ဘာမှမတတ်နိုင်သော
Vol. 48 Ch. 718
"မင်း"
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးမှာ ၎င်းတို့၏ခြိမ်းခြောက်စကားအားကြားပြီးနောက် အမူအရာများအလွန်ပျက်ယွင်းသွားခဲ့ကြသည်။
လက်ရှိတွင်သူတို့သည် ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၉ယောက်၏ခြိမ်းခြောက်မှုအားခံနေရသည်ဟုဆိုနိုင်ပေသည်။
အကယ်၍ သူတို့သာဆက်ခုခံနေပါက ဤလူများသူတို့အားဘာလုပ်မလဲဆိုသည်ကိုမည်သူမှမသိပေ။
သူတို့၏လုံခြုံရေးအတွက် သဘောတူရုံမှလွဲရွေးချယ်စရာမရှိပေ။
ယခု ကမ္ဘာဂြိုဟ်ပေါ်ရှိအသန်မာဆုံးနှင့်စွမ်းအားအကြီးဆုံးပညာရှင်များမှာ ဤနေရာတွင်ရပ်နေပေသည်။
စုစုပေါင်း လူ၁၁ ယောက်ရှိသော်ငြား ယခုတွင် ထိုထဲမှ ၉ယောက်မှာ သူတို့နှစ်ယောက်အားခြိမ်းခြောက်ရန်တစ်ဖက်တည်းရပ်နေကြပေသည်။
အကယ်၍သူတို့သာဆက်ခုခံနေပါက ထို၉ယောက်မှာပူးပေါင်းပြီး သူတို့အားသတ်ပေလိမ့်မည်။ ထိုအခြေအနေသို့ရောက်သွားပါက အားလုံးအတွက်အန္တရာယ်များလာမည်ဖြစ်သည်။
ယခုသူတို့ထံတွင်ရွေးချယ်စရာမရှိပေ။ တစ်နည်းသာရှိပြီး ၎င်းမှာသူတို့၏တောင်းဆိုချက်အားသဘောတူရန်ဖြစ်သည်။
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့၏ မျက်နှာများမှာမဲမှောင်နေခဲ့သည်။ ထို့နောက်၎င်းတို့သည်သူတို့ရှေ့ရှိအဖွဲ့အားစိုက်ကြည့်ပြီး ခေတ္တမျှတွေဝေနေပြီးနောက် တစ်လုံးချင်းပြောလိုက်သည်။
"ကောင်းပြီလေ ငါတို့မင်းတို့တောင်းဆိုတာကိုသဘောတူပေးလို့ရတယ် ဒါပေမဲ့ငါတို့မှာတောင်းဆိုချက်ရှိတယ်"
"တောင်းဆိုချက်လား"
ပေါလ်မှာဓားဘုရင်ချင်၏စကားများအားကြားပြီးနောက် မျက်နှာပေါ်တွင်သရော်လိုသည့်ဟန်မျိုးပေါ်လာခဲ့သည်။ သူတို့သည်ဓားဘုရင်ချင်တို့နှစ်ယောက်အားပြိုင်တူကြည့်လိုက်ကြပြီး အထင်သေးစွာပြောလိုက်သည်။
"ခင်ဗျားတို့တွေ အခြေအနေကိုသိဖို့မျှော်လင့်တယ် အခုခင်ဗျားတို့မှာကျုပ်တို့နဲ့ညှိနှိုင်းနိုင်တဲ့အခွင့်အရေးမျိုးမရှိဘူး"
"တကယ်လို့ကျုပ်တို့ခင်ဗျားတို့ကိုသတ်ပြီး ၁၃ခုမြောက်အက်ကွဲကြောင်းကိုလုယူလိုက်ရင်ရော ခင်ဗျားတို့ဘာလုပ်နိုင်မှာမလို့လဲ"
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့မှာထိုစကားများအားနားထောင်ရင်းဒေါသထွက်နေခဲ့သည်။ သို့သော် ယခုလိုခြိမ်းခြောက်မှုမျိုးနှင့်ရင်ဆိုင်နေရသော်လည်း ၎င်းတို့မှာသဘောတူရန်ရည်ရွယ်ချက်နည်းနည်းမျှပင်မရှိပေ။ ထို့နောက်၎င်းတို့၏မျက်နှာပေါ်၌ရန်စလိုသည့်အမူအရာမျိုးပေါ်လာခဲ့ပြီး အေးစက်စွာပြောလိုက်သည်။
"ဟဟ အဲဒီလိုလား"
"အဲဒီလိုဆို အားလုံးကိုဒီတိုင်းအတူတူဖျက်ဆီးလိုက်ကြရုံပေါ့ တကယ်လို့ငါတို့၁၃ခုမြောက်အက်ကွဲကြောင်းကိုချက်ချင်းဖျက်ဆီးလိုက်ပြီး မင်းတို့ကိုအောင်မြင်ခွင့်မပေးဘူး"
ကောင်းကင်ဘုံဘုရင်ကျူး၏မျက်နှာမှာ လေးနက်မှုတို့ဖြင့်ပြည့်နေခဲ့ပြီး ရှေ့ရှိလူအုပ်အားမကျေနပ်သည့်ဟန်ဖြင့်မျက်မှောင်ကြုတ်ကာကြည့်နေခဲ့သည်။ သူသည်တစ်ဖက်လူအားလုံးဝဂရုမစိုက်ပေ။
သူတို့သည်ယခုလိုအခြေအနေထိတွန်းအားပေးလာမှတော့ အားလုံးအတူတူသေလိုက်ကြရုံသာရှိပေသည်။
အစပိုင်းက ပေါလ်မှာယုံကြည်မှူအပြည့်နှင် ဘဝင်မြင့်နေသော်ငြား ယခုအချိန်တွင်ထိုကဲ့သို့သောစကားများအားကြားပြီးနောက် အလေးအနက်ရွေးချယ်ပြီး ဤလုပ်ရပ်အားပြန်လည်သုံးသပ်ရန်မှလွဲရွေးချယ်စရာမရှိပေ။
ပေါလ်၏အမူအရာမှာလေးနက်သွားပြီး မျက်မှောင်ကြုတ်ကာရှေ့ရှိကောင်းကင်ဘုံဘုရင်ကျူးနှင့် ဓားဘုရင်ချင်အားကြည့်ကာ ခေတ္တမျှစဥ်းစားနေပြီးနောက်အေးစက်စွာပြောလိုက်သည်။
"ကောင်းပြီလေ ကျုပ်ဒါကိုသဘောတူလို့ရတယ် အရင်ပြောခင်ဗျားတို့ရဲ့တောင်းဆိုချက်တွေကဘာလဲ"
ပေါလ်၏အမူအရာမှာဒေါသဖြစ်နေခဲ့ပြီး သူ၏ပုံစံမှာတစ်ခုခုအားစဥ်းစားနေသလိုပင်။ ခေတ္တမျှတွေဝေနေပြီးနောက် ၎င်းမှာခေါင်းညိတ်ပြကာ ကောင်းကင်ဘုံဘုရင်ကျူးအားကြည့်လိုက်သည်။
ကောင်းကင်ဘုံဘုရင်ကျူးနှင့်ဓားဘုရင်ချင်တို့မှာအချင်းချင်းကြည့်ကာဖြည်းညင်းစွာပြောလာခဲ့သည်။
"မင်းငှားရမ်းမှုသဘောတူညီချက်စာချုပ်မှာလက်မှတ်ထိုးပြီး နှစ်စဥ်ငှားရမ်းခပေးရမယ်"
ပေါလ်မှာခေတ္တမျှကြက်သေသွေားပြီးနောက် သူ၏မျက်နှာပေါ်တွင်နားလည်သည့်အပြုံးမျိုးပေါ်လာခဲ့သည်။
ထို့နောက်သူသည်နောက်လှည့်ကာနောက်ရှိအပေါင်းအဖော်များအားကြည့်လိုက်ရာ သူတို့၏ မျက်နှာများတွင်လည်းဘဝင်မြင့်သည့်အပြုံးတို့ဖြင့်ပြည့်နေခဲ့သည်။ ထို့နောက်၎င်းမှာချက်ချင်းပင်ခေါင်းညိတ်ကာသဘောတူလိုက်သည်။
"ကောင်းပြီလေ ခင်ဗျားပြောသလိုလုပ်ပြီးစာချုပ်မှာလက်မှတ်ထိုးကြတာပေါ့"
ထိုစကားအားပြောပြီးနောက် ၎င်းတို့အဖွဲ့မှာချက်ချင်းပင်စာချုပ်များ၌စတင်လက်မှတ်ထိုးကြတော့သည်။
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးမှာသဘောတူစာချုပ်အားလက်မှတ်ထိုးနေသည်ကိုစောင့်ကြည့်နေခဲ့ကြသည်။ သူတို့၏မျက်နှာများတွင်မတတ်သာသောအမူအရာများပေါ်နေသော်ငြား သူတို့ထံတွင်အခြားရွေးချယ်စရာမရှိပေ။
မည်သို့ပင်ဖြစ်စေ အကယ်၍သူတို့ဤငှားရမ်းမှုသဘောတူစာချုပ်အားလက်မှတ်ထိုးလိုက်လျှင်ပင် သူတို့မပေးရန်ဆုံးဖြတ်ထားပါက မည်သူမျှဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ဤအရာသည်စာချုပ်တစ်ခုသာဖြစ်ပေရာ သူတို့အတွက်ဤစာချုပ်အားချိုးဖောက်ရန်မှာမခက်ခဲပေ။
မကြာမီတွင် သဘောတူစာချုပ်အားလက်မှတ်ထိုးပြီးသွားခဲ့သည်။
ပေါလ်မှာကောင်းကင်ဘုံဘုရင်ကျူးနှင့်ဓားဘုရင်ချင်တို့အား အန္တရာယ်ပေးလိုသောပုံစံမျိုးဖြင့်ကြည့်ကာ ပြုံးပြီးဂုဏ်ယူစွာပြောလိုက်သည်။
"ဒီမှာ စာချုပ်ကိုလက်မှတ်ထိုးပြီးပြီ ကျုပ်တို့သဘောတူထားတဲ့အတိုင်းလုပ်ပြီးပြီ"
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးထွက်သွားပြီးနောက် မဟာမိတ် ၄ခုမှ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၉ယောက်မှာ ချက်ချင်းပင် လူစုလိုက်ကြသည်။
"ကျုပ်တို့ ၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးကိုရပြီးပြီ ဆက်ပြီးဘာလုပ်ကြမလဲ"
ဤလူအုပ်၏မေးခွန်းအားကြားလိုက်ရချိန်တွင် ပေါလ်၏ မျက်နှာ၌ဘဝင်မြင့်သည့်အပြုံးမျိုးပေါ်လာခဲ့သည်။
သူသည်လက်ထဲရှိစာချုပ်အားတင်းကြပ်စွာဆုပ်ကိုင်ပြီး အေးဆေးပြုံးလိုက်ကာ လက်ချောင်းများအားချိုးကာပြောလိုက်သည်။
"ကမ္ဘာဂြိုဟ်က အရင်းအမြစ်တွေဒီလောက်ပေါများတာ ဘယ်လိုလုပ်ပြီး၁၃ခုမြောက်အပျက်အစီးတစ်ခုတည်းကမှာလဲ"
ဤစကားအားကြားလိုက်ရပြီးနောက် ထိုနေရာတွင်ရှိနေသောလူများမှာချက်ချင်းပင်အံ့သြသွားခဲ့ကြသည်။
၎င်းတို့သည်မျက်စိရှေ့မှပေါလ်အားတစ်ပြိုင်နက်ကြည့်လိုက်ကြကာ ခေတ္တမျှတွေဝေနေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်မေးလာခဲ့သည်။
"ဒီတော့ ခင်ဗျားပြောချင်တာက....."
"ဟုတ်တယ်"
ပေါလ်၏မျက်လုံးများမှာအန္တရာယ်အငွေ့အသက်များဖြင့်ပြည့်နေခဲ့သည်။
ထို့နောက်သူသည်ပြုံးကာဖြည်းဖြည်းချင်းပြောလိုက်သည်။
"မဟူရာသံတွေအရမ်းပေါတဲ့ ပင်လယ်ဧရိယာတစ်ခုရှိသေးတာ ကျုပ်မှတ်မိတယ်"
"တကယ်လို့ မဟူရာသံတွေကိုကျုပ်တို့အတွက်ယူနိုင်ရင် ကျုပ်တို့ထုတ်မဲ့လက်နက်တွေရဲ့အရည်အသွေးကကမ္ဘာပေါ်မှာအမြင့်ဆုံးလို့တောင်ပြောလို့ရပြီ"
ထိုစကားအားကြားပြီးနောက် အားလုံး၏မျက်လုံးများတွင်အရောင်တောက်လာခဲ့သည်။
ပေါလ်ပြောသည်မှာမှန်ပေသည်။
ဤလောကကြီးတွင် အမာကျောဆုံးပစ္စည်းမှာမဟူရာသံဖြစ်သည်။
မဟူရာသံဖြင့်ဖန်တီးထားသောအခြေခံလက်နက်ပင် ပြိုင်ဘက်ကင်းဖြစ်ကာ သံထည်များအားရွှံတုံးအားပိုင်းသကဲ့သို့ပိုင်းဖြတ်နိုင်စွမ်းရှိပေသည်။
ထိုသို့တွေးမိသောအခါ သူတို့သည်ချက်ချင်းပင်ထိုအကြံအားသဘောတူကာ ပင်လယ်ဧရိယာရှိမဟူရာသံတို့အားလုယူရန်အသန်မာဆုံးလူအားလွှတ်ရန်ဆုံးဖြတ်လိုက်ကြသည်။
"ဒီတစ်ခေါက် သူတို့ကိုအလွယ်တကူဖြေရှင်းလို့ရအောင်သိုင်းပညာရှင်တစ်ချို့ကိုလွှတ်လိုက်ရင်ရပြီ ကျုပ်တို့အဖွဲ့ကအငယ်တွေဖြစ်တဲ့ မိုက်၊ စီလင်းနဲ့ ဂျိုနသန်တို့အတူတူသွားကြလိမ့်မယ် အခုဒီလောကကြီးမှာကျုပ်တို့ကိုနိုင်မဲ့လူတစ်ယောက်မှမရှိတော့မှာပဲစိုးတယ်"
ပေါလ်၏မျက်နှာပေါ်တွင်ယုံကြည်ချက်ရှိသောအပြုံးတစ်ခုပေါ်လာခဲ့ပြီးနောက် ထပ်မံပြောလာခဲ့သည်။
"မင်းတို့သုံးယောက်သွားရင်ရပြီ"
"ဟုတ်ကဲ့"
မျက်စိတစ်မှိတ်အတွင်း ထိုသုံးယောက်မှာချက်ချင်းပင်အရင်းအမြစ်များအားလုယူရန်ပြင်ဆင်နေခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် စက်ပစ္စည်းများဝတ်ဆင်ကာလက်နက်များကိုင်ဆောင်ထားသည့် စစ်သည်တစ်ဖွဲ့သည်ကမ်းရိုးတန်းပတ်ဝန်းကျင်တွင်ကင်းလှည့်နေခဲ့သည်။
ယခုသန္ဓေသားပြောင်းသားရဲများမှာသောင်းကျန်းနေပြီး တစ်ကမ္ဘာလုံးအန္တရာယ်နှင့်ရင်ဆိုင်နေရပေရာ သူတို့မည်သည့်အချိန်တွင်တိုက်ခိုက်ခံရမလဲဆိုသည်အားမည်သူမျှမသိပေ။
ယခုအရေးကြီးဆုံးမှာအမြန်ဆုံးသန်မာလာရန်ဖြစ်သည်။ မဟုတ်ပါက အနာဂတ်တွင်သန္ဓေပြောင်းသားရဲများ သို့မဟုတ်မျိုးနွယ်ခြားရန်သူများအားခုခံရန်မှာ သူတို့အတွက်စိတ်ကူးယဥ်ပုံပြင်တစ်ပုဒ်သာဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင်ရုတ်တရက်ကောင်းကင်ပေါ်မှဝုန်းခနဲအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
မူလကကင်းလှည့်နေခဲ့သောစစ်သည်များမှာ ကောင်းကင်ပေါ်သို့ပြိုင်တူမော့ကြည့်လိုက်ကြသော်ငြား ပုံမှန်မဟုတ်သည့်မည်သည့်အရာကိုမှမတွေ့ရပေ။
သို့သော် ဖြစ်လာနိုင်သည့်အမှားအယွင်းတို့အားကြိုတင်ကာကွယ်ရန် ထိုအဖွဲ့မှာတိုက်ပွဲအမိန့်ပေးစင်တာဆီသို့အလောတကြီးပြေးသွားခဲ့သည်။
....................................................................................