← Chapters

ကျူးကျော်ဝင်ရောက်ခြင်း

Vol. 48 Ch. 719

ကျူးကျော်ဝင်ရောက်ခြင်း

Vol. 48 Ch. 719

တိုက်ပွဲအမိန့်ပေးစင်တာအားရောက်ရှိလာပြီးနောက် တိုက်ပွဲအမိန့်ပေးစင်တာ၏ခေါင်းဆောင်ဖြစ်သူ ကျန်းခိုင်ရွှမ်းမှာ စားပွဲပေါ်ရှိမျက်နှာပြင်အားလေးနက်သောအမူအရာဖြင့်စိုက်ကြည့်နေပြီး လက်ထဲမှကိရိယာအားအဆက်မပြတ်ထိန်းချုပ်နေသည်ကိုအားလုံးတွေ့လိုက်ရသည်။

ထိုမြင်ကွင်းအားကြည့်ပြီးအဖွဲ့မှာအချင်းချင်းကြည့်လိုက်ကြပြီး မကောင်းသောခံစားချက်တစ်ခုအားခံစားလိုက်ရသည်။

"ခေါင်းဆောင် ကျွန်တော်တို့သံသယရှိတာတစ်ခုတွေ့ခဲ့ပါတယ်"

ထိုအဖွဲ့ထဲမှတစ်ယောက်၏အမူအရာမှာအလွန်လေးနက်နေခဲ့ပြီး ၎င်းမှာလျင်မြန်စွာပင်ကျန်းခိုင်ရွှမ်း၏ဘေးနားသို့လျှောက်သွားပြီးစိုးရိမ်စွာဖြင့်ပြောလိုက်သည်။

"ပြော"

ကျန်းခိုင်ရွှမ်းမှာမော့မကြည့်ဘဲပြောလိုက်သည်။ လက်ရှိအချိန်တွင်တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းကိုသူလည်းသိထားပြီးပြီဖြစ်ကာ ပြဿနာအားစုံစမ်းရန်အကောင်းဆုံးကြိုးစားနေပေသည်။

ထိုအဖွဲ့မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပြောလိုက်သည်။

"ကျွန်တော်တို့ကမ်းရိုးတန်းကိုကင်းလှည့်နေတဲ့အချိန် ပေါက်ကွဲသံတစ်ခုကြားလိုက်တယ် ဒါပေမဲ့ဘာပုံမှန်မဟုတ်တာမှမတွေ့ဘူး ကျွန်တော်တို့ကမ်းရိုးတန်းရဲ့လုံခြုံရေးအတွက် ကျွန်တော်တို့ဒီသတင်းကိုခေါင်းဆောင်ဆီချက်ချင်းလာပြီးအစီရင်ခံဖို့ဆုံးဖြတ်လိုက်ကြတာပါ"

ထိုအဖွဲ့၏အသံမှာအလွန်လေးနက်နေခဲ့သည်။ အကြောင်းမှာလက်ရှိအချိန်သည်အထူးကာလဖြစ်ကာ အားလုံးကိုအထူးတလည်သဘောထားရမည်ဖြစ်သည်။

သူတို့သည်မည်သည့်သဲလွန်စကိုမှလွတ်သွားလို့မဖြစ်ပေ။ မဟုတ်ပါကသူတို့ကြုံတွေ့လာရမည့်ကိစ္စမှာ ပြဿနာများလာနိုင်ပေသည်။

မကြာမီကျန်းခိုင်ရွှမ်းမှာမော့ကြည့်လာကာ အံ့သြတကြီးဖြင့်မေးလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ ထူးဆန်းတဲ့အသံတစ်ခုကြားတယ်လို့ပြောလိုက်တာလား"

သူတို့အဖွဲ့မှာပြိုင်တူခေါင်းညိတ်ပြလိုက်ကြသော်ငြား အမူအရာများမှာလေးနက်နေခဲ့သည်။

"ခေါင်းဆောင် ဒါကကျွန်တော်တို့စိတ်ထင်တာလည်းဖြစ်နိုင်ပေမဲ့...."

"ရန်သူက ကျွန်တော်တို့ရဲ့ကာကွယ်ရေးစနစ်ကိုစုံစမ်းဖို့ကိုယ်ပျောက်တိုက်ခိုက်ရေးလေယာဥ်လွှတ်လိုက်ပြီး ကျူးကျော်ဖို့စီစဥ်နေတယ်လို့သံသယဝင်ပါတယ်"

ဝုန်း...

ဤစကားတစ်ခွန်းမှာအာလုံး၏နားထဲတွင် ချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

အထူးသဖြင့် ကျန်းခိုင်ရွှမ်းပင် ၎င်း၏မျက်နှာအမူအရာမှာအလွန်ပျက်ယွင်းသွားခဲ့သည်။

သူသည်မသိစိတ်၏အလိုအရစက်၏လက်ကိုင်အားဆုပ်ကိုင်ကာလေးနက်စွာပြောလိုက်သည်။

"တကယ်တော့ မင်းပြောနေတဲ့ဟာကိုငါလည်းတွေ့လိုက်တယ်"

"လွန်ခဲ့တဲ့နာရီဝက်လောက်တုန်းက ရေဒါကပေါ်မှာအသေးစားစွမ်းအင်အတက်အကျတစ်ခုကိုအာရုံခံမိလိုက်တယ် ဒါပေမဲ့ဒီစွမ်းအင်အတက်အကျကအတော်လေးပါးနပ်တယ် ငါတို့ရဲ့ကိရိယာကဒါကိုဖမ်းယူလို့မရဘူး"

"ဒါသေချာပေါက် စက်ကမှားတာမဟုတ်ဘူး အရမ်းနည်းပညာမြင့်တဲ့ကိရိယာမရှိရင် ငါတို့ဘာသတင်းကိုမှစုံစမ်းနိုင်မှာမဟုတ်ဘူး"

ကျန်းခိုင်ရွှမ်း၏အမူအရာမှာ ချက်ချင်းပင်အလွန်လေးနက်သွားခဲ့ပြီး မျက်နှာပြင်အားအံ့သြတကြီးကြည့်နေခဲ့ကာ အသက်ရှူသံများပင်မြန်လာခဲ့သည်။

အကယ်၍သူတို့ယခုတစ်ကြိမ်ကြားသည့်ပေါက်ကွဲသံသည် တကယ်ပင်နည်းပညာမြင့်တိုက်ခိုက်‌ရေးလက်နက်ဆိုပါက သူတို့အတွက်အန္တရာယ်များပြီဟုဆိုနိုင်ပေသည်။

ထိုအချိန်ရောက်ပါက သူတို့ရင်ဆိုင်ရမည့်အရာမှာ ထိုမျှလောက်ရိုးရှင်းတော့မည်မဟုတ်ပေ။

ဤကိစ္စမှာ တစ်တိုင်းပြည်လုံး၏လုံခြုံရေးနှင့်သက်ဆိုင်ပေသည်။

အကယ်၍ဖြစ်လာနိုင်သည့်အန္တရာယ်အားမခံစားနိုင်ပါက သူတို့တကယ်ပင်အန္တရာယ်များမည်ဖြစ်သည်။

ကျန်းခိုင်ရွှမ်းမှာလက်သီးအားတင်းကြပ်စွာဆုပ်လိုက်မိသည်။ ခေတ္တမျှစဥ်းစားပြီးနောက် ၎င်းမှာရုတ်တရက်အမိန့်ပေးလိုက်သည်။

"အမိန့်ပေးလိုက် ငါတို့ရဲ့ကာကွယ်ရေးကိုသေချာတင်းကြပ်ပီး သတိပိုထားကြဖို့ မင်းတို့ရန်သူကိုတွေ့တာနဲ့ ငါ့ခွင့်ပြုချက်မလိုပါဘူး တပ်ဖြန့်ထားတဲ့အဖွဲ့တွေအားလုံးချက်ချင်းတိုက်ခိုက်လို့ရတယ်"

ထိုစကားအားကြားပြီးနောက် ရပ်နေသောအဖွဲ့သားများမှာချက်ချင်းပင်ကျန်းခိုင်ရွှမ်း၏ဆိုလိုရင်းအားသဘောပေါက်လိုက်ကြသည်။

သူပြောချင်သည့်အဓိပ္ပာယ်မှာသိသာပေသည်။ သူသည်သွေးမုန်တိုင်းတစ်ခုစရန်စီစဥ်နေခြင်းသာဖြစ်သည်။

အားလုံးမှာချက်ချင်းပင်တုံ့ပြန်လာခဲ့ကြသည်။ အနာဂတ်တွင်သူတို့ရင်ဆိုင်ရတော့မည့်အန္တရာယ်သည်မှန်းဆကြည့်လို့မရနိုင်လောက်ပေ။

မဟုတ်ပါက ကျန်းခိုင်ရွှမ်းမှာတွေ့တာနှင့်သတ်ဖို့အမိန့်ပေးမည်မဟုတ်ပေ။

အဖွဲ့၏အမူအရာမှာချက်ချင်းပင်လေးနက်သွားခဲ့သည်။ သူတို့သည်အဝေးသို့ပြိုင်တူကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့၏မျက်နှာများတွင်လည်းသေရန်ဆုံးဖြတ်ထားသည့်အရိပ်အယောင်များဖြင့်ပြည့်နေခဲ့သည်။

"နားလည်ပါပြီ ခေါင်းဆောင်"

တစ်ချိန်တည်းမှာပင် နယ်စပ်ဧရိယာ၌ ကိုယ်ပျောက်တိုက်လေယာဥ်အသေးစားတစ်စင်းမှာတိမ်တိုက်များကြားမှလျင်မြန်စွာပျံသန်းနေခဲ့သည်။

တိုက်လေယာဥ်ထဲတွင်ထိုင်နေသည့် မိုက်၊ စီလင်းနှင့် ဂျွန်နသန်တို့ ၃ယောက်မှာ တိုက်ခိုက်ရေးချပ်ဝတ်များအားဝတ်ဆင်ထားကြပြီး သူတို့၏မျက်နှာများမှာအနိုင်ယူရန်ဆုံးဖြတ်ချက်ချထားသည့်ဟန်များပေါ်နေခဲ့သည်။ သူတို့သည်ထိုင်ခုံများတွင်ထိုင်ကာ အဝေးမှကောင်းကင်အားကြည့်နေကြသည်။

"ငါတို့ရောက်တော့မယ် မင်းတို့အဆင်သင့်ဖြစ်ပြီလား"

ဂျွန်နသန်မှာနောက်လှည့်ကာ မိုက်နှင့်စီလင်းတို့အားကြည့်ပြီးပြုံးကာမေးလိုက်သည်။

"ငါတို့ကအမြဲတမ်းပြင်ဆင်ထားပြီးသား တကယ်လို့ဘာမူမမှန်တာမှမရှိရင် ငါတို့သေချာပေါက်သူတို့ကိုမြန်မြန်သတ်ပြီး မဟူရာသံကိုလုယူလာလို့ရပြီ"

မိုက်၏အမူအရာမှာသေချာဟန်ပေါ်နေခဲ့သည်။ သူသည်လက်နက်များအားအသင့်ပြင်ထားပြီးပြီဖြစ်ကာ ရာနှုန်းပြည့်ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်ကာ ချက်ချင်းတိုက်ခိုက်ရန်စီစဥ်ခဲ့သူဖြစ်သည်။

"ဟဟ မိုက် မင်းကတော့အရမ်းစိတ်လှုပ်ရှားနေတာပဲ"

ဘေးရှိစီလင်း၏ပုံစံမှာအလွန်တည်ငြိမ်နေခဲ့သည်။ သူမ၏လှပသောမျက်နှာထက်တွင် ဘဝင်မြင့်သည့်အပြုံးတစ်ခုရှိနေပြီး သူမသည်အဝေးသို့ဂရုမစိုက်ဟန်ဖြင့်ကြည့်ကာတစ်လုံးချင်းပြောလိုက်သည်။

"တကယ်လို့ငါတို့အဲဒီအမှိုက်တွေကိုရှင်းချင်တယ်ဆိုရင်လည်း ဘာလို့ဒီလောက်ပုံကြီးချဲ့နေမှာလဲ"

"အဆုံးကျ ငါတို့ဒီအမှိုက်ပုရွတ်ဆိတ်တွေကိုတစ်ချက်တည်းနဲ့အလွယ်လေးသတ်နိုင်မှာပဲကို"

"သူတို့ရဲ့ပညာရှင်တွေကအိပ်ပျော်နေကြတယ် သူတို့ပြန်နိုးလာတဲ့အချိန်ကျ ငါတို့ဒီနေရာကိုအပိုင်သိမ်းထားပြီးသားဖြစ်နေလောက်ပြီ"

ဂျွန်နသန်မှာ ထိုစကားအားနားထောင်လိုက်ပြီး ဂုဏ်ယူနေဟန်ဖြင့်ပြုံးနေခဲ့သည်။

ထို့နောက်ပြုံးကာပြောလိုက်သည်။

"ဟဟ စီလင်းပြောတာမှန်တယ် အချိန်ကျလာရင်အဲဒီပညာရှင်တွေကငါတို့ကိုဖိနပ်တိုက်ပေးတဲ့လူအဆင့်လောက်ပဲရှိတော့မှာ"

ကိုယ်ပျောက်တိုက်လေယာဥ်ထဲတွင် ထိုသုံးယောက်မှာစကားပြောကာရယ်မောနေကြပေရာ လေထုမှာသက်သောင့်သက်သာဖြစ်နေခဲ့သည်။

သူတို့သုံးယောက်သည် နယ်စပ်အားအလွယ်တကူဖြတ်ကျော်လာခဲ့ပြီး ကမ်းရိုးတန်း၏အပေါ်ဘက်ကောင်းကင်သို့ရောက်ရှိလာခဲ့သည်။ သို့သော်သူတို့မချဥ်းကပ်နိုင်ခင်မှာပင် ကိုယ်ပျောက်တိုက်လေယာဥ်ထံမှတတီတီအချက်ပေးသံထွက်ပေါ်လာခဲ့သည်။

"သူတို့ကတကယ်ကို လုံခြုံရေးကိုတင်းကြပ်ထားတာလား"

မိုက်၏ပုံစံမှာချက်ချင်းပင်လေးနက်သွားခဲ့သည်။ သူသည်မဲမှောင်နေသောအမူအရာဖြင့်အဝေးသို့ကြည့်ကာ ခပ်မတ်မတ်ရပ်လိုက်သည်။

"စိတ်မလှုပ်ရှားနဲ့ သူတို့ကာကွယ်ရေးတိုးမြှင့်ထားတော့ရောဘာဖြစ်လဲ"

"သူတို့ရဲ့ရေဒါတွေက ငါတို့ရဲ့ကိုယ်ပျောက်တိုက်လေယာဥ်တွေကို ထောက်လှမ်းနိုင်တာမှမဟုတ်တာ"

"သူတို့ငါတို့တိုက်လေယာဥ်တွေကိုရှာတွေ့တဲ့အချိန်ကျ ငါတို့ရဲ့ဒုံးကျည်တွေက သူတို့ရဲ့အခြေစိုက်ခန်းကိုအပိုင်းပိုင်းဖြစ်အောင်လုပ်ပြီးလောက်ပြီ"

စီလင်းနှင့်ဂျွန်နသန်တို့၏မျက်နှာများမှာယုံကြည်ချက်ရှိသောအပြုံးများဖြင့်ပြည့်နေခဲ့ပြီး သူတို့သည်ဤကိစ္စအားလုံးဝဂရုမစိုက်ဘဲ အေးဆေးပင်ဖြစ်နေပေသည်။

ဂျွန်နသန်မှာအမြဲတမ်း ဤအဖွဲ့အပေါ်အထင်သေးလာခဲ့ခြင်းဖြစ်သည်။ ဤအဖွဲ့မှာတက်ကြွစွာဖြင့် သူတို့အားခုခံရန်ပြင်ဆင်နေသည်ကိုကြည့်ပြီး သူ့မျက်နှာတွင်အထင်သေးကာလှောင်ပြောင်လိုသည့်အမူအရာများဖြင့်ပြည့်နေခဲ့သည်။

"ဟဟ ဒီပုရွတ်ဆိတ်တွေကငါတို့နဲ့ယှဥ်ချင်တာလား ရယ်စရာပဲ"

ဂျွန်နသန်သည်တိုက်လေယာဥ်၏ထိန်းချုပ်ရေးခန်းသို့ဝေ့ဝဲကြည့်လိုက်ပြီး သူ၏မျက်နှာမှာမကောင်းသည့်ရည်ရွယ်ချက်တို့ဖြင့်ပြည့်နေခဲ့သည်။ ထို့နောက်ရုတ်တရက်ပစ်ခတ်ရေးခလုတ်အားနှိပ်လိုက်ရာ များစွာသောဒုံးကျည်များမှာလျင်မြန်စွာပြေးထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တိုက်ပွဲအမိန့်ပေးခန်းထဲမှ ကျန်းခိုင်ရွှမ်း၏အမူအရာသည်လည်းအလွန်လေးနက်နေခဲ့သည်။ သူ့မျက်လုံးများမှာသူ့‌ရှေ့ရှိထောက်လှမ်းရေးကိရိယာပေါ်တွင်သာရှိနေခဲ့ပြီး လှုပ်ရှားမှုအနည်းငယ်ရှိသည်နှင့် ပထမဆုံးသိမည့်လူမှာသူပင်ဖြစ်သည်။

"အစီရင်ခံပါတယ် ကျွန်တော်တို့ရဲ့ပိုင်နက်မှာ ကြီးမားတဲ့အလားအလာရှိတဲ့ခြိမ်းခြောက်မှုတစ်ခုကိုတွေ့ရှိထားပါတယ် ကျွန်တော်တို့တိုက်ပွဲဝင်ဖို့တောင်းဆိုပါတယ်"

....................................................................................

All Chapters