← Chapters

မြေအောက်မြို့တော်

Vol. 47 Ch. 705

မြေအောက်မြို့တော်

Vol. 47 Ch. 705

"နည်းပညာနဲ့ပတ်သက်လာရင် စက်ရုပ်မျိုးနွယ်က တခြားဘယ်မျိုးနွယ်ထက်မဆိုပိုပြီးအားကောင်းတယ်"

ဖားမှာလျင်မြန်စွာပင်ထပ်ဆောင်းပြောလာခဲ့သည်။

"လူသားတွေလည်းသူတို့နဲ့ယှဥ်လို့မရဘူး လူသားတွေကဒီအချိန်အထိအသက်ရှင်ဖို့ ဆင့်ကဲပြောင်းလဲတာကိုပဲအားကိုးနိုင်တာ စက်ရုပ်မျိုးနွယ်က အသိဉာဏ်ရှိတဲ့အသက်ပုံစံတစ်မျိုးပဲ သူတို့ကစိတ်ဝိဉာဥ်နဲ့ လူသားလိုခံစားချက်တွေမရှိပေမဲ့ သူတို့မှာပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားရှိတယ်"

ကျိုးဟောင်မှာဂရုတစိုက်နှင့်လေးနက်စွာတွေးနေခဲ့သည်။

"ဒါကဒီတိုင်း ငှက်မွေးချပ်ဝတ်လိုပဲ သူ့မှာလူသားနဲ့ဆင်တဲ့ခံစားချက်ရှိပေမဲ့ သူကအသိဉာဏ်ရှိတဲ့အသက်ပုံစံတစ်ခုဖစ်ပြီး စိတ်ဝိဉာဥ်မရှိဘူး ဒီလိုဆိုပေမဲ့လည်း စက်ရုပ်မျိုးနွယ်ကမသေမျိုးပညာရှင်တွေဖန်တီးနိုင်တယ် နည်းပညာပိုင်းမှာဆို စက်ရုပ်မျိုးနွယ်ကတကယ်ကိုအရမ်းစွမ်းအားကြီးတယ်"

ဟူး.... ဟူး...ဟူး...

ပြင်းထန်သောလေပြင်းတစ်ချက်ဖြတ်သန်းတိုက်ခတ်သွားခဲ့၍ သဲများပါလာခဲ့ပြီး ၎င်းတို့မှာထက်ရှသောဓားသွားများသဖွယ်ကျိုးဟောင်၏ကိုယ်ပေါ်သို့ ကြမ်းတမ်းစွာထိုးဖောက်သွားခဲ့သည်။

"ဖား ခင်ဗျားသိလား စက်ရုပ်မျိုးနွယ်ကအရမ်းစွမ်းအားကြီးတယ်ဆိုပေမဲ့ ကျွန်တော်တို့လူသားမျိုးနွယ်တွေမှာလည်းအရမ်းစွမ်းအားကြီးတဲ့စွမ်းအားရှိပါတယ် ကျွန်တော်တို့မှာစက်ရုပ်မျိုးနွယ်တွေဘယ်လောက်ကြိုးစားပါစေ နားမလည်နိုင်တဲ့ ခံစားချက်တွေရှိတယ်"

ကျိုးဟောင်၏ခိုင်မာသောအကြည့်အရ သူသည်သူ၏အမိကမ္ဘာမြေအားချစ်ကြောင်းသိနိုင်ပေသည်။ ရုတ်တရက်သိပ်မဝေးသောနေရာတွင်အလင်းရောင်တစ်ခုအားမြင်လိုက်ရသည်။

" ထောက်လှမ်းရေးစနစ်ကိုအသက်သွင်းလိုက် ရှေ့မီတာ ၁၀၀ ကနေ ၄၀၀ အတွင်းထောက်လှမ်းပြီး ဘာရှိလဲကြည့်လိုက်"

ကျိုးဟောင်မှာအဝေးသို့လှမ်းကြည့်ရင်း သတိကြီးစွာဖြင့်ပြောလိုက်သည်။

တရှဲရှဲမြည်သံထွက်ပေါ်လာပြီးနောက် ဖားမှာအံ့သြတကြီးပြောလာခဲ့သည်။

"ဥက္ကာခဲရှာတွေ့ပြီ အဲဒါမင်းတို့လူသားတွေ သံအနှစ်သာရလို့ခေါ်တဲ့ပစ္စည်းပဲ"

ကျိုးဟောင်မှာချက်ချင်းပင်ခံစားချက်ပေါင်းစုံခံစားလိုက်ရသည်။ ယခုသူသည်လည်းဂြိုဟ်ဝါးမျိုသည့်သက်ရှိတစ်ယောက်ဟုဆိုနိုင်ပေရာ သူ့အတွက် B အဆင့်သံအနှစ်သာရအားဝါးမျိုရန်မှာမခက်ခဲလောက်ပေ။ သို့သော် ဤသံအနှစ်သာရမိုင်းတွင်းတွင် သံအနှစ်သာရများစွာရှိနေပေသည်။

ယခုလိုကြီးမားသော သံအနှစ်သာရမိုင်းတွင်းတွင် သံပုံဆောင်ခဲအပုံတစ်ထောင်ပုံတစ်ပုံရှိနေလျှင်ပင် ကံကောင်းသည်ဟုမှတ်ယူနိုင်ပြီဖြစ်သည်။

ဤအချက်ကိုကြည့်ခြင်းဖြင့် ဤသံအနှစ်သာရသည်မည်မျှအဖိုးတန်ကြောင်းသိနိုင်ကာ စျေးနှုန်းကိုလည်းမှန်းဆကြည့်နိုင်ပေသည်။ သံအနှစ်သာရအပိုင်းလေးတစ်ခုတည်းကပင် များစွာသောအရှင်သခင်များအား အရူးလိုတိုက်ခိုက်လာအောင်လုပ်နိုင်နေပြီဖြစ်သည်။

ဖားမှထပ်ပြောလိုက်သည်။

"ဒီတွင်းနက်ကြီးတွေထဲက အဆောက်အဦးတွေမှာ သီးသန့်ထောက်လှမ်းရေးသက်ရောက်မှုရှိတယ် သူတို့ဖုံးလွှမ်းထားတဲ့ဧရိယာကိုထောက်လှမ်းလို့မရသလို သိလည်းမသိရဘူး ဒါပေမဲ့ သူတို့ဆုံတဲ့နေရာရဲ့အောက်မှာ ငါမြို့တစ်ခုရဲ့သဲလွန်စသဲ့သဲ့ကို ထောက်လှမ်းမိတယ်"

"ဘာကြီး မြေအောက်မြို့တော်တစ်ခုလား လထဲမှာမြေအောက်မြို့တော်တစ်ခုကိုတည်ဆောက်ထားတာလား"

ကျိုးဟောင်မှာ ဤအချက်အားမယုံရဲပေ။

ကျိုးဟောင်မှာလမ်းလျှောက်ရင်း ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်ပြီးနောက် မီတာတစ်ရာအတွင်းသက်ရှိမရှိကြောင်းခန့်မှန်းမိလိုက်သည်။ သူသည်မြေကြီးအောက်ရှိလိုဏ်ခေါင်းထဲအားဝင်သွားပြီးနောက်မြေအောက်မြို့တော်အားတွေ့လိုက်ရသည်။ ဤနေရာသည်တိုက်ခိုက်မှုတစ်ခုအားခံစားခဲ့ရပုံပေါ်သည်။

မြေအောက်လမ်းကြား၏အမှောင်ထောင့်တစ်နေရာတွင် အနီရောင်စက်ရုပ်မျက်လုံးတစ်စုံမှာ ကျိုးဟောင်အားစိုက်ကြည့်နေပေသည်။

တစ်ခုခုအားအသက်သွင်းလိုက်သည့် အက်ကွဲသံတစ်ခုနှင့်အတူ အမှောင်ထဲတွင်တစ်ခုခုရှိနေကြောင်းကိုကျိုးဟောင်သတိထားမိလိုက်သည်။ သူသည်ချက်ချင်းပင်ကောင်းကင်ပေါ်သို့ပျံတက်လိုက်ပြီး ရှေးဟောင်းခန္ဓာသိုင်း၏သွေးမျိုးဆက်အား ထုတ်လွှတ်လိုက်သည်။ ကျိုးဟောင်ပြန်လည်ဆင်းသက်လာသည့်အချိန်မှာပင် သူ့ရှေ့ရှိလေထုထဲမှ အမဲရောင်စက်ရုပ်နှစ်ခုပေါ်လာခဲ့ပြီး သူ့အားပြင်းထန်စွာထိုးချလိုက်သည်။

ကျိုးဟောင်မှာထိုတိုက်ခိုက်မှုအားအလျင်အမြန်ပင် တားဆီးလိုက်ရပြီး ထိုအားကိုမခံနိုင်လုနီးပါးအခြေအနေအထိရောက်သွားခဲ့သည်။

"ဒီစွမ်းအား....အဟွတ်...အဟွတ်.. ငါသေချာပေါက်သူတို့ထဲကတစ်‌ယောက်ကိုမှမနိုင်ဘူး လက်ရှိအခြေအနေမှာ ငါအရင်ဆုံးပြန်ဆုတ်လို့ပဲရမယ်"

ကျိုးဟောင်သည်ထွက်ပြေးရင်း သူ့အားလ၏အနက်ပိုင်းသို့ဦးတည်ရောက်စေမည့် လိုဏ်ခေါင်းတစ်ခုအားတွေ့လိုက်ရသည်။ ကျိုးဟောင်မှာချက်ချင်းပင်ခုန်လိုက်ကာ လေထဲတွင်ကိုယ်နေဟန်ထားအားထိန်းပြီး လိုဏ်ခေါင်း၏ဝင်‌ပေါက်အတွင်းသို့ လျှောဆင်းသွားခဲ့သည်။

"ကျိုးဟောင် မင်းအဆင်ပြေရဲ့လား အရင်တောင့်ထားဦး ငါပျံသန်းရေးကိရိယာလွှတ်လိုက်ပြီ အဲဒါကအခုမင်းဆီလာနေပြီ"

ဖားမှာစိုးရိမ်စွာဖြင့်ပြောလိုက်သည်။

"ဟူး... အဟွတ် အဟွတ် တော်သေးတယ် သူတို့ကအရမ်းကြီးလို့လောလောဆယ်တော့ဝင်မလာနိုင်သေးဘူး မဟုတ်ရင်ငါတော့သွားပြီပဲ"

ကျိုးဟောင်မှာခေတ္တမျှအနားယူပြီးနောက် သူလက်ရှိရောက်နေသောနေရာကိုကြည့်ကာအံ့သြသွားခဲ့သည်။

ဤနေရာရှိနေရာတိုင်းတွင် စက်ပိုင်းဆိုင်ရာစက်ရုံများရှိနေခဲ့သည်။ သေချာကြည့်ပါက ဤစက်ရုံများမှာအစောပိုင်းကသူ့အားတိုက်ခိုက်ခဲ့သည့် စက်ရုပ်များနှင့်အလွန်ဆင်ပေသည်။

"ချီးပဲ ဘာတွေဖြစ်နေတာလဲ ဒါကအပြင်မှာအကုန်ပျက်စီးနေပြီမဟုတ်ဘူးလား ဘာလို့ဒီမြေအောက်မြို့တော်က အလုပ်လုပ်နေသေးတာလဲ"

ကျိုးဟောင်မှာ ဤကိစ္စအားတစ်ယောက်ယောက်မှရည်ရွယ်ချက်ရှိရှိလုပ်သလားဆိုသည်ကိုကြည့်ရန် သူ၏စိတ်စွမ်းအားစစ်ဆေးခြင်းအား လျင်မြန်စွာသုံးလိုက်သော်လည်း ဤနေရာတွင်မည်သူမျှရှိမနေပေ။

ကျိုးဟောင်မှာ တည်ငြိမ်စွာခွဲခြမ်းစိတ်ဖြာလိုက်ပြီးနောက် ဤနေရာတွင်မည်သူမျှရှိမနေ၍ ဤစက်ရုံမှာအလိုအလျောက်အလုပ်လုပ်နေခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ စက်ရုံ၏ပတ်ဝန်းကျင်အားသေချာကြည့်လိုက်ရာ ဤနေရာရှိအကာအကွယ်မှာနှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ပြင်ဆင်မည့်သူတစ်ယောက်မှမရှိ၍ ပျက်စီးသွားခဲ့ပုံပေါ်သည်။ သို့သော်အနည်းဆုံး ဂြိုဟ်တို့၏တိုက်ခိုက်မှုတစ်ခုကိုတော့ကာကွယ်နိုင်ပေသည်။

"ဟူး...ကံကောင်းလို့ ဒီစက်ရုပ်တွေက ခုနကအပြင်ကကောင်တွေလိုမဟုတ်ဘူး သူတို့ကိုချစ်ပ်ပြားတွေမထည့်ထားဘူး မဟုတ်ရင် ငါ့ကိုယ်ငါဝံပုလွေတွင်းထဲပို့လိုက်သလိုဖြစ်မှာ"

ကျယ်လောင်သောအသံနှင့်အတူ အမဲရောင်စက်ရုပ်နှစ်ခုမှာ တစ်ခုပြီးတစ်ခုပြေးဝင်လာခဲ့သည်။ ကျိုး‌ဟောင်မှာငှက်မွေးတစ်ထောင်ချပ်ဝတ်အားဝတ်ဆင်ထား၍ ဤရုတ်တရက်တိုက်ခိုက်မှုအားအားကုန်သုံးကာခုခံနိုင်ခဲ့သည်။

"မင်းက...အတော်လေးရက်စက်တာပဲ"

ကျိုးဟောင်မှာ ကျိန်ဆဲလိုက်သည်။

"ကျိုးဟောင် ပြေးတော့ ငါပြောတာနားထောင် ဒီမြေအောက်မြို့တော်မှာ စက်ရုပ်တွေရဲ့အဆုံးမဲ့အထောက်အပံ့တစ်ခုရှိတယ် ဒါပေမဲ့မင်းအဲဒါတွေကိုတွေ့ပြီးလောက်ပါပြီ ဟုတ်တယ်မလား"

ဖားမှာစိုးရိမ်စွာပြောလိုက်သည်။

"အဓိပ္ပာယ်မရှိလိုက်တာ ဒါတော့ခင်ဗျားပြောမှလား ကျွန်တော်ခင်ဗျားကိုမေးမယ် ဒီစက်ရုပ်ကိုရှင်းဖို့ကျွန်တော်ဘာလုပ်ရမလဲ"

"ငါမင်းကိုပို့လိုက်တဲ့လမ်းကြောင်းနောက်လိုက်ပြီး အဲဒီကစွမ်းအင်အထောက်အပံ့ကိုဖျက်ဆီးဖို့ စွမ်းအင်အမှတ်ကိုသွား"

ဖားမှပြောလိုက်သည်။

ကျိုးဟောင်မှာ မြေအောက်မြို့တော်ရှိ လမ်းကြောင်းမြေပုံတစ်လျှောက် လူးလာပြေးလွှားပြီးနောက် သတ္တုပိုက်အထူများရှိနေသည့်နေရာအချို့အား လျင်မြန်စွာပင်ရှာတွေ့သွားခဲ့သည်။

"ကျွန်တော်သူတို့ရဲ့စွမ်းအင်အထောက်အပံ့ကိုရှာတွေ့ထားပြီးပြီ ကျွန်တော့်ကိုမြန်မြန်ပြော ဘာလုပ်ရမလဲ"

ကျိုးဟောင်မှ စိုးရိမ်တကြီးမေးလိုက်သည်။

"စိတ်အေးအေးထား အရင်ဆုံးမင်းရဲ့ညာလက်ကိုဝေ့ပြီး လေဆာဓားကိုထုတ်လိုက် ပြီးရင်မင်းရဲ့ညာလက်မှာရှေးဟောင်းခန္ဓာရဲ့စွမ်းအားကိုစုစည်းလိုက် နောက်ဘာဆက်လုပ်ရမလဲဆိုတာကိုတော့မင်းသိပါတယ်"

ဖားမှကျိုးဟောင်အားပြောလိုက်သည်။

စက်ရုပ်နှစ်ရုပ်မှာကျိုးဟောင်အားအသားပုံဖြစ်အောင်တိုက်ခိုက်တော့မည့်အချိန်မှာပင် ချွင်ခနဲအသံတစ်ခုထွက်ပေါ်လာပြီး အစောပိုင်းကအလွန်ကြမ်းကြုတ်ခဲ့သောစက်ရုပ်များမှာ ကျိုးဟောင်၏ညာဘက်လက်ဖြင့် ခုတ်ပိုင်းခြင်းအားခံလိုက်ရသည်။

စက်ရုပ်နှစ်ခုမှာချက်ချင်းပင်လေထဲ၌ပေါက်ကွဲသွားခဲ့သည်။ ကျိုးဟောင်မှာဒေါသတကြီးခုန်လိုက်ကာ လေဆာဓားအားဆွဲထုတ်ပြီး စွမ်းအင်အထောက်အပံ့အားကြမ်းတမ်းစွာပိုင်းချလိုက်သည်။ ကျယ်လောင်သောအသံတစ်ခုနှင့်အတူ စွမ်းအင်အထောက်အပံ့မှာ လုံးဝပျက်စီးသွားခဲ့ကာ မိနစ်ပိုင်းအတွင်းမှာပင် မြေအောက်အခြေစိုက်စခန်းတစ်ခုလုံး၏စွမ်းအင်အထောက်အပံ့မှာ လိုအပ်သည့်ပမာဏမပြည့်မီတော့ပေ။

စွမ်းအင်ပေါက်ကွဲထွက်သွားသည့်အချိန်မှာပင် ကျိုးဟောင်မှာပျံသန်းရေးကိရိယာပေါ်တက်ကာ ပေါက်ကွဲမှုဧရိယာအတွင်းမှပျံသန်းထွက်ခွာသွားခဲ့သည်။

"ဒီကစွမ်းအင်အထောက်အပံ့ပုံမှန်အတိုင်းအလုပ်လုပ်နေဖို့ ဒီနေရာမှာမိုင်းတူးသမားတွေထားခဲ့တဲ့အ‌ရေးကြီးတဲ့ပစ္စည်းတစ်ခုခုရှိရမယ် ဒီစက်ရုပ်တွေဒီလိုလုပ်တာ ဒီနေရာကရတနာတွေကိုတခြားလူတွေရှာတွေ့သွားတာကနေ ကာကွယ်ဖို့ဆိုတာ ပြောနေစရာတောင်မလိုဘူး"

ကျိုးဟောင်မှာပျံသန်းရေးကိရိယာပေါ်တက်ကာ ဆက်လက်ပျံသန်းနေခဲ့သည်။

"တကယ်လို့ငါထင်တာမမှားရင် ဒီနားကစုဆောင်းရေးကိရိယာတွေရဲ့အခြေအနေအရ အဲဒီမိုင်းတွင်းတွေမှာ သံအနှစ်သာရကိုတူးပြီး သေချာသိုလှောင်ထားလောက်တယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီစက်ရုပ်တွေကလည်းငါ့ကိုဒီကိုလာဖို့ဖိအားပေးခဲ့တယ် တကယ်လို့ငါ့ကိုယ်ငါပြန်ပြီးအလျော်မပေးရင် အလကားအရိုက်ခံလိုက်ရသလိုဖြစ်သွားလိမ့်မယ်"

ထို့နောက် ကျိုးဟောင်မှာသူ၏ရှာဖွေမှုအားတိုးမြင့်လိုက်ပြီး ချက်ချင်းပင်မြေအောက်အခြေစိုက်ခန်းအားစတင်ရှာဖွေတော့သည်။

....................................................................................

All Chapters