← Chapters

တပ်ဖြန့်ခြင်း

Vol. 48 Ch. 720

တပ်ဖြန့်ခြင်း

Vol. 48 Ch. 720

ကျန်းခိုင်ရွှမ်းမှာအဝေးအားသတိကြီးစွာကြည့်နေစဥ်မှာပင် တိုက်ခိုက်ရေးဝတ်စုံဝတ်ဆင်ထားသည့် တည်ကြည်သည့်ပုံစံရှိသည့်အမျိုးသားတစ်ယောက်မှာ မှောင်မိုက်နေသောအမူအရာမျိုးဖြင့်အပြင်ဘက်မှလမ်းလျှောက်ဝင်လာခဲ့သည်။

ကျန်းခိုင်ရွှမ်းမော့မကြည့်နိုင်သေးမီမှာပင် ရေဒါပေါ်တွင်အချက်ပေးသံတစ်ခုရုတ်တရက်ထွက်ပေါ်လာသည်ကိုမြင်လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ထောက်လှမ်း‌ရေးရေဒါပေါ်တွင်အနီရောင်အစက်များစွာပေါ်လာသည်ကိုမြင်လိုက်ရသည်။

ဤအနီစက်များမှာအလွန်ခြိမ်းခြောက်နိုင်သည့်ဒုံးကျည်များအားကိုယ်စားပြုပေသည်။ ထိုဒုံးကျည်များသူတို့ပိုင်နက်သို့ရောက်လာသည်နှင့် ကြီးမားသောပျက်စီးဆုံးရှုံးမှုများအားဖြစ်စေမည်ဖြစ်သည်။

"မကောင်းတော့ဘူး အန္တရာယ်ရှိတယ် ပထမအဆင့်ကာကွယ်ရေးစနစ်ကိုချက်ချင်းအသက်သွင်းပြီး တတ်နိုင်သမျှအမြန်ဆုံးကြားဖြတ်တိုက်"

တိုက်ခိုက်ရေးဝန်ထမ်းများမှာတံခါးပေါက်မှဝင်လာခဲ့ကြသည်။ သူတို့၏အမူအရာများသည်လည်းလေးနက်နေခဲ့ပြီး တိုက်ခိုက်ရေးဌာန၏ဝန်ထမ်းဝတ်စုံအားဝတ်ဆင်ထားကာ အမိန့်ကိုစောင့်နေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ကျန်းခိုင်ရွှမ်းသည်လည်းအလေးအနက်ပြောလာခဲ့သည်။

"ငါ့အမိန့်ကိုနာခံကြ"

"အဖွဲ့၁ ချက်ချင်းအဖွဲ့သား ၁၀ယောက်ကိုဦးဆောင်ပြီး ရန်သူကိုပစ်ချဖို့ကောင်းကင်ပေါ်ကိုသွား"

"ဟုတ်ကဲ့"

မျက်စိတစ်မှိတ်အတွင်း ထိုအဖွဲ့မှာချက်ချင်းပင်ထွက်သွားပြီး တိုက်လေယာဥ်အားမောင်းထုတ်ပြီးတိုက်ပွဲအားစရန်ပြင်လိုက်သည်။

ကျန်းခိုင်ရွှမ်းမှာတိုက်ပွဲအမိန့်ပေးစင်တာသို့ပြန်ကာ ပထမအဆင့်ကာကွယ်ရေးစနစ်အားအသက်သွင်းကာ ရောက်လာမည့်ဒုံးကျည်များအားကြားဖြတ်တိုက်ခိုက်ရန် ကျည်ဖူးများအားပစ်လွှတ်လိုက်သည်။

ဝုန်း.... ဝုန်း.... ဝုန်း..

အမြင့်ပေမီတာတစ်သောင်းမှ များစွာသောဒုံးကျည်များမှာ မိုးရေစက်များကဲ့သို့ကျရောက်လာခဲ့သည်။

သို့သော် ဥရောပသမဂ္ဂ၏အထူးတိုက်ခိုက်ရေးဒုံးကျည်များမှာ တကယ်ပင်ရေဒါဖြင့်ထောက်လှမ်းမှုအားကာကွယ်နိုင်ပေရာ အကယ်၍ပထမအဆင့်ကြားဖြတ်တိုက်ခိုက်ရေးစနစ်အားအသက်သွင်းလိုက်လျှင်ပင် ၎င်းတို့၏အရှိန်အဟုန်ဖြင့်တိုက်ခိုက်မှုအားမတားဆီးနိုင်ပေ။

ကျန်းခိုင်ရွှမ်းမှာဒုံးကျည်မိုးများရွာချလာသည်ကိုကြည့်ရင်းခေါင်းများပင်ကိုက်လာခဲ့ကာ အားလုံး၏အမူအရာများမှာလည်းသိသိသာသာပြောင်းလဲသွားခဲ့သည်။

ကမ်းရိုးတန်းမြို့တွင်......

ဤဒုံးကျည်များဖြင့်၎င်းတို့၏မြို့ တစ်စစီဖျက်ဆီးခံရတော့မည်ကို ကျန်းခိုင်ရွှမ်းမှာကူကယ်ရာမဲ့စွာကြည့်နေရုံသာတတ်နိုင်ပြီး အခြားဘာမှမလုပ်နိုင်ပေ။

ကျန်းခိုင်ရွှမ်း၏မျက်နှာမှာကြောက်ရွံ့မှုများဖြင့်ပြည့်နေခဲ့ပြီး ကာကွယ်ရေးစီမံချက်များအားအသက်သွင်းရန်အကောင်းဆုံကြိုးစားခဲ့သော်လည်း ဘာမှမတတ်နိုင်ပေ။

အဝေးရှိမြေပြင်မှာဒုံးကျည်များ၏အကြမ်းပတမ်းတိုက်ခိုက်မှုကြောင့် ကြီးမားသောမီးတောက်များဖြင့်တောက်လောင်နေသည့်မြင်ကွင်းအားကြည့်ပြီး ကျန်းခိုင်ရွှမ်းမှာရုတ်တရက်အလွန်ထိတ်လန့်သွားခဲ့သည်။

သူသည်ထိုမြင်ကွင်းအားထိတ်လန့်တကြားကြည့်ရင်း ခန္ဓာကိုယ်တစ်ခုလုံးမှာတုန်ယင်လာခဲ့ကာ အံကိုကြိတ်ပြီးမျက်စိရှေ့မှမြင်ကွင်းအားမယုံကြည်နိုင်ဖြစ်နေခဲ့သည်။ အသက်ရှူသံများပင်မြန်လာခဲ့သည်။

များစွာသောနိုင်ငံသားများ၏နာကျင်စွာငိုကြွေးနေသံမှာ သူ၏နားထဲတွင်သံရည်ပူအလားပူလောင်လှပေရာ အသက်ပင်မရှူနိုင်‌ပေ။

ဤသို့ဖြစ်ရသည်မှာ အားလုံးထိုစက်ဆုပ်စရာကောင်းသည့်ဥရောပသမဂ္ဂကြောင့်ပင်ဖြစ်သည်။ အကယ်၍သူသာဤကပ်ဆိုးအားအမြန်ဆုံးမတားဆီးနိုင်ပါက အနာဂတ်တွင်သူတို့ရင်ဆိုင်ရမည့်အရာမှာဖျက်ဆီးခြင်းဟူသောအရာသာဖြစ်ပေသည်။

ကျန်းခိုင်ရွှမ်းပူပန်နေတုန်းမှာပင် အစောပိုင်းကလွှတ်လိုက်သောတိုက်လေယာဥ်မောင်းသမားများမှာ ကောင်းကင်၏ပေတစ်သောင်းအမြင့်သို့ပျံသန်းသွားခဲ့ပြီဖြစ်သည်။

သူတို့၏မျက်နှာများတွင်လည်း ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် ပြည့်နေခဲ့သည်။

လူ ၁၀ယောက်ဖြင့်ဖွဲ့စည်းထားသောထိုအဖွဲ့မှာငြိမ်းချမ်း‌ရေးအားကာကွယ်ကာ မျှော်လင့်ချက်အားအသက်ဝင်စေရန် အသက်အားပေးဆပ်ရန်ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။

နောက်တစ်စက္ကန့်တွင် များစွာသောတိုက်လေယာဥ်များမှာအမြင့်ပေတစ်သောင်းအထိပျံတက်သွားခဲ့သည်မှာဤတိုက်ပွဲအားစတင်ရန်ဆုံးဖြတ်ချက်ချထားကြပုံပင်။

ဝုန်း.... ဝုန်း....ဝုန်း.....

ကောင်းကင်မှဒုံးကျည်များကျလာပြီး ပေါက်ကွဲသံများမှာချက်ချင်းထွက်ပေါ်လာခဲ့သည်။ ကျန်းခိုင်ရွှမ်းမှာစကားပြောစက်အားကောက်ကိုင်ကာ တိုက်ပွဲအားစတင်အမိန့်ပေးတော့သည်။

တစ်ချိန်တည်းမှာပင် ထိုအဖွဲ့မှာသူတို့အားတန်ပြန်တိုက်ခိုက်နေသည်ကိုမြင်ပြီးနောက် ဂျွန်နသန်တို့အဖွဲ့၏မျက်နှာပေါ်တွင်အေးစက်သောအပြုံးတစ်ခုပေါ်လာခဲ့သည်။

"ဟဟ ဒီအဖွဲ့ကလူတွေကတကယ်ကိုပြန်တိုက်ရဲတာပဲ ငါတို့ဒုံးကျည်တွေက သူတို့ရဲ့ခေါင်းကိုသေချာမထိသေးဘူးလို့မင်းတို့ထင်လား"

ဂျွန်နသန်၏မျက်နှာပေါ်တွင်ဆိုးယုတ်သောအမူအရာတစ်ခုပေါ်လာခဲ့သည်။ ထို့နောက်စိတ်ထဲရှိဒေါသအားမျိုချကာ အေးစက်စွာပြောလိုက်သည်။ သူ၏မျက်လုံးများတွင်လည်းမကျေနပ်မှုများဖြင့်ပြည့်နေခဲ့သည်။

"ဒီထက်ပြင်းပြင်းလေး"

"ဘာပဲဖြစ်ဖြစ်ငါတို့ဒီနေ့ မဟူရာသံကိုရအောင်ကိုလုရမယ်"

"ဟုတ်ကဲ့ခေါင်းဆောင်"

မိုက်နှင့်စီလင်းမှာချက်ချင်းပင်သူတို့၏တိုက်ခိုက်မှုများအားထိန်းချုပ်လိုက်သည်။ သူတို့သည်တိုက်ခိုက်မှုစွမ်းအားအားတိုးလိုက်သည်မှာ တစ်နေရာလုံးအားအပိုင်းပိုင်းအစစဖြစ်သည်အထိဖျက်ဆီးနေချင်သည့်ပုံပင်။

ကျန်းခိုင်ရွှမ်းသည်လည်းပေါ့ပေါ့တန်တန်လူမဟုတ်ပေရာ ဤဒုံးကျည်များအားတားဆီးရန်သူတို့၏အသန်မာဆုံးကာကွယ်ရေးစီမံချက်အားသုံးရန် သူ့လူများအားချက်ချင်းအမိန့်ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင် များစွာသောဒုံးကျည်များမှာမီတာတစ်သောင်းအမြင့်သို့ထိုးတက်သွားပြီးနောက် ချက်ချင်းပင်ထိုကောင်းကင်ပေါ်၌ပေါက်ကွဲသွားခဲ့သည်။

ဝုန်း....

ကောင်းကင်တစ်ခုလုံးတွင်ကြီးမားသောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီးနောက် ကောင်းကင်ပေါ်ရှိလေထုမှာအစောပိုင်းကပေါက်ကွဲမှုဒဏ်ကြောင့်ဆက်တိုက်တုန်ခါလာခဲ့သည်။

ပြင်းထန်သောလေထုတုန်ခါမှုကြောင့် မိုက်တို့သုံးယောက်စီးလာသောကိုယ်ပျောက်တိုက်လေယာဥ်မှာ ပြင်းထန်စွာတုန်ခါလာခဲ့သည်။

သူတို့သုံးယောက်သည် စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီးနောက် ဂျွန်နသန်မှာရုတ်တရက်ယာဥ်အားထိန်းချုပ်ကာ တိုက်ခိုက်မှုအားအရှိန်မြင့်လိုက်သည်။

များစွာသောဒုံးကျည်များ၏တိုက်ခိုက်မှုကြောင့် မူလခုခံကာကွယ်ရေးအဖွဲ့၏တစ်ဝက်ကျော်မှာချက်ချင်းပင်ဖျက်ဆီးခံလိုက်ရသည်။

"အခုပဲ"

ဂျွန်နသန်မှာလောင်ကျွမ်းနေသောမြေပြင်အားကြည့်ကာ ရုတ်တရက်ဆိုသလိုပင်သူ့မျက်နှာပေါ်တွင်အလွန်ပျော်ရွှင်နေသည့်အမူအရာမျိုးပေါ်လာခဲ့သည်။

သူသည်ချက်ချင်းပင်လက်ခုပ်တီးလိုက်ပြီး သူ၏မျက်နှာတွင်လည်းပျော်ရွှင်မှုများဖြင့်ပြည့်နေခဲ့သည်။ ထို့နောက်သူသည်မတ်တပ်ထရပ်လိုက်ကာ ကျန်နှစ်ယောက်အားပြောလိုက်သည်။

"အခုသွားပြီးတော့မဟူရာသံကိုသွားလုကြတာပေါ့ ငါတို့‌အောင်မြင်သွားရင် ချက်ချင်းပြန်ကြမယ်"

အမိန့်ပေးလိုက်သံနှင့်အတူကျန်နှစ်ယောက်မှာ ချက်ချင်းပင်တိုက်ခိုက်ရန်ပြင်လိုက်သည်။

ကိုယ်ပျောက်တိုက်လေယာဥ်ပျံသန်းဝင်ရောက်လာပြီး ပင်လယ်၏အထက်သို့ရောက်ရှိလာသည်ကိုကြည့်ပြီး ကျန်းခိုင်ရွှမ်း၏နှလုံးသားမှာချက်ချင်းပင်တဒုန်းဒုန်းခုန်လာခဲ့သည်။ ထိုယာဥ်ဦးတည်သွားနေသည့်နေရာအားကြည့်ပြီးနောက် ကျန်းခိုင်ရွှမ်းမှာပို၍ပင်စိုးရိမ်သွားခဲ့သည်။

သူတို့၏ရည်ရွယ်ချက်သည် တကယ်ပင်မဟူရာသံဖြစ်ပေသည်။

အကယ်၍ ဤအဖွဲ့သာတန်ဖိုးအရှိဆုံးရတနာဖြစ်သည့်မဟူရာသံအားလုယူသွားပါက အလွန်အန္တရာယ်များမည်ဖြစ်သည်။

လုယူသွားသည့်ဤမဟူရာသံများဖြင့် လက်နက်များပြုလုပ်ကာသူတို့၏နိုင်ငံအားပြန်တိုက်ခိုက်လာပါက ထိုအချိန်တွင်သူတို့ရင်ဆိုင်ရမည့်အခြေအနေမှာ ပို၍ပင်အန္တရာယ်များပေလိမ့်မည်။

ဤအချက်အားတွေးမိလိုက်သည့်အချိန်တွင် အားလုံး၏အမူအရာများမှာချက်ချင်းပင်အလွန်ထိတ်လန့်သွားခဲ့ကြသည်။

သူတို့သည်ထိုအဖွဲ့အားတားချင်သော်လည်းအလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူတို့၏လက်ရှိတိုက်ခိုက်ရေးအဆင့်မှာ ထိုအဖွဲ့လောက်စွမ်းအားမကြီးပေ။ တစ်ဖက်အဖွဲ့မှမဟူရာသံအားခိုးယူတော့မည်ကိုကြည့်ရင်း ကျန်းခိုင်ရွှမ်းမှာအကူအညီမဲ့နေခဲ့သည်။

"ဆက်လိုက်ထား"

ကျန်းခိုင်ရွှမ်းမှာစားပွဲအားဒေါသတကြီးထုလိုက်သည်။ သူအမိန့်ပေးတော့မည့်အချိန်မှာပင် တပ်ဖြန့်ထားသောအဖွဲ့မှာဆုံးရှုံးမှုကြီးကြီးမားမားအားခံစားခဲ့ရပြီးပြီဖြစ်ကြောင်းကိုသိလိုက်ရသည်။

ယခုထိုအဖွဲ့နောက်မှလိုက်ကာ အကူအညီပေးနိုင်မည့်အဖွဲ့တစ်ခုကိုပင်စေလွှတ်ခြင်းမပြုနိုင်တော့ပေ။

ကျန်းခိုင်ရွှမ်းတို့မှာ ဥရောပသမဂ္ဂအဖွဲ့၏ကိုယ်ပျောက်တိုက်လေယာဥ်မှာသူတို့ပိုင်ဆိုင်သည့်ပစ္စည်းများအားလုယူကာလျင်မြန်စွာထွက်ခွာသွားသည်ကို ကူကယ်ရာမဲ့စွာကြည့်နေရုံသာတတ်နိုင်ပေသည်။

"ချီးပဲ"

ကျန်းခိုင်ရွှမ်းမှာ ခေါင်းထဲပင်တဝီဝီမြည်လာသလိုခံစားလိုက်ရသည်။

သို့သော်ယခုအချိန်တွင် သူလုပ်နိုင်တာဘာမှမရှိပေ။ မျက်ရည်များကျရင်း ထိုအဖွဲ့ထွက်သွားသည့်ဘက်သို့စိုက်ကြည့်နေရုံသာတတ်နိုင်ပေသည်။

....................................................................................

All Chapters