← Chapters

မြှပ်နှံခြင်း

Vol. 39 Ch. 750

မြှပ်နှံခြင်း

Vol. 39 Ch. 750

သခင်ကြီးယန်အား ထိတ်လန့်စေခဲ့သူမှာ အိမ်ရှေ့စံမင်းသားမဟုတ်ဘဲ ရှဲ့မိသားစုဖြစ်၏။

ဒီနှစ်တွေတစ်လျှောက် အိမ်ရှေ့စံမင်းသားသည် အမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ အမြဲတမ်းလိုလို ကြမ်းတမ်းခဲ့သည်။ ရုံးတော်မှ မှူးမတ်များမှာ အိမ်ရှေ့စံမင်းသားရဲ့ လုပ်ရပ်တွေကို ကျင့်သားရနေပြီးသားဆိုပေမဲ့.. ဒီ ရှဲ့မိသားစုကတော့…

သူတို့လို ဓားပြတွေအဖြစ်နဲ့ မွေးလာခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေက ဖြောင့်မတ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?

သူတို့သာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုလျှင် လူပေါင်းသောင်းချီဆီကနေ ချီးကျူးခြင်းကို ခံရ

မည်။ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင်လည်း အပြစ်ကင်းတဲ့သူကို သတ်တဲ့အတွက် ကြိမ်းမောင်းခံကြရပေမည်။

နောက်ပြီး ကလေးမလေးတွေကို ရေနှစ်သတ်တဲ့ကိစ္စက သာမန်ပဲဟု ယူဆလို့ရသည်။

သာမန်အခြေနေတစ်ခုလေးကို ကြီးလေးတဲ့ အပြစ်လိုမျိုး စီရင်ချက် ချလိုက်ရတာလဲ?

ဒီတစ်ခါတော့ သခင်ကြီးယန် ဘာမှ မလုပ်ခဲ့။

နောက်ကွယ်ကနေ ကြည့်နေကြတဲ့သူတွေဟာလည်း အလောတကြီးနှင့် နန်းတော်ထဲ မဝင်ရဲကြ။

သူတို့ အိမ်ရှေ့စံမင်းသားအကြောင်းကို အခေါက်ပေါင်းမနည်းတိုင်တန်းခဲ့ကြပေမဲ့လည်း အကြိမ်တိုင်း ကျရှုံးကြရသည်။ အခုဆိုလျှင် သခင်ကြီးယန်ကတောင် နောက်ဆုတ်သွားပြီဖြစ်ရာ အိမ်ရှေ့စံအား ပစ်မှတ်ထားလို့ ကောင်းတဲ့အချိန်မဟုတ်မှန်း သိသာပေသည်။

အိမ်ရှေ့စံမင်းသားသည် လက်ထပ်တော့မည်ဖြစ်ကာ မင်းကြီးကလည်း ပျော်ရွှင်နေ၏။ အခုလိုအချိန်၌ ဘယ်သူကမှ ပြဿနာရှာနိုင်လိမ့်မည်မဟုတ်။

သူတို့ အိမ်ရှေ့စံမင်းသားကို ဆွဲချချင်တယ်ဆိုလျှင်တောင် ဒီလို ပြဿနာအသေးစားလောက်က အလုပ်ဖြစ်လိမ့်မည်မဟုတ်။

မြို့ဝောာ်ထဲမှ အရာရှိများသည် ပုံမှန်နဲ့မတူအောင်ကို တိတ်ဆိတ်နေကြ၏။ တခြားသူများ ပြဿနာ

ရှာလာမလားလို့ ရှဲ့ဖင်းကန်း စောင့်နေခဲ့ပေမဲ့.. နောက်ဆုံးမှာ ဘာမှ ဖြစ်မလာခဲ့။

သူခမျာ အတော်လေး သိချင်နေရှာပေမဲ့ အိမ်ရှေ့စံမင်းသားကတော့ ဘာမှ လုပ်ခြင်းမရှိ။ သူရဲ့မျက်နှာဟာ တည်ငြိမ်လို့နေကာ ဒီဟာအတွက် ဟိုးအရင်ကတည်းက ပြင်ဆင်ထားခဲ့သည့်အလား။

“အရှင့်သား.. ကျွန်တော့်မှာ ပြောစရာလေးရှိလို့.. ပြောသင့်ရဲ့လားတော့ မသိ‌ဘူး” ကျို့ဝေ့ကျုံးမှာ ဒွိဟဖြစ်နေသည့် ပုံဖြင့်။

သူဟာ ပြောလိုက်လျှင် ရှဲ့ဖင်းကန်းရဲ နောက်ကွယ်မှာ တိုင်တန်းပြောဆိုတတ်သည့် ကလိမ်ကကျစ်ကျတဲ့သူ ဖြစ်သွားမည်ဖြစ်ကာ မပြောပြန်ရင်လည်း မသင့်တော်ပေ။

“ မင်း ဘယ်ကနေတတ်လာတာလဲ၊ ကိုယ်တော့်ကို ပြောသင့်လား မပြောသင့်ဘူးလား? မပြောချင်ဘူးဆိုရင်လည်း အစကတည်းက စကားမစနဲ့လေ, ချီတုံချတုံဖြစ်နေရအောင် ဘာကိစ္စမလို့လဲ”

ကျို့ဝေ့ကျုံး ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ရင်း

“မနေ့က.. ကျွန်တော် ရှဲ့အိမ်ဝောာ်ကို သွားလည်ရင်းနဲ့ ရှဲ့မိသားစုမှာ ဈာပနတစ်ခုရှိနေတာကို တွေ့လိုက်ရတယ်”

ကျို့ဝေ့ကျုံး မှင်တက်သွားခဲ့ကာ သံသယလည်း ဝင်သွားခဲ့သည်။

“ ဒီဈာပနက တခြားဟာတွေနဲ့မတူဘူး.. အတုအယောင်သက်သက်ပဲ၊ ကြည့်ရတာ ရှဲ့သခင်လေးက သူ့ညီကို သင်ခန်းစာပေးချင်လို့

ခေါင်းတလားထဲ ပိတ်ထားတာနေမှာ။ သူက ရှဲ့ဖင်းဟွိုက်သေသွားပြီဆိုတာကိုပဲ တဖွဖွပြောနေသေးတယ်။ နောက်ပြီး… ပထမသခင်မလေးရှဲ့ လည်း .. သေသွားပြီတဲ့၊အဲဒီ ခြံဝန်းလေးထဲမှာ အစေခံတွေအကုန်လုံးက ငိုယိုပြီး “သခင်မလေးရယ်, အဖြစ်ဆိုးလိုက်တာ”.. လို့လည်း ပြောနေကြတယ်”

ကျို့ဝေ့ကျုံး နောက်ဆုံးတစ်ခွန်းက ပြောလိုက်သည့်ပုံက ပြဇာတ်ကနေသလိုပင်။

ကျောက်ရွှမ်ကျင်းရဲ့ မျက်နှာအမူအရာသည် ထူးဆန်းနေလေကာ

“ရှဲ့ဖင်းကန်းရဲ့ အကြိုက်ကလည်း…”

ပြောဖို့ခက်၏။

“ကျွန်တော့်အထင် ဒါက ကံဆိုးစေမလားလို့” ကျို့ဝေ့ကျုံးက ရိုးရိုးသားသား ပြောလိုက်သည်။

ကျောက်ရွှမ်ကျင်းက “ ရှဲ့သခင်မလေးကရော”

“ကျွန်တော် ကြင်ရာတော်မင်းသမီးကို မမြင်မိပါဘူး”

“ဒါဆိုရင်တော့ သူလည်း သိထားတာမလို့ သဘောတူထားတာ ဖြစ်လောက်တယ်။ ကိုယ်တော့်အနေနဲ့က သူများ မောင်နှမတွေကြားက ပြဿနာမှာ ဝင်ပါလို့ မကောင်းဘူး.. ဒါပေမဲ့ ဒီလို ပျော်စရာကောင်းတဲ့ ကိစ္စကို ဘာလို့ ကိုယ်တော့်ကို အသိမပေးတာပါလိမ့်? ရှဲ့မိသားစုက ဒုတိယသခင်လေးအတွက် ကူပြီးဈာပနပြင်ပေးလိုက်”

ကျောက်ရွှမ်ကျင်း ဆုံးဖြတ်ပြီးဖြစ်သည်။

ကံဆိုးလား မဆိုးဘူးလားဆိုတာ တခြားသူတွေထက် ရှဲ့ချောင်က ပိုသိသည်။

ဒါကြောင့် တခြားသူများရဲ့အရေးအား သူဝင်စွက်ဖက်လို့မသင့်။ မောင်နှမကြားမှာ သဘောတူညီမှုလုပ်ထားပြီးပြီဆိုမှတော့ သူများရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်တာက မကောင်း။ သူလည်း ပါဝင်ပေးသင့်သည်။

ကျို့ဝေ့ကျုံး ခဏလောက် ကြောင်အ နေမိ၏။

ထို့နောက် စီစဉ်စရာရှိတာ စီစဉ်ရန်အတွက် ထွက်သွားခဲ့လေသည်။

အရှင့်သားက ရှဲ့သခင်မလေးအတွက် စိတ်မ

ကောင်းဖြစ်နေလိမ့်မည်ဟု သူထင်ခဲ့သည်။

ရှဲ့ဖင်းကန်းနဲ့အတူ ပြဿနာရှာရလိမ့်မည်ဟုတော့ ထင်မထားခဲ့။ သို့သော် အိမ်ရှေ့စံမင်းသား၏ အမိန့်အား မနာခံဘဲလည်း နေလို့မရတာကြောင့် တစ်စုံတစ်ယောက်အား ပြင်ဆင်ခိုင်းလိုက်ပြီး ရှဲ့မိသားစုသို့ တိုးတိုးတိတ်တိတ်သွားပို့စေခဲ့သည်။

ရှဲ့ဖင်းဟွိုက်ခမျာ နှစ်ရက်နှင့်နှစ်ညလုံးလုံး အပိတ်ခံထားရသည်။

ခေါင်းတလား အတွင်း၌ မည်သည့်အသံတစ်သံမှ မကြားရ။ ရံဖန်ရံခါမှသာ သစ်သားကို လက်သည်းနှင့် ခြစ်သည့် အသံများကို ကြားရသည်။

အစေခံများမှလည်း မျက်ရည်ဖြိုင်ဖြိုင်ကျလျက်။

“ဒီခေါင်းတလားက ဒီနေရာမှ ရှိနေတာကြာပြီ၊ သယ်သွားပြီး မြှုပ်ကြစို့, သူက ငယ်ငယ်လေးနဲ့သေသွားရတာ၊ ဒါကြောင့်မလို့ တခမ်းတနားကြီး လုပ်နေလို့မရဘူး!” ရှဲ့ဖင်းကန်းသည် ထိုသို့ ပြောလိုက်ပြီးနောက် သူ့ရဲ့ မိသားစုဝင်များအား ခေါ်ကာ ခေါင်းတလားအား ရှဲ့အိမ်တော် အနောက်တံခါးကနေ သယ်ထုတ်သွားခဲ့လေသည်။

တူရိယာတီးခတ်သံများနှင့် ဈာပန တေးသီချင်းများပါ ကြားနေရသည်။

•••••

All Chapters