အသက်စွန့်ခဲ့သည့်သူရဲကောင်းတစ်ယောက်ဖြစ်သော်ငြား သူမဤအချက်ကိုလက်မခံနိုင်သေးပေ။

"သားလေး ဘာလို့များအမေတို့ကိုဒီလိုမျိုးထားခဲ့ရတာလဲ မင်းလက်တောင်မထပ်ရသေးဘူးလေ....အမေလည်းမြေးတစ်ယောက်တောင်မချီရသေးဘူး....."

ဝမ်ရှုယွင်မှာ ဝမ်းပန်းတနည်းငိုနေခဲ့ပြီး ရှုလင်သည်လည်းအတူတူပင်။ သူမသည်ငိုလွန်းပြီးမျက်ရည်များပင်ခြောက်သွေ့နေပြီဖြစ်သည်။ သူမသည်ကျိုးဟောင်၏ရုပ်ထုအားကြည့်ကာ မငိုမိအောင်ကြိုးစားလိုက်သည်။

"ကျိုးဟောင် ကျွန်မကိုရှင့်မိန်းမဖြစ်စေချင်တယ်လို့ပြောခဲ့ပြီးတော့ ရှင်ကတိကိုတောင်မတည်သွားဘူး...."

ရှုလင်မှာ စိတ်ထဲမှာတွေးနေသော်လည်း ကျိုးဟောင်သည်သူမ၏သက်ဆိုင်သူဖြစ်ခဲ့ရခြင်းအပေါ် ဂုဏ်ယူနေသည့်အရိပ်အယောင်များမှာ သူမ၏မျက်လုံးထဲတွင် ထင်ဟပ်နေခဲ့သည်။

ယွင်ယန်၊ ကျန်းယိနှင့်အခြားလူများသည်လည်း ဤနေရာတွင်ရှိနေခဲ့ပြီး စုမျိုးနွယ်ညီအစ်မလေးယောက်လည်းရှိနေကာ စွင်းယွဲ့ ၊လော့လီနှင့်အခြားလူများသည်လည်း အတူတူပင်။

သူတို့အားလုံးမှာကျိုးဟောင်၏ရုပ်ထုအားကြည့်ကာ အလွန်ဝမ်းနည်းနေခဲ့ကြသည်။ သူတို့၏ရဲဖော်ရဲဖက်ဟောင်းနှင့်မိတ်ဆွေများမှာ ပင်လယ်နက်ထဲတွင်သေဆုံးသွားခဲ့ပေရာ အားလုံးဝမ်းနည်းနေကြသည်မှာ သဘာဝကျပေသည်။

"ကောင်စုတ်လေး ဘာလို့ငါတို့ကိုဒီတိုင်းထားသွားတာလဲ"

ကျန်းယိမှာအခံစားရဆုံးပင်ဖစ်သည်။ ကျိုးဟောင်နှင့်သူသည်အကောင်းဆုံးညီအစ်ကိုများဖြစ်ခဲ့ကြပေသည်။ သူတို့နှစ်ယောက်သည်အထက်တန်းကတည်းကအတူရှိလာကြပြီး ယခင်ကမည်သည့်ကိစ္စကိုမဆိုရင်ဖွင့်တိုင်ပင်နိုင်သော မိတ်ဆွေများဖြစ်ခဲ့ကြသည်။

"အစတုန်းကတော့ ငါကမင်းကိုကာကွယ်ပေးခဲ့ရတာ နောက်ကျမင်းသိုင်းပညာရှင်‌လောကထဲခြေချပြီး ငါ့ကိုကာကွယ်ပေးခဲ့တယ် ဒါပေမဲ့မင်းစွမ်းအားကြီးလာတာဘယ်လောက်မှတောင်မကြာသေးဘူး ငါကမင်းနာမည်သုံးပြီးကြွားတောင်မကြွားရသေးဘူး မင်းကမရှိတော့ဘူး...."

ကျန်းယိမှာ ကျိုးဟောင်၏ရုပ်ထုအားကြည့်ကာပြောရင်း ငိုနေခဲ့သည်။

ယွမ်ချန်း၊ ယွင်ယန်နှင့်အခြားလူများသည်လည်းအတူတူပင် သူတို့သည်အားလုံးအဆင့်မြင့်အဖွဲ့မှလူများဖြစ်ပြီး အားလုံးရဲဖော်ရဲဖက်များဖြစ်ကြသည်။ အတိတ်ကမြင်ကွင်းများမှာ သူတို့၏ခေါင်းထဲတွင်ပေါ်လာခဲ့ပြီး ထိုစဥ်ကကိစ္စများမှာ ယခုအချိန်တွင်သူတို့အတွက်အဖိုးတန်ဆုံးအမှတ်တရများဖြစ်လာခဲ့သည်။

အားလုံးမှာ ကျိုးဟောင်သေဆုံးသွားပြီဟုထင်နေခဲ့ကြသည်။ သို့သော်ထိုအချိန်တွင် အာကာသသားရဲ၏ စိတ်‌လောကရှိ ကျိုးဟောင်၏မျက်လုံးများမှာဖြည်းညင်းစွာပွင့်လာခဲ့သည်။

"ငါ...ငါမသေသေးဘူးလား"

သူစုပ်ယူခံရမလိုဖြစ်ခဲ့ကြောင်းကို ကျိုးဟောင်ရှင်းရှင်းလင်းလင်းမှတ်မိပေသည်။ ထို့နောက် စိတ်ဝိဉာဥ်ကျောက်တုံးမှတောက်ပသောအလင်းရောင်တစ်ခုထွက်ပေါ်လာကာ သူအိပ်ပျော်သွားခဲ့သည်။

"မင်းနိုးလာပြီလား"

ထိုအချိန်တွင် ဖား၏အသံအားကျိုးဟောင်၏စိတ်ထဲမှကြားလိုက်ရသည်။

"ဖား ကျွန်တော်ဘာဖြစ်သွားတာလဲ ကျွန်တော်မသေဘူးလား အာကာသသားရဲရော"

ကျိုးဟောင်မှာအလျင်အမြန်မေးလိုက်သည်။

သူသည်အာကာသသားရဲနှင့်ပတ်သက်ပြီး အစိုးရိမ်ဆုံးပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အကယ်၍ဤသတ္တဝါသာအသက်ရှင်နေသေးပါက ကမ္ဘာဂြိုဟ်အတွက်အလွန်အမင်းအန္တရာယ်ကြီးသည့်ကိစ္စတစ်ခုဖြစ်လာမည်ဖြစ်သည်။

"အမယ်လေး ကောင်စုတ်လေး မင်းကတကယ်ကံကောင်းတယ် ဒီစိတ်ဝိဉာဥ်ကျောက်တုံးမှာတကယ်ကိုကာကွယ်ရေးစနစ်တစ်ခုပါတာပဲ ငါတကယ်မသိခဲ့ဘူး"

ဖားထံမှရုတ်တရက်ထွက်လာသောစကားများမှာ ကျိုးဟောင်အားမှင်တက်သွားစေခဲ့သည်။

"ဘာဖြစ်တာလဲ"

ကျိုးဟောင်မှလျင်မြန်စွာမေးလိုက်သည်။

"ဒါကတကယ်တော့အရမ်းရှူပ်ထွေးတယ် ဒါပေမဲ့ငါမင်းကိုအကျဥ်းချုပ်ပြောပြမယ် သေရေးရှင်ရေးအခြေအနေမှာ စိတ်ဝိဉာဥ်ကျောက်တုံးကသခင်ကိုကာကွယ်ပြီး အာကာသသားရဲရဲ့စိတ်စွမ်းအားကိုဝါးမျိုပစ်လိုက်ပြီးတော့ မင်းရဲ့စိတ်စွမ်းအားရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပြောင်းလဲပစ်လိုက်တယ် ပြီးတော့အခုမင်းကအာကာသသားရဲ အာကာသသားရဲကမင်းပဲ နားလည်လား"

ဖား၏စကားများမှာ ကျိုးဟောင်၏ခေါင်းထဲတွင်တဝီဝီမြည်သွားစေခဲ့ပြီး ဖား၏ဆိုလိုရင်းအားသူနားမလည်ပေ။

"ခင်ဗျားဘာပြောလိုက်တာလဲ ကျွန်တော်ကအာကာသသားရဲဖြစ်လာတာလား ကျွန်...ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကျွန်တော်ဒီခန္ဓာကိုယ်ကြီးကိုမလိုချင်ဘူး ကျွန်တော်ထူးခြားတဲ့သတ္တဝါတစ်ကောင်လိုဆက်ဆံမခံရချင်ဘူး"

အကယ်၍သူသာဤနေရာမှခုန်ထွက်သွားပါက အာကာသသားရဲအသက်ပြန်ရှင်လာသည်ဟုထင်ကြမည်ဖြစ်ကာ သူ့အားဝိုင်းသတ်ချင်ကြမည်မဟုတ်ပေလော။

"မင်းကတကယ်ကိုတုံးတာပဲ မင်းကအခုအာကာသသားရဲဖြစ်သွားပြီ ပြီးတော့မင်းရဲ့အရွယ်အစားကိုထိန်းချုပ်နိုင်တယ် မင်းအချိန်မရွေးထွက်သွားလို့ရတယ် ဒါပေမဲ့ မင်းဒီလိုမလုပ်ဖို့ငါအကြံပေးချင်တယ် ဘာလို့ဆိုကမ္ဘာဂြိုဟ်ပေါ်ကလူတွေက ဒီနေရာကိုချိပ်ပိတ်ထားတာကြာလှပြီ မင်းလည်းခံစားမိမှာပဲ"

ဖား၏စကားဆုံးသောအခါ ကျိုးဟောင်မှာသူ့ပတ်ဝန်းကျင်ရှိကြီးမားသောသံလိုက်စက်ကွင်းတစ်ခုအားခံစားမိလိုက်ပေရာ ဤနေရာမှာချိပ်ပိတ်ခြင်းခံထားရကြောင်းသိသာပေသည်။

"ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်မလဲ"

ကျိုးဟောင်မှာ အခြားလူများအားမလန့်စေလိုပေ။

"အရမ်းရိုးရှင်းပါတယ် ဒီမှာအလောင်းအတုထားခဲ့လိုက် ပြီးတော့ဒီဂြိုဟ်ကအာကာသသားရဲအတွက်လုံးဝမသင့်တော်ဘူး ဒီခန္ဓာကိုယ်ကအခုကြယ်ကောင်းကင်ကိုဖြတ်ပြီးမသွားနိုင်သေးဘူး ဒါပေမဲ့မင်းကတော့မတူဘူး မင်းမှာလုံနတ်ဘုရားစစ်သင်္ဘောရှိတယ် အရင်ဆုံးလကမ္ဘာကိုသွားပြီး အခြေချကြတာပေါ့ ပြီးရင် မင်းဒီခန္ဓာကိုယ်ကိုအဲဒီပေါ်မှာလုံးဝထိန်းချုပ်နိုင်အောင်လုပ်ပြီး မင်းရဲ့မူလလူသားကိုယ်ပွားကိုဖန်တီးနိုင်လိမ့်မယ် ပြီးရင်မင်းကမ္ဘာဂြိုဟ်ကိုပြန်လာလို့ရပြီ"

ထိုအချိန်တွင်ဖားမှအကြံပေးလာခဲ့ပြီး ကျိုးဟောင်မှာခေါင်းညိတ်ပြလာခဲ့သည်။

"ခင်ဗျားပြောတာမှန်တယ် ကျွန်တော်ဒီခန္ဓာကိုယ်နဲ့အသားမကျသေးဘူး ဒီကမ္ဘာကြီးပေါ်မှာ ကျွန်တော်ကတယ်ကိုအများကြီးမပြောင်းလဲနိုင်ဘူး မဟုတ်လို့သူများသိသွားရင်ဖျက်ဆီးခံရလိမ့်မယ်"

ကျိုးဟောင်မှာချက်ချင်းပြောလိုက်ပြီးနောက် ထိုခန္ဓာကိုယ်အားဖြည်းဖြည်းချင်းထိန်းချုပ်လိုက်ကာ အသုံးမဝင်သောအခွံတစ်ခုအားချန်ခဲ့လိုက်သည်။ သူ၏မူလခန္ဓာကိုယ်မှာဖုန်မှုန့် များအဖြစ်ပြောင်းသွားကာလွင့်မျောသွားခဲ့သည်။

"လဆီအရင်သွားကြမယ်။လုံနတ်ဘုရားစစ်သင်္ဘောကိုဆင့်ခေါ်လိုက် မှတ်ထားလျှို့ဝှက်လုပ်ဆောင်ချက်ကိုအသက်သွင်းခိုင်းနော် မဟုတ်လို့မင်းသေပြီးနောက်ပိုင်းလုံနတ်ဘုရားစစ်သင်္ဘောကလျှောက်သွားနေတာကိုမြင်ရင် တခြားလူတွေရဲ့အာရုံစိုက်တာကိုခံရလိမ့်မယ်"

ဖားမှာပြုံးကာပြောလိုက်သည်။ ၎င်းမှာကျိုးဟောင်သေရွာမှပြန်လာသည်ကိုအလွန်ပျော်ရွှင်နေကာ လူလိမ္မာလေးပင်လုပ်နေပေသည်။

အနာဂတ်တွင် အာကာသသားရဲ၏ခန္ဓာအစစ်နှင့်ဆိုပါက ကျိုးဟောင်မှာစကြဝဠာကြီးကိုပင်အုပ်စိုးနိုင်မည်မဟုတ်ပါလော။

ကျိုးဟောင်မှာဤကိစ္စအားလုံးကိုမသိသော်ငြား ဖားပြောသည့်အတိုင်းလိုက်လုပ်နေပေသည်။ သူသည်ချက်ချင်းပင် ပင်လယ်၏အနက်ပိုင်းမှဖြည်းဖြည်းချင်းပေါ်လာခဲ့ပြီးအငွေ့အသက်အားဖုံးကွယ်ကာ ကောင်းကင်ပေါ်သို့ပျံတက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျိုးဟောင်မှာငှက်မွေးတစ်ထောင်ချပ်ဝတ်နှင့်ဆက်သွယ်လိုက်ပြီး အမြင့်မီတာ ၃ထောင်အထိတက်သွားကာ ထိုနေရာမှစောင်နေခဲ့သည်။

....................................................................................

All Chapters