← Chapters

စာသုံး‌စောင်နဲ့ ကျင့်ဝတ်ခြောက်ဖြာ

Vol. 39 Ch. 743

စာသုံး‌စောင်နဲ့ ကျင့်ဝတ်ခြောက်ဖြာ

Vol. 39 Ch. 743

ကျို့ဝေ့ကျုံး အထဲဝင်သွားခဲ့၏။

ခြံဝန်းထဲ၌ အမှန်တကယ်ကို ငိုဖို့တန်းစီနေကြတဲ့ အစေခံများရှိနေလေသည်။

သူ ရှဲ့အိမ်တော်ကို ဝင်လာတဲ့အချိန်က စောင့်နေတဲ့သူတွေကို မတွေ့ရတာ အံ့ဩစရာမရှိတော့။

ဆိုတော့ အားလုံးက ဒီရောက်နေတာပေါ့!

သူ ခေါင်းတလားရှေ့၌ ရပ်နေပြီး အချိန်တစ်ခုအထိ ဘာပြောရမှန်းမသိခဲ့။ သူ့ညီလေးဆုံးသွားပြီလို့သာ ရှဲ့ဖင်းကန်းပြောခဲ့တာ.. အမှန်ဟုတ်မဟုတ်ဆိုတာတော့ သူလည်း မသိ။

“ ညီ‌နောင်ရှဲ့.. မင်းရဲ့ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး”

“ ကျွန်တော် မသေသေးဘူး! တစ်ယောက်လောက် ကျွန်တော့်ကို လွှတ်ပေးကြပါ” အပြင်လူတစ်ယောက်ရဲ့ အသံကိုကြားရသည်နှင့် ရှဲ့ဖင်းဟွိုက် ထုရိုက်ပြီး အော်တော့သည်။

“ဘာသံလဲဟ?!” ကျို့ဝေ့ကျုံး ထိတ်လန့်သွားသည်။

“အို့, ဘယ်က ခွေးဟောင်သံမှန်းမသိပါဘူး, ထားလိုက်ပါတော့၊ လာပါ သွားရအောင်၊ အစ်ကိုကျို့ရဲ့ဝမ်းကွဲက စောင့်နေလောက်ပြီ”

ဒီအော်သံက ခေါင်းတလားထဲက ထွက်လာတဲ့

အသံဆိုတာ ကျို့ဝေ့ကျုံးသေချာသည်။

ဒါပေမဲ့.. ရှဲ့ဖင်းကန်းက..

ကူကယ်ရာမဲ့နေသည့် ကျို့ဝေ့ကျုံးတစ်ယောက် ခေါင်းတလားကိုတကြည့်ကြည့်နှင့် ရှဲ့ဖင်းကန်းနဲ့အတူ ထွက်သွားဖို့ကိုသာ ရွေးချယ်လိုက်ရသည်။

“ခေါင်းတလားထဲမှာ..” ရှဲ့ဖင်းကန်း ထူးဆန်းနေသည်ဟု ကျို့ဝေ့ကျုံးထင်မိသည်။

“ကိစ္စအသေးလေးပါ၊ စကားထဲထည့်ပြောနေစရာတောင် မလိုဘူး” ရှဲ့ဖင်းကန်းသည် ရှဲ့ဖင်းဟွိုက်က လက်ဆောင်ပဏ္ဍာတွေ လက်ခံခဲ့တယ်ဆိုတဲ့သတင်းကို ဖြန့်လိမ်မည်မဟုတ်။ အထူးသဖြင့် ကျို့ဝေ့ကျုံးကိုပင်။

ကျို့ဝေ့ကျုံးသည် အိမ်ရှေ့စံမင်းသားအပေါ် သစ္စာအရှိဆုံး လူတစ်ယောက်ဖြစ်၏။ သူ ထိုသတင်းကိုကြားပြီဆိုတာနှင့် အိမ်ရှေ့စံမင်းသားကို သေချာပေါက်ပြန်တင်ပြမှာပင်။ အဲ့လိုဆိုရင် အိမ်ရှေ့စံက သူတို့မိသားစုကို စိတ်ပျက်သွားလောက်မယ်မဟုတ်လား?

သူ့သိက္ခာတော့ အကျမခံနိုင်။

သိပ်မကြာလိုက် ဝမ်းကွဲနှစ်ယောက် ခြံဝန်းရှေ့တွင် ဆုံခဲ့ကြသည်။

ကျို့ဝေ့ကျုံး ထိုဝမ်းကွဲဆိုသူကကို တွေ့လိုက်ရတဲ့အခါ.. သူ မှင်တက်သွားရသည်။

ဒါ.. ယွီရှန်းလား?

သူ တကယ်.. ပြောတောင်မပြောနိုင်ဘူး!

သူ့ဝမ်းကွဲ အသက်ဆယ်နှစ်လောက်က ဆွေမျိူးတွေဆီကိုလာလည်ရန် သူ့မိဘတွေနဲ့အတူ မြိုတော်သို့ လာခဲ့ဖူးသည်။သူမ ကျို့အိမ်တော်တွင် ရက်ပိုင်းလောက် နေခဲ့၏။ သူမက ချစ်ဖို့ကောင်းပြီး တော်ရုံလည်း မငိုတတ်တာကြောင့် သဘောကျခဲ့ရသည်။

အခုချိန်မှာတော့ သူရှေ့မှာ ရှိနေတဲ့သူက..

သူမရဲ့ အသားရောင်က အနည်းငယ်ညိုနေကာ မျက်လုံးတို့၌ အားမာန်တက်ကြွမှုအပြည့်ဖြင့်။ သူမက ကိုယ်ခံပညာဆရာတစ်ယောက်ရဲ့ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ရောက်လာ

သည်နှင့် သူ့အား “ဝမ်းကွဲ” ဟုခပ်ကြမ်းကြမ်းပင်ခေါ်လိုက်သေးသည်။

“ဝမ်း-ဝမ်းကွဲ” ကျို့ဝေ့ကျုံးမှာ မယုံကြည်နိုင်။

ဒါ သူ့ဝမ်းကွဲပဲ!

“မတွေ့ရ‌တာတောင် ကြာပြီ၊ ဝမ်းကွဲက အရပ်လည်းရှည်လာတယ်။ ပိုပြီးလည်း သတ္တိရှိလာပြီ” ယွီရှန်းကဆို၏။

ကျို့ဝေ့ကျုံး တံတွေးမျိုချမိလိုက်သည်။

သူက လူပျိုဖော်ဝင်တာနောက်ကျသည်။

“ဝမ်း-ဝမ်းကွဲ မင်းလည်း အတူတူပဲ” သူလည်း ပို

ပြီး သတ္တိရှိလာသည်ဟု ကျို့ဝေ့ကျုံး ထင်မိသည်။

“ချီးကျူးပေးလို့ ကျေးဇူးပါ” ယွီရှန်းက ပျော်ပျော်ရွှင်ရွှင်နှင့် လက်ခံခဲ့ကာ “ကျွန်တော် စာထဲမှာ အကုန်လုံးကို မပြောပြထားရဘူး။ ကျွန်တော် ဒီလမ်းတစ်လျှောက် ဘယ်လောက်တောင် အတားအဆီးတွေနဲ့ကြုံခဲ့ရလဲ သိမှာမဟုတ်ဘူး။တကယ်ကို လောကကြီးကို ကျဉ်းကျဉ်းလေးပဲ မြင်ခဲ့ဖူးတာပဲ။ သုန့်အန်းမှာတုန်းကဆိုရင် ရေတွင်းအောက်ခြေက ဖားတစ်ကောင်လိုဖြစ်ခဲ့တာလေ။ မိဘတွေရဲ့ ကာကွယ်ပေးမှုအောက်မှာပဲနေပြီး အပြင်လောကကြီက ဘယ်လောက် အန္တရာယ်များလဲ မသိခဲ့ဘူး”

ဤလမ်းတစ်လျှောက်၌ သူမဟာ ဓားပြများ၊ လူလိမ်များနှင့် သူတောင်းစားများစွာကို ကြုံ‌တွေ့ခဲ့ရသည်။

ငွေတစ်ပြားတစ်ချပ်လေးတောင် မရှိဘဲနဲ့ ဒီနေ့အထိ အသက်ရှင်နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ကျို့ဝေ့ကျုံး လေအေးကြောင့်နင်နေသည့်အတိုင်း။ ခေါင်းမူးလာသလိုပင် ခံစားနေရသည်။

သူ့ဦးလေးသာ သမီးဖြစ်သူက ယောကျာ်းလေးတစ်ယောက်လို နေနေတာကို မြင်ရင် သည်းခံနိုင်ပါ့မလား?

“မင်းရဲ့ လမ်းခရီးမှာ ပင်ပန်းသွားရပြီ။ ဒါဆို.. မင်း ငါနဲ့ ကျို့အိမ်တော်ကို ပြန်လိုက်ခဲ့ပါလား။ ငါ ရှိနေလို့ရှိရင် သူတို့မင်းကို သုန့်အန်း ပြန်မပို့စေရဘူးလို့ အာမခံတယ်”

သူမက ဘာလုပ်မလို့လဲ။ ရှဲ့အိမ်တော်မှာပဲ ဆက်နေပြီး ကိုယ်ခံပညာသင်ပေးတဲ့သူတစ်ယောက်

အဖြစ်နဲ့ပဲ နေသွားတော့မလို့လား?

“မရဘူး” ရှဲ့ဖင်းကန်းက သူ့ကို တားလိုက်သည်။

“ သူ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ရှဲ့အိမ်တော်ရဲ့ ကိုယ်ခံပညာဆရာတစ်ယောက်အနေနဲ့ နေသွားမယ်လို့ ပြောပြီးသွားပြီ။ ကျွန်တော်တို့လည်း ဆက်ဆံရေးကောင်းနေတာပဲဟာ၊ ကျွန်တာ့်တို့မိသားစုမှာ ကိုယ်ခံပညာဆရာတစ်ယောက် မရှိတာမျိုးကို မြင်ချင်လို့လား။ သူ မိသားစုတစ်ခုစတင်ဖို့ အသက်ကြီးနေပြီလို့ထင်လည်း ကိစ္စမရှိဘူး။ ကျွန်တော့်အဖေက သူ့ကို မြေးတစ်ယောက်အနေနဲ့ အသိအမှတ်ပြုလိမ့်မယ်.. သူက မြေးတွေကို အချစ်ဆုံးပဲ။ အဲ့အချိန်ကျရင် အစ်ကို့ရဲ့ ဝမ်းကွဲက ဘယ်မိသားစုကိုပဲ သဘောကျမိကျမိ ကျွန်တော်တို့မိသားစုကနေ စာသုံး‌စောင်နဲ့ ကျင့်ဝတ်ခြောက်ဖြာအတွက် တာဝန်ယူပေးမှာ။ သူနဲ့ ယူမယ့် သခင်မလေးကို ဒုက္ခမခံစေရဘူး”

( စာသုံးစောင်နဲ့ ကျင့်ဝတ်ခြောက်ဖြာဆိုတာက တရုတ်ရိုးရာအရ- စာသုံးစောင်ဆိုတာ

၁။စေ့စပ်ကြောင်းလှမ်းတဲ့စာ

၂။လက်ဆောင်စာရင်း- မိန်းကလေးရှင်ဘက်ကို ပို့ပေးရတဲ့ဟာဖြစ်ပြီးတော့ မင်္ဂလာပွဲအတွက် လက်ဖွဲ့ဖို့ရည်ရွယ်ထားတဲ့ လက်ဆောင်အမျိုးအစားနဲ့ အရေအတွက်ကိုစာရင်းပြုပြီးရေးထားတယ်

၃။ wedding letter - နှစ်ဖက် မိသားစုက မင်္ဂလာပွဲကို အတည်ပြုပြီဆိုတာနဲ့ wedding letter ကို မင်္ဂလာဆောင်တဲ့နေ့မှာ သတို့သမီးမိသားစု ပေးပေးရတယ်။

ကျင့်ဝတ်ခြောက်ဖြာကကျတော့

၁။ တောင်းရမ်းခြင်း- ဒါက အောင်သွယ်တော်က

နေတဆင့် လုပ်တာ

၂.။ မွေးနေ့မွေးရက် တိုက်ခြင်း- အောင်သွယ်တော်က မိန်းကလေးရဲ့ မွေနေ့နဲ့ မွေးချိန်ကို တောင်းပြီးတော့ သတို့သားလောင်းရဲ့ဟာနဲ့ စစ်ဆေးကြည့်ပေးတာ

၃။ စေ့စပ်လက်ဆောင်ပေးခြင်း

၄။ မင်္ဂလာလက်ဖွဲ့ပေးခြင်း

၅. မင်္ဂလာဆောင်နေ့ရက်ရွေးခြင်း

၆. မင်္ဂလာပွဲ)

•••••

All Chapters