← Chapters

ကြီးမားသောရိတ်သိမ်းမှု

Vol. 48 Ch. 706

ကြီးမားသောရိတ်သိမ်းမှု

Vol. 48 Ch. 706

မြေအောက်မြို့တော်၏ကောင်းကင်ပေါ်တွင် ငွေရောင်ချပ်ဝတ်အားဝတ်ဆင်ထားသည့်ကျိုးဟောင်မှာ နာရီဝက်မျှပျံသန်းပြီးနောက် အနှစ်သာရသံမိုင်းတွင်းမှပြင်းထန်သောတုံ့ပြန်မှုအားတွေ့လိုက်ရသည်။ ကျိုးဟောင်မှာထောက်လှမ်းရေးကိရိယာမှဖော်ပြသည့်အတိုင်းလိုက်လာပေရာ ပျက်စီးနေသောအိမ်တစ်လုံးထံသို့ရောက်လာခဲ့သည်။

ထောက်လှမ်းရေးကိရိယာမှာ အကွာအဝေး၉ထောင်မီတာအထိထောက်လှမ်းနိုင်ပေရာ ကျိုးဟောင်မှာစာများစွာနှင့် အနှစ်သာရသံဖြင့်ပြုလုပ်ထားသည့် ချပ်ဝတ်အချို့အားတွေ့လိုက်ရသည်။ ၁၀မိနစ်အတွင်းတွင် ကျိုးဟောင်မှာတန်ဖိုးရှိသောပစ္စည်းများနှင့် ရှေးဟောင်းစာများအားအထူးကျောပိုးအိတ်ထဲ၌ထည့်သိမ်းလိုက်ပြီဖြစ်ပြီး ရှေးဟောင်းစာအားလုံးကိုလည်းမှတ်တမ်းယူကာ ဖားအားလှမ်းပို့လိုက်ပေသည်။

ရုတ်တရက် ထောက်လှမ်းရေးကိရိယာထံမှနားကွဲမတတ်ကျယ်လောင်သောအချက်ပေးသံထွက်ပေါ်လာကာတုန်ယင်လာခဲ့သည်။

"ထောက်လှမ်းရေးကိရိယာရဲ့တုံ့ပြန်ချက်အရ ဒီအခန်းထဲမှာသေချာပေါက်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခုသေချာပေါက်ရှိလိမ့်မယ်"

ကျိုးဟောင်မှာ အံ့အားသင့်စွာပြောလိုက်သည်။

ကျိုး‌ဟောင်မှာတံခါးအားညင်သာစွာတွန်းဖွင့်ကာအခန်းတွင်းသို့ဝင်ပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် ထောက်လှမ်းရေးကိရိယာမှာသူ့ခြေထောက်အောက်ရှိ ကြမ်းပြင်အားညွှန်ပြလာခဲ့သည်။

"အမယ်လေး"

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရုတ်တရက်ကြမ်းပြင်မှာအောက်ခြေမမြင်ရသောအပေါက်တစ်ခုအဖြစ် ကျိုးပေါက်သွားခဲ့သည်။

ကျိုးဟောင်၏ခေါင်းဆောင်းမှာ အခြေအနေအားစစ်ဆေးလို့ရစေရန်အလိုအလျောက်ပွင့်လာခဲ့သည်။

"ဘုရားရေ ဒါ...ဒါ....ဒါကတကယ်....ဘုရားရေ ငါတော့ချမ်းသာတော့မယ်"

ကျိုးဟောင်၏ရှေ့တွင် "အထူးအနှစ်သာရသံ" ပုံကြီးတစ်ပုံပေါ်လာခဲ့သည်။

"အဲဒီသတ္တတူးလုပ်သားတွေနဲ့ဆို သူတို့မှာ အထူးအနှစ်သာရသံပမာဏအများကြီးရှိရင်တောင် သူတို့ဒါတွေကိုသယ်သွားလို့ရမှာမဟုတ်ဘူး ငါတော့အကျိုး အမြတ်အကြီးကြီးနဲ့ကြုံတာပဲ"

ကျိုးဟောင်မှာပြုံးရင်းပြောလိုက်သည်။

"ကျိုးဟောင် မင်းအရမ်းပျော်နေတယ်ဆိုတာငါသိတယ် ဒါပေမဲ့အရင်စိတ်ငြိမ်ငြိမ်ထားဦး မင်းသေချာဂရုစိုက်ပြီးဒီမှာအနှစ်သာရသံပုံဆောင်ခဲတွေတွေ့မလားကြည့်လိုက်ဦး အနှစ်သာရသံပုံဆောင်ခဲနဲ့ယှဥ်လိုက်ရင် အနှစ်သာရသံနဲ့ အထူးအနှစ်သာရသံက ရွှံ့သာသာ့ပဲရှိတာ"

ဖားမှသတိပေးလိုက်သည်။

ကျိုးဟောင်မှာ ထိုစကားအားကြားပြီးနောက်စိတ်ငြိမ်အောင်လုပ်လိုက်သည်။ ဖားပြောသည်မှာတကယ်ပင်အလွန်ကျိုးကြောင်းဆီလျော်ပေသည်။ အကယ်၍သူသာ အနှစ်သာရသံပုံဆောင်ခဲအားရှာတွေ့ပါက အကောင်းဆုံးဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ တတိယအဆင့်သူတော်စင်ဘုံအဆင့်သိုင်းပညာရှင်တစ်‌ယောက်ပင် အနှစ်သာရသံပုံဆောင်ခဲအားဖျက်ဆီးရန်အလွန်ခက်ခဲလှပေသည်။ ကျိုးဟောင်အတွက်မြေကြီးတူးရန်မှာအလွန်လွယ်ကူသော်ငြား လက်ဗလာနှင့်တူးရန်မှာတော့အနည်းငယ်ခက်ပေသည်။ ၎င်းမှာ သာမန်လူများလက်ဗလာဖြင့်နံရံဆောက်ရန်မလွယ်သလိုပင်ဖြစ်သည်။ ၎င်းမှာကောင်းကင်ဘုံသို့တက်သလောက်နီးပါးခက်ခဲပေသည်။

ပြန်တွေးမိလိုက်သည့်အချိန်တွင် အကယ်၍ဤတောင်အသေးလေးအားကျုံံအောင်လုပ်ကာ သူ၏

ကျောပိုးအိတ်တွင်ထည့်သွားရင်ရောဟူသည့်အတွေးမျိုးပေါ်လာခဲ့သည်။ ဤကဲ့သို့ဆိုပါက သူ့စိတ်ကြိုက်လုပ်လို့ရပြီဖစ်သည်။ ကျိုးဟောင်မှာနောက်လှည့်ကာသူ၏ ကျောပိုးအိတ်ထဲမှ သေနတ်‌အသေးတစ်လက်အားထုတ်ကာ ထိုတောင်အသေးလေးအားပစ်လိုက်သည်။ နှစ်ချက်ပစ်လိုက်ရုံဖြင့်ပင် များစွာသောသံတောင်များမှာ ချက်ချင်းပင်ကျိုးဟောင်၏ကျောပိုးအိတ်ထဲသို့ရောက်သွားခဲ့သည်။

သူ‌ရှေ့ရှိ သံတောင်များပျောက်ကွယ်သွားသည်နှင့် သံတောင်၏နောက်တွင်သံတို့ဖြင့်တည်ဆောက်ထားကာ အလွန်ကြီးမားပြီးခိုင်ခံ့သည့်သံတံခါးတစ်ခုရှိနေကြောင်းတွေ့လိုက်ရသည်။ ထူထပ်သောသံတံခါးအားကြည့်ကာ ကျိုးဟောင်မှာသူ၏လေဆာဓားအားဝေ့ယမ်းကာ ထိုတံခါးအားပိုင်းလိုက်သည်။ သံတံခါးမှာတကယ်ပင် တို့ဟူးတုံးတစ်တုံးလိုပြတ်တောက်သွားပြီး ထိုပေါ်တွင်ပူပြင်းသည့်ဓားရာတစ်ခုကျန်နေခဲ့သည်။ ထို့နောက် သူ့ဘေးရှိသံတံခါးမှာမြေပြင်ပေါ်သို့ပြုတ်ကျလာခဲ့သည်။

အလင်းရောင်အောက်တွင် အဝေးရှိသတ္တုပုံမှာ ငွေပြာရောင်အလင်းတို့ဖြင့်တောက်ပနေခဲ့ပေရာ ပတ်ဝန်းကျင်နှင့်မအပ်စပ်သည့်ပုံမျိုးပေါက်နေခဲ့သည်။ ဤမြင်ကွင်းသည်ကျိုးဟောင်၏စိတ်ဝင်စားမှုအားဆွဲဆောင်နိုင်ပေသည်။

ကျိုးဟောင်မှာအလျင်အမြန်ပင်ရှေ့သို့လျှောက်သွားပြီးကြည့်လိုက်သည်။ ကိရိယာဖြင့်စကန်ဖတ်ပြီးနောက် ဤအရာသည် "သံပုံဆောင်ခဲ" ဖြစ်ကြောင်းသိလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းကျိုးဟောင်မှာရှေးဟောင်းခန္ဓာသိုင်း၏အိပ်စက်နေသည့်မှတ်ဉာဏ်များထဲသို့ဝင်ရောက်ကြည့်ရှုလို‌က်ပေရာအနှစ်သာရသံနှင့်ပတ်သက်သောသတင်းအချက်အလက်များအားလုံးကိုလျင်မြန်စွာတွေ့လိုက်ရသည်။

ထို့နောက်သူသည် သေချာသွားဟန်ဖြင့်ပြောလိုက်သည်။

"သံပုံဆောင်ခဲ ဘုရားရေ ငါနောက်ဆုံးတော့ဒါကိုရှာတွေ့ပြီ"

ကျိုးဟောင်မှာ စိတ်လှုပ်ရှားစွာဖြင့်အော်လိုက်သည်။

ကျိုးဟောင်မှာကျိုးဟောင်၏ခြေထောက်အောက်မှ ပျံသန်းရေးကိရိယာအားထိန်းချုပ်ကာ ရှေ့သို့သွားပြီး စစ်ကြည့်လိုက်သည်။

"ဒီအနှစ်သာရသံပုံဆောင်ခဲတွေက ၅၀ ကုဗမီတာလောက်ရှိပြီး စုစုပေါင်း တန် ၁၄၀၀၀လောက်လေးတယ်"

ဖားမှထပ်ပြောလိုက်သည်။

"တကယ်လို့ မင်းအာကာသသားရဲဝါးမျိုဖို့လိုတဲ့တန် ၁၂၀၀၀ ကိုနှုတ်လိုက်ရင် မင်းတန် ၂၀၀၀လောက်ပဲသိမ်းထားနိုင်မှာ"

"ဒီစကြဝဠာထဲမှာသားရဲကြီးတွေရဲ့ အထွတ်အထိပ်သွေးမျိုးဆက်က တကယ်ကိုအရမ်းပုံမှန်မဟုတ်ဘူး အာကာသသားရဲရဲ့စားချင်စိတ်ကိုတော့ကျွန်တော်တကယ်လေးစားမိတယ် တစ်နေ့တန် ၁၂၀၀က အရမ်းများမနေဘူးလား"

ကျိုးဟောင်မှာခါးသက်စွာပြုံးရင်းပြောလိုက်သည်။

"ဒီအာကာသသားရဲကကြယ်တွေကိုမဝါးမျိုပေမဲ့ အရမ်းလိုအပ်ချက်များသေးတာပဲ သူကနေ့တိုင်းအများကြီးဝါးမျိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းရဲ့အထက်လူကြီးကျိယောင်ယွဲ့ဆိုရင်တောင် သူဗိုက်ပြည့်အောင်စားဖို့မလုံလောက်ဘူး"

ဖားမှပြုံးကာပြောလိုက်ပေရာ ကျိုးဟောင်မှာနေရခက်ပြီးမျက်နှာမှာနီရဲနေခဲ့သည်။

အကယ်၍ကျိုးဟောင်သာ အနှေးကွေးဆုံးအရှိန်ဖြင့်ကြီးထွားလာရန်ဆန္ဒရှိပါက သူ့အတွက်ကုန်ုကျစရိတ်များစွာသက်သာစေပေလိမ့်မည်။ သို့သော် အကယ်၍လျင်မြန်စွာကြီးထွားလိုပါက ထိုသန့်စင်သောသတ္တု၊ သတ္တုရိုင်း နှင့်ပုံဆောင်ခဲများဝယ်ရမည့် ပမာဏမှာမနည်းပေ။

ကျိုးဟောင်မှာပိုက်ဆံပြဿနာအားတွေးရင်းခေါင်းပင်ကိုက်လာခဲ့သည်။ သူ့ထံတွင်ပိုက်ဆံပမာဏအများအပြားရှိသော်ငြား ပုံဆောင်ခဲ၏‌စျေးနှင့်နှိုင်းယှဥ်ပါက ထိုပမာဏမှာမလုံလောက်သေးပေ။ သို့သော် သူဘာမျှမတတ်နိုင်ပေ။ ဆက်လက်ရှာဖွေပြီးကောင်းကင်ဘုံမှသူ့အားမျက်နှာသာပေး၊ မပေးကိုကြည့်ရန်သာတတ်နိုင်ပေတော့သည်။

ပျက်စီးနေသည့်အချို့အိမ်များထဲတွင်ရှိသည့် အရွယ်အစားအမျိုးမျိုးရှိသောသတ္တုစပ်သံပုံဆောင်ခဲအချို့ကိုလည်းရှာတွေ့ခဲ့ပေသည်။ ၎င်းတို့မှာသတ္တုတူးသမားများမှအိမ်တွင်တမင်သိမ်းထားကြောင်းသိသာပေသည်။ အကြိမ်တိုင်းတွင် အကျိုးအမြတ်သည်အလွန်နည်းသော်လည်း သူသည်များစွာစုဆောင်းမိနေပြီဖြစ်ကာ စုစုပေါင်းပမာဏမှာ အနည်းဆုံးတန် သန်း၂၀ခန့်ရှိနေပြီဖြစ်သည်။

ပျက်စီးနေသောအိမ်တစ်လုံးထဲတွင်တကယ်ပင်မြေအောက်ခန်းတစ်ခုရှိနေခဲ့ပေသည်။ ကျိုးဟောင်မှာမြေအောက်ခန်းသို့ရောက်လာခဲ့ပြီးနောက် သူ၏မျက်လုံးများမှာပြူးကျယ်သွားခဲ့သည်။ အကြောင်းမှာသူရှေ့တွင် အနှစ်သာရသံပုံဆောင်ခဲတို့ဖြင့်ပြုလုပ်ထားပြီး တန်ပေါင်းများစွာလေးသည့်ကြီးမားသောတံခါးကြီးတစ်ခုပေါ်လာ၍ဖြစ်သည်။ ကျိုးဟောင်မှာချက်ချင်းပင် ကျားတစ်ကောင်ကဲ့သို့ခုန်ဝင်သွားခဲ့သည်။

"အနှစ်သာရသံပုံဆောင်ခဲနဲ့လုပ်ထားတဲ့တံခါးလား ဒီမိသားစုကသူတို့ပိုက်ဆံဖြုန်းရမဲ့နေရာမရှိတာလား ကိစ္စမရှိဘူး ကလေး‌လေး ငါ့ကျောပိုးအိတ်ထဲလာပြီး မင်းရဲ့အကြီးမားဆုံးတန်ဖိုးကိုငါ့ကိုထုတ်ပြခွင့်ပြုလိုက်တော့"

ကျိုးဟောင်မှာချက်ချင်းပင်တန်ပေါင်းများစွာရှိသည့် အနှစ်သာရသံပုံဆောင်ခဲအား သူ၏ကျောပိုးအိတ်ထဲသို့ထည့်ပြီး အပြစ်ရှိနေသည့်လေသံဖြင့်ပြောလိုက်သည်။

ထို့နောက်ကျိုးဟောင်မှာလျင်မြန်စွာရှေ့တိုးသွားပြီးကျယ်လောင်စွာပြောလိုက်သည်။

"ဟားဟားဟား ဒီမိသားစုကအရမ်းချမ်းသာတာပဲ သူတို့မှာသေချာပေါက်ရတနာတွေအများကြီးရှိရမယ် သူတို့ရဲ့ရတနာတွေအလကားမဖြစ်သွားဖို့အတွက်ငါ့မှာတာဝန်ရှိတယ်"

"မင်း.....မင်းကသူတို့ရဲ့ဘိုးဘွားအုတ်ဂူကိုဓားပြတိုက်ဖို့စီစဥ်နေသလိုမျိုးငါဘာလို့ခံစားနေရတာလဲ"

ဖားမှပြောလိုက်သည်။

"မဟုတ်ပါဘူး ကျွန်တော်ကအရင်းအမြစ်တွေကိုတန်ဖိုးထားတတ်တာပါ ဒါကကျွန်တော့်ရဲ့ဘယ်လောက်ဉာဏ်ရည်မြင့်လဲဆိုတဲ့သက်သေပဲ ခင်ဗျားဘာသိလို့လဲ ထားလိုက်တော့ ကျွန်တော်ဆက်ရှာလိုက်ဦးမယ်"

ကျိုးဟောင်၏စကားပြောပြီးနောက် မြေအောက်ခန်းရှိကျယ်လောင်စွာရယ်မောသံသည်လည်းတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

"ဝါး"

၁၀မိနစ်ကြာပြီးနောက် အချိန်ကြာလာသည်နှင့်အမျှတဖြည်းဖြည်းယိုယွင်းပျက်စီးလာခဲ့သည့်လက်နက်အများအပြားအားကျိုးဟောင်တွေ့ခဲ့ရသည်။ ဤနေရာတွင်သူတွေ့ခဲ့သောလက်နက်အရေအတွက်မှာ ထိုစဥ်ကလော့ဖုန်းဂိုဒေါင်ထဲတွင်တွေ့ခဲ့သည့်လက်နက်အရေအတွက်ထက်ကျော်လွန်နေပြီဖြစ်သည်။

ထို့အပြင် အပြာရင့်ရောင်သတ္တု၏အလယ်တွင် သန့်စင်သောအပြာရောင်သတ္တုရိုင်းတစ်တုံးရှိနေသည်။ ၎င်း၏ပတ်ပတ်လည်တွင် အပြာရင့်ရောင်သတ္တုများစွာရှိနေပြေီး နေရာအကျယ်ကြီးယူထားပေသည်။

ဖားမှာသန့်စင်သောအပြာရောင်သတ္တုရိုင်းတုံးကိုတွေ့လိုက်သည့်အချိန်တွင် စိတ်လှုပ်ရှားလာခဲ့သည်။ သို့သော်တွင်းကြီး၏သံလိုက်စက်ကွင်းနှင့် မြေပင်၏အနေအထားမှာဖား လုံနတ်ဘုရားစစ်သင်္ဘောအားထိန်းချုပ်ရန်မသင့်တော်သောကြောင့် ဖားမှာကျိုးဟောင်၏ပျံသန်းရေးကိရိယာကိုသာထိန်းချုပ်ပြီး ၎င်း၏စက်မျက်လုံးများမှတစ်ဆင့် အကဲဖြတ်ကာ သတင်းအချက်အလက်အမြောက်အမြားအားစုဆောင်းရုံသာတတ်နိုင်ပေသည်။

"ဒါကတကယ်ပဲ ဒါကအနှစ်သာရသံမိခင်ပဲ ဒါကအနှစ်သာရသံပုံဆောင်ခဲထက်တောင်မြင့်တဲ့တည်ရှိမှုမျိုးဖြစ်တဲ့ အနှစ်သာရသံမိခင်ပဲ"

ဖားမှအံ့သြတကြီးပြောလိုက်သည်။

....................................................................................

All Chapters