စွမ်းအား
Vol. 48 Ch. 713
သူ၏လက်ရှိစွမ်းအားနှင်အဆင့်မှာ ကြီးမားစွာတိုးတက်သွားပြီဖြစ်သည်။ လက်ရှိစွမ်းအားအရဆိုပါက အကယ်၍ထိုသားရဲတွင်ယခုလိုမာကျောသောအရေခွံမျိုးမရှိပါက ကျိုးဟောင်မှာသူ၏လက်သည်ဖြင့်တစ်ဖက်လူ၏ အရေခွံနှင့်အသားအား လွယ်လင့်တကူခွာပစ်နိုင်ပေသည်။
ဂက်စ်ဂက်သည်လည်းကျိုးဟောင်၏တိုက်ခိုက်မှုကြောင့် ခံစားလိုက်ရပေသည်။ အထူးသဖြင့် ၎င်း၏အားအနည်းဆုံးဧရိယာဖြစ်သည့်မျက်နှာပင်ဖြစ်သည်။
၎င်း၏မျက်လုံးထောင့်မှာ ကျိုးဟောင်၏ကြီးမားသောလက်သည်းကြောင့် ပဲ့သွားပြီး သွေးများစွာစီးကျနေပေရာ ကြည့်ရသည်မှာဆိုးလှပေသည်။
ဟူး.....
ထိုအချိန်၌ သားရဲမှာခြိမ်းခြောက်နိုင်သည့်ခံစားချက်အားခံစားလိုက်ရပြီး မျက်လုံးထဲတွင်ကြောက်ရွံ့နေသောအရိပ်အယောင်များဖြတ်ပြေးသွားကာ ကျိုးဟောင်အားထိတ်လန့်တကြားကြည့်လာခဲ့သည်။
မျက်လုံးထောင့်ရှိစူးရှနေသောနာကျင်မှုမှာ တောက်လောင်နေသောသံလက်မလိုပင် သားရဲ၏အသက်ရှူသံအားတဖြည်းဖြည်းပြင်းထန်လာစေသည်။
မူလက သားရဲသည်ကျိုးဟောင်အားဖြေရှင်းရန်ဆုံးဖြတ်ချက်ချထားခဲ့ခြင်းဖြစ်ပြီး ယခု၎င်းမှာကျိုးဟောင်၏လက်ချက်ဖြင့်ဒဏ်ရာရသွားခဲ့ပေရာ ၎င်း၏အတွေးသည်အလွန်တုံးအခဲ့ကြောင်းကိုသဘောပေါက်လိုက်ပေသည်။
အစောပိုင်းကကျိုးဟောင်တိုက်ခိုက်လိုက်သောတိုက်ခိုက်မှုသည် ၎င်းအားချက်ချင်းပင်ကျိုးဟောင်ကိုဆက်ပြီးမခုခံရဲတော့သည်အထိဖြစ်သွားစေခဲ့သည်။
သားရဲမှာကျိုးဟောင်၏လှုပ်ရှားမှုမှ အန္တရာယ်များသည့်ခံစားချက်အားခံစားမိလိုက်သည်။
အကယ်၍ ဤပုံအတိုင်းဆက်သွားနေပါက ၎င်းသည်ကျိုးဟောင်၏လက်ချက်ဖြင့် သေဆုံးသွားနိုင်ချေများပေသည်။
အကယ်၍ ၎င်းမှာဤနေရာတွင်တကယ်သေသွားခဲ့ပါက လုံးဝပြီးဆုံးသွားမည်ဖြစ်သည်။
ထိုသို့တွေးရင်း သားရဲမှာချက်ချင်းပင်နောက်လှည့်ကာ တွေဝေမှုမရှိဘဲထွက်ပြေးရန်ပြင်လိုက်သည်။
"ဟဟ မင်းအခုမှပြေးဖို့က အရမ်းနောက်ကျသွားလောက်ပြီ"
ကျိုးဟောင်မှာသရော်ပြုံးပြုံးလိုက်ပြီး ခေတ္တမျှကြာပြီးနောက် သူသည်တစ်ဖက်လူ၏နောက်သို့လျင်မြန်စွာလိုက်သွားခဲ့သည်။
ယနေ့တွင် မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာဤသားရဲအားသေချာပေါက်ဝါးမျိုမည်ဖြစ်သည်။
ကျိုးဟောင်မှာအာကာသသားရဲနှင့် အပြည့်အဝမပေါင်းစပ်ရသေးပေရာ လက်ရှိအချိန်တွင်မည်သည်ဗျူဟာကိုမျှမသိသေးပေ။ သို့သော် အကယ်၍ ဆက်တိုက်နေပါက သားရဲမှာအနှေးနှင့်အမြန်ချက်ချင်းသတ်ခံရမည်ဖြစ်သည်။
သားရဲမှာထိုအချက်အားနားလည်လိုက်ပြီးနောက် ၎င်း၏မျက်လုံးများတွင်ချက်ချင်းပင်အလွန်အမင်းထိတ်လန့်နေသည့်အရိပ်အယောင်တို့ဖြင့်ပြည့်နှက်သွားခဲ့သည်။
၎င်းမှာလွှားခနဲခုန်ကျော်ပြီး လျင်မြန်သောအရှိန်ဖြင့် ရှေ့သို့ပြေးနေပေသည်။
ရုတ်တရက်ကျိုးဟောင်၏အမူအရာမှာအလွန် မှောင်ရိပ်သန်းလာခဲ့သည်။ ထို့နောက်သူသည်ဒေါသတကြီးဖြင့် တစ်ဖက်လူ၏နောက်သို့လျင်မြန်စွာလိုက်တော့သည်။
ကျိုးဟောင်မှာပေါင်းစပ်မှုမပြီးသေးသော်ငြား သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားနှင့်အကြမ်းခံနိုင်မှုမှာ အဆင့်တစ်ခုအထိရောက်နေပြီဖြစ်သည်။ အကယ်၍စွမ်းအားကုန်ထုတ်သုံးလိုက်ပါက သူ့အားလျှော့တွက်လို့ရမည်မဟုတ်ပေ။
ယခုတစ်ကြိမ်တွင်သားရဲသည်လည်းအန္တရာယ်အားသိသိသာသာခံစားမိပေရာ ၎င်း၏အသက်ရှူသံမှာမြန်လာခဲ့ပြီးနောက် ကျိုးဟောင်အားတိုက်ခိုက်ပြီး အဝေးသို့ရူးသွပ်စွာထွက်ပြေးသွားခဲ့သည်။
သို့သော်ကျိုးဟောင်၏အမြန်နှုန်းမှာ ထိုမျှလောက်မရိုးရှင်းပေ။
ထို့အပြင်သူသည် သားရဲ၏တိုက်ခိုက်မှုအားအလွယ်တကူရှောင်နိုင်ပေသည်။ ခေတ္တမျှကြာပြီးနောက် ကျိုးဟောင်မှာသားရဲ၏နောက်သို့လျင်မြန်စွာလိုက်သွားပြီး ၎င်း၏ကျောကုန်းအားဖမ်းဆွဲထားလိုက်သည်။
သားရဲ၏အရေခွံမှာ အလွန်ကြမ်းတမ်းကာမာကြောသောငြား ကျိုးဟောင်၏လက်ရှိခန္ဓာကိုယ်ဖြင့်ဆိုပါက သူ့စွမ်းအားအားအထင်သေးလို့မရပေ။ ကျိုးဟောင်မှာသားရဲ၏နောက်ကျောရှိအရေခွံနှင့်အသားအားအလွယ်တကူဆုတ်ဖြဲပစ်နိုင်ပေသည်။
ဂက်စ်ဂက်မှာရုတ်တရက်အော်ဟစ်လိုက်ကာ ဒေါသတကြီးမတ်တပ်ရပ်လာခဲ့ပြီးနောက်သို့ပြန်လှည့်လာကာ ကျိုးဟောင်နှင့်အသေအကျေတိုက်ရန်ပြင်လိုက်သည်။
ကျိုးဟောင်မှာမူဂရုမစိုက်ပေ။ သူသည်ခုန်လိုက်ပြီးအရှိန်မှာလည်းအလွန်လျင်မြန်လှပေရာ လျှပ်စီးကြောင်းတစ်ခုပမာပင် သားရဲ၏ခေါင်းဆီသို့လျင်မြန်စွာပြေးဝင်သွားခဲ့သည်။
ကျိုးဟောင်၏လက်သည်းနှစ်ခုမှ ချက်ချင်းပင်ဂက်စ်ဂက်၏ပခုံးသို့ဆုပ်ကိုင်လိုက်ပြီး အလွန်အားကြီးသည့်စွမ်းအားတစ်ခုမှာရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ သွေးနီရောင်မိုးတို့မှာချက်ချင်းပင်ကောင်းကင်ပေါ်မှရွာချလာခဲ့သည်။
သားရဲမှာနာကျင်စွာအော်ဟစ်လိုက်ပြီး ၎င်းမတုံ့ပြန်နိုင်သေးခင်မျာပင် ချက်ချင်းပင်ကျိုးဟောင်ထံမှအပိုင်းပိုင်းဆွဲဖြဲခံလိုက်ရသည်။
ကျိုးဟောင်မှာမြေပြင်ပေါ်တွင် မြဲမြဲရပ်နေပြီးနောက်ခေါင်းငုံ့ကာ သူဆွဲဖြဲထားခဲ့သောသားရဲအားကြည့်ပြီး မျက်နှာပေါ်တွင်ကျေနပ်သည့်အပြုံးတစ်ခုပေါ်လာခဲ့သည်။
"ဒီတော့ ဒါကမင်းပိုင်နက်ဖြစ်တော့ရောဘာဖြစ်လဲ အဆုံးကျငါမင်းကိုသတ်လိုက်တာပဲမဟုတ်ဘူးလား"
ကျိုးဟောင်မှာမြေပြင်ပေါ်ရှိအပိုင်းပိုင်းဖြစ်နေသောဂက်စ်ဂက်အားကောက်ယူပြီး ပါးစပ်ဟကာဝါးမျိုပစ်လိုက်သည်။
ထိုသားရဲအားဝါးမျိုပြီးချိန်တွင် သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအား၊ ခံနိုင်ရည်နှင့ စွမ်းအားများမှာသိသိသာသာတိုးလာကြောင်း ကျိုးဟောင်မှာချက်ချင်းခံစားမိလိုက်သည်။
သို့သော်ကျိုးဟောင် ဤစွမ်းအားအားအသုံးပြုကာဆက်လက်ပေါင်းစပ်တော့မည့်ဆဲဆဲမှာပင် ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိမြေပြင်မှာပေါက်ကွဲထွက်လာပြီး ပြင်းထန်စွာတုန်ခါလာခဲ့သည်မှာ သားရဲပေါင်းများစွာမြေကြီးထဲမှတိုးထွက်လာရန်ကြိုးစားနေသလိုပင်။
ထိုမြင်ကွင်းအားကြည့်ပြီး ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်သတိအနေအထားဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်အားဝေ့ကြည့်ကာ နောက်သို့ခြေလှမ်းအနည်းငယ်မျှဆုတ်လိုက်ပြီး ထိုအရာများနှင့်အကွာအဝေးအားခြားရန်ကြိုးစားလိုက်သည်။
သို့သော်နောက်တစ်စက္ကန့်တွင် ထိတ်လန့်စရာကိစ္စတစ်ခုဖြစ်လာခဲ့သည်။
သူ့ရှေ့တွင် ကြီးမားပြီးကြမ်းကြုတ်သောသားရဲတစ်အုပ်ပေါ်လာရုံသာမက သူ့နောက်ရှိနေရာတွင်လည်းယခုလိုပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အလွန်ပြင်းထန်သောတုန်ခါမှုတစ်ခုမှာကီလိုမီတာပေါင်းများစွာအထိပျံ့နှံ့လာခဲ့သည်။
ပြောင်းလဲမှုအားခံစားမိပြီးနောက် ပတ်ဝန်းကျင်ရှိအငွေ့အသက်မှာကျယ်လောင်သောအသံတစ်ခုနှင့်ပေါက်ကွဲထွက်လာခဲ့ပြီး ချက်ချင်းပင်အရွယ်အစားအမျိုးမျိုးနှင့်မိစ္ဆာများစွာမှာ သူတို့နောက်မှလျင်မြန်စွာလိုက်လာခဲ့သည်။
ထိုမြင်ကွင်းအားကြည့်ပြီးနောက် ဤမိစ္ဆာများမှာအားလုံးမြေအောက်ထဲတွင်ပုန်းကွယ်နေကြောင်းသိလိုက်ရပြီး ထိတ်လန့်သွားခဲ့သည်။
ယခင်ကသူမြင်ခဲ့ရသည့်အရာသည် ရေခဲထုကြီး၏ထိပ်စွန်းပိုင်းလေးသာဖြစ်ပြီး ဤနေရာတွင်မိစ္ဆာမည်မျှရှိကြောင်းကိုယခုတိုင်မသိရသေးပေ။
ဤနေရာသို့ရောက်လာခြင်းသည် ကိစ္စကောင်းတစ်ခုတော့မဟုတ်နိုင်ပေ။
ခေတ္တမျှကြာပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူအရင်ဆုံးထွက်ပြေးရပေမည်။
မကြာမီ ကြီးမားသောအာကာသသားရဲတစ်ကောင်မှာအဝေးတစ်နေရာသို့အလွန်လျင်မြန်သည့်အရှိန်နှုန်းဖြင့်ထွက်ပြေးနေခဲ့သည်။
ကျိုးဟောင်မှာအန္တရာယ်အားခံစားမိပေသည်။ အကယ်၍ဤနေရာတွင် ပုန်းကွယ်နေသောမိစ္ဆာသားရဲတစ်ကောင် သို့မဟုတ် နှစ်ကောင်မျှသာရှိပါက ၎င်းတို့အားအလွယ်တကူသတ်နိုင်သည်ဟုကျိုးဟောင်ယုံကြည်ချက်ရှိပေသည်။ သို့သော်ယခုအချိန်တွင် အကောင် ၃၀ ၄၀ မကရာနှင့်ချီသည့်မိစ္ဆာအုပ်လိုက်ပေါ်လာချိန်တွင် ကျိုးဟောင်ထံ၌အနိုင်ရနိုင်သည့်အခွင့်အရေးမရှိတော့ပေ။
ဤအချက်အားသဘောပေါက်လိုက်ချိန်တွင် ကျိုးဟောင်မှာလျင်မြန်စွာနောက်လှည့်ပြီး ရူးသွပ်စွာထွက်ပြေးတော့သည်။
မမျှော်လင့်ထားစွာပင် သူ့နောက်ရှိမိစ္ဆာများမှာ သွားရှုပ်လို့မရသည့်မိစ္ဆာများဖြစ်ပေသည်။
ကျိုးဟောင်ထွက်ပြေးရန်စီစဥ်နေကြောင်းသိလိုက်ရချိန်တွင် ၎င်းတို့မှာသူ့နောက်မှလျင်မြန်စွာလိုက်လာခဲ့ပြီး သူ့အားတားရန်ကြိုးစားလာကြသည်။
ကျိုးဟောင်မှာထိတ်လန့်သွားပြီး ချက်ချင်းပင်ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။ မထင်မှတ်ထားစွာပင် ဤမိစ္ဆာများမှာသူ့ထက်ပင်ပို၍မြန်ကာ ခြေလှမ်းအနည်းငယ်အတွင်း သူ့အရှိန်အားမှီလာခဲ့သည်။
....................................................................................