ပြောင်းလဲမှု
Vol. 48 Ch. 712
ကျိုးဟောင်မှာဤကိစ္စများအားတစ်ခုမှမသိပေ။ လက်ရှိအချိန်တွင်သူသည်လပေါ်တွင်ရှိနေခဲ့ပြီး လပေါ်မှသတ္တုရိုင်းများအားဝါးမျိုနေခဲ့သည်။ ထို့နောက် ရုတ်တရက် အဝေးမှအက်ကွဲသံများအားကြားလိုက်ရသည်။
ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားခဲ့ပြီးနောက် အဝေးသို့ကြည့်လိုက်ရာ ရုတ်တရက်ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုအားမြင်လိုက်ရသည်။
အဝေးရှိမြေကြီးထဲမှ ကြွတက်လာသည့်ခံစားချက်မျိုးရုတ်တရက်ရလာခဲ့သည်။
ခေတ္တမျှကြာပြီးနောက် ထိုခံစားချက်မှာပိုမိုပြင်းထန်လာခဲ့ပြီး ပတ်ဝန်းကျင်မြေပြင်မှာအဆက်မပြတ်တုန်ခါလာခဲ့သည်။
ကျိုးဟောင်မှာ မျက်လုံးများအားမှေးကျဥ်းကာ အလွန်အမင်းသတိထားသည့်ပုံဖြင့်ကြည့်နေခဲ့ချိန်တွင် ရုတ်တရက် အဝေးရှိမြေပြင်မှာရုတ်တရက်ပေါက်ကွဲထွက်လာသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်ကြီးမားသောလက်တံကြီးတစ်ချောင်းထွက်ပေါ်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အပ်အရွယ်အစားဆူးချွန်များဖြင့်ပြည့်နှက်နေခဲ့သည်။
၎င်းမှာကြီးမားသောကင်းခြေများကြီးတစ်ကောင်နှင့်တူသော်ငြား ၎င်း၏ခန္ဓာကိုယ်မှာအလွန်ကြီးမားလှပြီး အလွန်စွမ်းအားကြီးပုံပေါ်ပေသည်။
ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ လပေါ်တွင်မည်သည့်သက်ရှိမျှမရှိဟုဖားပြောခဲ့ကြောင်းကို ကျိုးဟောင်ရှင်းရှင်းလင်းလင်းမှတ်မိနေပေသည်။
"ဒါကဂက်စ်ဂက်လို့ခေါ်တဲ့စကြဝဠာက မိစ္ဆာပဲ အဲဒီသတ္တဝါဒီမှာရှိနေလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး"
ဖားမှချက်ချင်းပင်ပြောလိုက်သသည်။
"ချီးပဲ ဒီနေရာမှာမိစ္ဆာတွေမရှိဘူးလို့ခင်ဗျားပဲပြောခဲ့တာမဟုတ်ဘူးလား"
ကျိုးဟောင်မှာမနေနိုင်ဘဲပြောလိုက်သည်။
"အာ...ငါ့အထင်တော့ လကဒီလောက်ကြီးတော့ ငါတို့အပြည့်အဝမစစ်ဆေးနိုင်လိုက်တာထင်တယ်"
ဖားမှာရှက်ရွံ့စွာဖြင့်ပြောလာခဲ့သည်။
"ဘယ်လိုအမှိုက်မျိုးက ငါတို့လပေါ်ကိုခိုးဝင်လာပြီး ငါတို့ပိုင်နက်ကိုကျူးကျော်သည့်အပြင် ငါတို့ပစ္စည်းတွေကိုခိုးရဲတာလဲ"
ထိုအချိန်တွင် ဂက်စ်ဂက်ဟူသောသတ္တဝါမှာ ရုတ်တရက်ဒေါသတကြီးအော်ဟစ်လာခဲ့သည်။ ၎င်း၏မျက်လုံးများတွင်ပြင်းထန်သောသတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့်ပြည့်နေခဲ့ပြီး ကျိုးဟောင်အားသွေးနီရောင်မျက်လုံးများဖြင့်စိုက်ကြည့်နေခဲ့သည်။
၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်ရှိအငွေ့အသက်မှာ အလွန်အမင်းပြင်းထန်နေခဲ့ပြီး ကြောက်စရာကောင်းသည့်အငွေ့အသက်မှာလုံးဝအသက်ဝင်လာခဲ့သည်၊၊
ဂက်စ်ဂက်မှာ၎င်း၏ရှည်လျားသောလက်တံနှစ်ခုအားဝေ့ယမ်းလိုက်ရာ အလွန်ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိကျောက်တုံးများမှာ ဂက်စ်ဂက်၏ လက်ချက်ကြောင့်ပျက်စီးသွားပြီး များစွာသောကျောက်တုံးများမှာ ထူထပ်သောအငွေ့များဖြင့်ရောနှောကာပေါက်ကွဲထွက်သွားခဲ့သည်။
ကြီးမားသောအားတစ်ခုကြောင့် ကျောက်တုံးကြီးတစ်တုံးမှာလွင့်ပျံလာခဲ့ပြီးနောက် ၎င်းမှာကျိုးဟောင်ရှိရာသို့အမြောက်ဆံတစ်ခုကဲ့သို့ပြေးဝင်လာခဲ့သည်။
ဝုန်း.... ဝုန်း.....
ရုတ်တရက်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းမှာကျိုးဟောင်အားလျင်မြန်စွာတိုက်ခိုက်လာခဲ့သည်။
ကျိုးဟောင်မှာ ဂက်စ်ဂက်၏လှုပ်ရှားမှုများအားသိသိသာသာခံစားမိပေရာ လျင်မြန်စွာပင်တုံ့ပြန်လာခဲ့သည်။
ကျိုးဟောင်မှာယခုအချိန်တွင် အာကာသသားရဲနှင့်ပေါင်းစပ်သွားပြီဖြစ်သော်ငြား သူ၏အာရုံခံစားမှုနှင့် တုံ့ပြန်မှုအရှိန်မှာလုံးဝမလျော့သွားခဲ့ဘဲ ပို၍ပင်အားကောင်းလာခဲ့သည်။
ကျိုးဟောင်၏အမြန်နှုန်း နှင့်တုံ့ပြန်မှုမှာအလွန်မြန်ဆန်လှပေရာ ထိုသတ္တဝါ၏တိုက်ခိုက်မှုအား ချက်ချင်းနီးပါးပင်ရှောင်လိုက်နိုင်ခဲ့သည်။
သူ၏လှုပ်ရှားမှုမှာ တကယ်ပင်ကျိုးဟောင်အားဘာမှမလုပ်နိုင်သည်ကိုမြင်သောအခါ တစ်ဖက်လူမှာချက်ချင်းပင်အလွန်ဒေါသထွက်လာခဲ့သည်။
၎င်းမှာရုတ်တရက်၎င်း၏သွေးဆာနေသောပါးစပ်ကြီးအားဟကာ ကောင်းကင်သို့မော့ပြီးဒေါသတကြီးအော်ဟစ်လိုက်သည်။ ထို့နောက်ကျိုးဟောင်ရှိရာဘက်သို့ မီးတောက်များအားပါးစပ်ဖြင့်အပြည့် ကြမ်းတမ်းစွာမှုတ်ထုတ်လိုက်သည်။
"သေစမ်း သူ့မှာတကယ်ကိုဒီလိုစွမ်းရည်မျိုးရှိနေတာပဲ"
ကျိုးဟောင်မှာဤမြင်ကွင်းအားမြင်သောအခါ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ ထို့နောက်သူသည်လျင်မြန်စွာပင်ညာဘက်သို့ခုန်ရှောင်လိုက်သည်။
ဘုန်း.....ဝုန်း....
ပေါက်ကွဲသံတစ်ခုမှာချက်ချင်းပင်ပေါက်ကွဲထွက်လာခဲ့ပြီးနောက် မြေပြင်ပေါ်တွင်အလွန်ကြီးမားသောတွင်းကြီးတစ်ခုချက်ချင်းပေါ်လာခဲ့သည်။
ကျိုးဟောင်မှာ မီးဘောလုံး၏ဒဏ်ကြောင့်ဖြစ်ပေါ်လာသည့်သူ့ရှေ့မနီးမဝေးရှိ တစ်မီတာမျှနက်သည့်တွင်းကြီးအားကြည့်ကာ ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။
ဤဂက်စ်ဂက်သည်ဤမျှလောက် စွမ်းအားကြီးမည်ဟုသူမထင်ထားခဲ့ပေ။
တွင်းနက်ကြီးမှ အမဲရောင်အငွေ့များထွက်ပေါ်နေဆဲဖြစ်ပြီး မီးဘောလုံး၏အကြွင်းအကျန်များမှာ အတွင်းရှိမြေပြင်တွင်လောင်မြိုက်နေဆဲဖြစ်ပေရာ အချင်းဝက်တစ်မီတာအတွင်းရှိလေထုပင်လောင်ကျွမ်းနေသကဲ့သို့ ကျိုးဟောင်မှာခံစားလာရသည်။
အား...
ရုတ်တရက် အဝေးမှအော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
ကျိုးဟောင်မှာခေါင်းအားမော့ကာအော်ဟစ်လိုက်သည်။ မူလကဒေါသတကြီးဖြစ်နေခဲ့သောဂက်စ်ဂက်မှာရုတ်တရက်ရပ်တန့်သွားခဲ့သည်။
၎င်းသည် ကျိုးဟောင်၏အော်သံမှာယခုလိုစွမ်းအားကြီးသောစွမ်းအားမျိုးဖြင့်ပေါက်ကွဲထွက်လာမည်ဟုမထင်ထားခဲ့ပေ။
ယခုလိုမြင်ကွင်းမှာချက်ချင်းပင် ဂက်စ်ဂက်မှာ ကျိုးဟောင်အားအထင်မသေးဝံ့ဖြစ်သွားစေခဲ့သည်။ ဖြစ်နိုင်သည်မှာ၎င်းသည် မူလကကျိုးဟောင်သူ့ပိုင်နက်အားဝင်ရောက်လာချိန်တွင် သေချာပေါက်ဤကိစ္စအားဖြေရှင်းနိုင်သည်ဟု ခံစားရခဲ့ခြင်းဖြစ်လောက်သည်။
သို့သော်ယခု ကျိုးဟောင်၏အော်သံအားမြင်လိုက်ရချိန်တွင် ၎င်းမှာချက်ချင်းပင်ရှေ့တစ်လှမ်းဆက်မတိုးရဲသည်အထိကြောက်ရွံ့သွားခဲ့သည်။
"ဒီကောင်ရဲ့စွမ်းရည်ကငါ့ထက်မမြင့်လောက်ဘူး သူ့ကိုဖြေရှင်းရတာငါ့အတွက်အရမ်းလွယ်လိမ့်မယ်"
ကျိုးဟောင်မှာမျက်လုံးများအားမှေးကျဥ်းလိုက်ရင်း ရှေ့မှမြင်ကွင်းအားကြည့်ကာခပ်ဟဟရယ်မောလာခဲ့သည်။ ထို့နောက်သူသည်ဂုဏ်ယူစွာဖြင့်ပြုံးလာခဲ့သည်။
"မင်းရဲ့စွမ်းအားကမဆိုးမှတော့ အသတ်ခံရတာထက်စာရင် ငါ့ဆီမှာအစားခံလိုက်ရတာကမင်းအတွက်ပိုကောင်းတယ် ဒါကငါ့ရဲ့စွမ်းအားကိုလည်းတိုးစေနိုင်လိမ့်မယ်"
ကျိုးဟောင်မှာ ပြုံးကာပြောလိုက်သည်။ ထို့နောက် သူနှင့်မနီးမဝေးတွင်ရပ်နေသောဂက်စ်ဂက်အားစိုက်ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင်လည်းတည်ငြိမ်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။
၎င်းမှာ အလွန်အမင်းအရသာရှိသည့်စားကောင်း သောက်ဖွယ်တစ်ခုအား ကြည့်နေရသလိုပင်ဖြစ်သည်။
ကျိုးဟောင်သူ့ရှေ့ရှိဂက်စ်ဂက်အားစိုက်ကြည့်နေသည့်အချိန်တွင်း ဂက်စ်ဂက်သည်လည်းကျိုးဟောင်အားစူးစမ်းရင်းသေချာကြည့်နေခဲ့သည်။
ဂက်စ်ဂက်၏အာရုံခံစားမှုအရ ဤအာကာသသားရဲမှာတကယ်ပင်၎င်းအတွက်အတော်လေးခြိမ်းခြောက်နိုင်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိပေသည်။
သို့သော်ယခုတစ်ဖက်လူသည် ၎င်း၏ပိုင်နက်ရှေ့တွင်မတ်တပ်ရပ်နေခဲ့သည်။ အကယ်၍ ၎င်းသာသူရဲဘောကြောင်နေပါက ထိုလူမှာသူ့အားအထင်သေးသွားမည်မဟုတ်ပေလော။
ဂါး......
ဂက်စ်ဂက်မှာ ရုတ်တရက်ပြင်းထန်စွာအော်ဟစ်လိုက်သည်။ ထို့နောက် ၎င်းသည်၎င်း၏သွေးဆာနေသောပါးစပ်အားဖွင့်ကာ အော်ဟစ်လိုက်ပြီး ကျိုးဟောင်အားခြိမ်းခြောက်လိုသည်အမူအရာဖြင့်ကြည့်လိုက်သည်။
“မီးတောက်ဘောလုံး”
ဂက်စ်ဂက်မှာ၎င်း၏ပါးစပ်အားထပ်မံဟကာအော်ဟစ်လိုက်ပြီးနောက် ပါးစပ်ထဲတွင်အလွန်ကြီးမားသောမီးဘောလုံးအားဖန်တီးလာခဲ့သည်။
ဤမီးဘောလုံးမှာ ကိုယ်ပိုင်အသိစိတ်ရှိသယောင်ထင်ရပြီး ကျိုးဟောင်ထံလျင်မြန်စွာပြေးဝင်လာခဲ့သည်။
ဝုန်း...ဝုန်း...ဝုန်း...
မီးဘောလုံးအားပါးစပ်ထဲမှပစ်လွှတ်လိုက်သည့်အချိန်တွင် အလွန်ပူပြင်းသည့်ခံစားချက်မှာပတ်ဝန်းကျင်မှကောင်းကင်တွင်ထွက်ပေါ်လာခဲ့သည်။
ဤမီးတောက်မှာ ပတ်ဝန်းကျင်လေထုကိုပင်လောင်ကျွမ်းစေပြီး မသက်မသာခံစားချက်အားခံစားရစေပေသည်။
ယခုတစ်ကြိမ်တွင် ဂက်စ်ဂက်၏ပါးစပ်မှပစ်လွှတ်လိုက်သောမီးဘောလုံးမှာ အဝေးမှကျိုးဟောင်ထံပြေးဝင်လာပြီး ရပ်တန့်သွားခြင်းမရှိပေ။
ကျိုးဟောင်မှာအလွန်လျင်မြန်လှပေရာ ဤမီးဘောလုံး၏တိုက်ခိုက်မှုများအားအလွယ်တကူပင်ရှောင်တိမ်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် မမျှော်လင့်ထားသည့်ကိစ္စတစ်ခုဖြစ်လာခဲ့သည်။ ဂက်စ်ဂက်မတုံ့ပြန်နိုင်သေးခင်မှာပင် ကျိူးဟောင်မှာလျင်မြန်စွာပင် ထိုသတ္တဝါထံပြေးဝင်လာခဲ့ပြီး ရုတ်တရက် ၎င်၏ခေါင်းနှင့်ခန္ဓာကိုယ်အားပြင်းထန်စွာတိုက်ခိုက်လိုက်သည်။
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ဂက်စ်ဂက်မှာချက်ချင်းပင်ဝမ်းဗိုက်သို့တိုက်ခိုက်ခံလိုက်ရပြီး ၎င်း၏တစ်ကိုယ်လုံးမှာလျင်မြန်စွာပင်နောက်ဆုတ်သွားခဲ့သည်။
ဂါး.....
ဒေါသတကြီးအော်ဟစ်သံတစ်ခုမှာချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။ ဂက်စ်ဂက်၏တုံ့ပြန်မှုသည်လည်းမြန်သော်ငြား ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြောင့် ၎င်း၏လှုပ်ရှားမှုများမှာ ချက်ချင်းပင်အရှိန်အများကြီးလျော့သွားခဲ့ပေသည်။
တိုက်ခိုက်ခံရမှုကြောင့် ၎င်း၏အရေပြားပေါ်တွင် အရာများစွာကျန်ရစ်ခဲ့သည်။
"မိစ္ဆာတစ်ကောင်ရဲ့အရေခွံကဒီလောက်မာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ထိုမြင်ကွင်းအားကြည့်ပြီး ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်မိသည်။
....................................................................................