← Chapters

ဘာမှားလို့လဲ

Vol. 39 Ch. 741

ဘာမှားလို့လဲ

Vol. 39 Ch. 741

အမျိုးသမီးသု အလွန်ပျော်ရွှင်နေမိသည်။

အမျိုးသမီးပေါင်လျို့ကတော့ ရူးသွားတော့မလိုပင်။

“သောက်ကောင်မ, သူ့ကိုငွေတွေပေးရအောင် နင့်မှာ ဘာလုပ်ပိုင်ခွင့်ရှိလိုလဲ, *ျီးပဲ! နင်တို့ အရာရှိတွေက ငါတို့ကို အနိုင်ကျင့်ပြီး အဲ့ခွေးမကို ,ငါတို့ပိုင်ဆိုင်မှုတွေ ခိုးလို့ရအောင် ကူညီပေးနေတာ!”

သူမ အော်ပြောလိုက်၏။

တစ်ခဏအကြာ၌ သူမရဲ့ ပါးစပ် အပိတ်ခံလိုက်ရလေသည်။

မှုခင်းစီရင်ရေးဌာနသည် ပေါင်လွင်ရှန်းအား ပေါင်မိသားစု၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီးမေးထားပြီးဖြစ်သည်။ အမျိုးသမီးသုအား မြေဧကနှစ်ဆယ်ကိုသာ ပေးရခြင်းမှာ ပေါင်မိသားစု၌ ဆွေမျိုးများရှိနေသေးတာကြောင့် အမျိုးသမီးသုကသာ အကုန်လုံးကို ယူသွားလျှင် ပေါင်မိသားစု သေချာပေါက် မကျေမနပ်ဖြစ်ကြလိမ့်မည့်ဖြစ်၍ တစ်ဝက်တစ်ဝက်စီခွဲလိုက်ရတာပင်။

ငွေအတွက်ကတော့ ငွေစနှစ်ဆယ်သည် မိခင်နှင့် သားသမီးနှစ်ယောက် တစ်နှစ်စာ စားသောက်ရန်အတွက် ဖူလုံ၏။

ပေါင်မိသားစု၌ အများကြီးရှိနေသေပေမဲ့ သုသခင်မသည် ထိုမျှလောက်သာ ယူလို့ရသည်။ ဘယ်လောက်ပဲများနေပါစေ သူမအတွက်

ကောင်းလိမ့်မည်မဟုတ်။

အခုတော့ ရှင်းရှင်းလင်းလင်း ပိုင်းခြားလိုက်ပြီဖြစ်လို့ အမျိုးသမီးသုရဲ့ မျက်လုံးတို့အရောင်လက်သွားခဲ့သည်။

“ရှင် ဟင်းချက်တတ်တယ်ဆို၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ, မှုခင်းစီရင်ရေးရုံမှာ ချက်ပြုတ်မယ့်သူတစ်ယောက်လိုနေတာ၊ အရာရှိတွေအတွက် ချက်ပြုတ်ပေးရင်းနဲ့ ရှင်ရဲ့ ကလေးတွေကို ခေါ်ပြီး အဲ့မှာ ယာယီနေလို့ရတယ်။ ရှင်သာ ကောင်းကောင်းလုပ်ရင် သူတို့က လစာအပြင် တခြားဆုကြေးပါပေးလိမ့်မယ်၊ ရှင်လုပ်ချင်လား” အမျိုးသမီး အရာရှိက မေးလိုက်သည်။

အမျိုးသမီးသု မသွားရဲမှာကို သူမစိတ်ပူနေခဲ့သည်။

မှုခင်းစီရင်ဌာနသည် အုပ်ချုပ်ရေးမှူးဌာနနှင့်မတူ။

အရာရှိများမှာ ကြမ်းကြုတ်ကြပြီး ရာဇဝတ်သားများမှာ ဆိုးသွမ်းကြသည်။ ထို့ကြောင့် စားဖိုမှူးတစ်ယောက် ငှားရမ်းဖို့က လွယ်ကူမနေခဲ့။ မကြာခဏဆိုသလို လူစားထိုးနေကြရသည်။

“ဟုတ်ကဲ့၊ ကျွန်မ လုပ်ချင်ပါတယ်!” သူမ အမြန်ဖြေလိုက်၏။

သူမ အခုလေးတင် တွေးနေတာ… သူမသာ ငွေစတွေနဲ့ မြေတွေကို မိသားစုဆီ ပြန်ယူသွားလိုက်ရင် သူမမိသားစုက သူမဆီကနေ ကပ်စားကြတော့မှာ!

သို့သော် အရာရှိများက သူမရဲ့ အသက်မွေးဝမ်းကြောင်း အတွက်ပါ ကူညီပေးလာလိမ့်မည်ဟု မ

ထင်ထားခဲ့။

အို့

မနေ့တုန်းက အဲဒီ တာအိုဆရာမ..

“ကျွန်မ.. တစ်ခုလောက်မေးချင်လို့.. ရှင်တို့ အမျိုးသမီးတာအိုဆရာ တစ်ယောက်ကို သိကြလား။ သူက တော်တော်လေး ကြည့်ကောင်းတယ်။ ၃၀ ၄၀ အရွယ်လောက်..”

အမျိုးသမီးသုက ဂရုတစိုက်နှင့် မေးလိုက်၏။

အမျိုးသမီး အရာရှိက မသိပေမဲ့ . မှုခင်းစီရင်ရေးဌာနက ပို့လိုက်တဲ့သူကတော့ သိနေ၏။

“ခင်ဗျား ကြမ္မာဥယျာဉ်က ဆရာမမော့ချူးရှန်းကို

ပြောတာထင်တယ်။ သူမက ပညာရှင်တစ်ယောက်လေ”

အမျိုးသမီးသု သူမ ပြောခဲ့တာကို မှတ်မိသွားသည်။

ဆရာမမော့, မော့ချူးရှန်း..

သူမ အခြေကျသွားတဲ့အချိန်ကျလျှင် မေးမြန်းကြည့်ပြီး ထိုဆရာမရဲ့ နာမည်ပြားကိုပြုလုပ်ကာ သူမအတွက် နေ့တိုင်းဆုတောင်းပေးရလိမ့်မည်။

ကွာရှင်းခြင်းဆိုတာက ကောင်းတဲ့အရာတော့ မဟုတ်ပေမဲ့ ဒါက သူမအသက်ရှင်ဖို့ မျှော်လင့်ချက်တစ်ခုဆိုတာ သူမ သိသည်။

ဒီအရာရှိများသာ သူမရဲ့ စိုးရိမ်မှုတွေကို မကူညီပေးခဲ့လျှင် သူမဟာ အခုထိ ရွှံ့နွံထဲမှာ နစ်နေဦးမှဖြစ်ပြီး ထရဲလိမ့်ဦးမည်မဟုတ်ပေ…

….

ကွာရှင်စာချုပ်တွင် လက်မှတ်ထိုးပြီးသည်နှင့် အရာရှိများက အမျိုးသမီးကြီးပေါင်ကို ချက်ချင်း ဖမ်းဆီးလိုက်ကြသည်။

အမျိုးသမီးကြီးလျို့သည် အစက သူ့သားနှင့် ချွေးမဖြစ်သူကို ကွာရှင်းခွင့်ပြုအောင် အရာရှိများက သူမကို ခြောက်လှန့်နေခြင်းဟုဟာ ထင်ခဲ့၏။တကယ်ကြီးဖမ်းဆီးလိမ့်မည်ဟု မထင်ထားခဲ့။

သူမ ချက်ချင်းကို လန့်ဖျပ်ပြီး သတိလစ်သွားခဲ့လေသည်။

တစ်ဖက်တွင်လည်း မိသားစုရဲ့ ဝမ်းဆွဲသည်လည်း အဖမ်းခံလိုက်ရသည်။

ဝမ်းဆွဲသည်သည်လည်း အလားတူးပင်။ သူမ အဖမ်းခံရချိန်၌ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်မှုများဖြင့်။ မှုခင်းစီရင်ရေးဌာနမှ အရာရှိများက အမြွှာမိန်းကလေးနှစ်‌ယောက်အကြောင်း ပြေတာတောင် သူမ သဘောမပေါက်ခဲ့။

သူ့တူက အဲဒီ ကလေးမတွေကို မလိုချင်တာ ဘာများမှားသွားလို့လဲ?!

သူက သူ့ယောင်းမနဲ့ တူရဲ့စကားကို နား‌ထောင်ပြီး ကလေးတွေကို ရေနစ်သတ်ခဲ့ရုံပဲ။ အဲ့တာကို ပြစ်မှု

တစ်ခုလို့ သတ်မှတ်တယ်ဆိုရင် အပြစ်မကင်းတဲ့ ဝမ်းဆွဲသည်ဆိုတာ ရှိဦးမှာတဲ့လား?!

သူမ ကျိန်ဆဲနေသဖြင့် ထောင်ထဲအပိတ်ခံလိုက်ရတော့သည်။

ပထမဦးဆုံး၊ သူတို့ သူမကို စစ်မေးသည်။ သူမ ကလေးဘယ်နှယောက်ရဲ့ အသက်တွေကို ယူပစ်ခဲ့သလဲဆိုတာနှင့် သူမ ဘဝတစ်လျှောက် အပြစ်ရှိစိတ်ဝင်မိတဲ့အရာ ဘယ်လောက်လုပ်ခဲ့လဲဆိုတာကို တွက်ချက်ပြီး ကြိမ်ဒဏ်အရေအတွက်ကို တိုးခဲ့ကြသည်။

မနက်ဖြန်နေ့လည်၌ သူမကို လူပုံအလယ်မှာ ကွပ်မျက်ဖို့ ဈေးဝင်ပေါက်သို့ ဆွဲခေါ်သွားကြမည်ဖြစ်သည်။

စစ်ဆေးမေးမြန်းခြင်း ကိစ္စကို ရှဲ့ဖင်းကန်းထပ်ပြီး မကိုင်တွယ်တော့။ နေလည်ခင်း၌ ကျို့ဝေ့ကျုံးကို ခေါ်ကာ ရှဲ့အိမ်တော်သို့ ပြန်သွားခဲ့၏။

ရှဲ့အိမ်တော်သို့ ပြန်ရောက်သည်နအထိ ရှဲ့ဖင်းကန်းဟာ အခုထိ အလျင်မလိုသေးချေ။

၎င်းမှာ ကျို့ဝေ့ကျုံးရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို မမြင်မိသည့်အလား။ သူက အိမ်တော်ထိန်းအား “လင်းအိမ်တော်ကိုသွားပြီး၊ လင်းမိသားစုက အဒေါ်ကို သွားရှာ၊ သူ့ကို အိမ်လာဖို့ ပြောခဲ့လိုက်..”

•••••

All Chapters