ကောက်ကျစ်ပြီး လိမ္မာပါးနပ်ခြင်း
Vol. 48 Ch. 709
ဓားဘုရင်ချင်သည် မူလကပင် စိတ်တိုတတ်သူဖြစ်၍ ဗီဇပြောင်းသားရဲများကို ရင်ဆိုင်ရာတွင် တစ်ခါမျှ အားမနည်းခဲ့ဖူးပေ။ ထို့ကြောင့် ဥရောပသမဂ္ဂကို ရင်ဆိုင်ရာ၌လည်း အားနည်းလိမ့်မည်မဟုတ်ပေ။
ကောင်းကင်ဘုံဘုရင်ကျူးသည်လည်း အတူတူပင်ဖြစ်သည်။ ဥရောပသမဂ္ဂ၏ လက်ရှိလုပ်ရပ်များသည် သူတို့အား ဒေါသဖြစ်စေသည်။
မကြာမီ သန့်စင်ဘုရားကျောင်းမှ သတိပေးစာတစ်စောင်ကို ပေးပို့လာခဲ့သည်။ ၎င်းတို့သည် ကမ္ဘာဂြိုဟ်၏ ထိပ်သီးအစည်းအဝေးတွင် ဟွာရှားမဟာမိတ်အဖွဲ့မှ ၁၂ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်နှစ်ဦးသာ ပါဝင်တက်ရောက်မည်ကို စိုးရိမ်တကြီးဖြစ်နေခဲ့သည်။
အစည်းအဝေးခန်း၌ မဟာမိတ်၅ခုသည် အရပ်မျက်နှာငါးဖက်ကို မျက်နှာမူကာ ထိုင်နေကြသည်။ ဟွာရှားမဟာမိတ်အဖွဲ့တွင် ၁၂ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်နှစ်ဦးသာ ရှိသည်။
အခြားတစ်ဖက်၌မူ ဥရောပသမဂ္ဂတွင် စုစုပေါင်း လေးဦး၊ အာဖရိကတွင် နှစ်ဦး၊ မြောက်အမေရိကမဟာမိတ်အဖွဲ့တွင် လေးဦး၊ ကိုရီးယားတွင် သုံးဦး ရှိနေစဥ် ဟွာရှားတွင်မူ နှစ်ဦးသာ ရှိသည်။
ယခင်က မဟာမိတ်ငါးခုထဲတွင် ဟွာရှားသည် အသန်မာဆုံးဖြစ်သည်။ ယခု အာကာသသားရဲ၏ကိစ္စ၌ ဟွာရှားသည် အများဆုံး ပံ့ပိုးခဲ့သည်။ သို့သော် လအနည်းငယ်သာ ကြာမြင့်သေးသော်လည်း ၎င်းတို့မှာဟွာရှားအပေါ် သူတို့၏ သဘောထားကို ပြောင်းလဲလာကြပေပြီ။
ထိုအချက်က ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့ကို ဒေါသထွက်စေပေသည်။
ထိုအချိန်တွင် အစည်းအဝေးအား စတင်လာခဲ့သည်။ သန့်စင်ဘုရားကျောင်းကို တာဝန်ယူရသူမှာ ဥရောပသမဂ္ဂမှအဖွဲ့သားတစ်ဦးဖြစ်ပြီး သူအမည်မှာ ပေါလ်ရစ်ကာဖြစ်သည်။ ပေါလ်မိသားစုဝင်တစ်ဦးအနေဖြင့် သူသည် သိုင်းပညာရှင် မဟုတ်သော်လည်း မိမိ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် သန့်စင်ဘုရားကျောင်းသို့ ဝင်နိုင်ခဲ့သည်။ ယခုအကြိမ်တွင် ဤကိစ္စကို သူတို့ ပေါလ်မိသားစုမှ လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် အကြီးအကဲငါးဦးထဲမှ တစ်ဦးဖြစ်သော ပေါလ် သည် ဟွာရှားဘက်ကို ကြည့်ကာ ပြုံးလိုက်ပြီးပြောလိုက်သည်။
“ဒီနေ့ ဓားဘုရင်ချင်နဲ့ ကောင်းကင်ဘုံဘုရင်ကျူးတို့ ဒီကို ရောက်လာတာ ကျွန်တော်တို့အတွက် တကယ်ကို ဂုဏ်ယူစရာပဲဗျာ အချိန်မကုန်စေချင်တော့ဘူး အဓိကအချက်ကို တန်းပြောရအောင်”
“နှစ်ယောက်စလုံးဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေအကြောင်း သိမယ်လို့ ထင်ပါတယ် ဒီပစ္စည်းကနေ ထွက်တဲ့အငွေ့အသက်က သိုင်းပညာရှင်တွေကို အဆင့်တက်စေနိုင်ပါတယ် အရင်က ဒီပစ္စည်းမှာ အားနည်းချက်ရှိပြီး သိုင်းပညာရှင်တွေကို အာကာသသားရဲက စားပစ်တာမျိုး ဖြစ်စေခဲ့ပေမဲ့ အခုတော့ အဲလိုမဟုတ်တော့ပါဘူး အာကာသသားရဲ သေသွားပြီဆိုတော့ ကျွန်တော်တို့ လူသားတွေ ပိုပြီး အားကောင်းဖို့ လိုအပ်နေသေးတယ်လေ တခြားမဟာမိတ်တွေရဲ့ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေက ကုန်သွားပြီ ဟွာရှားရဲ့ပုံဆောင်ခဲတွေပဲ မထိရသေးတာ စုစုပေါင်း ဆယ်ခုက သူရဲကောင်း ကျိုးဟောင်ဆီမှာ ရှိနေတယ်”
“ကမ္ဘာပျက်မယ့်အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့ပေမဲ့ ကမ္ဘာဂြိုဟ်က စကြာဝဠာထဲမှာ ရှိနေသရွေ့ အမြဲတမ်း အန္တရာယ်ရှိနေမယ်လို့ ကျွန်တော်ထင်နေတုန်းပဲ ဒီတစ်ခါတော့ ပြင်ပအာကာသက အာကာသသားရဲပေါ့ အနာဂတ်မှာ တခြားဗီဇပြောင်းသားရဲတွေလည်း ဖြစ်နိုင်တယ် ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် လူသားတွေက ပိုတိုးတက်ဖို့ လိုပါသေးတယ်”
“အမြန်ဆုံးနည်းကတော့ အဲဒီဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေကို ရတာပဲ ကျွန်တော်တို့ရဲ့ ဘုရားကျောင်းနဲ့ မဟာမိတ်လေးခုလုံးက ဟွာရှားမှာ မသုံးရသေးတဲ့ ဆယ်ခု ကျန်နေသေးတော့ အညီအမျှ ခွဲပြီး မဟာမိတ်တစ်ဖွဲ့ကို နှစ်ခုစီ ပေးသင့်တယ်လို့ ထင်တယ် ဒီလိုဆိုရင် လူသားအားလုံးမှာ အာမခံချက်တစ်ခုရှိလာမယ်”
“ဒါတင်မကဘဲ မဟာမိတ်တွေရဲ့ အင်အားကလည်း တူညီသွားမယ်အားလုံး စိတ်အေးချမ်းသာ ရှိသွားမယ် ဘယ်လိုလဲ”
ပေါလ်ရစ်ကာမှာ ပြုံးလိုက်သည်။ သူသည် အလွန်မျှတပုံရသော်လည်း ၎င်း၏စကားများသည် အလွန်ရှက်ဖွယ်ကောင်းပြီး ကောက်ကျစ်စဉ်းလဲနေခြင်းသာ ဖြစ်သည်။
ဟွာရှားဘက်မှ ဤ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲဆယ်ခုကို အသုံးပြုကာ စစ်သည်များအားပြုစုပျိုးထောင်မည်ကို သူတို့ ကြောက်ရွံ့ကြမှန်းသိသာပေသည်။ ဟွာရှားတွင် တစ်ခုသာ ရှိလျှင်ပင်သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ဦးကို မွေးထုတ်နိုင်ပြီး ၎င်းသည် အခြားမဟာမိတ်များ ခုခံနိုင်သည့် အရာတစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။
ဟွာရှားလွှမ်းမိုးခြင်းကို တားဆီးရန်အတွက် သူတို့သည် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်ပေသည်။
ကောင်းမွန်သည့် အသံဖြင့် ပြောဆိုနေသော်လည်း ဓာဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့သည် သူတို့၏ နောက်ကွယ်မှရည်ရွယ်ချက်များကို သိကြသည်။
တကယ်တမ်းတွင် ထိုသို့သော အတွေးများရှိခြင်းအား နားလည်နိုင်ပါသည်။ သို့သော် ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့သည် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲများ မည်သည့်နေရာတွင် ရှိသည်ကို လုံးဝမသိကြချေ။
“အကြီးအကဲပေါလ် ကျွန်တော် တောင်းပန်ပါတယ် ဒီကိစ္စမှာ ကျွန်တော်တို့ ဘာမှ မလုပ်ပေးနိုင်ဘူး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲက သူရဲကောင်း ကျိုးဟောင်ဆီမှာ ရှိတာ သူ သေသွားတော့ သူ့ပစ္စည်းတွေအားလုံးက သူ့စစ်သင်္ဘောနဲ့အတူ ပျောက်သွားတာ ကျွန်တော်တို့လည်း မသိဘူး”
ဤသည်မှာ သူတို့၏အဖြေဖြစ်ပြီး လက်ရှိ သူတို့သိရှိသည့် အချက်ပင် ဖြစ်သည်။
သူတို့ လုပ်နိုင်သည့်အရာမှာလည်း ကန့်သတ်ချက် ရှိသည်။
သို့သော် အခြားမဟာမိတ်လေးခုမှ လူများသည် သူတို့ကို မယုံကြည်ကြချေ။
“ကောင်းကင်ဘုံဘုရင်ကျူး ခင်ဗျား အရမ်းကြုံသလိုပြောနေတာ မဟုတ်ဘူးလား သူရဲကောင်းကျိုးဟောင်က ဟွာရှားကပါ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ သိုင်းပညာရှင်တွေကို အဲလောက် ဂရုစိုက်နေတာဆိုတော့ သူ့စစ်သင်္ဘောအကြောင်း ဘယ်လိုလုပ် မသိတာလဲ”
ဤအချိန်တွင် ဥရောပသမဂ္ဂမှ နောက်ထပ် ၁၂ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးဖြစ်သည့် မာတင်ဆန်မှပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဓားဘုရင်ချင်သည် ဒေါသတကြီးဖြင့်ပြောလိုက်သည်။
“မင်း ဘာပြောချင်တာလဲ ငါတို့ ဟွာရှားက မင်းတို့ကို လိမ်ဖို့ လိုအပ်လို့လား သူရဲကောင်း ကျိုးဟောင်က သူ့စစ်သင်္ဘောနဲ့ ရေနက်ပိုင်းကို ဝင်သွားတာ ခင်ဗျားတို့ အားလုံး သိတာပဲ တိုက်ပွဲအတွင်းမှာ ပျက်စီးသွားတာက ပုံမှန်ပဲ"
ဤသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဥရောပသမဂ္ဂနှင့် အခြားသူများသည် ရေနက်ပိုင်းကို လျှို့ဝှက်စွာ စုံစမ်းခဲ့ကြသည်မှာ မှန်သည်။ သူတို့သည် လူတိုင်း၏ စစ်သင်္ဘောအပျက်အစီးများကို တွေ့ခဲ့ကြသော်လည်း ကျိုးဟောင်၏စစ်သင်္ဘောကိုမူ မတွေ့ခဲ့ကြချေ။
မည်သည့်အပျက်အစီး သို့မဟုတ် အပိုင်းအစကိုမျှ ရှာမတွေ့ခဲ့ချေ။
ဤကိစ္စသည် အလွန်ထူးဆန်းသည်။ သူတို့သည် လုံးဝမယုံကြည်ကြပေ။ ထို့ကြောင့် သူတို့အားလုံးသည် ကျိုးဟောင်၏စစ်သင်္ဘောကို ဟွာရှားက ပြန်ယူသွားသည်ဟု ထင်ခဲ့ကြသည်။
ထို့ကြောင့်လည်း အခြေအနေသည် ယခုကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။
ဤအချိန်တွင် ဥရောပသမဂ္ဂသည် သည်းမခံနိုင်တော့ပေ။ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးဖြစ်သောပေါလ်ရစ်ကာ သည် ချက်ချင်းပင် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ဓားဘုရင်ချင် ခင်ဗျားက ၁၂ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပါ ကျွန်တော်တို့က ခင်ဗျားရဲ့ ကလေးဆန်တဲ့ လိမ်ညာမှုတွေကို တကယ်ပဲ နားထောင်ရမှာလား ရေနက်ပိုင်းနယ်ပယ်ကို ကျွန်တော်တို့ အချိန်အကြာကြီး စုံစမ်းပြီးပြီ သူရဲကောင်း ကျိုးဟောင်ရဲ့ စစ်သင်္ဘောကလွဲပြီး ကျန်တဲ့လူတိုင်းရဲ့ စစ်သင်္ဘောတွေကို တွေ့တယ် ဒါပေမဲ့ သူရဲကောင်း ကျိုးဟောင်ရဲ့ စစ်သင်္ဘောအပျက်အစီးကိုတော့ မတွေ့ဘူး သူ့စစ်သင်္ဘောရဲ့ ရွေ့လျားမှုလည်း မရှိတော့ဘူး”
“ပြောပါဦး ဒီပစ္စည်းက ဘာအကြောင်းပြချက်မှမရှိဘဲ ဘယ်လိုလုပ် ပျောက်သွားနိုင်မလဲ ဓားဘုရင်ချင် ခင်ဗျားတို့ ဟွာရှားက ဒီဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေကို သုံးပြီး သူတော်စင်ဘုံအဆင့် ကျွမ်းကျင်တစ်ဝက်ပညာရှင်တွေ မွေးထုတ်ပြီးတော့ ကမ္ဘာဂြိုဟ်ကို အုပ်ချုပ်ချင်တယ်လို့ မပြောလိုက်နဲ့နော်"
ပေါလ်ရစ်ကာ ၏ စကားများသည် နားထောင်ရ အလွန်မကောင်းချေ။ သူ၏စကားများသည် ကောင်းကင်ဘုံဘုရင်ကျူးနှင့် ဓားဘုရင်ချင်တို့ကို လုံးဝဒေါသထွက်စေခဲ့သည်။
သူတို့၏ ဥရောပသမဂ္ဂသည် ထိုမျှပင် ရှက်ဖွယ်ကောင်းပြီး ရေနက်ပိုင်းကိုပင် လျှို့ဝှက်စွာ ကြိုတင်စုံစမ်းခဲ့သည်ကို သူ မမျှော်လင့်ခဲ့ပေ။ ကောင်းကင်ဘုံဘုရင်ကျူးနှင့် ဓားဘုရင်ချင်တို့သည် ဤအကြောင်းကို လုံးဝမသိခဲ့ကြချေ။
သူတို့၏ စုံစမ်းမှုများတွင် ဘာမျှ ရှာမတွေ့ခဲ့သောကြောင့် ဟွာရှားသည် စစ်သင်္ဘောနှင့် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲများကို ဖုံးကွယ်ထားသည်ဟု ကောက်ချက်ချထားသည်မှာ သေချာသည်။ ထို့ကြောင့် သူတို့သည် မမေးဘဲသည်းခံမနေနိုင်တော့ပေ။
ဤအကြောင်းကို တွေးလိုက်သောအခါ ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့မှာ ဒေါသထွက်သွားခဲ့ကြသည်။ သူတို့သည် အရာအားလုံးကို မိမိတို့ကိုယ်တိုင် ယူလိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြချေ။ ထို့ကြောင့် သူတို့သည် ရုတ်တရက် ပေါ်ထွက်လာပြီး အခြားမိသားစုသုံးခုနှင့် ပူးပေါင်း၍ ဟွာရှားဘက်ကို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
မည်မျှပင် ကောက်ကျစ်၍ လိမ္မာပါးနပ်လိုက်ပါသနည်း။
“ဟဲဟဲ ဥရောပသမဂ္ဂမှာ ကောင်းတဲ့နည်းလမ်းတွေ အမြဲရှိနေတာကို ကျုပ်အစောကြီးကတည်းက သိပြီးသားပါ ဒီနေ့ကြည့်ရတာ အဲဒါ မှန်တာပဲ ပေါလ်ရစ်ကာ မင်း ငါ့ကို အရင်ဖြေပေးနိုင်မလား မင်းတို့က ငါတို့ ဟွာရှားရဲ့ခွင့်ပြုချက်မရှိဘဲ ငါတို့ရဲ့ ကောင်းကင်ဘုံဘုရင် ကျိုးဟောင်ရဲ့ စစ်သင်္ဘောကို ဘာကြောင့် စုံစမ်းတာလဲ”
“ငါတို့ ဟွာရှားရဲ့ခွင့်ပြုချက်မရှိဘဲ မင်းတို့က ငါတို့ဟွာရှားရဲ့ ရေနက်ပိုင်းပိုင်နက်ထဲကို လာပြီး စုံစမ်းတာလား”
ဓားဘုရင်ချင်း၏ မေးခွန်းဆက်တိုက်သည် ပေါလ်ရစ်ကာ ၏ မျက်နှာအမူအရာကို ချက်ချင်း ပြောင်းလဲသွားစေသည်။ ဤအချက်တွင် ဘာမျှ ဖုံးကွယ်စရာ မလိုတော့ကြောင်း သူ သိသည်။
“ဟမ့် မင်းပြောတာ မှန်တယ် ငါတို့က လျှို့ဝှက်စုံစမ်းခဲ့တာ ဒါပေမဲ့ ငါတို့က လူသားတွေအားလုံးနဲ့ ကမ္ဘာပေါ်က လူသားတွေအားလုံးအတွက် လုပ်နေတာ ငါတို့က ကိုယ်ကျိုးမဖက်ဘူး ရတနာတွေကို ဖွက်ထားတဲ့ မင်းတို့ ဟွာရှားလူမျိုးတွေနဲ့ မတူဘူး"
....................................................................................