ရက်စက်တဲ့ကျားတောင် သူ့ကလေးကို ပြန်မစားဘူး
Vol. 39 Ch. 748
လင်းယာ့ရှန်း ထိတ်လန့်သွားကာ သူမရဲ့ မျက်နှာထားသည်လည်း သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။
“ဒီကလေးကတော့ တကယ်ကို…” လင်းယာ့ရှန်းတစ်ယောက် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ကာ “ဒီအမှားက တကယ်ကိုကြီးတယ်၊ သူ့ကို သေသေချာချာလေး အပြစ်ပေးသင့်တယ်။ ပထမသခင်လေး စိတ်မပူပါနဲ့၊ အဒေါ်သူ့ကို ချစ်တယ်ဆိုပေမဲ့ ဘယ်ဟာမှားလဲ ဘယ်ဟာမှန်လဲဆိုတာတော့ သိပါတယ်။ မင်းသူ့ကို ခြောက်ပဲခြောက်ခြောက်၊ ရိုက်ချင်ရိုက်၊ သတ်ချင်လည်း သတ်၊ သူ ခံရသင့်တယ်”
သူ့ကိုသာ အခုကတည်းက မသင်ထားလျှင် နောင်
တစ်ချိန် အမှားကြီး လုပ်မိပြီး သေရလိမ့်မည်ပေ။
လင်းယာ့ရှန်းသည် အလွန်ကိုမှ ပူးပေါင်းဆောင်ရွက်ပေးနေခဲ့ကာ မျက်နှာထားပင် တည်လို့နေလျက်။
တစ်ခဏ အကြာ၌ သူမ ရှဲ့ဖင်းဟွိုက်ရဲ့ ခြံဝန်းဆီ ရောက်သွားခဲ့၏။
မြင်လိုက်ရသည့် အရာကြောင့် သူမ နှလုံးသား အေးစက်သွားရသည်။
ဒီကလေးက တကယ်ကို ဘယ်ဟာက အရေးကြီးလဲဆိုတာ မသိဘူးပဲ!”
“ မိုက်လိုက်တဲ့ကလေး၊ ငါ မင်းကို ဒီလောက်ထိ ချစ်ပေးထားတဲ့ဟာကို။ မင်း ဘာလို့ သေလမ်းရှာရတာလဲ။ အခု မင်းက ငါ့ကို ဘာလုပ်စေချင်နေတာလဲ။ မင်းက သေသွားပြီဆိုတော့ ငါ့အစ်မကို ငါ ဘယ်လို မျက်နှာချင်းဆိုင်ရတော့မလဲ။ ဟူး! မြိုတော်မှာ နေနေတော့ရော ဘာထူးလဲ! ကလေးတစ်ယောက်ကိုတောင် မထိန်းချုပ်နိုင်ဘူး။ ထားလိုက်ပါတော့! မနက်ဖြန်ကျရင် ကိုယ့်မြို့ကိုယ်ပဲ ပြန်တော့မယ်။ ဘယ်တော့မှ ပြန်မလာတော့ဘူး!”
ထိုသို့ ပြောပြီးသည်နှင့် လင်းယာ့ရှန်း လှည့်ထွက်သွားတော့သည်။
ရှဲ့ဖင်းဟွိုက်မှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်က ကျောကို ဖိထားသည့် အလား။
အဓိကကတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရှိနေဆဲ။
အဒေါ်လင်းရဲ့စကားများကို ကြားရသည့်အခါ ရှဲ့ဖင်းဟွိုက်ရဲ့နှလုံးသားထဲ အေးစက်သွားခဲ့သည်။ သူ နောက်တစ်ကြိမ်ထပ်ပြီး ထုရိုက်ကာ အော်ဟစ်နေခဲ့ပေမဲ့လည်း သူ့ကို အာရုံစိုက်သည့် သူတစ်ယောက်မှ မရှိဆဲ။
သူ စိတ်လည်း လှုပ်ရှားနေသလို ကြောက်လည်း ကြောက်နေသည်။
လင်းယာ့ရှန်း ပြောသွားတာတွေက အမှန်မဟုတ်ခဲ့။
သို့သော်လည်း ဒီကလေး ဆင်ခြင်တုံတရားရှိလာအောင် လုပ်နိုင်ရန်အတွက် သူမ အိမ်ပြန်ရောက်သည်နှင့် သူမ အဖေနှင့် တိုင်ပင်ကာ အစီအစဉ်ဆွဲခဲ့၏။ သူမအံကြိတ်ရင်း သူမမိသားစုအား ပစ္စည်းများ ထုပ်ပိုး၍ သူမ နေခဲ့သည့် မြို့အပြင်ဘက်
ရွာတစ်ရွာတွင် သွားနေရန် ပြောခဲ့သည်။
ထိုညအထိ ရှဲ့ဖင်းဟွိုက် လွှတ်ပေးခြင်း မခံခဲ့ရပေ။
နောက်တစ်နေ့ ရောက်လာပြန်တော့လည်း သူ့ကိုဘယ်သူကမှ ဂရုမစိုက်။ ရှဲ့ဖင်းဟွိုက်တစ်ယောက် တစ်ကိုယ်လုံး အားအင်မရှိတော့။
ဆန်တစ်စေ့ မပြောနှင့်၊ ရေတစ်စက်တောင် မသောက်ရသေးသလို၊ အခုထိ အမှောင်ထဲ၌ နေနေရဆဲ။ သူ့ရဲ့ စိတ်ရော ကိုယ်ရော ကြီးမားလှတဲ့ ဖိအားအောက်မှာ ရောက်ရှိနေလေသည်။
ယနေ့၌ ရှဲ့ဖင်းကန်းသည် သူ့လူများကို ဦးဆောင်လျက် မနေ့က ဖမ်းဆီးခဲ့သည့် လူသုံးယောက်အား ကွပ်မျက်ရန် အတွက် ဈေးထဲသို့ ဆွဲခေါ်သွား
ခဲ့သည်။
အမျိုးသမီးပေါင်လျို့၊ ဝမ်းဆွဲသည်နှင့် ပေါင်လွင်ရှန်းတို့သည် ကွပ်မျက်ခံရမည့်စင်ကို ကြည့်လိုက် သူတို့ ဘေးမှာ ရပ်နေသည့် အရပ်ရှည်ရှည် သန်သန်မာမာနှင့် လူများကို ကြည့်လိုက် လုပ်နေကြကာ အကြောက်လွန်ပြီး မျက်နှာများပင် ဖြူဖျော့နေလေပြီ။
အမျိုးသမီးကြီးပေါင်လျို့သည် သာမန်အမျိုးသမီးဦးပင်ဖြစ်ကာ တခြားဘာ ပြစ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိ။ သူမသည် ကြိမ်ဒဏ် အချက် ၁၄၀ နှင့် ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်ခံခဲ့ရသည်။
ဝမ်းဆွဲသည်ဖြစ်သူ အမျိုးသမီးပေါင်ကတော့ ကလေးများစွာကို ရေနှစ်သတ်ခဲ့၏။ ကလေး ဘယ်နှယောက်တောင် ရေနှစ်သတ်ခဲ့လဲဆိုတာ
ရေတွက်လို့ပင်မရ။ သူမကို ကြိမ်ဒဏ် အချက် ၂၅၀ နှင့် ထောင်ဒဏ် ဆယ်နှစ်ခွဲ ချမှတ်ခဲ့သည်။
နောက်ဆုံးအနေနှင့် ပေါင်လွင်ရှန်းသည် ကလေးများကို သတ်ခဲ့သည့် လူသတ်သမားတစ်ယောက်ဖြစ်၏။ သူဟာ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုများကို ခိုးယူခဲ့ဖူးသည်မှာလည်း အခေါက်ပေါင်းမနည်း။
ထိုပြစ်မှုအားလုံးကို စုပေါင်းပြီး ကြိမ်ဒဏ် ၁၈၀ နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည်။
သူ့ရဲ့ ပြစ်မှုများကို ဖတ်ပြလိုက်သည်နှင့် အောက်မှာ ရှိနေကြသည့်သူများ အုန်းအုန်းကြွပ်ကြွပ် ဖြစ်သွားကြတော့သည်။
“သူသာ အချက်တစ်ရာကျော် အရိုက်ခံရရင်.. အသက်ရော ရှင်နိုင်ပါ့မလား။ ငါ့အထင် သူ ဆယ်ချက်တောင် မခံနိုင်လောက်ဘူး, ဟုတ်တယ်မ
လား”
“ သူ သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်ဘူး၊ ထောင်ဒဏ်နှစ်နည်းနည်းလောက် ပေးလိုက်တာက ဘာများကွာသွားလို့လဲ! ရက်စက်လိုက်ကြတာ”
“ ဘယ်လိုလုပ်ပြီး ရက်စက်တယ်ဖြစ်ရမှာလဲ။ ရက်စက်ပါတဲ့ ဆိုတဲ့ ကျားတစ်ကောင်ကတောင် သူ့ရဲ့ ကလေးကို ပြန်မစားဘူး။ အဲဒီ ပေါင်လွင်ရှန်းက သူ့ရဲ့ ဇနီးက လူထူးဆန်းကလေးနှစ်ယောက် မွေးလာတယ်လို့တောင် ပြောခဲ့တာလေ။ သူကလေးတွေကို တန်းပြီး သတ်ပစ်မယ်လို့တောင် မထင်ထားဘူး။ သေအောင် အရိုက်ခံရသင့်တယ်။ နောက်ပြီး ဒီအမေကလည်း သူ့ချွေးမအပေါ် အရမ်းဆိုးတာပဲ”
"သူတို့က ကလေးတွေကို သတ်ခဲ့ရတယ်ဆိုတာ
က ကျွေးမွေးဖို့ မတတ်နိုင်လို့လေ။ တခြားနည်းလမ်းမှ မရှိတာ။ ဒီလိုမျိုးထိ လုပ်စရာတော့ မလိုပါဘူး…"
သို့သော် လူအားလုံး ခေါင်းလှည့်ကာ ထိုစကားပြောနေသည့် အမျိုးသမီးကို စိုက်ကြည့်လိုက်ကြ၏။
“ ခင်ဗျားလည်း မိန်းမတစ်ယောက်ပဲမဟုတ်လား။ ခင်ဗျားအမေကကျတော့ ဘာလို့ ခင်ဗျားကို မွေးလာတုန်းက မသတ်ခဲ့တာလဲ”
“ပြီးတော့ ဒါက မိန်းကလေးတွေရဲ့ အသက် မဟုတ်လား။ သူတို့အကုန်လုံးသာ အသတ်ခံနေရရင်၊ သားဆယ်ယောက် မွေးထားတယ်ဆိုရင်တောင် နောင်ကျရင် လူသားတွေ မျိုးတုန်းကုန်မှာပေါ့။ နောက်ပြီး မိန်းကလေးတွေက ပိုပြီး တွေးပေးတတ်တယ်မဟုတ်လား။ ကျုပ်အိမ်က သမီး
ဆို ကျုပ်အပေါ် သိတတ်လိုက်တာများ!”
“အခုဆိုရင် အရာရှိတွေ အကုန် သူတို့သမီးတွေကို ကျောင်းကို ပို့နေကြတာ။ မင်းတို့လို ဉပဒေတွေ ဘာတွေ မသိတဲ့သူတွေကပဲ သမီးတွေကို ကျွေးမွေးရတာ ဖြုန်းတီးရာရောက်တယ်ဆိုပြီး ထင်နေကြတာ၊ အရင် မင်းဆက်တုန်းကနဲ့ တူတူပဲလို့ ထင်နေကြတုန်းလား”
ချက်ချင်းဆိုသလိုပင် လူအားလုံးက ဝိုင်းပြီး ထိုမှားယွင်းစွာပြောခဲ့သည့်သူကို လက်ညှိုးထိုးကာ ဆဲဆိုကြတော့သည်။
တကယ်က ထိုကြင်နာတတ်သည့် စိတ်နှလုံးရှိတဲ့သူဟာ မှုခင်းစီရင်ရေးဌာနကနေ အတော်လေး အားထုတ်ပြီး ရှာခဲ့ရတဲ့သူဖြစ်၏။
သူတို့က လူထုအသံကို ဖန်တီးချင်ရုံပင်။
ထို ကျယ်ကျယ်လောင်လောင် အသံများကို ကြားရပြီးနောက်မှာတော့ ပွဲကြည့်ပရိတ်သက်မှာ ပေါင်လွင်ရှန်းနဲ့ ထို .. အမျိုးသမီးကြီးပေါင်လျို့တို့အား အပြစ်ကင်းသည်ဟု ပြောရန် ရှက်သွားကြတော့သည်။
•••••