← Chapters

ငါ မင်းသေတာကို စောင့်နေမယ်

Vol. 39 Ch. 751

ငါ မင်းသေတာကို စောင့်နေမယ်

Vol. 39 Ch. 751

ရှဲ့ဖင်းကန်းသည် အစုံအလင် ပြင်ဆင်ထား ပြီးဖြစ်သည်။ ရှဲ့ဖင်းဟွိုက် လဲလျောင်းနေသော ခေါင်းတလား နံဘေးတွင် ခေါင်းတလား အလွတ်တစ်လုံးရှိနေသည်။

ရှဲ့ မိသားစုဝင်များ၏ ရုတ်တရက်သေဆုံးမှုက အိမ်နီးချင်းများကို အံ့အားသင့်စေခဲ့သည်။ သို့သော် ရှဲ့မိသားစုက နှုတ်လုံသည်။ ရှဲ့မိသားစု၏ သားတစ်ယောက် သေသွား ကြောင်းကိုသာ သူတို့ကြားသိရသည်။

သို့သော်လည်း အပြင်လူများက မည်သူမည်ဝါ သေဆုံးသွားသည်ကို မသိခဲ့ကြပေ။

ရှဲ့ဖင်းကန်းက ခေါင်းတလားကို မြို့ပြင်သို့ ပို့

လိုက်သည်။

သူက နေရာတစ်နေရာကိုရှာပြီး လူတစ်ယောက်ကို တွင်းတူးခိုင်းလိုက်သည်။

“အကြီးဆုံးညီမလေး၊ ဘေးကင်းတဲ့ ခရီးဖြစ်ပါ စေ” ရှဲ့ဖင်းကန်းက တစ်ခုခုကိုပြောဟန်ဆောင် လိုက်သည်။ "သူမကို မြေမြုပ်ကြရအောင်"

ရှဲ့ဖင်းဟွိုက်၏စိတ်သည် အနည်းငယ် ရှုပ်ထွေးနေပြီး လွင့်မျောနေသည်ဟုသာ ခံစားရသည်။

သူဘယ်မှာလဲဆိုတာ သူမသိပေ။ သူ၏ အစ်ကိုအကြီးဆုံး၏ အသံကိုကြားပြီးနောက် သူက ပါးစပ်ကို အားနည်းစွာဖွင့်ပြီး ခေါင်းတလား၏ အတွင်းပိုင်းကို ဆွဲကိုင်လိုက် လေသည်။ သူက

စကားပြောရန်ကြိုးစားသော် လည်း အသံမထွက်လာပေ။

သူသည် အလွန်ဗိုက်ဆာပြီး ရေဆာနေရာ မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ သူ သေချာပေါက် သေသွားပေတော့မည်။

သူသည် သူ့အစ်မအကြီးဆုံးကို စိတ်ပျက် စေခဲ့သည်။ သူ့အစ်ကိုအကြီးဆုံးက ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ သူ အမှား လုပ်ခဲ့သော်လည်း သူ့အစ်မအကြီးဆုံးကို သူနှင့်အတူ အသေခံခိုင်းသည်။

ဒီလိုဖြစ်လာမယ်ဆိုတာ သူသိခဲ့ရင် သူ အရင်ဆုံး သေလိုက်ပေလိမ့်မည်။ သူ၏ အစ်မအကြီးဆုံးကို ထိုသို့ ပါဝင်ပတ်သက် စေမည်မဟုတ်ပေ!

အစ်မအကြီးဆုံး၏ ကျန်းမာရေးက အစ ကတည်းက ချူချာသည်။ သူမ ငယ်ငယ် လေးကတည်းက အပြင်တွင် ကြီးပြင်းလာခဲ့ရ၏။ ပြန်လာရန်က သူမအတွက် မလွယ်သလို အခုလည်း… သူမ၏မောင်က သူမကို သတ်ပစ်လိုက်သည်။

သနားစရာကောင်းလွန်းသည်၊ အကြီးဆုံး အစ်မက သနားစရာကောင်းလွန်းသည်။

ရှဲ့ဖင်းဟွိုက်လည်း မငိုနိုင်တော့။ တံတွေးများပင် မကျန်တော့ပေ။ သူ့မှာ ဘယ်လိုလုပ် ကျစရာမျက်ရည် ရှိတော့မှာလဲ။

သူ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။

“အစ်မအကြီးဆုံးကို မြေမြုပ်ပြီးပြီ၊ ဒါဆို … ဒီ

ကလေးကိုလည်း မြေမြုပ်ကြရအောင်” ရှဲ့ဖင်းကန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။

အားလုံးက ခေါင်းတလားကို အောက်သို့ စတင်သယ်ချလာကြသည်။

ရုတ်တရက် ကြိုးပြတ်သွားလေ၏!

အပေါက်နှင့် အလှမ်းဝေးနေသေးသည်။ ခေါင်းတလားတစ်ခုလုံး ကွဲကြေသွားကာ ခေါင်းတလား၏အဖုံးက လွင့်ထွက်သွားသည်။

နေဝင်ရီတရောအချိန်ဖြစ်၍ ကောင်းကင်တွင် အနီရောင်တိမ်တိုက်များဖြင့် ပြည့်နေသည်။ နေရောင်က မျက်စိမကန်းစေသော်လည်း သူ့ရှေ့ရှိ အလင်းရောင်က တောက်ပနေသည်။ ထိုအချိန်တွင် ရှဲ့ဖင်းဟွိိုက်သည် ကောင်းကင်ဘုံကို မြင်

လိုက်ရသည်ဟု ထင်မိ သည်။

သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မူး၀ေကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူက မျက်စိမှေး၍ ကြည့်လိုက်သည်။ ခဏအကြာ တွင် သူ၏အမြင်အာရုံသည် ပိုမိုရှင်းလင်းလာ၏။

သူ့အနားတွင် သစ်ပင်များ၏ အရိပ်များ၊ ဖုန်မှုန့်များ၊ အပင်များ၏ ရနံ့များနှင့် ရှဲ့ မိသားစု၀င်များ၏ မျက်နှာများရှိနေသည်.... သူတို့အားလုံးက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်…

ရှဲ့ဖင်းကန်းက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက တကယ်ကို ကံဆိုးတာပဲ။ ဒီခေါင်းတလားက ဘာကြောင့် ကျိုးသွားတာ လဲ။ ထားလိုက်ပါ၊ မြေကြီးနဲ့ပဲ ဖုံးလိုက်။ ငါ အဲဒီအဖုံးကို မလိုချင်တော့ဘူး!"

ရှဲ့ဖင်းကန်းက အမိန့်ပေးပြီးနောက် အစေခံများသည် ရုပ်သေးရုပ်များကဲ့သို့ တွင်းထဲသို့ စတင်မြေဖို့ကြတော့သည်။

ချက်ချင်းပင်၊ ရှဲ့ဖင်းဟွိုက်သည် သူ့ခေါင်း ပေါ်ရှိ မြေကြီးပြိုကျမှုကို ခံစားလိုက်ရသည်။ သူသည် မကျေမချမ်းမှုများနှင့် ပြည့်နှက်နေ ပြီး သူ၏ နောက်ဆုံး ခွန်အားဖြင့် မတ်တပ် ထရပ်ကာ အက်ကွဲသောအသံဖြင့် ပြောလိုက် သည်။ "ငါ-ငါ မသေသေးဘူး!"

ရှဲ့ဖင်းကန်းသည် အပေါ်စီးမှ မြေတွင်းထဲကို ငုံ့ကြည့်လိုက်သည်။ "မင်း မသေသေးဘူး လား။ မင်းက မကြာခင် သေတော့မှာလေ ဟုတ်တယ်မလား။ မင်းရဲ့သွေးစွန်းနေတဲ့ အဝတ်အစားနဲ့ မင်းရဲ့ဖြူဖျော့နေတဲ့ မျက်နှာကိုကြည့်လိုက်။ မင်းမြို့ကို မပြန်နိုင်မှာ ကို ငါ စိုးရိမ်မိတယ်။ အဲဒီအခါကျရင် မင်းသေ လိမ့်မယ်။ ငါ ဒီကို ထပ်လာရဦးမှာပဲ”

“ငါ အပြင်မှာစောင့်နေရင်ရော… ဘယ်လိုလဲ။ မင်းသေတာကို ငါစောင့်နေမယ်၊ ပြီးရင် ငါ မင်းကို မြေမြှုပ်ပေးမယ်။ အဆင်ပြေလား ဒါပေမဲ့ မြန်မြန်တော့လုပ်၊ မြို့တံခါးတွေ မပိတ်ခင် ငါပြန်ရမယ်။” ရှဲ့ဖင်းကန်း၏ မျက်နှာသည် ခံစားချက်မဲ့နေသည်။

ရှဲ့ဖင်းဟွိုက်၏ နှလုံးသား တုန်လှုပ်သွား သည်။

သူ့တွင် ခွန်အားမရှိသော်လည်း မည်သူမျှ သူ့ကို မကူညီကြပေ။

ထိုအချိန်တွင် လူများအားလုံးက လူသေ တစ်ယောက်ကို ကြည့်နေကြသလို သူ့ကို ကြည့်နေကြသည်…

“အစ်မအကြီးဆုံး ဘယ်မှာလဲ…” သူ၏ အသံက အဘိုးကြီးတစ်ယောက်၏အသံ ကဲ့သို့ဖြစ်ကာ အားနည်းနေလေသည်။

ရှဲ့ဖင်းကန်းက သူ့နံဘေးရှိ သင်္ချိုင်းဂူကို လက်ညိုးထိုးပြလိုက်သည်။ “သူမက ဟိုမှာ။ မင်းမသေခင် တက်လာပြီး သူမကို အရိုအသေ ပေးလို့ရတယ်။ အဲဒါလည်း အဆင်ပြေတယ်။”

ရှဲ့ဖင်းဟွိိုက်၏ သူငယ်အိမ်များသည် ကျဉ်းမြောင်းလာပြီး စို့နင့်သွားသည်။ သူ၏ ခွန်အားက ဘယ်ကရလာမှန်း မသိသော်လည်း အမှန်တကယ်ကို စတင်လှုပ်ရှားလာသည်။ သူက ခေါင်းတလားပေါ် တက်နင်းပြီး တက်လာသည်။ သူ၏ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျသွားကာ အလွန်တရာ သနားစရာ ကောင်းလှသည်။

•••••

All Chapters