မခွဲခြားနိုင်
Vol. 39 Ch. 745
သူမရဲ့ လမ်းခရီးတစ်လျှောက်၌ အပြင်လောကကြီးဟာ သူမမိဘတွေ အသက်ရှိစဉ်တုန်းကလိုမျိုး လွတ်လွတ်လပ်လပ်ရှိတယ်လို့ ယွီရှန်းခံစားမိသည်။
သူမ….. လှောင်အိမ်ထဲက မျောက်တစ်ကောင်၊ ငှက်တစ်ကောင်လိုမျိုး ဝမ်းနည်းစရာ ဘဝကြီးမှာ နေမသွားချင်။
သူမရဲ့ မိဘတွေကဆုံးပါးသွားပြီဖြစ်ကာ သူမရဲ့ အဘိုးအဘွားများက သူ့မအပေါ် ဘာခံစားချက်မှမရှိ။ သူမကို အနိုင်ကျင့်ကြပြီး သူမ မိဘတွေကျစ်ရစ်ခဲ့တဲ့ မိသားစုစီးပွားရေးကိုသာ လက်ဝါးကြီးအုပ် သိမ်းပိုက်ချင်နေကြသည်။
သူမ မိသားစုစီးပွားရေးကို ဆက်ပြီးမလုပ်ချင်ပေမဲ့ ဒါက အဓိပ္ပာယ်တော့မရှိ။ သူမ ကိုယ်သူမ ရောင်းစားပစ်ပြီး သူတို့ သူမအပေါ် အမြတ်ထုတ်မှာမျိုးကိုလည်း မလိုချင်ပေ။
“ ဝမ်းကွဲ၊ ကျွန်တော် ဒီမှာ ဘာလို့နေလို့မရတာလဲ။ အစ်ကိုရှဲ့နဲ့ တခြားသူတွေက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပေးတာပဲကို၊ စိတ်ပူစရာမလိုပါဘူး” ယွီရှန်းက ပြောလိုက်၏။
“မဖြစ်ဘူး- မင်း-မင်း။ဒီမှာနေရင် ဘာဖြစ်သွားမယ်ထင်လဲ!”
ယွီရှန်း မျက်မှောင်ကြုတ်သွားသည်။ “ဝမ်းကွဲက ကျွန်တော့်ကို အပြည့်အဝ မကာကွယ်ပေးနိုင်မှတော့, ကျွန်တော် ပြန်လိုက်ခဲ့ရင်လည်း ကျားပါးစပ်ထဲဝင်သွားရသလိုပဲဖြစ်နေမှာလေ,
အလကားနေရင်းနဲ့ ကျွန်တော့်ရဲ့အသားနဲ့ သွေးကို အရောက်ပို့ပေးနေသလိုပဲ။ ကျွန်တော်လည်း အခု အရွယ်ရောက်နေပြီ။ သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို နှစ်တွေအကြာကြီး ခံခဲ့ရတာ။ အခု အဲ့လိုမျိုး ထိန်းချုပ်ခံနေရတဲ့ ငတုံးတစ်ယောက်ထပ်အဖြစ်မခံနိုင်တော့ဘူး။”
ကျို့ဝေ့ကျုံး မှင်တက်သွားရသည်။
ဘာကို ထိန်းချုပ်ခံထားရတဲ့ ငတုံးလဲ။ ဒီလိုပေါက်တတ်ကရ စကားတွေ.. ရှဲ့ဖင်းကန်းဆီက တတ်တာပဲနေမှာ!
သူ့ရဲ့ ဝမ်းကွဲက အမြဲတမ်း ဒီလိုပုံစံမျိုး ဖြစ်ခဲ့တယ်ဆိုတာတော့ ကျို့ဝေ့ကျုံး မသိခဲ့။
ယွီရှန်း၏ ဖခင်သည် သုန့်အန်းရေတပ်က
စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့ဖူးသည်။သူမဟာ ငယ်ငယ်လေးကတည်းက သူမအဖေနောက်ကို လိုက်ပြီး စစ်သည်တွေကြားမှာ နေလာခဲ့ရာ သူမရဲ့ စကားလုံးတွေက အနည်းငယ် ယောကျာ်းဆန်နေခဲ့၏။သူမ မိဘတွေဆုံးပါးသွားပြီးနောက်မှသာ ခြံဝန်းထဲမှာ သုံးနှစ်လောက် အပိတ်ခံရပြီး ကိုယ်နှုတ်အမူအရာတို့ကို သင်ယူခဲ့ရသည်။
သို့သော် သူမရဲ့ စိတ်နေစိတ်ထားကတော့ ပြောင်းလဲလို့မရနိုင်ပေ။
“ဝမ်းကွဲတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေပဲဟာ၊ ကျွန်ဝောာ် ဒီမှာနေလည်း တကယ်ဘာပြဿနာမှမရှိဘူး” ယွီရှန်းတစ်ယောက် အလွန်ကို ပြတ်သားနေ၏။
သူမ လက်ထပ်ချင်လား လက်မထပ်ချင်ဘူးလားဆိုတာကတော့ သူမ ဂရုမစိုက်။
သူမကို ဒီလိုပုံမျိုး မြင်ရတဲ့အခါ ကျို့ဝေကျုံး စိတ်သောက ရောက်လာရသည်။ သူက ရိုးရိုးတန်းတန်းနဲပဲ အမှန်တရားကို ပြောပြလိုက်သည်။
“ ညီနောင်ရှဲ့၊ အစကတော့ ငါလည်း မင်းကို မပြောပြချင်ဘူး, အခု ဒီလိုဖြစ်လာပြီဆိုတော့ ငါလည်း မင်းကို ဖုံးကွယ်မနေတော့ဘူး ငါ ယွီရှန်းကို မင်းနဲ့အတူ နေခွင့်မပြုရတဲ့အကြောင်းရင်းက .. သူက ငါ့ရဲ့ ညီဝမ်းကွဲမဟုတ်ဘဲ! သူက ငါ့ရဲ့ ညီမ ဝမ်းကွဲဖြစ်နေလို့! ယွီရှန်းက မိန်းကလေးတစ်ယောက်။ သူသာ ဒီမှာ အကြာကြီးနေရင် ဘယ်လိုလုပ်ပြီး လက်ထပ်လို့ရတော့မှာလဲ”
ရှဲ့ဖင်းကန်း ထိုစကားကြောင့် ရယ်လိုက်မိသည်။
“အစ်ကိုကျို့က ပေါက်ကရတွေ အရမ်းပြောတတ်
တာပဲ ၊ ယောက်ျားလားမိန်းမလားဆိုတာ ကျွန်တော် မခွဲတတ်ဘဲနေမလား။”
“ မင်းတကယ်ကိုမပြောနိုင်ဘူး၊ ငါတောင် သူအရူးလုပ်တာခံရတော့မလို့။သူကတကယ်ကိုငါ့ရဲ့ဝမ်းကွဲညီမ။ဒါက… ငါ့ဦးလေးရဲ့စရိုက်ကလည်း ဆိုးနေတော့။ သူ့ရဲ့လွှမ်းမိုးမှုကြောင့်ပဲနေမှာပေါ့ ငါ့ရဲ့ဝမ်းကွဲညီမက ယောက်ျားလိုလိုမိန်းမလိုလိုဖြစ်သွားတာ”
သူက မိန်းကလေးတစ်ယောက်!
ရှဲ့ဖင်းကန်း ယွီရှန်းအား သံသယဖြစ်စွာနဲ့ကြည့်လိုက်၏။
ယွီရှန်းလည်း သက်ပြင်းချလိုက်ကာ တည်
တည်ငြိမ်ငြိမ်နှင့် “ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဘာများကွာသွားလို့လဲ။ ကျွန်မရဲ့ အရည်အချင်းတွေက အစစ်အမှန်တွေပဲလေ။ ဒုတိယသခင်လေးရှဲ့ကို နှံ့နှံ့စပ်စပ်သင်ပေးနိုင်တယ်၊ ကျွန်မ တကယ်စိတ်ထဲမထားဘူး”
ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်၏။ “ ငါလည်း … ပြဿနာမဟုတ်ဘူးလို့ထင်တာပဲ”
သူမက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိစ္စမရှိဘူးလေ။!
သူက ကိုယ်ခံပညာသင်ပေးခိုင်းချင်တာ၊ အတူတူအိပ်စေချင်တာမှမဟုတ်ဘဲ။
ဒီလို ကွဲကွဲပြားပြား သိနေစရာလိုလိုလား?
ကျို့ဝေ့ကျုံးတစ်ယောက် ပြောစရာစကား ပျောက်ဆုံးနေလေပြီ။ သူက မတ်တပ်ထရပ်ကာ ခြေဆောင့်၍ “ မဖြစ်ဘူး၊ လုံးဝမဖြစ်ဘူး။ အမျိုးသမီးတစ်ယောက်က မင်းရဲ့အိမ်မှာ ဘယ်လိုလုပ်ပြီးနေလို့ရမှာလဲ။ သတင်းတွေသာပြန့်သွားရင် သူ့ရဲ့ဂုဏ်သတင်း ညစ်စွန်းသွားလိမ့်မယ်”
သူမကို ခေါ်ထားလျှင် သူ့အတွက်လည်း မကောင်းဘူးဆိုတာကို ရှဲ့ဖင်းကန်းသိသည်။
“ဝမ်းကွဲ၊ ကျွန်မရဲ့ ဂုဏ်သတင်းက သုန့်အန်းမှာကတည်းက စွန်းထင်းနေပြီးသား။ ကျွန်မမိဘတွေ ဆုံးသွားတော့ ဇာတိမြို့မှာရှိတဲ့သူငယ်ချင်းတွေအားလုံးက ကျွန်မက ငယ်ငယ်လေးထဲက အဖေ့ဆီကနေ ကိုယ်ခံပညာသင်ထားလို့ အရှက်အကြောက်မရှိတဲ့သူလိုပဲထင်နေကြတာ.. ကျွန်မက စုန်းမ တစ်ယောက်တဲ့ ၊အဲဒါကြောင့်မို့လို့ အဘိုးအဘွားတွေက ကျွန်မကို အသက်ကြီး
ကြီး ယောက်ျားတစ်ယောက်စီ ပေးစားပစ်မှာဆိုပြီး လူတိုင်းကပြောကြတယ်။ ကျွန်မ ရိုင်းတယ်ဆိုတာမှန်ပေမဲ့၊ သေခါနီးလူတစ်ယောက်နဲ့ ပေးစားခံရလောက်တဲအထိကတော့ မဟုတ်သေးဘူးလေ! ကြားရသလောက်ဆို သူက မိန်းမ သုံးယောက်တောင် ယူခဲ့ဖူးတယ်တဲ့။ ကျွန်မမိဘတွေသာအသက်ရှိသေးရင် အဲ့လိုမျိုးဒုက္ခခံခိုင်းမယ့်အစား ကိုယ်ခံပညာသင်ပေးတဲ့သူတစ်ယောက်ပဲ ဖြစ်စေချင်မှာ”
•••••