အာကာသသားရဲ၏ဆင့်ကဲပြောင်းလဲခြင်း
Vol. 47 Ch. 703
ကျိုးဟောင်မှာ အမြင့်၃ထောင်မီတာသို့ရောက်သောအခါ သူ၏ခန္ဓာကိုယ်မှာတဖြည်းဖြည်းချင်းပိုကြီးလာခဲ့သည်။ သူသည်အလင်းတန်းတစ်ခုကဲ့သို့တိမ်တိုက်များအားဖြတ်ကျော်ပြီး ပိုမိုမြင့်မားသည့်နေရာအားဆက်လက်ပျံသန်းနေခဲ့သည်။ တိမ်တိုက်များအပေါ်ရှိနေရောင်ခြည်မှာပို၍ပင်တောက်ပပေသည်။
"ရှောင်ယွီ လုံနတ်ဘုရားစစ်သင်္ဘောကိုထွက်လာခိုင်းလိုက်တော့ လျှို့ဝှက်စနစ်ကိုအသက်သွင်းဖို့မမေ့နဲ့နော် ဂြိုဟ်တုကနေရှာမတွေ့သွားစေနဲ့ မဟုတ်ရင်ငါ့ကိုဇွန်ဘီလို့ထင်သွားကြလိမ့်မယ်"
ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။ ပြန်လည်ရှင်သန်လာရသည့်ခံစားချက်သည်ကျိုးဟောင်အားအလွန်ကျေနပ်စေပေသည်။
ယခုအချိန်တွင်သူစိတ်အလှုပ်ရှားဆုံးမှာလဆီသွားကာ အာကာသသားရဲခန္ဓာနှင့်အပြည့်အဝပေါင်းစပ်ရမည့်ကိစ္စဖြစ်သည်။ ထိုအချိန်ရောက်ပါက သူ၏မူလကိုယ်ပွားအားဖန်တီးနိုင်ပြီး ကမ္ဘာဂြိုဟ်သို့ပြန်ကာ သူ့မိသားစုအားတွေ့နိုင်ပေလိမ့်မည်။
"သခင် တကယ်လို့လျှို့ဝှက်စနစ်ကိုအသက်သွင်းချင်တယ်ဆိုရင်လည်း ဒီတိုင်းပြောလိုက်ရောပေါ့ ဘာလို့ဒီလောက်ထူးထူးဆန်းဆန်းလုပ်နေရတာလဲ ပြီးတော့လုံနတ်ဘုရားစစ်သင်္ဘောကဒီလောက်အားမနည်းပါဘူး သူ့ကိုသခင့်ရဲ့ကမ္ဘာဂြိုဟ်ကနောက်နှစ်ပေါင်းတစ်ထောင်လောက်နေမှသာရှာတွေ့မှာ"
ငှက်မွေးတစ်ထောင်ချပ်ဝတ်မှ ဘာမှမတတ်နိုင်သလိုပြောလာခဲ့သည်။
ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာအမြဲတမ်းကျိုးဟောင်အားလေးစားခဲ့ပေသည်။ သို့သော်ငှက်မွေးတစ်ထောင်ချပ်ဝတ်သည်ခံစားချက်ရှိသည့် အသိဉာဏ်တစ်ခုဖြစ်ကြောင်းသိပေရာ မနေနိုင်ဘဲစနောက်လိုက်သည်။
"ထူးထူးဆန်းဆန်းဆိုတာဘာလဲ အဲဒါကိုဟာသဉာဏ်ရှိတယ်လို့ခေါ်တယ် နားလည်လား"
ကျိုးဟောင်မှာအထင်သေးသည့်ပုံဖြင့်စနောက်ကာပြောလိုက်သည်။
"ဒါနဲ့ နောက်ကိုမင်းငါ့ကိုအစ်ကိုကြီးလို့ခေါ်သင့်တယ် ဆရာဆိုတဲ့အသုံးအနှုန်းကအရမ်းလေးနက်လွန်းတယ်"
"ကောင်းပါပြီ သခင်"
ငှက်မွေးတစ်ထောင်ချပ်ဝတ်သည်လည်းတက်ကြွစွာပြန်ဖြေလာခဲ့သည်။
"ဟဟဟ မင်းကပိုပိုပြီး ဆိုးလာတာပဲ"
ကျိုးဟောင်မှာရယ်မောရင်းပြောလိုက်သည်။
ကျိုးဟောင်မှာရယ်မောရင်း ပျံသန်းရေးကိရိယာပေါ်တက်ကာ အခန်းအားထိန်းချုပ်ရန်လေဆာလိုဏ်ခေါင်းထဲသို့ဝင်သွားခဲ့သည်။ လုံစစ်သင်္ဘောသည်လည်းကမ္ဘာအတွင်းပိုင်းမှဖြည်းဖြည်းချင်းမြင့်တက်သွားခဲ့သည်။
"ငါအရင်ကတစ်ခါမှပြင်ပအာကာသကိုမရောက်ဖူးဘူး နည်းနည်းတော့စိတ်လှုပ်ရှားနေတယ်"
ကျိုးဟောင်မှာမနေနိုင်ဘဲပြောလိုက်သည်။
"ဘာလဲ အစ်ကိုကြီးကနည်းနည်းစိတ်လှုပ်ရှားနေတာလား စိတ်အားထက်သန်နေတာလား"
ထိန်းချုပ်ခန်းထဲတွင်စနောက်သည့်အသံတစ်ခုထွက်ပေါ်လာပြီး ငှက်မွေးတစ်ထောင်ချပ်ဝတ်၏စိတ်ညစ်နေသောမျက်နှာနှင့် ဖားတို့ပေါ်လာခဲ့သည်။
ဂျယ်လီဖြူ၏ချစ်စရာကောင်းသောပုံစံလေးလည်း သေချာပေါက်ပါပေသည်။
"ရှောင်ယွီ ငါအာမခံတယ်တကယ်လို့နောက်ပိုင်းမင်းငါ့ကိုဒီလိုပြန်ပြောရဲနေဦးမယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ထဲကအပိုင်းနည်းနည်းလောက်ကိုခွဲထုတ်ပြီး မင်းပါးစပ်ကိုပိတ်အောင်လုပ်ပေးမယ် တကယ်လို့မင်းရဲ့အသံစနစ်ကိုဆက်လိုချင်သေးတယ်ဆိုရင် မြန်မြန်ဒီနေရာကထွက်သွားတော့"
ကျိုးဟောင်မှ ခပ်တည်တည်ဖြင့်ပြောလိုက်သည်။
"ပြီးတော့ ဖား တကယ်လို့ခင်ဗျားကမ္ဘာဂြိုဟ်ပေါ်ပစ်ချမခံခဲ့ချင်ဘူးဆိုရင် စကားနားထောင်"
"ဟမ့် ကောင်းပြီလေ ငါဘာမှမပြောတော့ဘူး မင်းဒီလောက်ရက်စက်စရာလိုလို့လား မင်းကအရမ်းရက်စက်တာပဲနည်းနည်းလေးမှညင်သာမှုမရှိဘူး"
ဖားမှမကျေမနပ်ပြောလိုက်သည်။
ဝီး...
အသံတစ်ခုနှင့်အတူ အာကာသယာဥ်မှာဖြည်းဖြည်းချင်းအရှိန်တိုးလာခဲ့သည်။ ကျိုးဟောင်လိုပညာရှင်တစ်ယောက်ပင် တုန်ခါမှုအနည်းငယ်ကိုသာခံစားရပေသည်။ ဤခံစားချက်သည် Rolls-Royce စီးနေရသကဲ့သို့သက်သောင့်သက်သာရှိပေသည်။
"ရှောင်ယွီ ပြင်ပစောင့်ကြည့်ရေးစနစ်ကို ၁၀၀ ရာခိုင်နှုန်းအထိဖွင့်ထားလိုက် ငါအပြင်ကရှုခင်းလှလှတွေကိုကြည့်ချင်တယ်"
ကျိုးဟောင်မှာအစောပိုင်းကအလွတ်ဖြစ်နေခဲ့သည့်ထိန်းချုပ်ခန်းအားအံ့အားတကြီးကြည့်နေခဲ့သည်။ ထိန်းချုပ်ထိုင်ခုံတစ်လုံးမှာတကယ်ပင်ကြမ်းပြင်မှထွက်ပေါ်နေခဲ့သည်။ လုံနတ်ဘုရားစစ်သင်္ဘော၏နည်းပညာမှာအလွန်တိုးတက်ကြောင်းကျိုးဟောင်သိသော်ငြား ယခုမျှတိုးတက်မည်ဟုမထင်ထားခဲ့ပေ။
"အစ်ကိုကြီး လုံနတ်ဘုရားစစ်သင်္ဘောရဲ့ပြင်ပပုံရိပ်ယောင်ကအရမ်းထူးခြားတယ် ကျွန်တော်တို့ရဲ့ပြင်ပစောင့်ကြည့်ရေးစနစ်ကသေချာပေါက် အစ်ကိုကြီးတို့ရဲ့သုံးဖက်မြင်ပရိုဂျက်တာထက်ပိုကောင်းတယ်"
ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ဟာသနှောကာပြောလိုက်သည်။
ပြင်ပစောင့်ကြည့်ရေးစနစ်ကြောင့် စစ်သင်္ဘောအား နှင်းဖြူရောင်တိမ်တိုက်များဖြင့်ဝန်းရံထားကြောင်းကိုမြင်နေရသည်။ လုံနတ်ဘုရားစစ်သင်္ဘောမှာလက်ရှိတွင်လေထုအားဖြတ်သန်းနေခြင်းဖြစ်ပြီး နောက်ထပ်စက္ကန့် ၂၀မျှကြာပါက ပြင်ပအာကာသသို့ရောက်တော့မည်ဖစ်သည်။
ကျိုးဟောင်မှာပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းအားကြည့်ရင်းယစ်မူးနေခဲ့သည်။ အာကာသယာဥ်၏ ပတ်ပတ်လည်မှာအဆုံးမရှိသောအနက်ရောင်ပင်လယ်ကြီးကဲ့သို့ဖြစ်ပြီး ထိုဂြိုဟ်များမှာ သူဦးတည်သွားမည့်နေရာသို့ လမ်းပြနေသည့် ပင်လယ်နက်ကြီးထဲမှ အလင်းရောင်များပမာပင်။ သူလှည့်ကြည့်လိုက်ချိန်တွင် သူ၏မြင်ကွင်းထဲ၌ မိုးပြာရောင်ဂြိုဟ်တစ်ခုပေါ်လာခဲ့သည်။
"ဘုရားရေ ဒါက ကမ္ဘာဂြိုဟ်လား ဖား ခင်ဗျားမြင်လား အရမ်းကိုလှတာပဲ"
ကျိုးဟောင်မှာ သက်မရှိုက်ရင်းပြောလိုက်သည်။
"ဟဟ"
ဖားမှာ ကျိုးဟောင်အားအရူးတစ်ယောက်လိုမြင်ယောင်ရင်းကြည့်ကာ ရယ်နေခဲ့သည်။
လူသားများကမ္ဘာမြေမှထွက်ခွာသည့်ဗီဒီယိုများမှာ ယခင်ကတည်းကအင်တာနက်ပေါ်တွင်ပျံ့နှံ့နေခဲ့သော်ငြား လူတစ်ယောက်မှာ ဒုံးကျည်နှင့်ဆင်တူသည့်အာကာသယာဥ်အားစီးကာ ကမ္ဘာမြေမှတကယ်တမ်းထွက်ခွာချိန်တွင် သူ၏မျက်လုံးဖြင့်ကိုယ်တိုင်မြင်တွေ့ရသည့်ခံစားချက်မှာ အခြားသူများသူတို့၏ဘဝတစ်လျှောက်လုံးမခံစားနိုင်သည့်အတွေ့အကြုံပင်ဖြစ်သည်။
ဤစောင့်ကြည့်ရေးစနစ်မှာ လုံနတ်ဘုရားစစ်သင်္ဘော၏ အတွင်းပိုင်းကိုပင်ပြသပေးပေရာ ပြင်ပအာကာသထဲတွင်လုံနတ်ဘုရားစစ်သင်္ဘောတစ်ခုလုံးအားပြင်ပလောကတွင်မြင်နေရသလိုပင်။ အကယ်၍ကျိုးဟောင်သာအာကာသယာဥ်၏ ထိန်းချုပ်ထိုင်ခုံတွင်ထိုင်နေခဲ့ခြင်းမဟုတ်ပါက သူကိုယ်တိုင်ပင်ယုံနိုင်မည်မဟုတ်ပေ။
"တကယ်လို့ အမှတ်ပြည့် ၁၀မှတ်နဲ့ အာကာသယာဥ်ပြိုင်ပွဲသာရှိရင် ငါသေချာပေါက်လုံနတ်ဘုရားစစ်သင်္ဘောကို ၁၀ မှတ်အပြည့်ပေးမှာ"
"သေချာတာပေါ့ ငါတို့ရဲ့အာကာသယာဥ်က အရမ်းရှေးကျတဲ့လုံနတ်ဘုရားမျိုးနွယ်ရဲ့အဓိကစစ်သင်္ဘောလေ အရမ်းအဆင့်မြင့်တယ် လူတိုင်းရနိုင်တာမဟုတ်ဘူး"
ဖားမှဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
"ဘာလဲ အာကာသယာဥ်တွေကိုတကယ်ကြီး အဆင့်တွေခွဲထားတာလား ဘယ်လိုဖြစ်တာလဲ"
ကျိုးဟောင်မှသိလိုစိတ်ဖြင့်မေးလိုက်သည်။
"အင်း...ဒါကမင်းတို့လူသားတွေဂိမ်းကစားဖို့သုံးတဲ့ပစ္စည်းလိုပဲလေ မင်းတို့လူသားတွေဂိမ်းထဲကပစ္စည်းတွေကို အဖြူ၊ အစိမ်း၊ ခရမ်း၊ အပြာ၊ လိမ္မော်၊ အနီစသဖြင့်အရောင်တွေခွဲကြတယ်မလား မင်းအဲဒါကိုကောင်းကောင်းနားလည်မှတော့ မင်းဒါကိုလည်းလွယ်လွယ်နဲ့နားလည်လောက်တယ် Aအဆင့်အာကာသယာဥ်က အစိမ်းရောင်အဆင့်အာကာသယာဥ်နဲ့ညီမျှတယ် ပြီးတော့ Bအဆင့်အာကာသယာဥ်က လိမ္မော်ရောင်အာကာသယာဥ်နဲ့ညီမျှတယ် သူကဒီတိုင်း အနီရောင်အဆင့်အာကာသယာဥ်နဲ့နည်းနည်းပဲကွာတာ"
"ဒီစနစ်ကိုသုံးတဲ့အထူးသတ္တုရိုင်းတွေလည်းရှိတယ် သတ္တုရိုင်းရဲ့အဆင့်ကမြင့်လေလေ ပိုပြီးသန့်စင်လေလေပဲ အဲဒါကြောင့်အဲဒီလိုသတ္တုတွေကပိုရှားပါးပြီး ပိုအဖိုးတန်တယ်"
ဖားမှစိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြလာခဲ့သည်။
ကျိုးဟောင်မှာ အနည်းငယ်သာနားလည်သော်ငြား ခေါင်းညိတ်နေဆဲပင်ဖြစ်သည်။
"ဒါဆို ကျွန်တော်ခင်ဗျားကိုအရင်ကပေးခဲ့တဲ့ပစ္စည်းတွေကိုလည်း အဆင့်တွေအများကြီးခွဲလို့ရတာလား သူတို့ကိုလည်း Aအဆင့် Bအဆင့် Cအဆင့်ဆိုပြီး ခွဲတာလား"
ကျိုးဟောင်မှာ အံ့သြတကြီးမေးလိုက်သည်။
အာကာသသားရဲ၏ကြီးထွားနှုန်းမှာ သူတို့၏ကိုယ်တွင်းရှိ ဆန့်ကျင်ဘက်လိင်နေရာလွတ်၏သံဒြပ်စင်အပေါ်အဓိကမူတည်ပေသည်။ သူတို့ချပ်ဝတ်၏ထိတ်လန့်စရာကာကွယ်နိုင်စွမ်းကြောင့် ၎င်းတို့သည်သံပမာဏအများအပြားအား ဝါးမျိုရန်လိုအပ်ပေသည်။
လက်ရှိတွင် ၎င်းတို့တိုးတက်လာနိုင်ရန်သံဒြပ်စင်အားဝါးမျိုပြီးစုပ်ယူနိုင်သည့် နည်းလမ်းနှစ်မျိုးရှိပေသည်။
ပထမနည်းလမ်းမှာ သန့်စင်သောသတ္တုများ သို့မဟုတ်သတ္တုရိုင်းများအား လျင်မြန်စွာဝါးမျိုခြင်းဖြစ်သည်။ ဤနည်းလမ်းသည်ဆင့်ကဲပြောင်းလဲမှုနှုန်းအားသုံးဆကျော်တိုးမြှင့်ပေးနိုင်သော်ငြား အလွန်အန္တရာယ်များပေသည်။ အကယ်၍သတိမထားပါက တန်ပြန်သက်ရောက်မှုကြောင့်ဒုက္ခိတဖြစ်လျှင်ဖြစ် မဖြစ်လျှင်သေသွားနိုင်ပေသည်။
ဒုတိယနည်းလမ်းမှာ စွမ်းအင်အားမျှတအောင်ထိန်းခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်သတ္တုသို့မဟုတ် သတ္တုရိုင်းများစွာအား ဝါးမျိုခြင်းဖြင့် ဆင့်ကဲပြောင်းလဲမှုနှုန်းအား အနည်းဆုံး ၁၀ ဆအထိတိုးမြှင့်နိုင်ပြီး ဤနည်းလမ်းမှာအတော်လေးခက်ပေရာ အချို့မှာတစ်သက်လုံးပင်မအောင်မြင်နိုင်ပေ။
"အဲဒါကြောင့် ကျိုးဟောင်မင်းဘယ်နည်းလမ်းကိုရွေးချယ်ချင်လဲဆိုတာ စဥ်းစားရမယ် ဒီကိစ္စကမင်းရဲ့အသက်နဲ့သက်ဆိုင်တယ် ငါမင်းကိုဂရုတစိုက်ရွေးဖို့အကြံပေးတယ်"
ဖားမှလေးနက်စွာပြောလိုက်သည်။
ကျိုးဟောင်မှာ ကျင့်ကြံရေးသည်အရေးကြီးသော်ငြား ဤနည်းလမ်းနှစ်ခုမှာကျိုးဟောင်အားသိပ်ဆွဲဆောင်နိုင်စွမ်းမရှိဟု စိတ်ထဲမှတွေးလိုက်မိသည်။ ပထမနည်းလမ်း၏ကျင့်ကြံနှုန်းမှာအလွန်မြန်သော်လည်း ထိုအတွက်မရှိမဖြစ်လိုအပ်သည့်အချက်မှာ သူ၏အသက်အားစွန့်စားရမည့်ကိစ္စဖြစ်သည်။ ဤနည်းလမ်းသည် သူ၏စည်းမျဥ်းများနှင့်အနည်းငယ်သွေဖယ်နေပေသည်။ အခြားတစ်ခုမှာ ခိုင်မာသောအုတ်မြစ်ရှိသော်ငြား အလွန်နှေးပေသည်။
ကျိုးဟောင်မှာ ကူကယ်ရာမဲ့စွာသာပြောလိုက်သည်။
"နည်းလမ်းနှစ်ခုလုံးမှာ သူတို့ရဲ့အင်အားနဲ့သူတို့ရှိတယ်ဆိုပေမဲ့ အားနည်းချက်တွေလည်းရှိတယ် ခင်ဗျားပြောသွားတဲ့အထဲမှာ ဒီကိစ္စကကျွန်တော့်ရဲ့အသက်နဲ့ပတ်သက်နေတယ်ဆိုပြီး ပြီးတော့ ဒါကတကယ်ကိုအရမ်းဆွဲဆောင်နိုင်စွမ်းရှိတယ် ဒီလိုလုပ်ရင်ရော ကျွန်တော့်ကိုစဥ်းစားဖို့အချိန်ပေး"
ကျိုးဟောင်မှာ ထိုသို့ပြောရင်းသူ၏အခန်းသို့ပြန်သွားခဲ့သည်။
....................................................................................