← Chapters

အစ

Vol. 39 Ch. 749

အစ

Vol. 39 Ch. 749

လူများစွာသည် သွေးထိုးလှုံဆော်မှုနောက်ကို ပါသွားကြကာ ကွပ်မျက်စင်ပေါ်က လူသုံးယောက်ကို စပြီး ဆဲဆိုကျိန်းမောင်းကြတော့သည်။

“ပြစ်ဒဏ် စတင်” ရှဲ့ဖင်းကန်း အော်ပြောလိုက်၏။

မှုခင်းစီရင်ရေးဌာနမှ စည်းကမ်းထိန်းသိမ်းရေး အရာရှိမှာ အသင့်ဖြစ်နေလေပြီ။

သူ နှစ်ဖက်စလုံးကနေ ကြိမ်တုတ်ကို မြှောက်လိုက်၏။

သူဟာ ကြိမ်ဒဏ်အချက်များစွာ ခံရမည်ပင်။ အချက် ၇၀ ၈၀ လောက်ပဲ ခံရတာဆိုလျှင်တောင်

အရိုက်ခံပြီးတာနှင့် သေသွားလောက်သည်။ ဒါကြောင့် ကြိမ်တုတ်ကို ပြင်ဆင်မွမ်းမံနေစရာမျိုး မလိုခဲ့။

မှုခင်းစီရင်ရေးဌာနမှ စည်းကမ်းထိန်းသိမ်းရေး အရာရှိ၏ နည်းလမ်းမှာလည်း အတော်လေး ကောင်း၏။

ဗုတ်!

ပထမကြိမ်ဒဏ်တစ်ချက်

လူသုံးယောက်၏ ပါးစပ်တို့ ပိတ်နေကာ လှဲနေကြသည်။ ရုတ်ချည်းဆိုသလို သူတို့ရဲ့ မျက်နှာ နီရဲသွားကာ ချွေးသီးချွေးပေါက်များကျလာလေသည်။

သူတို့ လှုပ်ကြည့်ပေမဲ့လည်း လှုပ်လို့မရ၊ မချိုးဖျက်နိုင်လောက်အောင်ကို တင်းကျပ်စွာ ချည်နှောင်ခြင်းခံထားရသည်။

ဗုတ်… ဗုတ်.. ဗုတ်..

ဆူညံသံများက မိုးသီးမုန်တိုင်းတစ်ခုအလား။

ရိုက်ချက်များလာလေလေ၊ မြင်ကွင်းက တိတ်ဆိတ်လာလေလေပင်။

ပုံမှန်ဆိုလျှင် ယခုရာသီက သေဒဏ်ချမှတ်လေ့ရှိသည့် ရာသီမဟုတ်တတ်ပေ။ ယခု သူတို့က လူတစ်‌ယောက်ကို သေသည်အထိ သေလုနီးပါး ရိုက်နေကြရာ..

တကယ်တော့ မြင်ကွင်းတစ်ခုတည်းက ကြောက်စရာ ကောင်းနေသည့်မဟုတ်။

စီရင်ချက်ချနေသည်ကို ကြည့်နေကြသည့် လူအများထဲ၌ အများစုမှာ ခမည်းခမက်များဖြစ်နေကြရာ သူတို့ရဲ့ မြေးတွေကို ရေနစ်သတ်ဖူးတဲ့သူများလည်း ပါဝင်နေလောက်သည်မှာ ငြင်းဆန်၍မရ။

မြို့‌တော်ထဲ၌ ဒီလိုအမှုမျိုး အများကြီးမရှိတတ်ဘူးဆိုပေမဲ့.. ရှိတာတော့ ရှိနေဆဲပင်။

ထိုပြစ်မှုကို ကျူးလွန်းခဲ့သည့် ရာဇဝတ်သား သေသည့်အထိ အရိုက်ခံနေရခြင်းအား သူတို့ ကြည့်နေရသည်။ ရာဇဝတ်သားက အရိုက်ခံနေရင်းနှင့် သေသွားတယ်ဆိုလျှင်တောင် ပြစ်ဒဏ်အဆုံးထိ အရိုက်ခံနေရဦးမည်ပင်။

သူတို့ ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်တော့မှာလဲ?

လူအုပ်ထဲမှ တချို့ဆိုလျှင် အကြောက်လွန်ပြီး သတိပါလစ်ကုန်ကြသည်။

တချို့ဆိုလျှင်လည်း အိမ်မှာ မမျှမတ ဆက်ဆံခံနေရသည့် မြေးမိန်းကလေးများ , သမီးများ အကြောင်း တွေးမိပြီး အပြစ်ရှိစိတ်ခံစားကြရသည်။

အတိတ်တုန်းကဆိုလျှင် အလွန်ယုတ်မာရက်စက်သည့် ပြစ်မှုမျိုး ကျူးလွန်သည့် ရာဇဝတ်သားများကိုသာ သတ်ခဲ့ကြသည်။ မွေးကင်းစ မိန်းကလေးကို ရေနှစ်သတ်တဲ့အတွက်နဲ့ကတော့။ ပထမဆုံးပင်…

ဒါ ဘယ်လို နမိတ်မျိုးလဲ?

ရုံးတော်ကနေ စစ်ဆေးတော့မှာလား?

ရိုက်သည့် ပြစ်ဒဏ် အပြီး၌ မြို့တော်ထဲမှ အနေထားသည် ပြောင်းလဲသွားခဲ့၏။

ကိုယ်ဝန်ဆောင် တချို့ကတော့ စိတ်သက်သာရာရပြီး သက်ပြင်းချမိကြသည်။

လက်ထပ်ပြီးခါစ အမျိုးသမီး ဘယ်နှယောက်လောက်တောင် ရက်စက်သွားတတ်ကြတာလဲ? အများစုမှာ ရွေးချယ်စရာ မရှိခဲ့ကြ။ တော်တော်များများကို တွေ့ကြုံခံစားရပြီးနောက်၌ သူတို့ရဲ့ နှလုံးသားဟာ သံမဏိလို မာကျောသွားကြကာ ယခင်မျိုးဆက်နှင့် တူညီသော လမ်းကိုပဲ လျှောက်ကြရသည်။

အခုတော့ အမျိုးသမီးများမှာ စိတ်သက်သာရသွားရသည်။

အနည်းဆုံးတော့ သူတို့ရဲ့ သွေးသားက မွေးလာပြီးပြီးချင်း အသက်ဆုံးရှုံးရမှာမျိုးကို တွေးပူနေစရာ မလိုတောပေ။

ရှေ့ဆက်ရမည့် နေရက်များက အနည်းငယ် ကြမ်းတမ်းတယ်ဆိုရင်တောင် သူတို့ သည်းခံနိုင်သေးသည်။

မှုခင်းစီရင်ရေးဌာန၏ ကြီးကြပ်ရေးမှူးဖြစ်သူ အိမ်ရှေ့စံမင်းသားလည်း ရှိနေသည်။ ဒီအမှုကို အိမ်ရှေ့စံမင်းသား သဘောတူခဲ့တယ်ဆိုတာ လူတိုင်းသိထားသည်။

အိမ်ရှေ့စံမင်းသား တစ်ခုခု လုပ်သည့် အခါတိုင်း လူအများက သူ့ရဲ့အမှားကိုသာ လိုက်ရှာတတ်ကြသည်။

သို့သော်၊ ဒီတစ်ခါတွင်တော့ မျှော်လင့်ထားသလို မဟုတ်ခဲ့။ မြို့တော်ထဲမှ မှူးမတ်အရာရှိများဟာ အံ့ဩစရာကောင်းလောက်အောင် နာခံနေကြကာ နန်းတော်ထဲသွားပြီး တိုင်တန်းတာမျိုး မလုပ်ခဲ့ကြချေ။

ယန်မိသားစုဘက်တွင်လည်း သခင်ကြီးယန်သည် သက်ပြင်းချလို့နေလျက်။ “ဒီလိုကိစ္စမျိုးကို လုပ်ရဲတာ အိမ်ရှေ့စံမင်းသားတစ်ယောက်ပဲ ရှိလောက်မယ်။ အရှင်မင်းကြီး အိမ်ရှေ့စံမင်းသားဘဝတုန်းကတောင်မှ ဒီလို အကြောက်အလန့်မရှိတဲ့သူမျိုး မဟုတ်ခဲ့ဘူး”

“အဖေ ဒီတစ်ခါတော့ အိမ်ရှေ့စံမင်းသားကို ပြဿနာရှာလို့မရဘူးနော်။ အမေ့ကို နှိပ်စက်သွားတဲ့ မကောင်းဆိုးဝါးဝိဉာဉ်က ပေါင်မိသားစု သတ်တာခံခဲ့ရတာဆိုပြီး ဆရာမမော့ ပြောသွားတယ်။ အဲ့ဒါကြောင့်မလို့ ပေါင်မိသားစုကို သတ်တာက အမေ့အတွက် လက်စားချေပေးတာနဲ့အတူတူပဲ! ကြင်နာမှုကို ရန်လိုမှုနဲ့ ပြန်ဆပ်လို့မရဘူးလေ၊ ဟုတ်တယ်မလား”

သခင်မလေးယန်က စိတ်ပူနေ၏။

“အဖေ သိတယ်” သခင်ကြီးယန် ခေါင်းညိတ်လိုက်သည်။ “ အဖေ တခြားကိစွတွေမှာသာ အိမ်ရှေ့စံကို လိုက်ပြီးဆန့်ကျင်‌ပေမဲ့ ဒီတစ်ခါကတော့ အိမ်ရှေ့စံမင်းသားမှန်တယ်။ အခုမင်းဆက်မှာ အရင်မင်းဆက်ကထက် လူဦးရေပိုများတယ်ဆိုပေမဲ့ အမျိုးသမီးအရေအတွက်က နည်းနေတုန်းပဲ။ နေရာတော်တော်များမှ ဇနီးတစ်ယောက် မရကြတဲ့ အမျိုးသားတွေ ရှိနေသလို လူတွေရဲ့ ထုံးတမ်းဓလေ့တွေက ပိုပိုပြီးဆိုးလာတယ်။

အိမ်ရှေ့စံက အခုလိုလုပ်လိုက်တော့ အနည်းနဲ့အများတော့ အဟန့်အတား ဖြစ်သွားလောက်မှာပါ။ အနည်းဆုံးတော့ နောက် နှစ်နှစ်သုံးနှစ်လောက်နေရင် မိန်းကလေး အရေအတွက် တိုးရင်တိုးလာလောက်တယ်”

အခုက အစပိုင်းသာရှိသည်။

သူဟာ အိမ်ရှေ့စံမင်းသားနဲ့ ပတ်သက်ပြီး မျက်စိစုံမှိတ်ကာ အကြောင်းမဲ့ တိုင်တန်းနေတတ်တာမျိုး မဟုတ်။

ဥပမာဆိုရလျှင် အရင်တစ်ခေါက်က ဆရာမမော့နဲ့ အဖြစ်ပျက်က အိမ်ရှေ့စံမင်းသားရဲ့ လုပ်ရပ်သည် အာရုံစိုက်ခံရအောင် လုပ်လိုက်သလိုဖြစ်နေခဲ့၏။

အခုတော့ ဒီကိစ္စအပေါ် အခိုင်အမာ ယုံကြည်သွားပြီဖြစ်၍ ဘာမှ ထပ်ပြောစရာ မရှိတော့….

•••••

All Chapters