ဆင်းရဲနေတုန်းပဲ
Vol. 48 Ch. 707
“ဖား၊ မြန်မြန်… မြန်မြန် ဘယ်လောက်ရှိလဲ ရေကြည့်ပေးဦး”
ကျိုးဟောင်သည် တကယ်ကိုပဲ အံ့အားသင့်နေခဲ့သည်။
"အနှစ်သာရသံအကြောင်း အခုလောလောဆယ် မပြောသေးနဲ့ အာကာသသားရဲ စားဖို့လိုအပ်တဲ့ အနှစ်သာရသံပုံဆောင်ခဲပမာဏတင်ကိုတန် ၂၂,၀၀၀ ရှိနေပြီ ငါတို့ အနှစ်သာရသံမိခင် ၄၃၀ ကီလိုဂရမ် အနည်းဆုံး လိုဦးမယ်”
ဖားက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျိုးဟောင် ငါ မင်းကို မြေအောက်မြို့တော်ထဲက ဒါရိုက်တာရဲ့ ထိန်းချုပ်ခန်းကို သွားပြီး ဒီက ဉာဏ်ရည်တုစနစ်နဲ့ ချိတ်ဆက်ဖို့ အကြံပေးချင်တယ် ဒီမြေအောက်မြို့တော်ထဲမှာ ရတနာတွေ ပိုရှိနေတယ်လို့ ငါ သံသယရှိတယ် အဲဒီသတ္တုတွင်းလုပ်သားတွေ ဒီမှာ အကြာကြီး ပိတ်မိနေတယ်ဆိုတာက အတွင်းစနစ်က အကြီးအကျယ် ပြောင်းလဲသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ သိချင်ရင် မင်းက သမိုင်းအချက်အလက်တွေကို စစ်ဆေးကြည့်ရမယ်”
“ကောင်းပြီ”
ကျိုးဟောင်မှာ ဖားရဲ့စကားကို လုံးဝ သဘောတူလိုက်သည်။
ဆယ်မိနစ်အကြာတွင် အနက်ရောင်စက်ရုပ်မှ တိုက်ခိုက်လာသည်။ ကြီးမားသောတွင်းပတ်လည်တွင် ကျန်နေသောစွမ်းအင်ဗဟိုချက်ရဲ့ အကူအညီကြောင့် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်နေပေသည်။ ကျိုးဟောင်မှာ စွမ်းအင်ထောက်ပံ့မှုကို မဖျက်ဆီးခင်တွင် လျှို့ဝှက်သိုလှောင်ထားသော အရန်စွမ်းအင်ဗဟိုချက်ကို အသက်သွင်းလိုက်ပြီးသား ဖြစ်နေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဉာဏ်ရည်တုစနစ်က အမြဲတမ်း ပုံမှန်အတိုင်း ရှိနေခဲ့ခြင်းဖြစ်သည်။
"ဒီး ဒီး... ကျူးကျော်မှု အောင်မြင်ပါသည်။ အချက်အလက် ရှာဖွေနေသည်။ ခဏစောင့်ပါ။ ဒီး ဒီး.... အချက်အလက် ရှာဖွေတွေ့ရှိပါပြီ"
“လတ်စသတ်တော့ အဲဒီတုန်းက မျိုးနွယ်ခြားတွေက ကြယ်စုတိုက်ယာဉ်အုပ်စုကို ဖျက်ဆီးပစ်ခဲ့လို့ သတ္တုတွင်းလုပ်သား ၄.၃ သန်းဟာ လပေါ်ကနေ ထွက်ခွာနိုင်ခြင်း မရှိခဲ့တာပဲ သူတို့က ‘စကြာဝဠာကွန်ရက်’ ကနေတစ်ဆင့် အကူအညီတောင်းခဲ့ဖူးပြီး ဆုကြေးငွေပုံစံနဲ့ အရေးပေါ်အချက်ပြမီးကိုတောင် ပို့လွှတ်ခဲ့ဖူးတယ် ဒါပေမဲ့ လရဲ့ သံလိုက်စက်ကွင်းနဲ့ ဆွဲအားကြောင့် သူတို့ဟာ မြေအောက်ကို ဆုတ်ခွာဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရပြီး အချိန်အကြာကြီး စွန့်ပစ်ခံခဲ့ရတယ် ဒါကြောင့် သတ္တုတွင်းလုပ်သားအချို့ စိတ်ဓာတ်ကျတာ၊ ထိတ်လန့်တာ၊ အနိုင်ကျင့်ခံရတာတွေ ဖြစ်ခဲ့ပြီး တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်ကြတဲ့အထိ ဖြစ်စေခဲ့တယ်”
“ဒီ လေးသန်းကျော်တဲ့လူတွေဟာလည်း သူတို့အချင်းချင်း တိုက်ခိုက်လာကြပြီး သယံဇာတတွေ နည်းပါးလာတယ် အမျိုးသမီးတွေ နည်းပါးလာတယ် လှပတဲ့အမျိုးသမီးတွေဆို ပိုတောင်နည်းသေးတယ် အချို့တန်ဖိုးရှိတဲ့ သံပုံဆောင်ခဲတွေနဲ့ ပိုပြီးတန်ဖိုးရှိတဲ့အနှစ်သာရသံမိခင်တွေကိုလည်း ဒီကအဖွဲ့အစည်းအမျိုးမျိုးက တဖြည်းဖြည်း စုဆောင်းလာပြီး သူတို့ရဲ့လျှို့ဝှက်နေရာတွေမှာ ဖွက်ထားခဲ့ကြတယ် အချို့ကိုတော့ လက်နက်တွေနဲ့ ကာကွယ်ရေးတံခါးတွေလုပ်ဖို့ အသုံးပြုခဲ့ကြတယ်”
“သူတို့မှာ အာကာသယာဉ်တည်ဆောက်ဖို့ အချက်အလက်တွေနဲ့ အမျိုးမျိုးသော ဒီဇိုင်းအစိတ်အပိုင်းတွေရဲ့ ပုံကြမ်းတွေ မရှိတဲ့အတွက် နှစ် ၁,၀၀၀ အကြာမှာတော့ သူတို့အားလုံး အတူပူးပေါင်းဆောင်ရွက်ခြင်း မရှိရင် သေဆုံးကြမယ်ဆိုတာကို သဘောပေါက်လာကြတယ် ဒါကြောင့် သတ္တုတွင်းလုပ်သားတွေဟာ တစ်ဦးနဲ့တစ်ဦး မယှဉ်ပြိုင်ကြဘဲ သယံဇာတတွေ တဖြည်းဖြည်း ကုန်သွားတဲ့အထိ ပြဿနာကို အတူတကွ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ကြတယ် အဲဒီအချိန်မှ လူ ၂၀ ကျော်လောက် လိုက်ပါနိုင်တဲ့ အလွန်သေးငယ်တဲ့ အာကာသယာဉ်သုံးစင်းကို တည်ဆောက်နိုင်ခဲ့ကြတယ် သူတို့က မျိုးဆက်သစ်တွေနဲ့ ကလေးအနည်းငယ်ကို အသက်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်နဲ့ လပေါ်ကနေထွက်ခွာသွားလို့ရအောင်လွှတ်ခဲ့ကြတယ် အဲဒီတုန်းက ကျန်တဲ့လူတွေကတော့ သူတို့ရဲ့အိမ်တွေမှာပဲ သေဆုံးခဲ့ကြတယ် ဒီမြေအောက်မြို့တော်ကမပျက်စီးသွားခင် နှစ်ပေါင်း ၁,၂၀၀ ကျော်လောက်ခံခဲ့တာပဲ"
ဖားမှပြောလိုက်လေသည်။
“ကျိုးဟောင် ငါတို့ရှာတွေ့ထားတဲ့ ပစ္စည်းအားလုံးကို စုလိုက်ရအောင် အဲဒီတုန်းက အဖွဲ့အစည်းအကြီးကြီးတွေရဲ့ မြေပုံ ငါ့မှာရှိတယ် လျှို့ဝှက်နေရာအားလုံးရဲ့ တည်နေရာကို သိတယ် အခု ငါတို့ လျှို့ဝှက်နေရာတိုင်းကို သွားပြီး ရှာမယ် ဘာလို့လဲဆိုတော့ အဖွဲ့အစည်းတွေရဲ့ မိသားစုတွေမှာ အချို့ပစ္စည်းတွေ သိုလှောင်ထားတာ ရှိကိုရှိလိမ့်မယ်”
ဖားက ခိုင်မာတဲ့လေသံနဲ့ ပြောလိုက်လေသည်။
ကျိုးဟောင်သည် မြေအောက်အခြေစိုက်စခန်းတစ်ခုလုံးမှာ စုစုပေါင်း နေရာ ၁၈ နေရာကို ရှာခဲ့သည်။ ၇ နေရာမှာတော့ ဗလာနတ္တိ ဖြစ်နေခဲ့သည်။ ထိုစဥ်က တခြားအဖွဲ့အစည်းများက ထိုနေရာများကို ဖောက်ထွင်းပြီး သယံဇာတအားလုံးကို လုယူသွားကြမှန်းသိသာပေသည်။ ကျန် ၁၁ နေရာမှာလည်း အလားတူပဲဆိုပေမဲ့ ကျိုးဟောင်မှာဤနေရာများမှရခဲ့သည့်ပမာဏအားလုံးကို စုပေါင်းလိုက်ပါက ဂိုဒေါင်မှ ရခဲ့တာထက် ပိုများသောအကျိုးအမြတ်များကို ရလိုက်ပေသည်။
မြေအောက်မြို့တော်တစ်ခုလုံးမှာ ကျိုးဟောင်သည် အနှစ်သာရသံပုံဆောင်ခဲ တန်ပေါင်း ၄၅,၈၀၀ လောက် ရှာတွေ့ခဲ့ ပြီး အနှစ်သာရသံမိခင်တန်ပေါင်း ၆.၇၉ တန်လောက်ကိုလည်း ရှာတွေ့ခဲ့သည်။
အမှောင်ဖုံးနေတဲ့မြို့ကို ကြည့်ပြီး ကျိုးဟောင်သည် နည်းနည်းတော့ စိတ်မချမ်းမြေ့ဖြစ်နေခဲ့သည်။ အာကာသသားရဲ မြန်မြန်ကြီးထွားဖို့အတွက် ပေးရတဲ့စျေးသည် တကယ်ကို အလွန်ကြီးပေသည်။ ဤသို့ဆိုပါက စကြာဝဠာအဆင့် အာကာသသားရဲဖြစ်လာသည့်အခါ စားဖို့လိုအပ်သောအစားအစာပမာဏက ပိုလို့ပင်အဓိပ္ပာယ်မရှိဖြစ်လာပေလိမ့်မည်။ ထိုအချိန်ရောက်ပါက ဤအနှစ်သာရသံပုံဆောင်ခဲများနှင့် အနှစ်သာရသံမိခင် များမှာ တစ်ရက်စာ စားဖို့တောင် လုံလောက်မည် မဟုတ်ပေ။
“ကျိုးဟောင် မင်းကိုယ်မင်းဆင်းရဲတယ်လို့ယူဆလို့ရတယ်လို့ မင်း ထင်သလား”
ဖားမှ မေးလိုက်သည်။
“ဆင်းရဲတာလား ခင်ဗျားကျွန်တော့်ကို နောက်နေပြန်ပြီလား ကျွန်တော်တခြားဘာမှ မပြောရဲပေမဲ့ ကျွန်တော်ကကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ် မဟုတ်ရင်တောင် နိုင်ငံတစ်နိုင်ငံလောက် ချမ်းသာတဲ့သူတစ်ယောက် လို့ပြောလို့ရတယ်”
ကျိုးဟောင်မှာ ဘဝင်မြင့်စွာပြောလိုက်သည်။
“မင်းက အရူးလား အဲဒါအမှန်ပဲ ကမ္ဘာပေါ်မှာ မင်းက အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပြီး တကယ်ကိုပဲ နိုင်ငံတစ်နိုင်ငံနဲ့ နှိုင်းယှဉ်နိုင်တဲ့သူ ဒါပေမဲ့ စကြာဝဠာထဲမှာကော ကမ္ဘာပေါ်က ငွေကြေးကို စကြာဝဠာမှာ သုံးလို့မရဘူး ရှင်းရှင်းပြောရရင် စကြာဝဠာထဲမှာ အထူးစကြာဝဠာငွေကြေးတွေ ရှိပြီး မင်းရဲ့ ကမ္ဘာပေါ်က ပိုင်ဆိုင်မှုက စကြာဝဠာထဲမှာ အမှိုက်စက္ကူတစ်ရွက်သာသာပဲ"
ဖားမှ ပေါ့ပေါ့တန်တန်ပင်ပြောလိုက်သည်။
ကျိုးဟောင် အံ့အားသင့်သွားသည်။ သူသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူတွေထဲက တစ်ယောက် ဖြစ်သော်ငြား စကြာဝဠာတစ်ခုလုံးမှာတော့ သူသည်သေချာပေါက်ဆင်းရဲသားတစ်ယောက်သာ ဖြစ်သည်။
“ကျိုးဟောင်လုံနတ်ဘုရားစစ်သင်္ဘောက မင်းအတွက် ဘဏ်အကောင့်သုံးခု ချန်ထားခဲ့တာ မှန်တယ် ဒါပေမဲ့ အဲဒါက မင်းသူတော်စင်ဘုံအဆင့် ၊တာအိုဘုံအဆင့် နဲ့ ဘုံအရှင်သခင်အဆင့် ရောက်မှ ရမှာ”
“လုံနတ်ဘုရားမျိုးနွယ်တွေ မသေဆုံးခင်မှာ သူတို့က စကြာဝဠာကွန်ရက်ကို လက်ဆင့်ကမ်းခဲ့ပြီး ဒီဘဏ်အကောင့်နံပါတ်သုံးခုကို သူတို့ရဲ့မျိုးဆက်တွေ တည်ဆောက်ဖို့ ချန်ခဲ့တယ် ဒါပေမဲ့ မင်းက ဒီဘဏ်အကောင့်သုံးခုကို အသုံးပြုဖို့ဆိုရင် အဲဒါတွေရဖို့ အရည်အချင်းပြည့်မီတဲ့ လိုအပ်ချက်တွေကို ပြည့်မီရမယ်။ မှန်တာပေါ့ မင်းရဲ့ အာကာသသားရဲခန္ဓာက သူတော်စင်ဘုံအဆင့်ကို ရောက်နေပြီ မင်းက အဲဒါကိုသုံးပြီး မင်းအတွက် ဘဏ်ကိုသွားဖို့ အကူအညီလိုချင်တာလား ငါအာမခံတယ် မင်းအဲဒါကိုမရတောင်မရသေးခင်မှာပဲဘဏ်ကနေ တိုက်ခိုက်ခံရလိမ့်မယ်လို့ မင်းငွေထုတ်ဖို့အတွက်အာကာသသားရဲခန္ဓာကိုသုံးလို့မရဘူး ပြီးတော့ လူသားတစ်ယောက်အနေနဲ့ လည်း မင်းကဒီလောက်မသန်မာသေးဘူး အဲဒါကြောင့် မင်း ဆင်းရဲတယ်လို့ ပြောတာက ချဲ့ကားပြောတာ မဟုတ်ဘူး”
“မင်းမှာ ရှားပါးပြီး တန်ဖိုးကြီးတဲ့ ရတနာတွေ အများကြီး ရှိတာ မှန်တယ် အဲဒါတွေထဲက တစ်ခုချင်းစီက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ တခြားလူတွေသာသိသွားရင် မင်းထက် ပိုသန်မာတဲ့ပညာရှင်တွေက မင်းဆီကနေလာလုမယ်ဆိုတာမြေကြီးလက်ခတ်မလွဲပဲ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
“အနာဂတ်မှာ ငါတို့က လုံနတ်ဘုရားစစ်သင်္ဘောကို အချိန်အကြာကြီး အသုံးပြုရဦးမှာ ငါတို့မှာ လုံလောက်တဲ့ စွမ်းအင်သိုလှောင်ထားမှု ရှိမရှိကတော့ နောက်ကိစ္စပဲ အနာဂတ်မှာ ငါတို့က ပိုပြီးတော့ စွမ်းအင်ပုံဆောင်ခဲတွေ လိုအပ်လိမ့်မယ် ပြီးတော့အာကာသသားရဲ ကြီးထွားဖို့အတွက် ဆင့်ကဲပြောင်းလဲမှု ပုံဆောင်ခဲတွေလည်း လိုတယ် ငါတို့မှာ ငွေနဲ့ရောင်းလို့ရတဲ့ပစ္စည်းတွေလည်း အများကြီး မရှိဘူး”
ဖားမှာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်တယ်။
ဤစကားအားကြားလိုက်ရချိန်တွင် ကျိုးဟောင် မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ ဘာတွေဖြစ်နေပါသလဲ။ သူသည် လုံနတ်ဘုရားမျိုးနွယ်၏ မျိုးဆက်ဖြစ်သော်ငြား တကယ်တမ်းတွင်သူ့ထံ၌ပိုက်ဆံမရှိသည်လော။ သူ့ပစ္စည်းများဖြစ်သော လုံနတ်ဘုရားစစ်သင်္ဘော၊ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ၊ ငှက်မွေးတစ်ထောင်ချပ်ဝတ် နှင့် စွမ်းအင်ပုံဆောင်ခဲများမှာ အားလုံးမရှိမဖြစ်လိုအပ်သော ပစ္စည်းများသာဖြစ်သည်။
ကျိုးဟောင်သူ့ကိုယ်သူ ရောင်းလျှင်တောင် တန်ဖိုးသိပ်ရှိမည်မဟုတ်ပေ။
ကျိုးဟောင်က အနာဂတ်တွင် စကြာဝဠာထဲကို မဖြစ်မနေ ဝင်ရမည်ဆိုသည်ကို ကောင်းကောင်းသိပေသည်။ အကယ်၍ သူ လိုချင်သောပစ္စည်းများနှင့်တွေ့ချိန်တွင် မဝယ်နိုင်ပါက အပြင်ထွက်ပြီး ရှာရမည်လော။ ၎င်းမှာကောက်ရိုးပုံထဲ၌အပ်ပျောက်ရှာနေရသလိုပင်မဟုတ်ပေလော။ အချိန်ဘယ်လောက်ကြာကြာ ရှာရမည်လဲဆိုတာကိုလည်းမသိပေ။ ထိပ်တန်းအဆင့်ပညာရှင်များပင် ငွေနှင့် ငွေကြေးကို အလွန်တန်ဖိုးထားကြသည်။ ယခုပြောနေသည်မှာ စကြာဝဠာထဲမှ ငွေကြေးအကြောင်း ဖြစ်ပြီး ကမ္ဘာဂြိုဟ်ပေါ်တွင် သုံးစွဲသောငွေကြေး မဟုတ်ပေ။
“ကျိုးဟောင် အမှန်အတိုင်း ပြောရရင် မင်းလုံနတ်ဘုရားစစ်သင်္ဘောကို မကြာခဏ အသုံးပြုမယ်ဆိုရင် ငါ့ရဲ့သိုလှောင်ရေးနေရာထဲက စွမ်းအင်ပုံဆောင်ခဲတွေ အားလုံး ကုန်ဆုံးဖို့ အနည်းဆုံးအချိန်က နှစ် ၃၀ ဖြစ်လိမ့်မယ်။ ငါ့မှာရှိတဲ့ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေက မင်း ဒုတိယမြောက်သူတော်စင်ဘုံအဆင့် ဖြစ်လာဖို့ လုံလောက်တယ် အာကာသသားရဲကိုလည်း ၆ဆင့်မြောက်သူတော်စင်ဘုံအဆင့်အထိ ကြီးထွားသွားစေလိမ့်မယ် စွမ်းအင်ပုံဆောင်ခဲတွေအတွက်ကတော့ မင်း ဘာလုပ်ရမလဲဆိုတာ သိပြီးသားပဲ မင်း ဘယ်လိုသုံးချင်လဲဆိုတာကို မင်းဘာသာဆုံးဖြတ်"
ဖားမှပြောလိုက်သည်။
....................................................................................