← Chapters

အကျိုးအမြတ်ကြီး

Vol. 39 Ch. 746

အကျိုးအမြတ်ကြီး

Vol. 39 Ch. 746

ယွီရှန်းရဲ့ စကားအဆုံး၌ ကျို့ဝေ့ကျုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

သူရဲ့ ဝမ်းကွဲကို ကာကွယ်ပေးနိုင်ပါတယ်လို့ သူလည်း တပ်အပ်မပြောရဲ။

တစ်ခုခုသာ ဖြစ်သွားလျှင် သူ့ဝမ်းကွဲရဲ့ဘဝကို တကယ် ပျက်ဆီးသွားမှာပင်။

“ ငါ ငါ လည်း မင်းကို ထွက်သွားဖို့အတင်းကြီးပြောနေတာတော့ မဟုတ်ပါဘူး

ဒါပေမဲ့ မင်းတို့နှစ်ယောက်အတူတူ လေ့ကျင့်ကျရင်က ထိတွေ့တာတွေ ရှိလာမှာဆိုတော့ …” ကျို့ဝေ့ကျုံး ချီတုံချတုံ ဖြစ်နေခဲ့သည်။

ဒုန်း!

ရှဲ့ဖင်းကန်း စားပွဲအား ဗုန်းခနဲ ရိုက်ချလိုက်၏။

“ အစ်ကိုကျို့ရဲ့ အတွေးကနှမ်းစေ့လောက်တောင် မရှိလောက်ဘူးလား။ ကိုယ်ခံပညာရှင်တွေက ဘာလို့ တခြားသူတွေနဲ့ မတိုက် နိုင်ရမှာလဲ။ အစ်ကို ပြောသလိုဆိုရင် လုပ်ကြံသူတစ်ယောက်ကို ဖမ်းတဲ့ အချိန် ပြိုင်ဖက်က အမျိုးသမီးတစ်ယောက် ဖြစ်နေရင် မဖမ်းတော့ဘူးလား”

ရှဲ့ဖင်းကမ်း ဒေါသထွက်သွားသည်။

ယွီရှန်းလဲ သူမ ဝမ်းကွဲရဲ့ စကားတွေက ထူးဆန်းသည်ဟု ထင်မိ၏။

“ ဝမ်းကွဲ၊ ကျွန်မ အ‌သက်ရှိတုန်းကဆိုရင် ရေတပ်စခန်းထဲမှာနေပြီး နေ့တိုင်း တခြားသူတွေနဲ့ တိုက်ခိုက်ခဲ့တာ၊ အဲ့လူတွေဆို အပေါ်အင်္ကျီတောင် မပါဘူး။ တစ်ခါတစ်လေ သူတို့က မျက်လုံးတွေနီလာတဲ့အထိ တိုက်ကျတော့ မြေကြီးပေါ်မှာ သုံး လေးပတ်လောက် လှိမ့်မိသေးတယ်။ ဝမ်းကွဲပြောတဲ့ပုံအရဆိုရင် ကျွန်မက ဆောင်ကြာမြိုင်က မိန်းမတစ်ယောက်နဲ့ ဘာမှမကွာတော့ဘူးလေ။” သူမရဲ့ မွေးရပ်မြို့က ထိုလူများ သူမကို ဘာကြောင့် အထင်မြင်သေးကြလဲဆိုတာ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သို့သော် ယောကျာ်းသားတွေနဲ့ထိတွေ့ရတာက ပြစ်မှုတစ်ခုဆိုရင် ကိုယ်ခံပညာလေ့ကျင့်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်သွားမလဲ?

ဒီအတိုင်း ပြရုံသက်သက်ပဲလား?

ကျို့ဝေ့ကျုံး ထိတ်လန့်သွားသည်။

ရှဲ့ဖင်းကန်း ယွီရှန်းကို ကြည့်ကာ

“ညီမယွီ၊ ငါလည်း မင်းပြောတာမှန်တယ်လို့ထင်တယ်။ ကိုယ်ခံပညာဆိုတာ လေ့ကျင်ရုံတင်မဟုတ်ဘူး အသုံးလည်း ချရတယ်။ တိတ်တိတ်လေး လေ့ကျင့်နေလို့ မရဘူးလေ ဟုတ်တယ်မလား။ တိုက်ပွဲအစစ်ဆိုတာ အရမ်းအရေးကြီးတယ်”

ယွီရှန်းသည် လက်နှစ်ဖက်အားထပ်၍ “ကျေးဇူးတင်ပါတယ် အစ်ကိုရှဲ့!”

နှစ်ယောက်သားက အပေးအယူတည့်နေကြကာ ကျို့ဝေ့ကျုံးတစ်ယောက်တည်း စိတ်တိုနေခဲ့

သည်။

ဟက်! သူ့ကို လူဆိုးတစ်ယောက် ဖြစ်အောင် လုပ်နေတာပဲ!

“ကောင်းပြီလေ၊ မင်းကိုယ်တိုင်ကိုက တိုက်ခိုက်ပြီး ဒုက္ခခံဖို့ ဆန္ဒရှိနေမှတော့ ငါ ဘာပြောလို့ရတော့မှာလဲ။ ဒါပေမဲ့.. ညီနောင်ရှဲ့ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ဝမ်းကွဲက မိန်းကလေးတစ်ယောက်ဆိုတာ မမေ့နဲ့။ နောက်ပိုင်း မင်းတို့ လေ့ကျင့်တဲ့အခါ ထိန်းထိန်းသိမ်းသိမ်းတော့ရှိပါစေ။ ပေါက်တက်ကရတွေ လှောက်မပြောနဲ့!”

အထူးသဖြင့် အဲ့လို အတူတူအိပ်ချင်တယ်ဆိုတဲ့ဟာတွေ!

စက်ဆုပ်စရာကြီး!

“စိတ်မပူပါနဲ့၊ ကျွန်တော် ပိုပြီး ဂရုစိုက်မှာပါ”

ရှဲ့ဖင်းကန်း ပြုံးလိုက်၏။

အနာဂတ်မှာ သူမကို ပိုပြီးတောင် ရိုက်ကောင်းရိုက်နိုင်သည်။

ကမ္ဘာပေါ်၌ ကိုယ်ခံပညာတတ်ကျွမ်းသည့် အမျိုးသမီးများမှာ သိပ်ပြီးမရှိ။ လေ့ကျင့်တဲ့သူဆို ပိုလို့တောင် နည်းသေးသည်။

ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်ခံစရာလား?

နောက်ပိုင်းမှာ သူမကို ပိုပြီးလေ့ကျင့်ခိုင်းမည်။ အရာအားလုံးကို သင်ယူပြီးခါမှ အမျိုးသမီးတစ်‌ယောက် ဖြစ်နေတဲ့ဆိုတဲ့ အချက်လေးကြောင့်

နှင့် လက်လျော့လိုက်လို့မဖြစ်…

ဒါတင်မက…

ရှီအာလည်း အိမ်တော်ထိန်းဆီကနေသာ သင်ယူနိုင်လိမ့်မည်မဟုတ်။ သူမကိုယ်သူမ ကာကွယ်နိုင်အောင် ယွီရှန်းဆီကနေပညာနည်းနည်းလောက် သင်ယူခိုင်းရမယ်!

ရှဲ့ဖင်းကန်းသည် ရတနာတစ်ခု ကောက်ရလိုက်တာလို့ပင် တွေးမိ၏။

ဒီလို ကိုယ်ခံပညာဆရာတစ်‌ယောက်က သူနဲ့ သူ့ရဲ့ မိုက်မဲတဲ့ ညီကို သင်ပေးနိုင်ရုံတင်မဟုတ်ပဲ၊ သူ့ရဲ့ အသုံးမကျတဲ့ ဒုတိယညီမလေးကိုပါ သင်ပေးနိုင်ဦးမည်ပေ။

ကံဆိုးစွာဖြင့် သူ့ရဲ့ ပထမညီမလေးရဲ့ ကျန်းမာရေးက မကောင်းသဖြင့် သင်ယူလို့မရနိုင်။ သို့မဟုတ်ပါက တစ်မိသားစုလုံး သူ့ရဲ့ နည်းလမ်းတွေ အတိုင်း သင်ယူလို့ရနေလောက်ပြီ။ အကျိုးအမြတ်ကြီးတစ်ခုပင်!

ရှဲ့ဖင်းကန်းတစ်ယောက် ဘာတွေ တွေးနေလဲဆိုတာကို ကျို့ဝေ့ကျုံးမသိ။ သူ့အပြုံးက ကြောက်စရာကောင်းနေတယ်လို့သာ ထင်မိသည်။

သူ စိတ်ထဲသက်တောင့်သက်သာ မရှိတော့။

ဒီနေ့ သူက ဧည့်သည်အနေနဲ့ နေမှာဖြစ်၍ သူတို့ ထမင်း အတူတူ စားခဲ့ကြသည်။

ထမင်းစားပြီးနောက် သူ့ရဲ့ ဝမ်းကွဲနှင့်

ခဏတဖြုတ်စကာပြောနေစဉ် အ‌ဒေါ်လင်းတစ်ယောက် နွမ်းစုတ်နေတဲ့ အဝတ်များကို ဝတ်ထားပြီး ရောက်လာခဲ့၏။

ကံကောင်းစွာဖြင့် အဒေါ်လင်းက စိတ်ထားကောင်းနေ၍သာ။ ဘယ်သူကများ ရှဲ့ဖင်းကန်းရဲ့ စကားတစ်ခွန်းကြောင့်နဲ့ အပြေးရောက်လာမှာလဲ?

အ‌ဒေါ်လင်း သူ့ကို မြင်လိုက်သည်။ သူမ သူ့ကို ကြောက်မိတယ်ဆိုပေမဲ့ သူမက အကြီးတစ်ယောက်ပင်မို့ ထိန်းထားနိုင်ခဲ့၏။

လက်ဖက်ရည်များ တည်ခင်းပြီးတဲ့နောက် ရှဲ့ဖင်းကန်းက မေးလိုက်သည်။ “အ‌ဒေါ်လင်းရဲ့ အရည်အချင်းက ဘယ်လိုလဲ။ ဒီနှစ်တွေထဲမှာ ကလေးတွေ အများကြီးကို မွေးထုတ်ပေးခဲ့တာ၊ ဟုတ်တယ်မလား”

ထူးဆန်းနေသည်ဟု အဒေါ်လင်း တွေးမိသွား၏။ “အဒေါ့်အဖေက ဆေးခန်းတစ်ခုဖွင့်ထားတာဆိုတော့ အဒေါ်လည်း သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ် ဒါကြောင့်မလို့ .. အရှက်မရှိဘူးလို့ ထင်ချင်ထင်နိုင်ပေမဲ့.. အဒေါ်ရဲ့ အရည်အချင်းတွေက မဆိုးဘူးလို့တော့ ပြောနိုင်ပါတယ်။ မရေမတွက်နိုင်တဲ့ ကလေးတွေကို မွေးထုတ်ပေးခဲ့ဖူးတယ်”

“ဒါဆိုရင် ကျွန်တော် မေးချင်တာက အဒေါ်မွေးထုတ်ပေးခဲ့တဲ့ကလေးတွေထဲမှာ ယောကျာ်းလေးတွေက ပိုများလား; ဒါမှမဟုတ် မိန်းကလေးလား”

“ မိန်းကလေးက ပိုများတယ်” အဒေါ်လင်းက ဘာကိုမှ ဖုံးကွယ်မထားခဲ့ “ ဒီကမ္ဘာပေါ်မှာ လူတွေက သားယောကျာ်းလေး အရင်မွေးလာရင် နောက်ထပ်ကလေးတစ်ယောက် ထပ်မွေးဖို့ကို အဲ့လောက်ကြီး ဇွဲကောင်းနေမှာ မဟုတ်ဘူး။ ဒါပေမဲ့

မိန်းကလေး မွေးလာရင်တော့ တန်းပြီး နောက်တစ်ယောက် ထပ်မွေးဖို့ လုပ်ကြတော့ သုံးနှစ်လောက်နေရင် ကလေးနှစ်ယောက် ရှိနေပြီ။ သူတို့က ကလေးထပ်မွေးဖို့ပဲ အလျင်လိုနေကြတာ.. ဒါကြောင့်မလို ယောကျာ်းလေးထက် မိန်းကလေးက ပိုများတယ်”

•••••

All Chapters