ပုန်းကွယ်နေသောဆူပူမှု
Vol. 48 Ch. 708
ကျိုးဟောင်မှာခေတ္တမျှအလေးအနက်စဥ်းစားလိုက်သည်။ ဖားအစောပိုင်းကပြောခဲ့သလိုပင် ဤရတနာများမှာသေခြင်းတရားအားလက်ယက်ခေါ်နေသည့်တည်ရှိမှုများဖြစ်သော်ငြား ၎င်းတို့မှာကျိုးဟောင်၏အကြိုက်ဆုံးပစ္စည်းများဖြစ်သည်။
"ကျွန်တော်သူတို့နဲ့မခွဲနိုင်ဘူး"
ကျိုးဟောင်မှာ အလျင်အမြန်ပင်ခေါင်းခါလိုက်သည်။
"ပိုက်ဆံရှာလို့ရတဲ့ အရမ်းအကျိုးအမြတ်များတဲ့နည်းလမ်းတွေရှိပါတယ် မင်းမမြင်တာပဲရှိတာ မင်းတို့လူသားတွေရဲ့စကားနဲ့ပြောရရင် နီးရက်နဲ့ဝေးနေတာပေါ့"
ဖားမှပြောလိုက်သည်။
"ခင်ဗျားပြောတာကမဖြစ်နိုင်ဘူးမလား..."
ကျိုးဟောင်မှာအံ့အားသင့်စွာပြန်မေးလာခဲ့သည်။
"ဟုတ်တယ် ငါမင်းရှေ့ကမြေအောက်မြို့တော်အကြောင်းပြောနေတာ အနှစ်သာရသံနဲ့လုပ်ထားတဲ့ဒီအိမ်တွေကိုသေချာကြည့်လိုက် ဒါတွေကအာကာသယာဥ်အပြင်ဘက်က ကျန်နေတဲ့သတ္တုစပ်တွေထက်တောင်မှပဲပိုပြီးတန်ဖိုးရှိသေးတယ် တကယ်တော့ ဒီသတ္တုစပ်တွေက ဒီအနှစ်သာရသံတွေနဲ့ယှဥ်လိုက်ရင် ဘာမှအသုံးမဝင်တော့ဘူး ဘယ်လိုပဲဖြစ်ဖြစ်အနှစ်သာရသံကပစ္စည်းကိရိယာတွေ၊ သေနတ်တွေ၊ ကျည်ဆံတွေ၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ တခြားစက်မှုလုပ်ငန်းအကြီးစားတွေတည်ဆောက်တဲ့နေရာမှာ သုံးလို့ရတဲ့ကုန်ကြမ်းပစ္စည်းပဲ"
"သတ္တုရိုင်းပစ္စည်းတွေကိုတူးလို့ရတဲ့နေရာတွေအများကြီးရှိပေမဲ့ ဒါတွေကိုတူးပြီးစုဆောင်းဖို့ကကုန်ကျစရိတ်အများကြီးကုန်ကျနေတုန်းပဲ သံက A8အဆင့်သတ္တုရိုင်းနဲ့လုပ်ထားပြီး အရမ်းစျေးပေါတယ်ဆိုပေမဲ့ ဒီမှာအများကြီးရှိနေသေးတယ် မမေ့လိုက်နဲ့အဲဒီတုန်းက ကြယ်တွေကြားကူးသန်းသွားလာနိုင်တဲ့ယာဥ်တစ်စင်းက ဒီနေရာမှာတူးဖော်ဖို့ သတ္တုတူးသမားသန်းနဲ့ချီကိုပို့ဆောင်ပေးခဲ့တာ ဒီမှာသံထုတ်လုပ်မှုက အဆအများကြီးပိုမြင့်တယ်"
"ကြည့်ရတာ ကံကြမ္မာသခင်မကကျွန်တော့်ဘက်ရှိတဲ့ပုံပဲ ဒီလိုအခွင့်အရေးကောင်းနဲ့ကြုံရတာယုံတောင်မယုံနိုင်ဘူး ဒါကကျွန်တော့်ရဲ့ပထမဆုံးအကျိုးအမြတ်ကြီးဖြစ်မှာပဲ"
ကျိုးဟောင်မှာ တောက်လောင်နေသောအကြည့်တို့ဖြင့်မြေအောက်မြို့တော်အားကြည့်လိုက်သည်။
"ကျိုးဟောင် မင်းဘာစောင့်နေတာလဲ ဖွင့်လိုက်လေ အဲဒီမကောင်းတဲ့သတ္တုတွေကိုလွှင့်ပစ်လိုက်တော့ ငါတို့ရည်ရွယ်ချက်ကအနှစ်သာရသံစုဆောင်းဖို့နဲ့သူ့ရဲ့ကုန်ကြမ်းပစ္စည်းတွေစုဆောင်းဖို့ပဲ"
ဖားမှ အလောတကြီး ပြောလာလေသည်။
"ဒါဆိုကျွန်တော်ကဒါတွေဖြိုဖို့တာဝန်ယူမယ် ခင်ဗျားကသိုလှောင်ရေးနေရာထဲမှာသိမ်းဖို့တာဝန်ယူ"
ကျိုးဟောင်ကပြန်ပြောလိုက်သည်။
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ များစွာသောသံသတ္တုများမှာကျိုးဟောင်နှင့်ဖား၏သိုလှောင်ရေးနေရာထဲတွင် သိမ်းဆည်းခံလိုက်ရသည်။ မြေအောက်မြို့တော်၏ ၁၅ ကီလိုမီတာအရှည်နီးပါးရှိသောနေရာတချို့မှာ ကျိုးဟောင်၏ဖျက်ဆီးခြင်းအားခံလိုက်ရသည်။ ၁၂ နာရီမျှကြာသောအခါ မြေအောက်မြို့တော်မှာပျောက်ကွယ်သွားပြီး ပုပ်ပွနေသောအလောင်းများနှင့် တစ်စစီဖြစ်နေသောပစ္စည်းများသာ ကျန်ခဲ့တော့သည်။
"ဟဟဟ ငါတို့အနှစ်သာရသံနဲ့ ကုန်ကြမ်းပစ္စည်းတန်ချိန် စုစုပေါင်း ၁၀.၃၅ ဘီလီယံလောက်စုမိလိုက်တယ် ဒီတစ်ခုတည်းနဲ့တင်ပိုက်ဆံတော်တော်များများရသွားပြီလို့ပြောလို့ရတယ်"
ဖားမှစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
ကျိုးဟောင်မှာပျံသန်းရေးကိရိယာပေါ်သို့တက်ကာ တွင်းနက်ကြီးထဲမှပျံထွက်လာခဲ့ပြီးနောက် လုံနတ်ဘုရားစစ်သင်္ဘော၏ထိန်းချုပ်ခန်းသို့ပြန်လာခဲ့ပြီး ကောင်းကင်ပေါ်မှလ၏မျက်နှာပြင်အားကြည့်လိုက်သည်။
"နှမြောစရာပဲ လအောက်မှာသံသတ္တုရိုင်းတွေအများကြီးရှိသေးတယ် ဒါပေမဲ့တူးယူရတဲ့အခက်အခဲကအရမ်းမြင့်တယ် လူတစ်ယောက်ကဘယ်လောက်ပဲစွမ်းအားကြီးနေပါစေ သတ္တုကြောတစ်ခုလုံးကိုတူးဖို့ဆိုတာမဖြစ်နိုင်ဘူး ဒါကသန့်စင်တဲ့သတ္တုကြောမဟုတ်ရင်ပေါ့"
ဖားမှသက်ပြင်းချပြီးမတတ်နိုင်သလိုပြောလိုက်သည်။
"ကိစ္စမရှီဘူး ဘာပဲဖစ်ဖြစ် ကျွန်တော်အရမ်းလောဘကြီးလို့မရဘူး"
သူ့လက်ထဲရှိအနှစ်သာရသံပမာဏမှာ သတ္တုတွင်းတူးသမားလေးသန်းကျော်၏အားစိုက်ထုတ်မှုရလဒ်ကြောင့်ဖြစ်ကြောင်းကိုကောင်းကောင်းသိပေသည်။
ရတနာများစွာရရှိပြီးနောက် ကျိုးဟောင်မှာအလကားထိုင်မနေပေ။ သူသည်ချက်ချင်းပင် အာကာသသားရဲ၏ကြီးမားသောခန္ဓာကိုယ်ကြီးအားဆင့်ခေါ်ကာမြေအောက်အခြေစိုက်စခန်းထဲတွင်ဝှက်ထားလိုက်သည်။ ထို့နောက် အဆုံးမရှိသောအနှစ်သာရသံစီးကြောင်းမှာချက်ချင်းပင်အာကာသသားရဲ၏အစာအိမ်ထဲသို့ဝါးမျိုခံလိုက်ရသည်။
"၎င်းအားအစာအိမ်ဟုခေါ်ဆိုသော်ငြား ၎င်းမှာတကယ်တမ်းတွင် အာကာသနေရာလွတ်တစ်ခုသာဖြစ်ပြီး အာကာသသားရဲပစ္စည်းများအားထားရန်နှင့် စုပ်ယူရန်အသုံးပြုနိုင်သည့်သီးသန့်နေရာလွတ်တစ်ခုသာဖြစ်သည်။
"ကျိုးဟောင် မင်းရဲ့စွမ်းအင်ကအဆင်သင့်ဖြစ်ခါနီးဖြစ်နေပြီ မင်းမြန်မြန်ပေါင်းစပ်ရမယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းအိပ်ပျော်သွားပြီးကတည်းကဆိုတစ်လနီးပါးလောက်ရှိနေပြီ မင်းမိသားစုလည်းမင်းကိုအရမ်းစိုးရိမ်နေကြလောက်ပြီ"
ကျိုးဟောင်မှာလေးပင်စွာခေါင်းညိတ်ပြလာပြီးနောက် အာကာသသားရဲနှင့်စတင်ပေါင်းစပ်တော့သည်။
သူသည်အာကာသသားရဲအားထိန်းချုပ်ခဲ့သည်ဆိုသော်ငြား ၎င်းနှင့်အပြည့်အဝမပေါင်းစပ်ရသေးပေရာ အာကာသသားရဲ၏အမွေဆက်ခံထားသောမှတ်ဉာဏ်များနှင့်ပတ်သက်ပြီး သူဘာမှသိပ်မသိသေးပေ။
အချိန်များမှာတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပြီး ကျိုးဟောင်၏ပေါင်းစပ်မှုအဆင့်သည်လည်းတဖြည်းဖြည်းမြင့်လာခဲ့ကာ ၃၀ရာခိုင်နှုန်းအထိရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာဂြိုဟ်၌ထိုကိစ္စများပြီးဆုံးသွားခဲ့သည်မှာ ယခုဆိုလျှင်လပိုင်းမျှကြာမြင့်သွားပြီဖြစ်သည်။
လူအများအပြားမှာ ယခင်ကဘဝမျိုးကိုသာပြန်လည်ဖြတ်သန်းနေကြသော်ငြား သိုင်းပညာရှင်များမှာတော့ပြောင်းလဲသွားပေသည်။
မဟာမိတ် ၅ခုမှာလည်းစည်းလုံးနေဆဲပင်။ သို့သော် ဤလောကကြီးတွင်အလင်းရောင်ရှိသရွေ့အမှောင်ထုလည်းရှိနေမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အလင်းရောင်မှာပျောက်ကွယ်သွားပြီဖြစ်ပေရာ အမှောင်ထဲတွင်ပုန်းကွယ်နေသောလူများမှာ တွားသွားထွက်လာခဲ့ကြသည်။
အထူးသဖြင့် ကမ္ဘာဂြိုဟ်ပေါ်ရှိဟွာရှားပညာရှင်အများစုမှာ သေဆုံးသွားခဲ့ကြပေသည်။ ကျန်ရှိနေသည့် အသန်မာဆုံးပညာရှင်များမှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်နှစ်ယောက်သာရှိသည်။ အခြားကောင်းကင်ဘုံအဆင့်ပညာရှင်များစွာရှိသော်ငြား အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးစွမ်းအားနှင့်ရင်ဆိုင်ရန်မလုံလောက်ပေ။
ဤအချက်သည်လူများစွာ၏ဖုံးကွယ်ထားသောရည်ရွယ်ချက်များကိုလည်း ထွက်ပေါ်လာစေခဲ့သည်။
အထူးသဖြင့်ဥရောပသမဂ္ဂပင်ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ၎င်းတို့မှာဆုံးရှုံးမှုကြီးကြီးမားမားခံစားခဲ့ရသော်ငြား သူတို့သည်ဟွာရှားကိုုလိုက်မမီသေးပေ။ ဟွာရှားတွင်ကောင်းမွန်သည့်မြေတည်နေရာနှင့် အရင်းအမြစ်များရှိပေရာ ဥရောပသမဂ္ဂအား မျက်စိကျလာစေခဲ့သည်။
"ဟွာရှားကသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ရဲ့ အရင်းအမြစ်တွေကိုငါတို့ယှဥ်နိုင်ဖို့အဝေးကြီးလိုသေးတယ် ပြီးတော့ ကျိုးဟောင်ရှိသေးတယ် အဲဒီကောင်စုတ်လေးကလည်းအရမ်းချမ်းသာတယ်လို့ပြောကြတယ် ဒါပေမဲ့သူသေသွားပြီးတဲ့နောက် သူရဲ့စစ်သင်္ဘောကလည်းဆန်းကြယ်စွာပဲပျောက်သွားခဲ့တယ်"
"ဟမ့် အဲဒါတင်မကဘူး ငါကြားတာဒီကောင်လေးမှာဟွာရှားကရထားတဲ့ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေအားလုံးရှိတယ်တဲ့ အခုအာကာသသားရဲသေပြီ ငါတို့မဟာမိတ်ရဲ့ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေလည်းအားလုံးသုံးလို့ကုန်ပြီ ဟွာရှားမှာပဲကျန်တော့တယ် တကယ်လို့ အဲဒီသံလိုက်စက်ကွင်းကနေတစ်ဆင့် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တချို့သာမွေးထုတ်လိုက်ရင် ငါတို့ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ဟွာရှားကပဲအုပ်စိုးတော့မှာမဟုတ်ဘူးလား"
"မဟုတ်ဘူး ဒီလိုဖြစ်လို့မရဘူး ငါတို့ဒါကိုချက်ချင်းအစီအရင်ခံပြီး ဟွာရှားဘက်ကအဲဒါတွေကိုလွှဲပေးအောင်လုပ်ရမယ်"
ဥရောပသမဂ္ဂမှ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်သုံးယောက်မှာချက်ချင်းပင်ပြောလိုက်ကြသည်။ ထိုသုံးယောက်ထဲတွင်အစွန်းရောက်ဆုံးမှာ ပေါလ်၏မျိုးဆက်နှင့် အာဖရိကရှိ အီတာယွီမျိုးဆက်တို့ဖြစ်သည်။
သူတို့နှစ်ယောက်သည် ကျိုးဟောင်နှင့်ရန်ငြှိုးကြီးကြီးမားမားရှိကြပြီး ကျိုးဟောင်ကောင်းကင်ပေါ်မှနေလုံးကြီးကဲ့သို့တောက်ပနေသောအချိန်တွင် ဘာမှမပြောရဲကြသော်ငြား ယခုတွင် ကျိုးဟောင်မှာသေဆုံးသွားပြီဖြစ်ကာ ဟွာရှား၏သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာလည်း အိပ်ပျော်နေကြပေသည်။ ဤအခြေအနေကြောင့်၎င်းတို့ထံတွင်ဆိုးဝါးသောရည်ရွယ်ချက်များရှိနေသည်မှာ သဘာဝကျပေသည်။
ဤကိစ္စအားတိတ်တဆိတ်ဆောင်ရွက်ပြီး မဟာမိတ် ၄ခုရှိလူများမှာပူးပေါင်းကာ သန့်စင်ဘုရားကျောင်းသို့တိုက်ရိုက်ပင်တောင်းဆိုတော့သည်။ ဤကိစ္စနှင့်ပတ်သက်ပြီးသန့်စင်ဘုရားကျောင်းမှာ ဘာမှမတတ်နိုင်ပေ။
သူတို့ပြောသည်မှာလည်းမှန်ပေသည်။ မဟာမိတ် ၅ခုမှာဟန်ချက်ညီရန်လိုအပ်ပြီး အကယ်၍ဟွာရှားအားကြီးစိုးခွင့်ပြုလိုက်ပါက ၎င်းမှာမည်သူ့အတွက်မျှအကျိုးရှိမည်မဟုတ်ပေ။
ထို့ကြောင့်သန့်စင်ဘုရားကျောင်းမှာ ချက်ချင်းပင်ဟွာရှားအားအကြောင်းကြားလိုက်သည်။
ထိုသတင်းအားကြားသောအခါ ဓားဘုရင်ချင်၏ အမူအရာမှာချက်ချင်းပင်ပျက်ယွင်းသွားခဲ့သည်။
ဟွာရှားတွင်ရှိသော နောက်ဆုံးကျန်သည့် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်နှစ်ယောက်မှာ ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့ဖြစ်သည်။
၎င်းတို့သည် ဤစကားအားကြားလိုက်ရချိန်တွင် အလွန်ဒေါသထွက်သွားခဲ့သည်။
" ဒါကအရမ်းတရားလွန်သွားပြီ အရမ်းတရားလွန်သွားပြီ ငါတို့ဟွာရှားကဒီကိစ္စကြောင့်အများကြီးဆုံးရှုံးခဲ့ရတာကို သူတို့ကိုကြည့်ပါဦး ဒီကိစ္စဖြစ်ပြီးတာလပိုင်းပဲရှိသေးတယ် ကျိုးဟောင်ရဲ့အလောင်းကိုတောင်ရှာမတွေ့သေးဘူး သူတို့ကငါတို့ရဲ့ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကိုမျက်စိကျနေပြီ"
ကျူးဇောင်မှာချက်ချင်းပင် ဒေါသတကြီးပြောလိုက်ပြီး ဓားဘုရင်ချင်သည်လည်းအတူတူပင်။ ဥရောပသမဂ္ဂမှလူများမှာ ဤမျှလောက်မျက်နှာပြောင်တိုက်လိမ့်မည်ဟုလုံးဝမထင်ထားခဲ့ပေ။
ထို့အပြင် သူတို့သည်အခြားမဟာမိတ်များဖြင့် အဖွဲ့ပင်ဖွဲ့ထားပြီးဖြစ်သည်။
"ဟမ့် ကောင်စီအဖွဲ့ဝင်ကျိုး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကိုဘယ်မှာဝှက်ထားလဲဆိုတာ ငါတို့မသိဘူးဆိုတာကိုမပြောကြနဲ့ တကယ်လို့သိတယ်ဆိုရင်တောင်သေချာပေါက်သူတို့ကိုလက်လွှဲပေးလိုက်လို့မရဘူး"
ဓားဘုရင်ချင်မှာ ချက်ချင်းပင် ဒေါသတကြီးပြောလိုက်သည်။
....................................................................................