← Chapters

တောင်းဆိုမှု

Vol. 48 Ch. 711

တောင်းဆိုမှု

Vol. 48 Ch. 711

ကျိုးဟောင်သေဆုံးသွားသည့်အချိန်မှစ ရှုလင်မှာကျိုးမိသားစုထံသို့အမြဲတမ်းလာလေ့ရှိပေသည်။ လူမြင်ကွင်းတွင်ဖြစ်စေ လူကွယ်ရာတွင်ဖြစ်စေ သူမသည်ကျိုးရွှယ်ကောနှင့် ဝမ်ရှူယွင်တို့အားသူမ၏မိဘများကဲ့သို့သာခေါ်ဝေါ်ပေရာ ရှုမိသားစုမှာဤအကြောင်းအားကြားသောအခါ အလွန်ကူကယ်ရာမဲ့နေခဲ့သည်။

ရိုးရိုးသားသားပြောရပါက ကျိုးဟောင်လိုသားမက်လိုရခြင်းမှာ သူတို့ရှုမိသားစု၏ကံကောင်းမှုပင်ဖြစ်သည်။

ပုံမှန်အခြေအနေမျိုးတွင် သူတို့သည်သေချာပေါက်ရှုလင် နှင့် ကျိုးဟောင်လက်ထပ်ခြင်းအားသဘောကျပေသည်။

သို့သော်ယခုအချိန်တွင်ကိစ္စများမှာမတူတော့ပေ။ အဆုံးတွင်ကျိုးဟောင်မှာသေဆုံးသွားခဲ့ပြီဖြစ်ကာ ပြန်ပြီးအသက်မရှင်လာနိုင်တော့ပေ။ သို့သော်ရှုလင်မှာ အသက်ရှင်နေဆဲဖြစ်ကာလှပဆဲပင်။ သူမ၏ကျင့်ကြံဆင့်ဖြစ်စေ၊ မိသားစုမိဖြစ်စေ သို့မဟုတ် အသွင်အပြင်အရဆိုလျှင်လည်း ထိပ်တန်းတွင်ရှိပေသည်။

ထို့အပြင်သူမသည်မိသားစုတစ်ခုတည်ထောင်သင့်သည့်အသက်အရွယ်သို့ရောက်နေပြီဖြစ်သည်။ ထို့ကြောင့်ရှုမိသားစုမှာရှုလင်အားယခုလိုပုံအတိုင်းဆက်မနေခွင့်မပြုနိုင်ပေ။

ထို့အပြင် ရှုမိသားစုသည်လည်းရှုလင်၏အတွေးအားသိလောက်ပေသည်။ ဤမိန်းကလေးသည် အလွန်သံယောဇဥ်တွယ်ကာ ယခင်ကတည်းကကျိုးဟောင်အားသူမ၏ ခင်ပွန်းအဖြစ်သတ်မှတ်ပြီး ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်တို့အားသူမ၏ယောက္ခမများအဖြစ် သတ်မှတ်ထားခဲ့ပေသည်။

ကျိုးဟောင်သေဆုံးသွားပြီးနောက် သူမသည်သူမကိုယ်သူမမုဆိုးမတစ်ယောက်လိုပင် ပြုမူနေပေသည်။

ရှုလင်၏ဝမ်းကွဲအစ်ကိုတစ်ယောက်အနေဖြင့် ရှုချန်းမှာတကယ်ပင်ဘာမှမတတ်နိုင်ဖြစ်နေခဲ့သည်။ သူသည်ကျိုးဟောင်အားတကယ်ပင်လေးစားကာ သူ၏ညီမဖြစ်သူကိုလည်းဂုဏ်ပြုပေးရန်အလွန်ဆန္ဒရှိခဲ့ပေသည်။ သို့သော် ကိစ္စများမှာစီစဥ်သလိုဖြစ်မလာခဲ့ပေ။

"ညီမလေး မင်းချူမြို့မှာလား ဘယ်တော့ပြန်လာမှာလဲ"

ရှုချန်းမှာအပြုံးတစ်ခုဖြင့်မေးလိုက်ရင် သူ၏အသံမှာအလွန်ချိုသာနေခဲ့သည်။

"နှစ်ရက်အတွင်းပြန်လာခဲ့မယ် ကျွန်မအဖေနဲ့အမေကိုလမ်းလျှောက်ဖို့အဖော်လုပ်ပေးချင်လို့"

ရှုလင်မှာပုံမှန်လိုပင်ပြောလိုက်သည်။

ထိုစကားအားကြားသောအခါ ရှုချန်းမှာသက်ပြင်းချကာခေတ္တမျှစဥ်းစားပြီးနောက်ပြောလာခဲ့သည်။

"ညီမလေး တကယ်တမ်းငါဒီစကားကိုပြောရတာတကယ်ကိုနည်းနည်းလူမဆန်ရာကျတယ် ဒါပေမဲ့ ပြောရမှာပဲ ကျိုးဟောင်ကသေသွားပြီ ဆိုပေမဲ့မင်းကအသက်ရှင်နေသေးတယ် မင်းတို့နှစ်ယောက်ကလက်မထပ်ရသေးသလိုလက်ထပ်မှတ်ပုံတင်လည်းမတင်ရသေးဘူး အများဆုံးမှမင်းတို့ကချစ်သူရည်းစားအဆင့်ပဲရှိတာ အခုသူသေသွားပြီ မင်းဘဝကိုဒီလိုမျိုးအလကားဖြုန်းတီးပစ်လိုက်လို့မရဘူးလေ မင်းလျှောက်ရမဲ့လမ်းကအရှည်ကြီးကျန်သေးတယ်"

ရှုချန်းမှာအစ်ကိုတစ်ယောက်၏ရှုထောင့်မှပြောလိုက်သည်။ သူပြောသည့်စကားများမှာတကယ်ကိုမမှားပေ။

ချစ်သူရည်းစားတစ်ယောက်ကြောင့် သူမလက်ထပ်ရမည့်ကိစ္စနှောင့်နှေးခြင်းအား ဘယ်အစ်ကိုမျှခွင့်ပြုနိုင်မည်မဟုတ်ပေ။

သို့သော် ရှုလင်မှပြောလာခဲ့သည်။

"အစ်ကို ကျွန်မသိပါတယ် ဒါပေမဲ့....ဒါကကျွန်မရဲ့ရွေးချယ်မှုပဲ ကျွန်မဘဝမှာတခြားတစ်ယောက်ကိုချစ်နိုင်တော့မယ်လို့မထင်ဘူး"

"ငါသိပါတယ် ညီမလေး ဒါပေမဲ့....တကယ်လို့မင်းတစ်ယောက်တည်းဆိုရင်တော့ ငါဘာမှမပြောပါဘူး ဒါပေမဲ့...မင်းလည်းသိတာပဲငါတို့မိသားစုမှာကိုယ်မတတ်နိုင်တဲ့ကိစ္စတွေမှအများကြီးပဲ ဥပမာပြောရရင်မင်းအစ်ကိုဖြစ်တဲ့ငါတောင် ငါသဘောကျတဲ့မိန်းကလေးကိုလက်မထပ်ခဲ့ရဘူး"

ရှုချန်းမှာသူ့ကိစ္စအားဥပမာပေးကာ သူ၏ညီမဖြစ်သူအားနားချလိုချင်ခြင်းဖြစ်သည်။

သို့သော်ရှုလင်မှာချက်ချင်းပင်ပြောလိုက်သည်။

"အစ်ကို.... ကျွန်မကအစ်ကိုမဟုတ်ဘူး"။

"ငါ....ငါသိပါတယ်....ညီမလေး အဘိုးကမနက်ဖြန်ကိုမင်းနဲ့တွေ့ချင်နေတယ် အဲဒါကြောင့်....မင်းပြန်လာသင့်တယ်"

ရှုချန်းမှာသက်ပြင်းချကာ ချက်ချင်းပြောလိုက်သည်။

ရှုလင်မှာသူ့စကားအားလျစ်လျူရှုကာ ဖုန်းချသွားခဲ့သည်။

သူမ၏မျက်လုံးတွင်မျက်ရည်များဖြင့်ပြည့်နေသော်ငြား သူမသည်မျက်ရည်စတို့အားညင်သာစွာသုတ်ပစ်လိုက်ကာ ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း ထမင်းစားဝိုင်းသို့ပြန်လာခဲ့သည်။

ဝမ်ရှုယွင်မှာ ရှုလင်၏ကိစ္စအား ရှုမိသားစုမှကြားထားပြီဖြစ်ကြောင်းတစ်ချက်ကြည့်ရုံဖြင့်သိပေရာ သူမနားလည်ပေသည်။

စားသောက်ကာဆေးကြောပြီးနောက် ဝမ်ရှုယွင်မှာ ရှုလင်အားကြည့်ကာပြောလိုက်သည်။

"လင်လင် သမီးရဲ့ဦးလေးနဲ့အဒေါ် မနက်ဖြန်အမျိုးတွေရဲ့အိမ်ကိုသွားလည်မလို့ နောက်၂ရက်လောက်ကြာမှအိမ်ကိုပြန်ရောက်မှာ သမီးလည်းအိမ်ပြန်သင့်တယ် ဪဟုတ်သားပဲ အ‌ဒေါ်ကျန်းယိတို့ကိုလိုက်ပို့ခိုင်းလိုက်မယ် သမီးကအလုပ်တွေနဲ့ရှုပ်နေတာ အဒေါ်တို့ပြန်လာမှလာလည်ပေါ့"

ဝမ်ရှုယွင်၏စကားဆုံးသောအခါ ရှုလင်မှာခဏမျှကြက်သေသေသွားခဲ့သည်။

"သမီးတို့မနက်ဖြန် ရှုခင်းသွားကြည့်ဖို့ပြောထားတာမဟုတ်ဘူးလား"

"ဟုတ်တယ် ဒါပေမဲ့ဝမ်းကွဲမောင်ကနေမကောင်းဖြစ်နေလို့"

ဝမ်ရှုယွင်မှာကျိုးရွှယ်ကောအားကြည့်လိုက်ရာ ကျိုးရွှယ်ကောသည်လည်းချက်ချင်းနားလည်လိုက်ပေသည်။

"သမီးသိပါပြီ ဒါဆိုသမီးအမေတို့ကိုကူပြီးသိမ်းဆည်းပေးမယ် တကယ်လို့အမေတို့တစ်ခုခုလိုအပ်ရင်ဘယ်လိုလုပ်မလဲ"

ရှုလင်မှ‌ပြုံးကာမေးလိုက်သည်။

"သမီးကူညီပေးစရာဘာမှသိပ်မရှိပါဘူး အဒေါ်တို့ကအားလုံးသာမန်လူတွေပဲ ပြီးတော့သမီးကစစ်ဆေးရေးမှူးတစ်ယောက် သမီးအလုပ်ရှုပ်နေမှတော့ ဒီမှာအချိန်ကုန်ခံမနေနဲ့တော့ လုပ်စရာရှိတာသွားလုပ်ပါ အဒေါ်တို့လည်းပစ္စည်းတွေသိမ်းဆည်းပြီးသွားတော့မှာ"

ဝမ်ရှုယွင်မှာချက်ချင်းပင်ပြောလိုက်သည်။ ထိုအခါမှရှုလင်မှာသက်ပြင်းချကာ ဘာမှမပြောဘဲထွက်သွားတော့သည်။

ရှုလင်ထွက်သွားသည့်အချိန်မှာပင် ဝမ်ရှုယွင်မှာငိုကြွေးလာခဲ့သည်။ ဤမြင်ကွင်းသည် ကျန်းယိ၊ ယွမ်ချန်း၊ ယွင်ယန်နှင့် ဖန်းယွီတို့အား မှင်တက်သွားစေခဲ့သည်။

"မွေးစားအမေ ဘာဖြစ်လို့လဲ"

ယွမ်ချန်းမှ‌မေးလိုက်သည်။

ဝမ်ရှုယွင်မှာ မျက်ရည်များအားသုတ်ကာ ယွင်ယန်၊ ဖန်းယွီ၊ ကျန်းယိနှင့် ယွမ်ချန်းတို့အားကြည့်လိုက်သည်။

"အဒေါ်မင်းတို့ကို အကူအညီတစ်ခုတောင်းချင်တယ်"

ထိုစကားအားကြားပြီးနောက် အားလုံးမှာခေတ္တမျှမှင်တက်သွားခဲ့ပြီးနောက် ခေါင်းညိတ်ပြလာခဲ့ကြသည်။

"ဘာများလဲ မွေးစားအမေပြောပါ ကျွန်တော်တို့ဘာလုပ်ပေးရမလဲ"

ဝမ်ရှုယွင်မှာသက်ပြင်းချကာပြန်ဖြေလာခဲ့သည်။

"အဒေါ်တို့ တခြားနေရာကိုပြောင်းချင်တယ် ဒီနေရာမှာမနေချင်တော့ဘူး ပြီးတော့လင်လင်ကိုမသိစေချင်ဘူး"

ထိုစကားတစ်ခွန်းဖြင့်ပင် အားလုံးမှာနားလည်လိုက်ကြသည်။

"မွေးစားအမေ အဖေ...."

ယွမ်ချန်းနှင့် ကျန်းယိမှာတစ်ခုခုပြောချင်သော်လည်း သူတို့၏ပါးစပ်များအားမဟနိုင်ကြပေ။

တစ်ဖက်တွင် ယွင်ယန်နှင့်ဖန်းယွီမှာသက်ပြင်းချလိုက်မိသည်။

ဝမ်ရှုယွင်မှာသူတို့အားလုံးကိုကြည့်ရင်းပြုံးကာပြောလိုက်သည်။

"မင်းတို့ကအားလုံးလိမ္မာကြတဲ့ကလေးတွေပါ မင်းတို့‌ဘေးနားမှာရှိတာအဒေါ်တို့တကယ်ပျော်ပါတယ် မင်းတို့ကျိုးဟောင်နဲ့ရှုလင်တို့ရဲ့သူငယ်ချင်းကောင်းတွေ မင်းတို့ရှုလင်ကိုကူညီပြီးနားချပေးကြပါဦး ဘယ်လိုပဲဖြစ်ဖြစ်အဒေါ်တို့သားလေးကသေသွားခဲ့ပြီ..."

ထိုစကားအားပြောသည့်အချိန်တွင် ဝမ်ရှုယွင်မှာငိုကြွေးနေပြီဖြစ်သည်။ ယွမ်ချန်းနှင့်အခြားလူများ၏မျက်လုံးများမှာလည်းနီရဲနေခဲ့ပြီး အားလုံးမှာဝမ်းနည်းနေခဲ့သည်။

"ရှုလင်ကမိန်းမကောင်းလေးတစ်ယောက်ပါ သူ့လိုမိန်းမကောင်းလေးတစ်ယောက်ကအဒေါ့်သားကြောင့်သူ့ဘဝကိုအဆုံးရှုံးခံလိုက်တာမျိုးအဒေါ်မမြင်ရက်ဘူး အဒေါ်တိုသူ့ကိုဘယ်တုန်းကမှအပြင်လူလို့သဘောမထားဘဲ အဒေါ်တို့ရဲ့သမီးအရင်းလေးလိုပဲသဘောထားခဲ့တာ အဒေါ့် ကိုပြော တကယ်လို့မင်းတို့မှာသာသမီးရှိခဲ့ရင် မင်းတို့ရဲ့သမီးကို သေသွားတဲ့လူတစ်ယောက်အတွက်နဲ့သူ့တစ်ဘဝလုံးမုဆိုးမလိုပုံစံနဲ့နေသွားခိုင်းနိုင်မှာလား"

"အဒေါ်တို့ဒီကိစ္စနဲ့ပတ်သက်ပြီး ရှုလင်ကိုအခါပေါင်းမနည်းပြောပြခဲ့ပြီးပြီ ပြောတိုင်းသူကစကားလမ်းကြောင်းလွှဲပစ်တယ် တကယ်လို့အဒေါ်တို့အရမ်းအလေးအနက်ထားပြောလိုက်ရင် သူငိုလိမ့်မယ်လို့တွေးပြီး အဒေါ်တို့မှာဆက်မပြောရက်ဘူး ဒါပေမဲ့ အဒေါ်တို့လုပ်ရပ်ကမှားနေတယ်ဆိုတာအဒေါ်သိတယ် အဲဒါကြောင့်...အဒေါ်တခြားနေရာကိုပြောင်းချင်တယ်"

ဝမ်ရှုယွင်မှာ ရှုလင်အားနားချရန်အားအများကြီးစိုက်ထုတ်ခဲ့ပြီးပြီဖြစ်သည်။ ယွင်ယန်၊ ဖန်းယွီနှင့်အခြားလူများသည်လည်း ဤအချက်အာသိလည်းသိသလိုနားလည်းနားလည်ပေသည်။

"ဒေါ်လေးစိတ်ချပါ ကျွန်မတို့နားလည်ပါတယ် ဒီကိစ္စကျွန်မတို့ကူညီပေးမယ်"

ယွင်ယန်နှင့်ဖန်းယွီမှာအချင်းချင်းကြည့်ပြီးပြောလိုက်သည်။

ရှုလင်မှာသူမတို့သူငယ်ချင်းဖြစ်သလို ကျိုးဟောင်သည်လည်းအတူတူပင်။ ဤသို့လုပ်ခြင်းသည်ကျိုးဟောင်အတွက်တကယ်ကိုမတရားဘူးဆိုသော်ငြား ၎င်းသည်အမှန်ပင်ဖြစ်သည်။

သေဆုံးသွားပြီဖြစ်သောသူသည် အသက်ပြန်ရှင်မလာနိုင်တော့ပေ။

ညရောက်သောအခါ အားလုံးမှာအိတ်မျာအားထုပ်ပိုးကာ ညတွင်းချင်းပင်ထွက်လာခဲ့ကြသည်။

သူတို့သည်ယခင်ကအနီရောင်မဟူရာချောက်နက်ရှိသော တစ်ရာမြို့သို့ရောက်ရှိလာခဲ့သည်။

ဤနေရာနေရာအနှံ့မှလူဆိုးများ၊သိုင်းပညာရှင်များနှင့် ပြည့်နှက်နေခဲ့သောနေရာဖြစ်ခဲ့ဖူးသော်ငြား ကျိုးဟောင်နှင့်အခြားလူများ၏ဦးဆောင်မှုနှင့် ယွမ်ချန်းနှင့်ကျန်းယိတို့၏ဖိအားပေးမှုတို့ကြောင့် သက်သောင့်သက်သာနေရာတစ်ခုဖြစ်လာခဲ့သည်မှာကြာလှပြီဖြစ်သည်။

ထို့အပြင် ဤနေရာရှိလူအားလုံးမှာကျိုးဟောင်အားသူတို့၏စံပြပုဂ္ဂိုလ်ကဲ့သို့သဘောထားကြပေသည်။ ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်မှာကျိုးဟောင်၏မိဘများဖြစ်ကြောင်းသိလိုက်ချိန်တွင် အားလုံးမှာသူတို့အားကောင်းကောင်းဂရုစိုက်ကြပေသည်။

အထူးသခြင့် တစ်ရာမြို့လက်ရှိစစ်သေနာပတိချုပ်အိမ်တော်၏လက်ရှိစစ်သေနာပတိချုပ်မှာ ပို၍ပင်ယဥ်ကျေးပေသည်။

ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်တို့သည်လည်းဤနေရာအားရောက်လာချိန်တွင် ဝမ်းနည်းဝမ်းသာခံစားချက်ဖြင့်သက်မသာချမိတော့သည်။

သို့သော်ရှုလင်မှာ ဤကိစ္စများအားတစ်ခုမှမသိပေ။

တစ်ချိန်တည်းမှာပင်ဥရောသမဂ္ဂမှပညာရှင်များသည်လည်း ချူမြို့သို့တိတ်တဆိတ်ရောက်ရှိလာခဲ့သည်။

၎င်းတို့သည်စစ်နတ်ဘုရားတပ်ရင်း၏အိမ်ယာဧရိယာသို့ပင်ရောက်လာခဲ့သည်။

သို့သော်၎င်းတို့ညအချိန်တွင်ကျိုးဟောင်၏အိမ်အားတိတ်တဆိတ်ခိုးဝင်လာခဲ့ချိန်၌ ဤနေရာတွင်ဘာမျှမရှိတော့ကြောင်းကိုသိလိုက်ရသည်။

....................................................................................

All Chapters