ရိုးသားမှုကိုပြပါ
Vol. 39 Ch. 744
ရှဲ့ဖင်းကန်းရဲ့ မျက်နှာထက်၌ သူ့ရဲ့ စိတ်ရင်းမှန်ကန်မှုကို ပြသနေသည်။ သူတို့မိသားစုက ဆရာယွီကို မမျှမတဆက်ဆံတယ်ဆိုပြီး ကျို့ဝေ့ကျုံးထင်သွားမှာကို စိုးရိမ်နေပုံပင်။
ဒီအတိုင်း ကိုယ်ခံပညာဆရာတစ်ယောက်ရှာရုံနဲ့ အသိမိတ်ဆွေတစ်ယောက်ရဲ့ ဆွေမျိုးနဲ့ ဆုံခွင့်ရခဲ့လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?
ကျို့ဝေ့ကျုံး တစ်ယောက် ရင်ဘတ်ကို အုပ်လျက် သူကြားလိုက်ရတာကို လက်မခံနိုင်။ “မဟုတ်ဘူး၊ ဝမ်းကွဲက မိန်းမတစ်ယောက် ယူချင်မှာမဟုတ်ဘူး။ မင်း ဘယ်လောက်ပြောပြော အသုံးမဝင်ဘူး။ သူက တစ်ကောင်ကြွက်တစ်ယောက်လေ။ မင်းရဲ့ အိမ်မှာ ဘယ်လိုလုပ်ပြီး နေလို့ရမှာလဲ။ တခြား ကိုယ်ခံပညာဆရာတစ်
ယောက်ကို ရှာတာပိုကောင်းမယ်! ငါ့ဝမ်းကွဲက ငါနဲ့အတူအိမ်ပြန်လိုက်ခဲ့ရမှာ!”
ကျို့ဝေ့ကျုံး အလွန် စိတ်သောက ရောက်နေ၏။
ရှဲ့ဖင်းကန်း ဘယ်လိုလူမျိုးလဲဆိုတာ သူသိသည်။
သူက သစ္စာစောင့်သိမှုကို တန်ဖိုးထားသူဖြစ်ပြီး လက်နက်များကို သဘောကျသူတစ်ယောက်ဖြစ်၏။ ကျောင်းတော်မှာရှိတဲ့ လက်နက်ကြီးတစ်ခုအတွက်တောင် စစ်ရေးပညာစာအုပ်တွေ ဖတ်ခဲ့သူပင်။
သူသာ သူ့ဝမ်းကွဲကို တကယ်သဘောကျနေတာဆိုရင် သူမကို မရမက အိမ်ပြန်ခေါ်သွားမှကိုရမည်။
ကျို့ဝေ့ကျုံး၏ မျက်ဝန်းထဲ၌ အသနားခံမှုတို့ အပြည့်ဖြင့်။ အင်မတန် သနားစရာကောင်းနေသည်။
ရှဲ့ဖင်းကန်း နားမလည်နိုင်ခဲ့။ “ဒါက အစ်ကိုကျို့ရဲ့ ဝမ်းကွဲတစ်ယောက်လေ၊ လှောင်အိမ်ထဲက မျောက်တစ်ကောင် မဟုတ်သလို ကလေးလည်း မဟုတ်တော့ဘူး။ သူ ဘယ်သွားလဲဆိုတာကို ဘာလို့ လိုက်ပြီ အရေးလုပ်နေတာလဲ။ အခု သူက ကျွန်တော့်အိမ်ကို ရောက်လာပြီဆိုမှတော့ ကျွန်တော်တို့ရဲ့ လူဖြစ်သွားပြီ။ တကယ်လို့ သူ့ကို ထွက်သွားချင်တယ်ဆိုရင် အစ်ကိုကျို့မှာ ငွေစ သုံးလေးငါးသောင်းရှိမှပဲ စဉ်းသားကြတာပေါ့!”
“မင်း ဘာလို့ အကျိူးသင့်အကြောင်းသင့်မရှိရတာလဲ” ကျို့ဝေ့ကျုံး ဒေါသထွက်သွားသည်။
“ငါ့ဝမ်းကွဲ ဒီအိမ်ကို ရောက်လာတာက
ကိုယ်ခံပညာသင်ကြားတဲ့ဆရာတစ်ယောက်အနေနဲ့ပဲ။ သူ့ ခန္ဓာကိုယ်ကို ရောင်းစားဖို့ စာချုပ်ချုပ်ထားတာ မဟုတ်ဘူး! ချုပ်ထားတယ်ဆိုရင်တောင် ပြန်ရွေးခွင့်ရှိနေတာပဲလေ”
“ဟက်!” ရှဲ့ဖင်းကန်းက ကျို့ဝေ့ကျုံးအတွက် လက်ဖက်ရည်တစ်ခွက်ထည့်ပေးရန် အစေခံတစ်ယောက်အား ခိုင်းလိုက်သည်။ "အစ်ကိုကျို့တို့ အိမ်က ကိုယ်ခံပညာသင်တဲ့ဆရာက လပိုင်းလောက်ပဲ အလုပ်လုပ်သွားတာလား”
ကျို့ဝေ့ကျုံး ဆွံ့အသွားခဲ့၏။
သင်ကြားပြသပေးသူတစ်ယောက်ဖြစ်လာဖို့က အတော်လေး ထူးခြားလှသည်။ အထူးသဖြင့် သူတို့လို ချမ်းသာတဲ့ မိသားစုများအတွင်ဆိုရင်။ ဆရာတစ်ယောက် ရွေးချယ်ပါက ထိုဆရာဟာ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်လောက်အထိ
သင်ပေးရပေမည်။
ကိုယ်ခံပညာရပ်က နည်းလမ်းအမျိုးမျိုးရှိလေရာ သင်ကြားပေးသူကသာ အများကြီးသင်ပေးခဲ့လျှင် မိသားစုထဲက ကလေးများမှာ လေ့ကျင့်မှု၌ အမှားအယွင်းတွေရှိလာမည်ပေ။
နည်းလမ်းတစ်ရာကို သင်နိုင်ဖို့ထက် ပညာရပ်တစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်နေတာက ပိုပြီးကောင်းသည်။
“ညီလေးရှဲ့.. မင်း ငါတို့ရဲ့ ဆက်ဆံရေးကိုထောက်ပြီး.. အလျှော့ပေးလို့မရဘူးလား။ ငါ့ဝမ်းကွဲရဲ့ ဘဝက တကယ်ကို ခက်ခဲခဲ့တာ။ သူ့ကို သေသေချာချာ ပညာသင်ပေးလို့ရအောင် ကျို့မိသားစုဆီ ပြန်ခေါ်သွားမှရမယ်။ အဲဒါမှ နောင်တစ်ချိန်မှာ သူ့ကို ပျိုးထောင်ဖို့က ပိုလွယ်မှာလေ၊
ဟုတ်တယ်မလား”
“အဲ့လိုတော့ မပြောနဲ့။ အခုမှထပြီး သူ့ကို သင်ပေးနေတာက မဖြစ်နိုင်ဘူး” ရှဲ့ဖင်းကန်းက ကိုယ်ကို မတ်လိုက်ကာ “ခုနတုန်းက၊ အစ်ကိုကျို့သာ ရှိရင် သူ့ကျိန်းသေပေါက် သုန့်အန်း ပြန်အပို့မခံစေရဘူးလို့ ပြောလိုက်တယ်မလား၊ အဲဒါ ဘာကို ပြောချင်တာလဲ”
ရှဲ့ဖင်းကန်းဟာ ကလိမ်ကကျစ်ကျတဲ့ ဝက်ဝံတစ်ကောင်လို့ပင် ကျို့ဝေ့ကျုံး ခံစားလိုက်ရသည်။
“ကျွန်တော်ထင်တာ မမှားဘူးဆိုရင်၊ အစ်ကိုတို့အိမ်က လူကြီးတွေက သူ့ကို ပြန်ပို့ဖို့ လုပ်နေကြတာမလား။ သုန့်အန်းမှာ သူ ယုံကြည်အားကိုးလို့ရမယ့်ဆွေမျိုးတစ်ယောက်မှမရှိတဲ့ဟာကို အဲ့ကို ပြန်ပို့လိုက်တာကသားသတ်ရုံဆီ ပို့လိုက်သလိုမျိုး ဖြစ်မနေဘူးလား”
ရှဲ့ဖင်းကန်းက လိုရင်းကို တန်းပြောခဲ့သည်။
ကျို့ဝေ့ကျုံး ကူကယ်ရာမဲ့သွားရသည်။
“ ငါ ဒီနှစ်တွေထဲ သူတို့စကားကို နားတောင်ထောင်တာ မဟုတ်ဘူး။ င့ါဝမ်းကွဲကို ငါ ကာကွယ်မှာ ၊ ဘယ်ကိုမှ မပို့စေရဘူး!” ကျို့ဝေ့ကျုံး သူ့ရဲ့ရပ်တည်ချက်ကို အလျင်အမြန် ဖော်ပြခဲ့သည်။
ထိုသို့ပြောပြီးနောက် အာခံခြောက်လာပြီး သက်တောင့်သက်သာမရှိတော့သလို ခံစားရတာကြောင့် လက်ဖက်ရည်တစ်ခွက် အမြန်သောက်ချလိုက်သည်။ အရသာက နည်းနည်းတော့ ခါး၏။
“အစ်ကိုကျို့ကျွန်တော်တို့က အပေးအယူလုပ်နေတာဆိုတော့.. ဒီညှိနိုင်းမှုမှာ အစ်ကို့ရဲ့ စိတ်ရင်းဘယ်လောက်ပါလဲတော့ ပြရမယ်လေ။ အစ်ကိုရဲ့
ဝမ်းကွဲကို.. တစ်ချိန်လုံး စောင့်ကြည့်ပေးနိုင်လား။ ဒါမှမဟုတ် အစ်ကို့မိဘတွေနဲ့ ဆွေမျိုးတွေကို အစ်ကို့စကား နားထောင်လာအောင် လုပ်နိုင်လား။ သူတို့ ဝမ်းကွဲကို သဘောမကျဘူးဆိုရင်လည်း သူတို့ကို တားနိုင်လား! အဲ့လိုမှမလုပ်နိုင်ဘူးဆိုရင် မဖြစ်နိုင်တဲ့စကားတွေ ပြောမနေနဲ့တော့”
ရှဲ့ဖင်းကန်းက ပြုံးရယ်ကာ ဆိုလေသည်။
ယွီရှန်းကို သူ့ဆီကနေ ခေါ်သွားချင်နေတာလား? မဖြစ်နိုင်ဘူး!
ရှဲ့ဖင်းကန်းရဲ့စကားတွေက အဓိပ္ပာယ်ရှိတယ်ဟု ယွီရှန်းထင်မိသည်။
ကျို့မိသားစု၌ မြင့်မားလှတဲ့ တံခါး၊ နက်ရှိုင်း
ကျယ်ဝန်းသည့် ခြံဝန်းတို့ရှိ၏။ သူမသာ သွားခဲ့ရင် အမျိုးသမီးတစ်ယောက်လိုဝတ်ဆင်ရမည်ဖြစ်ပြီး ခြံဝန်းထဲမှာပဲ လိမ်လိမ်မာမာနဲ့နေပြီး သူတို့စီစဉ်ပေးတာကို ထိုင်စောင့်နေရမှာပင်။
အဲဒီလိုဆိုပါက ကျို့မိသားစုက သူမကို ပြန်ပို့ချင်ရင် သူမ ထွက်ပြေးချင်ရင်တောင် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။
သူ့ဝမ်းကွဲက သူမဘက်ကနေ ပြောပေးတယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူက အငယ်တစ်ယောက်သာ။ ကျို့မိသားစုကသာ သုန့်အန်းကနေ စာတစ်စောင်ရထားတယ်ဆိုလျှင် သူ့မှာ သူမကို ကာကွယ်ပေးပိုင်ခွင့်ရှိမနေချေ။
•••••