← Chapters

အရှက်မဲ့တဲ့ဥရောပသမဂ္ဂ

Vol. 48 Ch. 716

အရှက်မဲ့တဲ့ဥရောပသမဂ္ဂ

Vol. 48 Ch. 716

ဖားမှာချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။

"အဓိပ္ပာယ်မရှိတာ သူတို့အာစွမ်းအားကြီးရုံတင်မကဘူး စကြဝဠာရဲ့အချုပ်အနှောင်ကိုချိုးဖောက်နိုင်ပြီး အဆုံးမရှိတဲ့အဆင့်ဆီရောက်နိုင်တဲ့သခင်ကြီးတွေပဲ မင်းသိလား အဆုံးမရှိတဲ့အဆင့်ဆိုတာဘာလဲဆိုတာ အဲဒါကထာဝရရှင်သန်ခြင်းကိုပြောတာ"

ကျိုးဟောင်မှာဖား၏စကားအားနားထောင်ပြီး အနည်းငယ်ရှုပ်ထွေးနေသေးပုံပင်။

"ဒါပေမဲ့ ကျွန်တော့်ရဲ့မှတ်ဉာဏ်တွေထဲမှာ ဘာလို့ကြယ်သားရဲတွေကသေသွားတာလဲ သူတို့က မသေမျိုးမဟုတ်ဘူးလား"

ကျိုးဟောင်၏မေးခွန်းမှာ ဖားအားချက်ချင်းပင်ရှက်ရွံ့သွားစေခဲ့သည်။

"အာ....ငါလည်းမသိဘူးလေ သူတို့ကမသေမျိုးလို့ပြောလို့ရတယ် ဒါပေမဲ့ကြယ်သားရဲဘာလို့သေသွားလဲဆိုတာတော့ငါတကယ်မသိဘူး ဖြစ်နိုင်တာ.....သူအသက်ဆက်မရှင်ချင်တော့လို့နေမှာပေါ့"

ဤအဖြေသည် တကယ်ပင်အနည်းငယ်ဝတ်ကျေတမ်းကျေနိုင်ပေသည်။ ကျိုးဟောင်မှာဖားအားဒေါသတကြီးကြည့်လိုက်သည်။

"ကောင်းပြီ ကျွန်တော်ရဲ့လူသားကိုယ်ပွားဖန်တီးတော့မယ် တကယ်လို့ဒီိပုံစံအတိုင်းဆက်သွားနေရင် ကျွန်တော်ကမ္ဘာဂြိုဟ်ကိုပြန်နိုင်မှာမဟုတ်ဘူး"

ကျိုးဟောင်မှာပြောရင်းဖားအားလျစ်လျူရှုကာ စတင်ဖန်တီးတော့သည်။

ထိုအချိန်တွင် ကမ္ဘာဂြိုဟ်ပေါ်၌မုန်တိုင်းတစ်ခုအစပျိုးနေခဲ့သည်။

ဥရောပသမဂ္ဂရှိပေါလ်မှာ ကျိုးဟောင်၏မိသားစုပျောက်သွားသည်ဟုကြားလိုက်ရချိန်တွင် အလွန်ထိတ်လန့်သွားခဲ့သည်။

"ဘာပြောလိုက်တာလဲ ကျိုးဟောင်ရဲ့မိသားစုကတကယ်ပဲပျောက်သွားတာလား ပြီးတော့ စစ်နတ်ဘုရားတပ်ရင်းကလည်းသူတို့ဘယ်သွားလဲဆိုတာလည်းမသိဘူးတဲ့လား ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ပေါလ်မှာဤကိစ္စအားမယုံကြည်ပေ။ ကျိုးဟောင်သည်သူရဲကောင်းတစ်ယောက်ဖြစ်ပေရာ သူတို့သည်ကျိုးဟောင်၏မိသားစုအားသေချာပေါက်ကောင်းမွန်စွာဆက်ဆံမည်ဖြစ်သည်။ ကျိုးဟောင်၏မိသားစုရှိနေသည့်နေရာအားသူတို့မသိဘူးဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

"တကယ်ကိုအဲဒီလိုပါပဲ ကျွန်တော်နည်းလမ်းအများကြီးသုံးပြီး စစ်နတ်ဘုရားတပ်ရင်းရဲ့အဖိုးတန်သတင်းအချက်အလက်တွေကိုတောင်စစ်ကြည့်ခဲ့ပါတယ် ဒါပေမဲ့ သူတို့ဘယ်မှာရှိနေလဲဆိုတာကိုမသိခဲ့ပါဘူး ကျွန်တော်သူတို့ရဲ့နေထိုင်ရေးဧရိယာကကောင်းကင်ဘုံအဆင့်ပညာရှင်တချို့ကိုတိတ်တဆိတ်ဖမ်းပြီးတော့ စိတ်စွမ်းအားနဲ့စစ်မေးခဲ့တာတောင် သူတို့ဘယ်မှာလဲဆိုတာကိုမသိခဲ့ရဘူး ကျွန်တော့်အထင်တော့ ဒါကကျိုးဟောင်ရဲ့အရံအစီအစဥ်ဖြစ်မယ်"

ထိုလူမှာအလေးအနက်အမူအရာဖြင့်ပြောလာခဲ့သည်။

"ဟမ့် အကြံအစည်များလိုက်တာ ဒီကျိုးဟောင်ကသေသွားပြီးတာတောင်ဒီလောက်ပြဿနာပေးနေတုန်းပဲ သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်လို့မပြောရဘူး စိတ်ဝင်စားစရာပဲ"

"ဒါကကျိုးဟောင်ရဲ့အမွေကသေချာပေါက် ကျိုးမိသားစုလက်ထဲမှာရှိတယ်လို့ငါ့ကိုယုံကြည်စေတယ်"

ပေါလ်မှာနှာခေါင်းရှုံ့ကာ ချက်ချင်းပင်ပြောလိုက်သည်။

"ကြည့်ရတာ တကယ်လို့ငါတို့သူတို့ကိုပညာမပေးရင် ငါတို့ဒေါသကသူတို့ခံနိုင်တဲ့အရာလုံးဝမဟုတ်ဘူးဆိုတာကို သူတို့နားလည်မှာမဟုတ်ဘူးထင်တယ်"

ပြောရင်းပေါလ်မှာ ထိုလူ၏နား နားသို့တိုးပြီးတိုးတိုးပြောလိုက်သည်။ ထိုလူမှာလည်းပေါလ်၏စကားအားကြားသောအခါ ချက်ချင်းပင်ပြုံးလိုက်သည်။

ဤတိုက်ပွဲပြီးနောက် ဟွာရှားပိုင်နက်တွင် အခြေအနေများသည်လည်းပြောင်းလဲသွားခဲ့သည်။

အာကာသသားရဲကြောင့် သန္ဓေပြောင်းသားရဲမဟာမိတ်မှာဆုံးရှုံးမှုများစွာခံစားခဲ့ရပေရာ ၎င်းတို့မှာချက်ချင်းပင်ဆုတ်ခွာသွားခဲ့ပြီး လူသားတို့နှင့်ရင်မဆိုင်ဝံ့တော့ပေ။

ဌာနကြီး ၇ခုအပါအဝင် စီရင်စု ၉ခုမှ အဖွဲ့များစွာမှာ စစ်နတ်ဘုရားတပ်ရင်း၏အဖွဲ့ဝင်များဖြစ်လာခဲ့သည်။

သူတို့သည်အမြဲတမ်းစစ်နတ်ဘုရားတပ်ရင်း၏ထိန်းချုပ်မှုအားခံနေရသော်ငြား ဤတိုက်ပွဲပြီးနောက် ၎င်းတို့မှာစစ်နတ်ဘုရားတပ်ရင်းအပေါ်ပို၍ပင်အားကိုးလာခဲ့သည်။

စီရင်စု ၉ ခုဖျက်ဆီးခံလိုက်ရသောမြို့များစွာကိုလည်း ပြန်လည်တည်ဆောက်နေပြီဖြစ်သည်။ စီရင်စု ၉ခုမှအဖွဲ့အမျိုးမျိုးသည်မဟာမိတ်အဖွဲ့တစ်ခုတည်ထောင်ကာ စစ်နတ်ဘုရားတပ်ရင်းတွင်အခြေချထားပေသည်။

ဓားဘုရင်ချင်အပြင် ၎င်းတို့မဟာမိတ်၏ဥက္ကဌမှာ ကောင်းကင်ဘုံဘုရင်ကျူးဖြစ်သည်။ သူတို့နှစ်ယောက်သည်စီနီယာကျိနှင့် စီနီယာလင်းထျန်တို့နေရာတွင်အစားဝင်ကာတာဝန်ယူနေကြပြီး စီရင်စု ၉ခု၏ ပြန်လည်ထူထောင်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကြောင့်အလုပ်ရှုပ်နေခဲ့သည်။

အနာဂတ်သိုင်းပညာရှင်များအားပြုစုပျိုး‌ထောင်သည့်ကိစ္စများလည်းရှိသေးပေသည်။

မဟာမိတ်၏အထွတ်အထိပ်အဆင့်ပညာရှင်အများစုမှာသေဆုံးသွားခဲ့ကြပြီး ရိုက်ခတ်မှုမှာအလွန်ပြင်းထန်သော်လည်း ၎င်းမှာအခြားအရာများအပေါ်အများကြီးအကျိုးသက်ရောက်မှုမရှိပေရာ လမ်းကြောင်းမှန်ပေါ်လျင်မြန်စွာပြန်လည်တည့်မတ်နိုင်သေးပေသည်။

ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးမှာရုံးခန်းထဲတွင်ရှိနေပြီး အောက်ရှိလူများ၏အစီရင်ခံချက်များအားနားထောင်ရင်း မျက်မှောင်ကြုတ်နေခဲ့ကြသည်။

"အခု ကျွန်တော်တို့မှာအရင်းအမြစ်တွေအများကြီးရှိတယ်ဆိုပေမဲ့ ဥရောပသမဂ္ဂက တကယ်ကိုအရှက်မရှိဘူး သူတို့ကကျွန်တော်တို့ရဲ့အရင်းအမြစ်တွေကိုပေါ်တင်လာမတောင်းဘူးဆိုပေမဲ့ တိတ်တိတ်လေးခိုးနေတာပဲ အထူးသဖြင့် ပင်လက်နက်ပိုင်းကကုန်ကြမ်းကျောက်တုံးတွေ သူတို့အခြေစိုက်စခန်းနှစ်ခုရဲ့အရင်းအမြစ်တွေကိုခိုးပြီးနေပြီ"

"ရှေးဟောင်းအပျက်အစီးတွေထဲမှာလည်း သူတို့လူတွေရဲ့လက်စလက်နတွေတွေ့တယ် တကယ်တမ်းကျသူတို့ခိုးတောင်ဝင်ခဲ့ကြပြီးပြီ စီနီယာကျိအိပ်ပျော်သွားပြီးနောက်ပိုင်းရှေးဟောင်းအပျက်အစီးတွေရဲ့ လုံခြုံရေးစီမံချက်တွေကလည်း ရပ်ဆိုင်းခံထားရတယ် အထူးသဖြင့် အဓိကအခရာဖြစ်တဲ့ စီနီယာကျိရဲ့စစ်သင်္ဘောပဲ အခုစီနီယာကျိကလည်းအိပ်ပျော်နေတယ် ရှေးဟောင်းအပျက်အစီးတွေကိုစွမ်းအင်အကာအကွယ်တွေထဲမှာဝှက်ထားလို့မရတော့ဘူး သူတို့အတွက်ဒါကိုထောက်လှမ်းဖို့အရမ်းလွယ်သွားပြီ"

ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးမှာအလွန်ဒေါသဖြစ်နေပြီး ဘာစကားမှမပြောပေ။ သို့သော် သူတို့ဘာများလုပ်နိုင်မည်နည်း။ အကယ်၍သူတို့ဥရောပသမဂ္ဂနှင့်ထိပ်တိုက်ဖြေရှင်းလျှင်ပင် ၎င်းတို့သည်ဝန်ခံမည်မဟုတ်‌ပေ။

သူတို့သည်ယခုလိုလုပ်ရပ်မျိုးပင်လုပ်နိုင်ပါက သူတို့မလုပ်ပါဘူးဟုငြင်းခုံမည့်လုပ်ရပ်မျိုးလည်းမလုပ်နိုင်စရာအကြောင်းမရှိပေ။

ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးမှာဤကိစ္စကြောင့်စိတ်ညစ်နေစဥ်မှာပင် ရုတ်တရက်အပြင်ဘက်တံခါးမှခြေသံများထွက်ပေါ်လာခဲ့သည်။ ထို့နောက် အစည်းအဝေးအခန်းထဲသို့အလောတကြီးဝင်ရောက်လာသည့်လူအချို့အားမြင်လိုက်ရသည်။

"ဓားဘုရင်ချင် ကောင်းကင်ဘုံဘုရင်ကျူး ပြဿနာတက်ပြီ ၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးအပြင်ဘက်မှာတိုက်ပွဲဖြစ်သွားတယ် တစ်ဖက်ကကောင်းကင်ဘုံအဆင့်ပညာရှင် ၆‌ယောက်လွှတ်လိုက်ပြီး ကျွန်တော်တို့ဘက်ကလူတစ်ယောက်ကိုဒဏ်ရာရစေခဲ့တယ် မီးနတ်ဘုရားအသင်းကဗက်ထရန်က ခြေ‌ထောက်ကျိုးပြီး ဒဏ်ရာအပြင်းအထန်ရထားတယ် စကော်လာနဲ့တခြားလူတွေလည်းဒဏ်ရာရထားကြတယ်"

ထိုစကားအားပြောပြီးနောက် ဓားဘုရင်ချင်နှင့်အခြားလူများ၏မျက်နှာများမှာရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

"သေစမ်း ဒီမကောင်းတဲ့ကောင်တွေကတော့"

ပြောရင်း ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့မှာ ချက်ချင်းပင်အလောတကြီးထွက်သွားခဲ့ကြသည်။

မကြာမီ ၎င်းတို့သည် ၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးသို့ရောက်လာခဲ့ကြသည်။ အဝေးမှကြည့်လိုက်သည်နှင့် နှစ်ဖက်မှလူများမှာအချင်းချင်းမျက်နှာချင်းဆိုင်ရပ်နေကြသည်ကိုမြင်လိုက်ရသည်။ စကော်လာနှင့်အခြားလူများမှာ အားလုံးဒဏ်ရာရထားကြပြီး သူတို့နှင့်မျက်နှာချင်းဆိုင်တွင် ဥ‌ရောပသမဂ္ဂအဖွဲ့မှကောင်းကင်ဘုံအဆင့်ပညာရှင်အချို့ရပ်နေခဲ့ပြီး သူတို့အားအေးစက်စွာစိုက်ကြည့်နေခဲ့သည်။

"ဟမ့် ငါတို့ကမိတ်ဆွေဟောင်းတွေလို့ပြောလို့ရတယ် မင်းတို့ကဒီ ၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးကိုရှာတွေ့ခဲ့တာဆိုပေမဲ့ ဒါကငါတို့ကမ္ဘာဂြိုဟ်ရဲ့ပိုင်ဆိုင်မှုဖြစ်နေတုန်းပဲ ငါတို့မှာဝင်ပြီးလေ့ကျင့်ပိုင်ခွင့်ရှိတယ် မင်းတို့ကဘာမလို့ ငါတို့ကိုဝင်ခွင့်မပြုရတာလဲ"

"ဟုတ်တယ် ကမ္ဘာဂြိုဟ်ပေါ်ကမဟာမိတ်တွေအားလုံးအခုစည်းလုံးပြီး အနာဂတ်အန္တရာယ်ကိုအတူတူဖြေရှင်းရမှာ တကယ်လို့နောက်ထပ်အာကာသသားရဲတစ်ကောင်ပေါ်လာရင် ဘယ်လိုလုပ်မလဲ အဲဒါကြောင့် ငါတို့တတ်နိုင်သမျှအမြန်ဆုံးသန်မာလာမှဖြစ်မယ် ဒါဘာသ‌ဘောလဲ မင်းတို့ကဘာလို့ဒီလိုနေရာကောင်းမှာစောင့်နေပြီး ငါတို့ကိုသုံးခွင့်မပေးရတာလဲ ဘယ်လိုအကြောင်းပြချက်နဲ့လဲ"

ဤစကားများမှာ အလွန်အရှက်မဲ့သည်ဟုပြောနိုင်ပေသည်။

သူတို့ထံ၌ သန့်စင်ရေနှင့်အပျက်အစီးများရှိသော်ငြား အခြားလူများအားတစ်ခါမှမမျှဝေခဲ့ဖူးပေ။

"မိုက် အပိုတွေပြောမနေနဲ့ မင်းဘာတွေးနေလဲဆိုတာငါတို့မသိဘူးမထင်နဲ့ ဒီအပျက်အစီးကိုငါတို့အပိုင်အဖြစ်လက်မှတ်ထိုးထားပြီးသား ဒါကိုကိုင်ထားတာငါတို့ပဲ မင်းမှာဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး"

"တကယ်လို့မင်းဝင်ချင်တယ်ဆိုရင်တောင် မင်းအစီရင်ခံစာတင်ပီး ငါတို့ရဲ့စိစစ်မှုကနေတစ်ဆင့်သွားရမှာ အခုမင်းကဒီတိုင်းရောက်လာပြီးအတင်းဝင်သွားပြီး ငါတို့ကိုအရှက်ကွဲစေချင်နေတာလား"

ရွှယ်စန်းမှာချက်ချင်းပင်ပြောလိုက်သည်။ သူသည်လည်းဒဏ်ရာရထားပေသည်။ သူတို့သုံးယောက်သည် သူတို့ရှေ့ရှိကောင်းကင်ဘုံအဆင့်ပညာရှင် ၆ယောက်အားအနိုင်မယူနိုင်ပေ။ အားအနည်းဆုံးဖြစ်သည့်ဗက်ထရန်မှာအပြင်းအထန်ဒဏ်ရာရထားပြီး ခြေထောက်တစ်ချောင်းကျိုးသွားခဲ့ပေသည်။

"မင်းကအရှက်ကွဲမှာကိုဂရုစိုက်နေသေးတာလား မင်းတို့တွေဘာလို့ဒီလောက်သူတော်ကောင်းယောင်ဆောင်နေတာလဲ ငါတို့ဒီလိုလုပ်တာကမ္ဘာဂြိုဟ်အတွက်ပဲလေ မင်းတို့ကမ္ဘာဂြိုဟ်ပေါ်မှာနေတာမဟုတ်ဘူးလား မဟုတ်မှငါတို့ဥရောပသမဂ္ဂက ပိုပြီးစွမ်းအားကြီးလာမဲ့အချိန်ကို သည်းခံပြီးမကြည့်နိုင်လို့လား င့ါအထင်တော့မင်းတို့ကမှ ကြောင်သူတော်တွေပဲ"

မိုက်မှာနှာခေါင်းရှုံ့ကာချက်ချင်းပြောလိုက်သည်။

"ချီးပဲ"

ဗက်ထရန်မှာအလွန်ဒေါသထွက်သွားခဲ့ပြီး အားတင်းထကာတိုက်တော့မည်ဆဲဆဲမှာပင် အဝေးမှလေတိုးသံများထွက်ပေါ်လာခဲ့သည်။ ဓားဘုရင်ချင်၊ ကောင်းကင်ဘုံဘုရင်ကျူး နှင့်အခြားလူများမှာ သူတို့ရှိရာနေရာသို့အလောတကြီးရောက်လာကြပြီး ဥရောပသမဂ္ဂအဖွဲ့မှလူများအား အေးစက်သောအမူအရာများဖြင့်ကြည့်နေခဲ့သည်။

....................................................................................

All Chapters