← Chapters

ပေါင်းစပ်ခြင်း

Vol. 48 Ch. 714

ပေါင်းစပ်ခြင်း

Vol. 48 Ch. 714

ဤမိစ္ဆာများ၏အမြန်နှုန်းမှာတိုးလာပြီး သူနှင့်နီးသထက်နီးလာသည်ကိုမြင်လိုက်ရသောအခါ ကျိုးဟောင်မှာသူ့ထံသို့ရောက်လာသည့်သိသာသည့်ဖိအားတစ်ခုအားခံစားလိုက်ရသည်။

ဤခံစားချက်အားခံစားမိပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်ခုန်လိုက်ကာ သူ၏ပျံသန်းရေးအရှိန်နှုန်းကိုအားကိုးပြီး ဤမိစ္ဆာများအားရှင်းထုတ်ရန်ကြိုးစားလိုက်သည်။

သို့သော် သူတို့၏အရှိန်မှာလုံးဝလျော့သွားပုံမပေါ်ဘဲ ပိုမိုမြန်ဆန်လာခဲ့ပြီး ကျိုးဟောင်အားမီတော့မလိုပင်ဖြစ်လာခဲ့သည်။

ခုန်ရင်းကျိုးဟောင်ထံလျင်မြန်စွာပြေးဝင်လာသောမိစ္ဆာအချို့လည်းရှိပြီး ၎င်းတို့၏ပုံစံမှာကျိုးဟောင်အားမိသည်နှင့်ကိုက်ပစ်ချင်ပုံပေါ်ပေသည်။

ဤမြင်ကွင်းအားကြည့်ကာ ကျိုးဟောင်မှာချက်ချင်းပင်တစ်ခုခုမှားယွင်းနေသကဲ့သို့ခံစားလိုက်ရသည်။

မိစ္ဆာများမှာပိုမိုစုဝေးလာကြပြီး ရာချီသို့မဟုတ်ထောင်ချီလောက်ပင်ဖြစ်လာခဲ့ပေသည်။

ကျိုးဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ချွေးအေးများစီးကျနေခဲ့ပြီး သူ၏အမူအရာမှာအတော်လေးထိတ်လန့်နေကာ ဘာမှမတတ်နိုင်သည့်ပုံမျိုးဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်အငွေ့အသက်မှာလည်း ဖိအားတို့ဖြင့်ပြည့်နှက်နေခဲ့သည်။

မျှော်လင့်ချက်မဲ့နေသောကျိုးဟောင်ထံမှ ရုတ်တရက်အလွန်ကြီးမားသည့်စွမ်းအားတစ်ခုထွက်ပေါ်လာခဲ့သည်။

ဤစွမ်းအားထွက်ပေါ်လာပြီးနောက် ၎င်းမှာချက်ချင်းပင်ကျိုးဟောင်နှင့်အာကာသသားရဲကြားမှပေါင်းစပ်မှုနှုန်းအားအရှိန်တိုးလာစေခဲ့သည်။ ကျိုးဟောင်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့်လောင်မြိုက်ခံနေရသကဲ့သို့ခံစားလိုက်ရပြီးထိုဝေဒနာမှာအလွန်နာကျင်ပေသည်။

မိစ္ဆာများမှာ အန္တရာယ်အားခံစားမိပုံပေါ်ပေရာ ချက်ချင်းပင်ကျိုးဟောင်၏ရှေ့တွင်ရပ်တန့်သွားခဲ့ကြသည်။

ကျိုးဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးမှ ရုတ်တရက်အဝါရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုကဲ့သို့အဝါရောင်အလင်းတန်းထွက်ပေါ်လာပြီးနောက် ကျိုးဟောင်မှာအာကာသသားရဲနှင့်အပြည့်အဝပေါင်းစပ်သွားခဲ့သည်။

ကျိုးဟောင်မှာထိတ်လန့်သွားခဲ့ပြီး သူ၏အလွန်ကြီးမားပြီး ပိုမိုစွမ်းအားကောင်းလာသည့်ခန္ဓာကိုယ်အားတအံ့တသြဖြင့်ကြည့်နေခဲ့သည်။

ယခုလိုမျှော်လင့်ချက်မဲ့နေသောအခြေအနေတွင် အာကာသသားရဲနှင့်ပေါင်းစပ်မှုပြီးဆုံးသွားလိမ့်မည်ဟုကျိုးဟောင်မမျှော်လင့်ထားခဲ့ပေ။ ယခုလိုကိစ္စသည်တကယ်ပင်ထိတ်လန့်စရာကောင်းပေသည်။

နောက်တစ်စက္ကန့်တွင် ကျိုးဟောင်မှာအဝေးမှထောင်နှင့်ချီရှိနေသည့် မိစ္ဆာအုပ်အားဝေ့ကြည့်လိုက်သည်။

ဤမိစ္ဆာအုပ်၏မျက်လုံးများမှာရက်စက်မှုများဖြင့်ပြည့်နေပြီးလျှာတသပ်သပ်ဖြင့် ကျိုးဟောင်အားနီရဲနေသောမျက်လုံးများဖြင့်စိုက်ကြည့်နေပေသည်။

၎င်းတို့မှာကျိုးဟောင်အားဆုတ်ဖြဲပစ်ရန်အခွင့်အရေးကောင်းကိုရှာပြီး ချက်ချင်းပင်ကျိုးဟောင်နောက်လိုက်ရန်ပြင်ဆင်နေကြပုံပင်။

လက်ရှိအချိန်တွင် ဤမိစ္ဆာများ၏အတွေးအားကျိုးဟောင်လည်းခန့်မှန်းမိပေသည်။ ရုတ်တရက်ကျိုးဟောင်မှာ၎င်း၏ကြီးမားသောပါးစပ်ကြီးအားဟကာ ထိုသတ္တဝါများသို့ကြည့်ပြီးအော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် မိစ္ဆာများမှာရူးသွပ်သွားသည့်အလားကျိုးဟောင်နှင့်ဆန့်ကျင်ဘက်သို့လျင်မြန်စွာပြေးသွားကြတော့သည်။

ထိုမြင်ကွင်းအားကြည့်ပြီး ကျိုးဟောင်၏မျက်နှာပေါ်၌အေးစက်သောအပြုံးတစ်ခုပေါ်လာခဲ့သည်။ ထို့နောက်ကျိုးဟောင်သည်သရော်ပြုံးပြုံးကာ တစ်လုံးချင်းပြောလိုက်သည်။

"ဟဟ မင်းတို့လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရမယ်လို့ထင်နေတာလား မင်းတို့ငါ့ကိုအရမ်းပေါ့ပေါ့တန်တန်သဘောထားနေတာမဟုတ်ဘူးလား"

ထိုအချိန်တွင် ဖား၏မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားနေသောအရိပ်အယောင်များပေါ်လာခဲ့သည်။ ၎င်းမှာစိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးပြီးအော်ပြောလိုက်သည်။

"မြန်မြန် မြန်မြန်"

"ဒီမိစ္ဆာတွေကိုမြန်မြန်ဝါးမျိုလိုက် သူတို့ရဲ့အမြုတေကိုစားလိုက်ရင် မင်းရဲ့စွမ်းအားတွေအမြန်တိုးလာလိမ့်မယ်"

ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ကာ ချက်ချင်းပင်ဖား၏ညွှန်ကြားချက်အတိုင်းလိုက်လုပ်လိုက်သည်။

ကျိုးဟောင်မှာ သူ၏ပါးစပ်အားဟကာ အဝေးရှိကြမ်းကြုတ်သောမိစ္ဆာအုပ်ဘက်သို့မျက်နှာမူလိုက်သည်။

ကျိုးဟောင် သူ၏ပါးစပ်အားဟလိုက်သည့်အချိန်တွင် များစွာသောမိစ္ဆာများမှာချက်ချင်းကောင်းကင်ပေါ်သို့ပျံတက်သွားကြသည်။

သူတို့၏ခြေထောက်နှင့်လက်များအား အဆက်မပြတ်ခတ်နေသော်ငြား ၎င်းမှာအသုံးမဝင်ပေ။ သူတို့အားလုံးသည်ကျိုးဟောင်၏သွေးဆာနေသောပါးစပ်ထဲသို့လျင်မြန်စွာရောက်ရှိသွားခဲ့ကြသည်။

နောက်တစ်စက္ကန့်တွင် ထိတ်လန့်စရာကောင်းသည့်ကိစ္စတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ကျိုးဟောင်မှာ၎င်း၏ သွေးဆာနေသောပါးစပ်ကြီးအားဟထားရာ များစွာသောမိစ္ဆာများမှာရူးသွပ်သွားသကဲ့သို့ကျိုးဟောင်၏အစာအိမ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

၅မိနစ်မပြည့်ခင်မှာပင် မိစ္ဆာများအားလုံးမှာ ကျိုးဟောင်၏မျိုချခြင်းအားခံလိုက်ရသည်။

ထိုမြင်ကွင်းအားကြည့်ပြီး ဖား၏မျက်နှာတွင်စိတ်လှုပ်ရှားမှုတို့ဖြင့်ပြည့်လာခဲ့သည်။

၎င်းမှာပျော်ရွှင်စွာလက်ခုပ်တီးနေပြီး မျက်လုံးများတွင်လည်းစိတ်လှုပ်ရှားနေသည့်ဟန်ပေါ်နေပေသည်။ ထို့နောက်၎င်းသည်ခပ်ဟဟရယ်မောရင်းပြောလိုက်သည်။

"ဟဟ မင်းရဲ့လက်ရှိစွမ်းအားနဲ့အဆင့်က ငါမျှော်မှန်းထားတာထက်ပိုသွားပြီ"

"တကယ်လို့ ဒီတိုင်းဆက်သွားရင် မင်းရဲ့စွမ်းအားကသေချာပေါက်အများကြီးတိုးလာမှာပဲ ဒီကမိစ္ဆာတွေက မင်းအချိန်အတော်ကြာကြာအထိအဆင့်မြှင့်ဖို့အတွက်လုံလောက်တယ်"

ကျိုးဟောင်မှာသူ၏ခန္ဓာကိုယ်မှာချက်ချင်းအစာချက်သွားသည်ကိုခံစားလိုက်ရပြီး ကျေနပ်စွာပြုံးလိုက်သည်။

"ဟဟ တကယ်တော့ ဒါကဘာမှမဟုတ်ပါဘူး ကတယ်တော့ကျွန်တော်အခုဝါးမျိုလိုက်တဲ့မိစ္ဆာအများစုက အဆင့်နိမ့်မိစ္ဆာတွေမလို့ပါ"

"ဒါကအရွယ်ရောက်ပြီးသားလူတစ်ယောက်က မူလတန်းကျောင်းသားအုပ်စုနဲ့ရန်ဖြစ်တာနဲ့အတူတူပဲ စွမ်းအားကွာခြားချက်ကြီးတယ် ကျွန်တော်တို့ကိုပိုပြီးစွမ်းအားကြီးတဲ့မိစ္ဆာတွေစောင့်နေမှာပဲစိုးရတယ်"

ကျိုးဟောင်ဤစကားအားပြောပြီး‌နောက် ဖား၏ အမူအရာသည်လည်းအနည်းငယ်စိတ်ပူသည့်ပုံမျိုးပေါ်လာခဲ့သည်။

၎င်းမှာခေတ္တမျှစဥ်းစားပြီးနောက် စိတ်ပူပန်မှုအားမျိုသိပ်လိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။

"အဲဒါတော့သေချာပေါက်ပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကခုမှဒီကိုရောက်တာ ပတ်ဝန်းကျင်ကဘယ်လိုအခြေအနေရှိလဲဆိုတာငါတို့မသိသေးဘူး သေချာစုံစမ်းစစ်ဆေးဖို့လိုတယ်"

ဖားမှာပြုံးလိုက်ပြီး အေးဆေးစွာပြောလိုက်သည်။

"အဲဒါကြောင့် ကောက်ချက်ချဖို့ကအရမ်းစောသေးတယ်"

ကျိုးဟောင်မှာစကားမပြောဘဲ မျက်လုံအားမှိတ်ကာ ဤအငွေ့အသက်အားဂရုတစိုက်ခံစားကြည့်လိုက်ရာ အငွေ့အသက်မှာသူ့ခန္ဓာကိုယ်ထဲတွင်တဖြည်းဖြည်းပျော်ဝင်သွားခဲ့သည်။

ကျိုးဟောင်၏အမူအရာမှာတဖြည်းဖြည်းအလွန်သတိထားလာသည့်ပုံပေါ်လာပြီး ရုတ်တရက်အဝေးသို့လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျိုးဟောင်၏တုံ့ပြန်ပုံအားကြည့်ပြီးနောက် ဖား၏ အမူအရာမှာအံ့သြနေသောပုံမျိုးဖြစ်လာကာ တွေဝေစွာဖြင့်မေးလိုက်သည်။

"အဝေးမှာ မတူညီတဲ့အငွေ့အသက်တစ်ခုပျံ့နေတယ် သုံးကီလိုမီတာလောက်ဝေးတယ်"

ဤစကားများကြောင့် ဖား၏မျက်နှာပေါ်တွင်အံ့သြနေသောအမူအရာမျိုးပေါ်လာခဲ့သည်။

၎င်းမှာကျိုးဟောင်အားတွေဝေစွာဖြင့်ကြည့်ပြီး ကျိုးဟောင်အားရှုပ်ထွေးနေသည့်ပုံဖြင့်မေးလာခဲ့သည်။

"မင်းအခု သုံးကီလိုမီတာအကွာအဝေးအငွေ့အသက်ကိုတောင် ခံစားလို့ရတာလား"

"အင်း"

ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်နှာပေါ်တွင်လည်းသေချာနေဟန်ပေါ်ပေသည်။ ထို့နောက်ဖြည်းညင်းစွာထပ်ပြောလိုက်သည်။

"မိစ္ဆာရဲ့အငွေ့အသက်က သန္ဓေပြောင်းသားရဲရဲ့အငွေ့အသက်နဲ့အရမ်းကွာတယ်"

အငွေ့အသက်နှစ်ခုလုံးကအရမ်းစွမ်းအာကြီးတယ်ဆိုပေမဲ့ သူတို့နှစ်ခုကအရမ်းကွာခြားပြီး ရောနှောလို့မရဘူး တကယ်လို့ကျွန်တော်အာကာသသားရဲနဲ့‌ပေါင်းစပ်ပြီးလို့မဟုတ်ရင် ဒီအငွေ့အသက်ရဲ့တည်ရှိမှုကိုအာရုံခံနိုင်မှာမဟုတ်ဘူး"

အပြောနှင့်အတူကျိုးဟောင်မှာမျက်ခုံးပင့်ကာလျှာသပ်ရင်းပြုံးပြီးပြောလိုက်သည်။

"ကြည့်ရတာ ကျွန်တော်တို့ကိုဘယ်လိုအရာကစောင့်နေတယ်ဆိုတာကို သွားကြည့်သင့်တယ်ထင်တယ်"

စွမ်းအင်ရရန်မိစ္ဆာများအားမျိုချခြင်း ဤကဲ့သို့သောအရာမျိုးအားကျိုးဟောင်မည်သို့လွဲချော်ခွင့်ပြုနိုင်မည်နည်း။

လက်ရှိကျိုးဟောင်မှာသူ့ကိုယ်သူကာကွယ်ရန်ပိုမိုစွမ်းအားကြီးလာပြီဖြစ်ပြီး အသန်မာဆုံးဖြစ်လာပြီဖြစ်သည်။

....................................................................................

All Chapters