← Chapters

တရားမျှတမှုအတွက်ငါ့မိသားစုကိုသတ်

Vol. 39 Ch. 742

တရားမျှတမှုအတွက်ငါ့မိသားစုကိုသတ်

Vol. 39 Ch. 742

လင်းယာ့ရှန်းကို ခေါ်လိုက်ရသည့်အကြောင်းရင်နှစ်ခုရှိ၏၊

တစ်ခုက ရှဲ့ဖင်းဟွိုက်ကို ခြောက်ဖို့ဖြစ်ပြီး နောက်တစ်ချက်က ဒီနေ့ဖမ်းမိခဲ့တဲ့ အမျိုးသမီးလိုမျိုး ကလေးတစ်ယောက်ကိုရေနှစ်သတ်ဖူးသလား ဆိုတာကိုမေးဖို့ပင်။

ရှဲ့ဖင်းကန်းသည် သူကိုယ်တိုင်ကိုက လူဆိုးတစ်ယောက်ဖြစ်သည်၊ သူဟာ ဓားပြတစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုပေမဲ့ သူအလုပ်မှာတော့ စည်းမျဉ်းတွေကို လိုက်နာရမယ်ဆိုတာကို နားလည်သည်။

ဝမ်း‌ဆွဲသည်က ဘာလဲ?!

ရှင်သန်နိုင်မယ့် နည်းလမ်းတစ်ခုပဲ။

သူသာ မွေးကင်းစမိန်းကလေးတွေကို ရေနှစ်သတ်ဖူးတယ်ဆိုလျှင် လင်းမိသားစုနဲ့ နောက်ထပ် ဘယ်တော့မှအဆက်အသွယ် လုပ်တော့မည်မဟုတ်။

ဒါတင်မက အခု သူက ဒီအမှုကိုကိုင်တွယ်နေရတာဖြစ်၍ လူတချို့က တမင်တကာ ပြဿနာရှာလာချင်ပါက လင်းမိသားစုရဲ့ အတိတ်အကြောင်းကို ရှာဖွေကြပေလိမ့်မည်။

ဒါကြောင့် ပြင်ဆင်မှုတချို့ ကြိုလုပ်လို့ရအောင် လင်းယာ့ရှန်းကို မေးရခြင်းပင်။

သူ့သတ်တာ မခံရအောင်.. ကြိုပြင်နိုင်ဖို့…

ရှဲ့ဖင်းကန်းသည် လင်းမိသားစုနဲ့ ပတ်သက်ပြီး ယုံကြည်ချက်တချို့ ရှိနေဆဲ။

ထို လင်းသခင်ကြီးမှာ သမားတော်တစ်ပါးဖြစ်ကာ သူ့မိသားစုက မိန်းကလေးများစွာကို ပျိုးထောင်ခဲ့သည်၊ သူပျိုးထောင်ပေးခဲ့တဲ့ သမီးက တခြားဝမ်းဆွဲသည်တွေနဲ့တော့ ကွာခြားလောက်ပေသည်။

ကျို့ဝေ့ကျုံး ထပ်ပြီး မစောင့်နိုင်တော့။

“ မနက်ဖြန်ကြမှပဲ ပြောကြရအောင်လေ.. ငါ့ဝမ်းကွဲက…”

“ အစ်ကိုကျို့က နားမှမလည်တာ။ ကျွန်တော့်အလုပ်ထဲမှာ ကျွန်တော့် မိသားစုနဲ့ မိတ်ဆွေတွေက အပြစ်ကင်းတယ်ဆိုတာ သေချာအောင် လုပ်ထားဖို့ လိုတယ်။ မဟုတ်ရင် တခြားသူတွေက ကျွန်တော့်ကို မိသားစုကိုသတ်ဖို့ ဖိအားပေးနေကြမယ်မဟုတ်လား၊ နောက်ပြီး သူတို့က ကျွန်‌တော့်အမျိုးတွေပဲ သူတို့ကို မဖျက်ဆီးမိခင် ကြိုတော့ပြောထားသင့်တာပေ့ါ”

ကျို့ဝေ့ကျုံး၏ နှုတ်ခမ်းထောာင့်စွန်း တို့ လှုပ်ရှားသွားခဲ့သည်။

သူ့ရဲ့ ဘယ်ဆွေမျိုးဖြစ်ဖြစ် မျိုးဆက်ရှစ်ဆက်လောက် ကံဆိုးမှာပဲ!

“မင်းပြောတာလည်း မှန်ပါတယ်။ငါ့ဝမ်းကွဲ ဘယ်မှာလဲ ?!’” ကျို့ဝေ့ကျုံး ထပ်မေးလိုက်သည်။

“ ဘာတွေလောနေတာလဲ။ ဒီကိုလာ ကျွန်တော် ဆရာယွီကိုသွားခေါ် ခိုင်းထားတယ်။အရင်ဆုံးဂါရဝပြုပါဦးလား”ရှဲ့ဖင်းကန်းက ဆို၏။

“ ဝမ်းနည်းကြောင်းပြရမယ်!”

ကျို့ဝေ့ကျုံး လန့်သွား၏။

“ မင်းတို့ မိသားစု … ဘာဖြစ်လို့လဲ”

ကျို့ဝေ့ကျုံး ထိုသို့ ပြောလိုက်ပြီးနောက် ငိုသံခပ်ရေးရေးကို ကြားလိုက်ရ၏။

“ကျွန်တော့်ရဲ့ ဘာအသုံးမှ မကျတဲ့ ညီလေးနဲ့ ညီမလေး သေသွားပြီလေ။ တခြား ဘာမှတော့ လုပ်

ပေးစရာ မလိုပါဘူး။ ခေါင်းတလား ရှေ့သွားပြီး နောင်တရတဲ့ စကားလေး တစ်ခွန်းနှစ်ခွန်းလောက်ပြော၊ ပြီးတော့ ကျွန်တော့်ကို နှစ်သိမ့်ပေးတယ်ဆိုရင် ရပါပြီ”

ကျို့ဝေ့ကျုံး ကြောင်သွားသည်။ “မင်း ဘာပြောလိုက်တာ!”

ကြင်ရာတော်မင်းသမီး! သေသွားပြီတဲ့လား?!

“တကယ်တော့ ညီလေးပဲသေတာ၊ ညီမလေးကအသက်ရှိသေးတယ်၊ ဒါပေမဲ့… ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ရဲ့ ကျန်းမာရေးက ချို့တဲ့နေတော့ ဒီဈာပန ပွဲက ဟိုးအရင်ကတည်းကလုပ်သင့်နေတာ။ ဒါပေမဲ့ သူ(မ)က အခုထိလည်း သူ့(မ)ဘဝအတွက် ရုန်းကန်နေရတာနဲ့တင် ကျွန်တော်လည်းမစီစဉ်ခဲ့ရဘူး။ အခု သူ(မ)ကလည်း လက်ထပ်တော့မှာဆိုတော့ သူ့(မ)အတွက် အိမ်မှာ ဈာပန

လုပ်ပေးဖို့ အခွင့်အရေးမရလိုက်မှာစိုးတာနဲ့ ဒီလိုကြိုလုပ်ထားလိုက်ရတာ၊ စိတ်မပူပါနဲ့”

ရှဲ့ဖင်းကန်း တခစ်ခစ်ရယ်ကာ ဆိုလေသည်။

ကျို့ဝေ့ကျုံးတစ်ယောက် ရူးသွားတော့မလိုပင် “မင်း ဒီကိစ္စကို ဘယ်လိုတောင် ဟာသလိုလုပ်နိုင်ရတာလဲ။ ကြင်ရာတော်မင်းသီးဆိုတဲ့ အဆင့်အတန်းက တန်ဖိုးရှိတဲ့ဟာ ၊ သူ့ကိုသာ ဆန့်ကျင်မိရင်.."

“ဘာကို ဆန့်ကျင်မိစရာ အကြောင်းရှိလို့လဲ။ သူကအခုထိ ကြင်ရာတော်မင်းသမီးဖြစ်သေးတာမှ မဟုတ်ဘဲ နောက်ဆို ကျွန်‌တော့်ညီမရဲ့ ကိစ္စ‌တွေမှာ ဝင်ပါလို့ရတော့မှာ မဟုတ်ဘူး။ နောက်ပြီး အဟောင်းကသေပြီး အသစ်က ပြန်ရှင်လာပြီလေ။ ကျွန်တော်က ဈာပနပွဲ လုပ်ပေးပြီးသွားပြီ။ ငရဲမင်းက သူ့ကို ခေါ်ဖို့ မြေခွေးခေါင်း မြင်းမျက်နှာနဲ့ နတ်ဆိုးကိုလွှတ်လိုက်ရင်တောင် သူ့ကို

ရှာမတွေ့ရင် သူတို့ ထွက်သွားလိမ့်မယ်။ သေဆုံးခြင်းစာအုပ်ထဲနေလည်း သူ့(မ)နာမည်က‌ ပျောက်သွားလိမ့်မယ်။ အဲ့လိုဆို နောင်ကျရင် သူ အေးအေးချမ်းချမ်းနဲ့ နေနိုင်မယ်မလား”

ရှဲ့ဖင်းကန်း တောင်စဉ်ရေမရစကားတွေ ပြောနေလေသည်။

တကယ်ကို ကျိုးကြောင်းမသင့်တဲ့ လူတစ်ယောက်ပင်။

“အရှင့်သား…”

“ အရှင့်သားကိုတော့ဘာမှမပြောနဲ့။ ညီမလေးက သူ့ကိုယ်တိုင် ဆုံးဖြတ်ထားတာ။ ဘာလို့ အရှင့်သားကို ပြောနေမှာလဲ။ အခုထိ လက်ထပ်ရသေးတာ မဟုတ်ဘူး” ရှဲ့ဖင်းကန်း၏ လေသံမှာ တုံးတိဖြစ်နေကာနေကာ “ကြည့်ပါလား။ ပိတ်စ

အဖြူတွေက ကျွန်တော့်ညီလေးရဲ့ ခြံဝန်းထဲမှာပဲ ချိတ်ထားတာ။ အိမ်ထဲ တခြား ဘယ်နေရာမှ မရှိဘူး။ ဒါကြောင့်မလို့ သတင်းပြန့်မှာ မဟုတ်ဘူး, စိတ်မပူနဲ့”

ကျို့ဝေ့ကျုံး စိတ်သောက ရောက်နေခဲ့သည်။

မဖြစ်ဘူး! ပြန်ရောက်ရင် အရှင့်သားကိုတင်ပြရမယ်!

“ ခြံဝန်းထဲကိုဝင်ရင် ဘာမှပေါက်တက်ကရတွေ လျှောက်မပြောနဲ့နော်၊ ကျွန်တော့ ညီမလေး သေသွားတဲ့ပုံစံလိုမျိုးပဲနေရမှာ ဟုတ်ပြီလား” ရှဲ့ဖင်းကန်းကကျို့ဝေ့ကျုံး၏ ပုခုံးကိုပုတ်ကာ သတိပေးလိုက်သည်။

ကျို့ဝေ့ကျုံး ခမျာ ကူကယ်ရာမဲ့စွာနှင့်

ခေါင်းညိတ်လိုက်ရလေသည်။

••••

All Chapters