← Chapters

အမွေဆက်ခံထားသောမှတ်ဉာဏ်

Vol. 48 Ch. 715

အမွေဆက်ခံထားသောမှတ်ဉာဏ်

Vol. 48 Ch. 715

ကျိုးဟောင်မှာဤအခွင့်အရေးအားလက်လွှတ်ခံမည်မဟုတ်ပေ။ သူသည်မူလကဤကမ္ဘာပေါ်တွင် မည်သည့်အထူးတလည်အရာမျှမရှိဟုတွေးခဲ့သော်လည်း ယခုကြည့်ရသည်မှာဤလပေါ်တွင် တကယ်ပင်လျှို့ဝှက်ချက်များစွာရှိနေသည့်ပုံပင်။

ကျိုးဟောင်၏ခန္ဓာကိုယ်မှာရွေ့လျားသွားပြီး အငွေ့အသက်ထွက်ပေါ်လာရာနေရာသို့ဦးတည်ထွက်သွားခဲ့သည်။

"ပိုနီးလာလေ အဲဒီအငွေ့အသက်ကိုပိုအာရုံခံလို့ရလာလေပဲ"

ကျိုးဟောင်မှာထိုနေရာအနီးချဥ်းကပ်သွားပြီးနောက် အာကာသသားရဲတစ်ကောင်အနေဖြင့် သူ၏အာရုံခံကြောများမှာလက်ရှိအချိန်တွင် အလွန်ဖွံ့ဖြိုးနေပြီဖြစ်သည်။ အကယ်၍သူသာလူသားခန္ဓာဖြင့်ဆိုပါက ဤအရာအားလုံးဝအာရုံခံနိုင်မည်မဟုတ်သော်ငြား ယခုအချိန်တွင် ဤအရာအားရှင်းရှင်းလင်းလင်းခံစားမိပေသည်။

"ဒီအေငွေ့အသက်...ဘုရားရေ မင်းဒါကိုတောင်အာရုံခံနိုင်တာလား တကယ်လို့ငါမှန်းတာမမှားရင် ဒါက....ကြီးထွားသစ်သီးဖြစ်နိုင်တယ်"

ဖားမှာစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ သူတို့သည်ချောက်နက်တစ်ခုထဲတွင်အပင်ပျိုတစ်ခုအားတွေ့လိုက်ရသည်။ ၎င်းမှာအလွန်သေးသော်ငြားအစောပိုင်းကစွမ်းအင်အငွေ့အသက်မှာဤနေရာမှထွက်ပေါ်နေခြင်းဖြစ်သည်။

"ကြီးထွားသစ်သီးလား အဲဒါဘာလဲ"

ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။

"ဒါကအရမ်းရှေးကျတဲ့သန့်စင်ပစ္စည်းတစ်ခုပဲ ဒီအသီးမှည့်တာနဲ့ ဒါကသွေးမျိုးဆက်ကိုချိုးဖောက်နိုင်ဖို့အကူအညီပေးနိုင်တယ် အရင်တုန်းကတည်းကဒါကပျောက်ကွယ်သွားပြီးပြီ မထင်ထားဘူး ဒီနေရာမှာတစ်ပင်တွေ့ရလိမ့်မယ်လို့"

ဖားမှာချက်ချင်းပင်ပြုံးကာပြောလိုက်သည်။

"ကျိုးဟောင် ဒါကဒီမှာအမြစ်တွယ်နေတာဆိုတော့ ဒါကိုအလောတကြီးမထိလိုက်နဲ့ ဒီပစ္စည်းရဲ့ရှင်သန်နှုန်းကအရမ်းအရမ်းကိုနှေးတယ် ဘယ်လိုဖြစ်ဖြစ် ဒီနေရာကလပဲ ဘယ်သူမှဒီကိုလာမှာမဟုတ်ဘူး မင်းအာကာသသားရဲနဲ့ပေါင်းစပ်ပြီးသွားပြီဆိုတော့ အခုသူ့ရဲ့မှတ်ဉာဏ်အမွေဆက်ခံမှုကိုဖွင့်လိုက်တော့"

ကျိုးဟောင်မှာဤနတ်ဘုရားခန္ဓာအားလွတ်လပ်စွာထိန်းချုပ်နိုင်ပြီဖြစ်ပြီး ဤခန္ဓာကိုယ်နှင့်အပြည့်အဝပေါင်းစပ်ပြီးပြီဖြစ်သော်ငြား ၎င်းမှာရုပ်ပိုင်းဆိုင်ရာ‌ပေါင်းစပ်မှုသာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာပေါင်းစပ်မှုမဟုတ်ပေ။

အာကာသသားရဲ၏မွေးရာပါအမွေဆက်ခံမှုမှာ ၎င်း၏သွေးမျိုးဆက်ထဲတွင်ရှိပေသည်။ ထို့ကြောင့် အကယ်၍ကျိုးဟောင်သည်ဤအရာအားအသက်သွင်းလိုပါက စိတ်စွမ်းအားဖြင့်ပေါင်းစပ်ရမည်ဖြစ်သည်။

ကျိုးဟောင်မှာခေါင်းညိတ်လိုက်ကာ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးအားမြေကြီးထဲသို့တူးကာဝင်သွားလိုက်သည်။ ထို့နောက်လုံခြုံသောနေရာတစ်ခုအားရှာတွေ့လိုက်ပြီး ချက်ချင်းပင်ထိုနေရာတွင်နေရာယူလိုက်သည်။

ထို့နောက် အလွန်ကြီးမားသည့်သတင်းအချက်အလက်အပိုင်းအစတစ်ခုပေါ်လာသည်ကို ကျိုးဟောင်ခံစားလိုက်ရသည်။ မှတ်ဉာဏ်အားလုံးမှာကျိုးဟောင်၏စိတ်ဝိဉာဥ်ထဲသို့လုံးဝပေါင်းစည်းသွားခဲ့သည်။

မှတ်ဉာဏ်များမှာအလွန်များပေရာ ထိုကဲ့သို့ပေါင်းစည်းသည့်အချိန်ကာလမှာ ၇ရက်တာမျှကြာမြင့်သွားခဲ့သည်။

၇ ရက်ကြာပြီးနောက် ကျိုးဟောင်မှာ၎င်း၏‌ယောင်နေသောခေါင်းအားပွတ်သပ်ရင်း ဝေဒနာသက်သာရန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

"ဘုရားရေ ဒီလောက်များတယ် အထင်ကြီးစရာပဲ စကြဝဠာထဲကမြင့်မြတ်တဲ့မျိုးနွယ်လို့မပြောရဘူး"

ကျိုးဟောင်မှာအံ့သြနေခဲ့သည်။ သူ၏စိတ်ဝိဉာဥ်မှာယခုလိုမှတ်ဉာဏ်အများအပြားအား ခံနိုင်ရည်မရှိလောက်ပေ။ ကံကောင်းထောက်မစွာဖြင့် ကျိုးဟောင်ထံတွင်စိတ်ဝိဉာဥ်ကျောက်တုံးရှိနေပေသည်။ မဟုတ်ပါက ဤကြီးမားသည့်စိတ်စွမ်းအားကြောင့် သူ့စိတ်ဝိဉာဥ်မှာသေချာပေါက် တစ်စစီဖြစ်သွားမည်ဖြစ်သည်။

"ကျိုးဟောင် သိပ်ကောင်းတယ် မင်းမှတ်ဉာဏ်တွေကိုလက်ခံပြီးပြီလား"

ဖားမှချက်ချင်းမေးလာခဲ့သည်။

"အင်း အရမ်းများလွန်းတယ် ဒီမှာကျင့်ကြံရေးသိုင်းတွေအများကြီးပဲ အမျိုးအစားတစ်သောင်းကျော်တယ် တခြားသိုင်းတွေလည်းရှိသေးတယ် သားရဲယဥ်ပါးသိုင်းတို့ အဂ္ဂရိတ်သိုင်းတို့ ဘုရားရေ အများကြီးပဲ ကျွန်တော်ဒါတွေကိုဘယ်လိုသင်ရမှာလဲ"

ကျိုးဟောင်မှာစိတ်ညစ်နေဟန်ဖြင့်ပြောလာခဲ့သည်။

"မင်းကတကယ်တုံးတာပဲ မင်းဘာလို့ဒီဟာတွေကိုသင်မှာလဲ မင်းလိုမှသင်လည်းတအားနောက်မကျသေးပါဘူး မင်းကံကောင်းတာနဲ့ပဲ ကြွားဖို့အတွက်ဒါတွေအားလုံးကိုသင်စရာမလိုပါဘူး လုံနတ်ဘုရားမျိုးနွယ်စုမှာတောင် ဒီ‌လောက်ကျင့်ကြံရေးသိုင်းတွေအများကြီးမရှိမှာစိုးရတယ် မင်းအခုနိုင်ငံတစ်ခုနဲ့ယှဥ်လို့ရတဲအထိချမ်းသာပြီလို့ပြောလို့ရတယ် မဟုတ်ဘူး မင်းကြယ်တစ်လုံးနဲ့ယှဥ်လို့ရတဲ့အထိချမ်းသာပြီ"

ဖားမှာစိတ်ပျက်နေသည့်ပုံဖြင့် ကျိုးဟောင်အားဒေါသတကြီးပြောလာခဲ့သည်။

"ကျင့်ကြံရေးသိုင်းတွေအများကြီးရှိတယ်ဆိုပေမဲ့ ဒီအာကာသသားရဲမှာသေချာပေါက် မွေးရာပါသိုင်းတစ်ခုရှိတယ် ကြည့်ကြည့်လိုက်"

ဖားမှချက်ချင်းပင်လောလိုက်သည်။

ကျိုးဟောင်မှာခေါင်းညိတ်ပြကာ ချက်ချင်းပင်စစ်ဆေးလိုက်သည်။

"မွေးရာပါ ကျင့်ကြံ‌ရေးသိုင်း - ဝါးမျိုခြင်း၊ အာကာသနဲ့ ပြီးတော့အထူးကျင့်ကြံရေးသိုင်းတစ်ခုဖြစ်တဲ့ 'ဒူး‌လေးကျင့်ကြံရေးသိုင်း'"

ကျိုးဟောင်မှာ ကျင့်ကြံရေးသိုင်းသုံးခုအားရှင်းပြလိုက်ပြီး ဖားမှာချက်ချင်းပင်ခေါင်းညိတ်လိုက်သည်။

"သူတို့ရဲ့အသုံးပြုပုံတွေကဘာလဲ"

ကျိုးဟောင်မှာဆက်ဖတ်ပြီးနောက်ပို၍ပင်ထိတ်လန့်သွားခဲ့သည်။

"ဒီဝါးမျိုခြင်းကျင့်ကြံရေးသိုင်းကအာကာသသားရဲကို အရာအားလုံးကိုဝါးမျို‌စေနိုင်ပြီး သူ့ရဲ့အထူးနေရာထဲမှာပစ္စည်းတွေကိုသိမ်းထားပေးနိုင်ပြီး ဒါတွေကိုခန္ဓာကိုယ်ကနေစုပ်ယူနိုင်တဲ့ စွမ်းအင်အနှစ်သာရအဖြစ်ပြောင်းလဲပေးနိုင်တယ်"

"အာကာသသားရဲရဲ့ခန္ဓာကိုယ်ကအရမ်းစွမ်းအားကြီးပြီးတော့ အာဟာရတွေအများကြီးလိုအပ်တယ် အဆင့်ချိုးဖောက်ဖို့ဆို အဆက်မပြတ်စားနေဖို့လိုတယ် ဒါကလက်ရှိမှာသူတော်စင်ဘုံအဆင့်မှာဆိုပေမဲ့ အသက် ၃နှစ်ပဲရှိသေးတာ အကြောင်းကဒီဝါးမျိုခြင်းကျင့်ကြံရေးသိုင်းကအဆင့်ချိုးဖောက်ဖို့ စွမ်းအင်ပမာဏအများကြီးစုဆောင်းပေးနိုင်လို့ပဲ"

"အာကာသကျင့်ကြံရေးသိုင်းကတော့ ပိုပြီးတော့တောင်စွမ်းအားကြီးသေးတယ် ဒါကအာကာသသားရဲရဲ့အသက်ပိုင်နက်ကျင့်ကြံရေးသိုင်းပဲ ဒီကျင့်ကြံရေးသိုင်းကလည်းအာကာသသားရဲရဲ့ ပြိုင်ဘက်ကင်းကျင့်ကြံရေးသိုင်းဆိုပြီးနာမည်ကြီးတယ် ဒီသိုင်းကအာကာသနဲ့ချိတ်ဆက်နိုင်ပြီး သူ့ကိုစကြဝဠာထဲမှာအရမ်းမြန်တဲ့အရှိန်နှုန်းနဲ့သွားလာနိုင်စေတယ် ပြီးတော့အရေးကြီးဆုံးက ဒီပိုင်နက်ကိုသုံးလိုက်တာနဲ့ ဒါကအာကာသစွမ်းအင်အတက်အကျတွေအားလုံးကိုသီးသန့်ခွဲခြားပေးနိုင်တယ် ဒါကအာကာသသားရဲရဲ့ဝှက်ဖဲနဲ့ လွတ်မြောက်ရေးသိုင်းတစ်ခုပဲ"

"နောက်ဆုံးဒူးလေးကျင့်ကြံ‌ရေးသိုင်းကစိတ်စွမ်းအားတိုက်ခိုက်မှုပဲ ကျွန်တော်နားလည်သလောက်ကတော့ စိတ်စွမ်းအားကိုတခြားမျိုးနွယ်ခြားတွေကို ထိန်းချုပ်ဖို့သုံးလို့ရတယ် အခြေခံအားဖြင့်ပြောရရင်တော့ အာကာသသားရဲတွေက သူတို့ရဲ့စိတ်စွမ်းအားကို ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအနေနဲ့ဖန်တီးနိုင်တယ် မဟုတ်ရင်လည်း အနှစ်သာရပုံဆောင်ခဲအနေနဲ့သုံးလို့ရတယ် အဲဒါကလည်းဒူးလေးကျင့်ကြံရေးသိုင်းရဲ့ နောက်ထပ်နည်းလမ်းတစ်မျိုးပဲ သူ့ရဲ့သွေးကို ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအနေနဲ့ဖန်တီးလိုက်ရင် ဒါကထူးဆန်းတဲ့စွမ်းအင်အတက်အကျကိုထုတ်ပေးနိုင်ပြီး တခြားသန္ဓေပြောင်းသားရဲတွေရဲ့စိတ်စွမ်းအားကိုထိန်းချုပ်နိုင်တယ် ဒါကစိတ်ထိန်းချုပ်တဲ့ဒူးလေးလိုမျိုးအလုပ်လုပ်တာ"

ကျိုးဟောင်မှာစကားဆုံးသွားသည့်နောက် အတော်လေးထိတ်လန့်သွားခဲ့သည်။ ဤစွမ်းရည်များသည်ပြိုင်ဘက်ကင်းပင်ဖြစ်သည်။

"အာကာသသားရဲဒီ‌လောက်စွမ်းအားကြီးနေတာမဆန်းတော့ဘူး ဒီလိုကျင့်ကြံရေးသိုင်းနဲ့ဆို ဘာစိုးရိမ်စရာလိုဦးမှာလဲ"

ဖားသည်လည်း ထိတ်လန့်နေခဲ့သည်။

"ဒါတွေကသူ့ရဲ့မွေးရာပါကျင့်ကြံရေးသိုင်းတွေပဲရှိသေးတာ သူတို့ရဲ့အာကာသမျိုးနွယ်မှာ စွမ်းအားကြီးတဲ့တိုက်ခိုက်ရေးသိုင်းတွေအများကြီးရှိသေးတယယ် ဒါပေမဲ့....အရမ်းများလွန်းတယ် ကျွန်တော်ဖြည်းဖြည်းချင်းလေ့လာရမယ် ဟင်း...စကြဝဠာာထဲမှာအမြင့်ဆုံးသွေးမျိုးဆက်လို့မပြောရဘူး သူတို့ရဲ့မှတ်ဉာဏ်တွေကတကယ်ကိုအထင်ကြီးစရာကောင်းတယ်"

ကျိုးဟောင်မှာ အံ့သြတကြီးဖြင့် မနေနိုင်ဘဲ‌ပြောလိုက်မိသည်။

"ဟဟ သေချာတာပေါ့ ဒါနဲ့ဒီအာကာသသားရဲကလက်ရှိတတိယအဆင့်သူတော်စင်ဘုံအဆင့်ကိုရောက်နေပြီ အဆင့်ချိုးဖောက်ဖို့ ဝါးမျိုဖို့ပဲလိုတာလား"

ဖားမှာအာကာသသားရဲအကြောင်းသိပ်မသိပေရာ မမေးဘဲမနေနိုင်ပေ။

"ဟုတ်တယ် ဝါးမျိုဖို့ပဲလိုတာ ဒါကသတ္တုတွေကိုဝါးမျိုနိုင်ရုံတင်မကဘူး မျိုးကွဲတွေကိုပါဝါးမျိုနိုင်တယ် သူတည်ရှိနေသရွေ့ဘာကိုမဆိုဝါးမျိုနိုင်တယ် ဒီဝါးမျိုတဲ့စွမ်းအားက အာကာသသားရဲရဲ့မွေးရာပါစွမ်းရည်ပဲ ပြီးတော့သူတို့စကြဝဠာထဲမှာစွမ်းအားကြီးတဲ့မျိုးနွယ်တစ်ခုဖြစ်လာရတဲ့အကြောင်းအရင်းလည်းဟုတ်တယ်"

ကျိုးဟောင်မှပြောပြလိုက်သည်။ ကျိုးဟောင်စကားဆုံးသွားသည့်နောက်ဖားမှာအသက်ရှူပင်မှားသွားသလိုခံစားလိုက်ရသည်။

"မိုက်လိုက်တာ"

ဖားသည်လည်းအံ့သြနေခဲ့သည်။

"ပြီးတော့ အာကာသသားရဲတွေက မျိုးနွယ်တစ်ခုတည်းမဟုတ်ဘူး စုစုပေါင်း ၆မျိုးရှိတယ် အာကာသသားရဲအပြင် စိန်သားရဲ၊ လျှပ်စီသားရဲ၊ ပေါက်ကွဲရေးသားရဲ အစရှိသဖြင့်ပေါ့ သူတို့၆မျိုးကစကြဝဠာထဲမှာအမြင့်မြတ်ဆုံးသွေးမျိုးဆက်ရှိတယ် ပြီးတော့ သူတို့ရဲ့ဘိုးဘေးက.....ကြယ်သားရဲပဲ"

ကျိုးဟောင်၏စကားဆုံးသည်နှင့် ဖားမှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။

"ဘာ မင်းပြောချင်တာ သူတို့တွေကကြယ်သားရဲရဲ့မျိုးဆက်တွေပေါ့"

"ဒီကြယ်သားရဲက စကြဝဠာထဲမှာအကြွင်းမဲ့အရှင်သခင်ပဲ စကြဝဠာအသေးတစ်ခုကိုတောင်ဝါးမျိုနိုင်တယ် ဒါက တကယ်တမ်းကျ အာကာသသားရဲအပါအဝင်မျိုးနွယ် ၆ခုရှိလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး ဒီအာကာသသားရဲဒီလောက်စွမ်းအားကြီးတာမဆန်းတော့ဘူး လတ်စသတ်တော့သူ့ရဲ့ဘိုးဘေးကကြယ်သားရဲကိုး"

ဖားမှာကြယ်သားရဲနှင့်ပတ်သက်ပြီးသိပေရာ အလွန်အံ့သြနေခဲ့သည်။

သို့သော်ကျိုးဟောင်မှာများများစားစားမသိပေ။ သူတို့၏မှတ်ဉာဏ်များထဲတွင် ကြယ်သားရဲနှင့်ပတ်သက်ပြီးသိပ်မရှိပေ။ ထို့ကြောင့်ကျိုးဟောင်သည်သိလိုသောပုံဖြင့်မေးလာခဲ့သည်။

"ဒီကြယ်သားရဲကအရမ်းစွမ်းအားကြီးတာလား"

....................................................................................

All Chapters