ဖြောင့်မတ်ခြင်း
Vol. 39 Ch. 747
ရှဲ့ဖင်းကန်းတစ်ယောက် ဒီနေ့မှ ထူးထူးဆန်းဆန်းဖြစ်နေသည်ဟု အဒေါ်လင်းထင်နေမိသည်။
သို့သော် သူမကိုယ်သူမ ဘယ်လောက်ပဲ အကြီးတစ်ယောက်ဖြစ်နေတယ်ဟု ယူဆထားစေကာမူ ရှဲ့ဖင်းကန်းရှေ့မှာတော့ စိတ်မလှုပ်ရှားပဲ မနေနိုင်။ ၎င်းဟာ သူမ အရာရှိတစ်ယောက်ကို တွေ့ပြီး ဘာမှ လျှောက်မပြောရဲသလိုမျိုး။
“ချင်းယွမ်မင်းဆက်ရဲ့ အိမ်ထောင်စုဇယားတွေမှာ အမျိုးသမီး အရေအတွက်က အမျိုးသားတွေထက်နည်းနေတာ၊ ဘာလို့လဲ အဒေါ်လင်းသိလား”
လင်းယာ့ရှန်း သက်ပြင်းချလိုက်၏။ “ဘာများဖြစ်ရမှာလဲ။ ကလေးက အသက်ရှင်မှာမှ မဟုတ်
တာ။ သူ မွေးလာပြီဆိုကတည်းက နေရာတိုင်းမှာ အတားအဆီးတွေချည်းပဲ။ တစ်ခုကနေ လွတ်မြောက်နိုင်ရင်တောင် နောက်တစ်ခုကနေ လွတ်နိုင်မှာ မဟုတ်ဘူး။ မွေးစာရင်း မှတ်တမ်းတင်တဲ့အချိန်ထိရှင်သန်ဖို့ လွယ်မှာ မဟုတ်ဘူး”
“ငါတို့ မြို့ကိုပဲ ဥပမာထားကြည့်လိုက်။ ဒီရွာတစ်ရွာထဲမှာပဲ၊ မိသားစုတိုင်းက ဒီအလုပ်တွေကိုပဲ လုပ်နေကြတယ်။ မိန်းကလေးအစေခံတွေဆို ဝဝလင်လင်လည်း မစားရသလို ကလေးလည်း မမွေးရဲကြဘူး။ ငါ့အဖေ သမားတော် အဖြစ်လုပ်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်မှာ သူ မိသားစုတွေ အများကြီးကို တွေ့မြင်ခဲ့ရတယ်။ သမီးတစ်ယောက် နေထိုင်မကောင်းဖြစ်တဲ့ အချိန်ဆိုရင် ငွေလေး တစ်ပြားတစ်ကျပ်တောင် မပေးနိုင်ကြဘူ…”
ထိုအကြောင်းတွေကို ပြောပြရင်းနှင့် လင်းယာ့ရှန်း၏ မျက်ဝန်းတို့၌ ဝမ်းနည်းသည့်
အရိပ်အယောင်တို့ သန်းနေခဲ့၏။
သူမတို့မိသားစုမှာက မိန်းကလေးတွေများတာကြောင့် သူမ အဖေ လှောင်ပြောင်ခံခဲ့ရသည့် အကြိမ်အရေအတွက်မှာ ရေတွက်လို့တောင်မရ။
သူ့ရဲ့ အရည်အချင်းတွေက ကောင်းပါတယ်လို့ ပြောနေတော့ရော? သူမက တခြားမိသားစုက လူတစ်ယောက်ကို လက်ဆင့်ကမ်းပေးလို့ရမှာတဲ့လား?
“ ဒါဆို အဒေါ်လင်း ကလေးတွေကို မွေးပေးပြီးသွားတော့ရော မိန်းကလေးတွေဆိုရင် ရေနှစ်သတ်ပစ်တာမျိုး ရှိဖူးလား”
လင်းယာ့ရှန်း ထိတ်လန့်သွားခဲ့၏။ “ အဲ့လို ယုတ်မာတဲ့ အလုပ်မျိုး မလုပ်ဘူး။!. ငါက ဝမ်းဆွဲ
သည်တစ်ယောက်၊ ငါ့မှာ ကလေးမွေးပေးဖို့ တာဝန်ပဲ ရှိတယ်။ ဒါပေမဲ့ ငါ တစ်ခါတော့ မြင်ဖူးတယ်။ယောက္ခမလုပ်တဲ့သူကနေ ကလေးကို ရေနှစ်သတ်နေတာ၊ ငါ သူ့ကို တားချင်ရင်တောင်.. ဘယ်လိုလုပ်ပြီး..”
သူတို့ကို တားလို့ရမှာလဲ?
ကလေးတွေကို ဆွဲလုပြီး ပြေးရမှာလား?
ကလေးတွေက သူမရဲ့ ကလေးတွေ မဟုတ်။ သူမသာ ထိုသို့ လုပ်ခဲ့လျှင် အုပ်ချုပ်ရေးမှူးရုံးမှာ အတိုင်ခံရပြီး အဖမ်းခံနေရလောက်လေပြီ။ ကလေးတွေကို လုယူပြီး ပြေးတဲ့အမှုက ပြင်းထန်လှ၏။
တစ်ခါတလေ သူမ ထိုမိသားစုတွေကို ဖြောင်းဖျ
ဖို့ ကြိုးစားကြည့်သေးပေမဲ့ တစ်ဖက်လူဆီကနေ မထီမဲ့မြင်နှင့် ကြည့်တဲ့ အကြည့်တွေကိုသာ ပြန်ရခဲ့သည်။
“ အဒေါ်ရဲ့ လက်တွေက ဘယ်တုန်းကမှ လူ့အသက်တွေကို မသတ်ခဲ့ဖူးဘူးဆိုတာ သေချာလား၊ တခြားတစ်ယောက်က လုပ်တာဆိုရင်တော့ အဒေါ့်ရဲ့ အပြစ်မဟုတ်ဘူး”
ရှဲ့ဖင်းကန်းက လေးလေးနက်နက်နှင့် ပြောနေခဲ့သည်။
“ငါ ကျိန်ပြောရဲတယ်။ လင်းယာ့ရှန်းဆိုတဲ့ ကျွန်မ ကလေးတစ်ယောက်ရဲ့ဘဝကို အန္တရာယ်ဖြစ်စေခဲ့ဖူးရင် မြှုပ်နှံမယ့်နေရာမရှိဘဲ သေရပါစေ!”။
“ ဒုက္ခပေးဖို့ မပြောနဲ့၊ ငါနဲ့ ငါ့အဖေက မိန်းကလေးတွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာ”
တစ်ခါတစ်လေ အသက်ကယ်ပေးတဲ့ အတွက်တောင် ဝေဖန်ခံရသေးသည်!
“ဒါဆိုရင်တော့ တော်ပါသေးတယ်!” ရှဲ့ဖင်းကန်းသည် ပိုပြီးယဉ်ကျေးသွားကာ “ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့တာကောင်းတယ်။ ကျွန်ဝောာ်က မှုခင်းစီရင်ရေးဌာနရဲ့ အရာရှိတစ်ယောက်လေ၊ လတ်တလောမှာ ကျွန်တော်က ဒီအမှုကို တာဝန်ယူထားရတာမလို့ အဒေါ်ကို မေးမြန်းရတာပါ”
ထိုစကားကြောင့် လင်းယာ့ရှန်း သဘောပေါက်သွားခဲ့သည်။
“ငါ သဘောပေါက်ပြီ။ မင်းတို့မိသားစုဆီ ငါတို့ရဲ့အမှားတွေ ပြင်ဆင်ဖို့ ရောက်လာရဲတယ်ဆိုတာကလည်း ငါတို့ဘက်ကနေ ပြင်ဆင်ထားလို့။ အဖေ
က ငါတို့ကို လိမ်လိမ်မာမာနေပြီး ပြဿနာမရှာဖို့ ထပ်တလဲလဲ မှာထားတယ်။ ငါတို့သာ အဖမ်းခံရရင် မင်းတို့မိသားစုကိုလည်း ပတ်သက်မိမှာစိုးလို့”
အဒေါ်လင်းက အတော်လေး နားလည်ပေးတတ်ကာ စိတ်တောင် မဆိုးခဲ့။
“ငါတို့မိသားစုက ပြောရလောက်အောင် ကံကောင်းပြီး ကြင်နာတတ်နေတာတော့မဟုတ်ပေမဲ့ မကောင်းတဲ့အရာတွေ မလုပ်ဘူးဆိုတာတော့ ငါပြောရဲတယ်။ တစ်ယောက်ယောက်က အမှားလုပ်မိခဲ့ရင်တောင် မင်းရဲ့ လက်ထဲ မရောက်စေရဘူး။ ငါနဲ့ ငါ့အဖေ သူ့ကို သေချာကိုင်တွယ် ဖြေရှင်းပြီးနေလောက်ပြီ။ တခြသူတွေကို ဒုက္ခမပေးဘူး!”
ရှဲ့ဖင်းကန်း ဤ အမျိုးသမီးအား တကယ်ကို လေးစားမိသည်။
သူမသည် အိမ်မှုကိစ္စများကို ကိုင်တွယ်ရာ၌ ကျွမ်းကျင်လှ၏။
သူမက လင်းအာ့နျန်းရဲ့ ညီမဖြစ်နေတာ စိတ်မကောင်းစရာ။ မဟုတ်လျှင် ရှဲ့မိသားစုနဲ့ လက်ထပ်လို့ ရနေမည်ပင်။
“အဒေါ်က အရမ်းဖြောင့်မတ်တာပဲ။ ကျွန်တော် လေးစားမိပါတယ်” ရှဲ့ဖင်းကန်း ကျရှုံးကြောင်း မြန်မြန်ဆန်ဆန် ဝန်ခံခဲ့သည်။
“ဘာမှ မဟုတ်ပါဘူး.. ဒါက ဘဝရဲ့ အခြေခံနိယာမတွေပဲဟာ…” လင်းယာ့ရှန်း အတော်လေး ရှက်သွားမိသည်။ ရုတ်တရက် သူမ သံသယဝင်သွားက။ “ဟိုကလေး ဖင်းဟွိုက်ရော? သူ့ကို ဒီနေ့ မမြင်မိပါလား၊ ကိုယ်ခံပညာလေ့ကျင့်နေတာလား”
“ အဒေါ်က စဉ်းစား ချင့်ချိန်နိုင်စွမ်းရှိတဲ့သူဆိုတော့ ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်” ရှဲ့ဖင်းကန်းသည် ဘာတစ်ခုမှ ဖုံးကွယ်မနေဘဲ ရှဲ့ဖင်းဟွိုက် လက်ဆောင်လက်ခံတဲ့အကြောင်းကို လင်းယာ့ရှန်းအား ပြောပြလိုက်သည်။
လင်းယာ့ရှန်းက ရှဲ့ဖင်းဟွိုက်ရဲ့ အမေတစ်ယောက်လိုမျိူး ဖြစ်နေလေရာ သူ့မှာ သင်ကြားပြသပေးဖို့ တာဝန်ရှိနေတာကြောင့် ရှဲ့ဖင်းကန်းအနေနဲ့ သူမကို သေသေချာချာ ရှင်းပြပေးဖို့လိုသည်လေ။
••••