← Chapters

မိသားစု

Vol. 48 Ch. 710

မိသားစု

Vol. 48 Ch. 710

ဤသို့ပြောပြီးနောက် ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့သည် ပို၍ပင် ဒေါသထွက်လာကြသည်။

ကောင်းကင်ဘုံဘုရင်ကျူးသည် တစ်ခုခုပြောရန် ရည်ရွယ်လိုက်သော်လည်း ဓားဘုရင်မှ နှာမှုတ်လိုက်ပြီး ချက်ချင်း ထရပ်လိုက်သည်။

“ကျုပ် နားလည်ပြီ ဒီနေ့က ကျုပ်တို့ကို ရိုက်နှက်ပြီး တရားစီရင်တဲ့နေ့ပေါ့ ကောင်းတယ် အရမ်းကောင်းတယ် ဒါဆို ကျူပ်လည်း ပြောမယ် ကျုပ်တို့ ဟွာရှားမှာ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခင်ဗျားတို့ကိုပေးမှာ မဟုတ်ဘူး ဒါက ကျုပ်တို့ ဟွာရှားရဲ့ ရတနာဖြစ်ပြီးကျုပ်တို့ရဲ့ အုတ်မြစ်ပဲ ကျုပ်တို့ဆီကနေ ယူဖို့တော့ မတွေးနဲ့”

ဓားဘုရင်ချင်မှာပြောပြီးသည်နှင့် ကောင်းကင်ဘုံဘုရင်ကျူးနှင့်အတူ ထွက်သွားခဲ့သည်။ ဤသည် မည်သည့်အစည်းအဝေးမျိုးနည်း။ သူတို့သည် ဟွာရှားကို ဆူပူကြိမ်းမောင်းနေခြင်းသာ ဖြစ်သည်။ ထိုအရာကို သူတို့ ဘယ်လိုသည်းခံနိုင်မည်နည်း။

ထို့ကြောင့် ထိုနှစ်ဦးသည် သူတို့အား မျက်နှာသာမပေးဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ဓားဘုရင်ချင်၊ ကောင်းကင်ဘုံဘုရင်ကျူးနှင့် အခြားသူများ ထွက်ခွာသွားသည်ကို မြင်သောအခါ မဟာမိတ်လေးခုနှင့် သန့်စင်ဘုရားကျောင်းတို့၏ မျက်နှာအမူအရာများမှာ ရုပ်ဆိုးသွားခဲ့ကြသည်။

ဟွာရှားတွင်း မသုံးရသေးသော ဆင့်ကဲပြောင်းလဲပုံဆောင်ခဲဆယ်ခု တကယ်ရှိသည်ဆိုလျှင် ၎င်းတို့မှာ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ဦး သို့မဟုတ် နှစ်ဦးကို မွေးထုတ်ပြီးသည်နှင့် သူတို့အားလုံး လုံးဝခုခံနိုင်လိမ့်မည် မဟုတ်ပေ။

တစ်ခါတစ်ရံတွင် ဤသို့ပင်ဖြစ်၏။ အပြန်အလှန် ရန်သူရှိသောအခါ လူတိုင်းသည် ရန်သူကို အင်အားရှိသမျှ ခုခံနိုင်သည်။ သို့သော် ငြိမ်းချမ်းသောအချိန်၌မူ ရှုပ်ထွေးမှုများ စတင်လာပေလိမ့်မည်။

ယခုမူ သူတို့သည် ထိုအဆင့်၌ ရှိနေကြသည်။

ထို့ပြင် သူတို့သည် ယခင်ကတည်းကဟွာရှားကို ကြောက်ရွံ့ပြီးသားဖြစ်ပေရာ ၎င်း၏ အလားအလာကို ပို၍ပင် ကြောက်ရွံ့ကြသည်။

ထို့ကြောင့် သူတို့သည် ဟွာရှား၏ဆင့်ကဲပြောင်းလဲပုံဆောင်ခဲများအား တကယ်ခွဲဝေနိုင်မည်ဆိုလျှင် ၎င်းတို့သည် ထိုသို့သာပြုလုပ်ကြမည်ဖြစ်သည်။

“အချိန်ဖြုန်းတာပဲ”

ပေါလ်ရစ်ကာမှာ အေးစက်စွာနှာမှုတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်သွားခဲ့သည်။

သူတို့သည် ကြည်ကြည်ဖြူဖြူပေးအပ်ရန် ဆန္ဒမရှိသောကြောင့် အခြားနည်းလမ်းများအသုံးပြုသည့်အတွက် ပေါလ်ရစ်ကာအား အပြစ်တင်၍ မရချေ။

ဟွာရှားသို့ ပြန်ရောက်ပြီးနောက် ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့သည် ချက်ချင်း အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ ဟွာရှားတွင် ကျန်ရှိနေသော ကောင်းကင်ဘုံအဆင့်ပညာရှင် ၂၀၀ လုံးသည် အစည်းအဝေးတွင် ပါဝင်ခဲ့ကြသည်။

ဤအစည်းအဝေးသည် အလွန်တိုတောင်းသည်။ သူတို့အားလုံးသည် တိုက်ပွဲအတွက် ပြင်ဆင်ရန် အာရုံစိုက်နေခဲ့ကြသည်။

အဘယ့်ကြောင့်ဆိုသော် ဥရောပသမဂ္ဂသည် ဤကိစ္စကို အဆုံးသတ်မည်မဟုတ်ကြောင်း သူတို့ သိရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်၌ အဆုံးမဲ့သော ရှုပ်ထွေးမှုများ ရှိလာနိုင်ဖွယ်ရှိသည်။

ဟွာရှားမှပညာရှင်များသည် ဤအကြောင်းကို သိပိုင်ခွင့်ရှိသဖြင့် ဓားဘုရင်ချင်မှာ သူတို့အားပြောပြခဲ့သည်။ ဤအကြောင်းကို ကြားသောအခါ ဟွာရှားမှ ကျွမ်းကျင်သူများပညာရှင်များမှာဒေါသထွက်သွားခဲ့ကြပေသည်။

အစီအစဉ်များ ပြုလုပ်ပြီးနောက် ဓားဘုရင်ချင်သည် အသက်ရှုသွင်းလိုက်ပြီး ကောင်းကင်ဘုံဘုရင်ကျူးကို ကြည့်ကာ တိုက်ရိုက်ပြောလိုက်သည်။

“ဥရောပသမဂ္ဂက ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ် အခု အရေးအကြီးဆုံးက ကျိုးဟောင်ရဲ့ မိသားစုပဲ”

“သူတို့က ကျိုးဟောင်ရဲ့ မိသားစုနဲ့ စမှာ သေချာတယ် ဒါကြောင့် ကျွန်တော်တို့က ကျိုးဟောင်ရဲ့ မိသားစုကို ကောင်းကောင်းကာကွယ်ပေးရမယ် ကျိုးဟောင်က ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းဖြစ်ပြီး ကျွန်တော်တို့ ဟွာရှားရဲ့ သူရဲကောင်းလည်း ဖြစ်တယ် တခြားမဟာမိတ်က လူတွေက ဒီကျေးဇူးကို မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ ကျွန်တော်တို့ ဟွာရှားမှာတော့ ကျိုးဟောင်က စီနီယာကျိနဲ့ တခြားသူတွေလိုပဲ စစ်မှန်တဲ့ သူရဲကောင်းတစ်ဦးပဲ”

ဓားဘုရင်ချင်သည် ကျိုးဟောင်ကို အလွန်လေးစားပြီး ကောင်းကင်ဘုံဘုရင်ကျူးလည်း ထိုနည်းအတိုင်းပင်။

“စိတ်မပူပါနဲ့ ကျွန်တော် စီစဉ်ပြီးသားပါ ကောင်းကင်ဘုံအဆင့်ပညာရှင် စုစုပေါင်း ရှစ်ဦးကိုပို့ထားတယ်”

ကောင်းကင်ဘုံဘုရင်ကျူးမှ ချက်ချင်း ပြောလိုက်သည်။

“ပြီးတော့ ကျွန်တော်တို့ ဥရောပသမဂ္ဂက ၁၂ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိထားရမယ် သူတို့ တိုက်ခိုက်လာရင် ကမ္ဘာဂြိုဟ်ပေါ်မှာ သူတို့ကို ရပ်တန့်နိုင်မယ့်လူ အများကြီး မရှိဘူး”

ဓားဘုရင်ချင်သည် သူ့နားထင်များကို ပွတ်သပ်လိုက်ပြီး စိတ်ပျက်စွာ ပြောလိုက်သည်။

“အော်ဟုတ်သားပဲ စီနီယာကျိနဲ့ တခြားသူတွေ ဘယ်လိုလဲ”

ဤသို့မေးပြီးနောက်ကောင်းကင်ဘုံဘုရင်ကျူးက ခေါင်းယမ်းလိုက်သည်။

“အခြေအနေက အရမ်းဆိုးတယ် စီနီယာကျိနဲ့ စီနီယာလင်းထျန်တို့ရဲ့ စိတ်စွမ်းအား တည်ငြိမ်နေပေမဲ့ ပေကျင်းခေါင်းဆောင်ရဲ့ စိတ်စွမ်းအားက အရှိန်အဟုန်နဲ့ လျော့ကျနေပြီသူမနိုးလာနိုင်တော့ဘူးလို့သတ်မှတ်လို့ရတယ်”

ကောင်းကင်ဘုံဘုရင်ကျူးမှာ သက်ပြင်းချလိုက်သည်။ ဤသို့ပြောပြီးနောက် ဓားဘုရင်ချင်လည်း အလွန်စိုးရိမ်လာခဲ့သည်။

ထိုတိုက်ပွဲမှစ၍သူတော်စင်ဘုံအဆင့်တစ်ဝက်ဆယ်ဦးသည် အိပ်ပျော်သွားခဲ့ကြပြီး နောက်ပိုင်းတွင် အမျိုးမျိုးသော မဟာမိတ်များက သူတို့ကို ခေါ်ဆောင်သွားခဲ့သည်။ သူတို့အားလုံး နိုးလာစေရန် အမျိုးမျိုးသော နည်းလမ်းများကို စဉ်းစားခဲ့ကြသည်။

သို့သော် စိတ်စွမ်းအား ထိခိုက်မှုသည် မူလကတည်းက ဆေးပညာဆိုင်ရာ ပြဿနာဖြစ်ပြီး သိုင်းပညာရှင်တစ်ဦး၏ စိတ်စွမ်းအားကိုမူ ထည့်တွက်စရာပင် မလိုတော့ချေ။

“စီနီယာကျိ ဒါမှမဟုတ် စီနီယာလင်းထျန်သာ နိုးလာခဲ့ရင် ကျုပ်တို့ကို သူတို့ ဒီလိုမျိုး အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူး"

ကျူးဇောင်မှာမနေနိုင်ဘဲပြောလိုက်သည်။

“ကျုပ် နားလည်ပါတယ် ဒါပေမဲ့ အခု ဒီလိုပြောနေလို့လည်း အကျိုးမရှိဘူး ကျွန်တော်တို့ သူတို့ကို ကာကွယ်ပေးဖို့ အကောင်းဆုံး ကြိုးစားရမယ်”

ထိုသို့ပြောပြီးနောက် ဓားဘုရင်ချင်သည် သူ၏ဓားကိုယူ၍ ဆက်လက် လေ့ကျင့်နေခဲ့သည်။ သူ၏ကျင့်ကြံမှုသည် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်၏ အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သည်။ သူသာ အောင်မြင်စွာ ထိုးဖောက်နိုင်မည်ဆိုလျှင် ၎င်းသည် သူတို့၏ ဟွာရှားအတွက် အလွန်အကျိုးရှိပေလိမ့်မည်။

ကောင်းကင်ဘုံဘုရင်ကျူးသည် သက်ပြင်းချလိုက်သည်။ သူ၏ လက်ရှိကျင့်ကြံမှုဖြင့် ချိုးဖောက်ရန် ပို၍ပင် ခက်ခဲသည်။ သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ ထိုးဖောက်ရန်မှာ မလွယ်ကူပေ။ အချို့လူများသည် သူတို့၏ဘဝတစ်လျှောက်လုံး ထိုသေးငယ်သော ခြေလှမ်းလေးကိုပင် လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ဤအကြောင်းနှင့်ပတ်သက်၍ သူသည်သက်ပြင်းချနိုင်ရုံသာရှိပြီး သူ၏မျှော်လင့်ချက်များကို ဓားဘုရင်ချင်ပေါ်တွင်သာ ထားထားရသည်။

တစ်ချိန်တည်းမှာပင် ချူမြို့ စစ်နတ်ဘုရားတပ်ရင်း နိုင်ငံတကာအိမ်ရာတွင် ကျိုးရွှယ်ကောနှင့် ဝမ်ရှူယွင်တို့သည် ဤလအနည်းငယ်အတွင်း ကောင်းမွန်စွာ နေထိုင်နိုင်ခြင်း မရှိခဲ့ချေ။

သူတို့၏သားသည် သူရဲကောင်းတစ်ဦးဖြစ်သော်လည်း သူသည် မရှိတော့ချေ။ သူတို့၏ စိတ်ကမ္ဘာသည် ပြိုလဲသွားသကဲ့သို့ ဖြစ်နေသည်။

ကံကောင်းစွာဖြင့် ရှူလင်သည် မကြာခဏ လာရောက်ခဲ့သည်။ ထိုမျှသာမက ကျန်းယိ၊ ယွမ်ချန်း၊ ယွင်ယန်နှင့် ဖန်းယွီတို့လည်း နှစ်ရက်သုံးရက်တစ်ကြိမ် လာရောက်ခဲ့ကြသည်။

“မွေးစားအဖေ မွေးစားအမေ အမေတို့ ဘာတွေ ပြင်ဆင်နေတာလဲ ဘာမှ ပြင်ဆင်စရာ မလိုပါဘူး ကျွန်တော်တို့ ရှိတဲ့ဟာ စားလိုက်ရင်ရပါပြီ ကျွန်တော်တို့ လာတိုင်းအမေတို့က အရသာရှိတဲ့ အစားအစာတွေ လုပ်ကျွေးနေတာ ကျွန်တော့်ကို ကြည့်ပါဦး ဝလာပြီ"

ယွမ်ချန်း၏ပါးစပ်မှာ ပျားရည်နှင့် သုတ်ထားသကဲ့သို့ ကျိုးဟောင်၏ မိဘများကို အချိုသာဆုံးနည်းဖြင့် မွေးစားအဖေ မွေးစားအမေဟု ခေါ်လာခဲ့သည်။

ကျန်းယိလည်း ထိုနည်းအတိုင်းပင်။ ထိုနှစ်ဦးသည် ကျိုးဟောင်၏ သူငယ်ချင်းကောင်းများ ဖြစ်သည်။ သူတို့၏ သူငယ်ချင်း မရှိတော့သောအခါ သူတို့သည် ကျိုးဟောင်၏ မိဘများ၏ အနာဂတ်ကို တာဝန်ယူရမည်မှာ သဘာဝပင်။

ထို့ကြောင့် သူတို့သည် ကျိုးရွှယ်ကောနှင့် ဝမ်ရှူယွင်ကို သူတို့၏မွေးစားမိဘများအဖြစ် ချက်ချင်းသတ်မှတ်ခဲ့သည်။

ကျိုးရှုနှင့် ဝမ်ရှူယွင်တို့မှာ နားလည်ပြီး အလွန်ပျော်ရွှင်ခဲ့ကြသည်။

“ဟဟ များများစား ကိစ္စမရှိဘူး မဟုတ်ရင် ငါတို့ ဘာလုပ်ရမှန်း သိတော့မှာ မဟုတ်ဘူး”

လအနည်းငယ်အတွင်း ကျိုးဟောင်ကြောင့် ဝမ်ရှူယွင်၏ ဆံပင်သည် အလွန်ဖြူဖွေးသွားခဲ့သည်။

ကျိုးရွှယ်ကောမှာမူ ပို၍ပင်ဆိုးပေသည်။ ကျိုးရွှယ်ကောသည် ပုံမှန်အားဖြင့် အလွန်ပွင့်လင်းသူဖြစ်သော်လည်း သူ၏သားကိစ္စသည် သူ့ကို ပြောင်းလဲစေခဲ့သည်။ သူသည် ပို၍ တိတ်ဆိတ်လာခဲ့သည်။

ရှူလင်နှင့် အခြားသူများ လာရောက်သည့်အခါမှလွဲ၍ ကျိုးရွှယ်ကောသည် ရယ်ခဲလှသည်။

“အဖေ အမေ စားကြရအောင်”

ရှုလင်သည်မီးဖိုဆောင်ဝင်သည့်အဝတ်အားဝတ်ဆင်ထားသည်။ သူမချက်ပြုတ် ပြီးစီးပြီးနောက် သူတို့နှစ်ဦးကို ထိုင်ရန် ပြောလိုက်သည်။ လူအုပ်စုကြီးသည် ထမင်းစားပွဲကို ဝန်းရံထားကာထိုင်နေကြသည်။

ရှုလင် ထိုသို့ခေါ်သည်ကို မြင်သောအခါ ကျိုးရွှယ်ကောဖြစ်စေ ဝမ်ရှူယွင်ဖြစ်စေ နှစ်ဦးလုံးရင်ထဲ၌ခံစားသွားရပေသည်။

သူတို့သည် ရှုလင်အားချွေးမအဖြစ် သတ်မှတ်ပြီးဖြစ်သော်လည်း သူတို့နှစ်ဦးသည် လက်မထပ်ရသေးချေ။ ယခု သူတို့၏သား မရှိတော့သောအခါ သူမအတွက် ကိစ္စများနှောင့်နှေးမည်ကို တကယ်မလိုလားကြတော့ချေ။

ထိုအဘိုးအိုနှင့်အဘွားအိုသည် တစ်ဦးကိုတစ်ဦး ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။

အစားအသောက်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ယွမ်ချန်းနှင့် ကျန်းယိတို့သည် စကားပြောရန် အကြောင်းအရာများ ဆက်တိုက်ရှာဖွေနေခဲ့ကြပြီး အဘိုးအိုနှင့်အဘွားအိုကို ရယ်မောအောင်ကြိုးစားနေကြသည်။

သူတို့ သည်ပြုံးနေကြသော်လည်း သူတို့၏မျက်လုံးများက အမြဲတမ်း ဝမ်းနည်းပူဆွေးမှုကို ဖော်ပြနေသည်။

ညစာစားပြီးနောက် ရှုလင်သည် ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ၎င်းသည် သူမ၏အစ်ကို ရှုချန်းထံမှပင် ဖြစ်သည်။

ရှုလင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အပြင်ထွက်ကာဖုန်းကိုင်လိုက်သည်။

“အစ်ကို ကျွန်မကို ရှာနေတာလား”

....................................................................................

All Chapters