← Chapters

ခမ်းနားကြီးကျယ်သော စျာပန

Vol. 39 Ch. 752

ခမ်းနားကြီးကျယ်သော စျာပန

Vol. 39 Ch. 752

ခေါင်းတလားထဲတွင် အချိန်အကြာကြီး ပိတ်မိနေပြီးနောက် ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင် သေသွားပြီဖြစ်ကြောင်း ယုံကြည်သွားခဲ့သည်။

ဤရက်ပိုင်းအတွင်း ဒေါ်လေးလင်း လာသည်၊ အစ်ကိုအကြီးဆုံး၏ လုပ်ဖော်ကိုင်ဖက်များ လည်း လာပြီး သူတို့၏ အဖေတောင် လာသည်!

အိုး ဟုတ်သားပဲ။ အိမ်ရှေ့စံမင်းသားက ဈာပနပို့ဖို့ လူတစ်ယောက်ကိုတောင် လွှတ်လိုက်သေးသည်။

အစ်မအကြီးဆုံး တကယ် တစ်ခုခုဖြစ်သွား ခဲ့သည်!

သူက တွားသွားကာထွက်ရန် ရုန်းကန်လိုက်သည်။ အိမ်တော်ထိန်းသည် ရှဲ့ဖင်းကန်းအား စာနာစိတ်ဖြင့် ကြည့်ကာ သဘောထားကွဲလွဲသော မျက်နှာ ထားဖြင့် သူ့ကို ကြည့်နေသည်။ “သခင်လေး၊ သခင်လေး လိုအပ်…”

အကူအညီလား။

"သောက်ကျိုးနည်းကိုကူပါလား! သူ တွင်းထဲကနေတောင် မတက်နိုင် ရင် သေသင့်တယ်! ငါ့မှာ ဒီလို အသုံးမကျတဲ့ ညီ မရှိဘူး!” ရှဲ့ဖင်းကန်းက အေးစက်စွာ ပြောလိုက်သည်။

ရှဲ့ဖင်းဟွိုက်က သူနှင့်မတူပေ။ သူသည် ထက်မြက်ပြီး အတော်လေး ကောင်းမွန်သော ဘဝရှိသည်။

ရှဲ့ဖင်းဟွိုက် မွေးဖွားသောအခါ ရွာသည် ကြွယ်၀ချမ်းသာခဲ့သည်။ နောက်ပိုင်းတွင် သူနှင့် သူ့အဖေက လူရိုင်းများကို တိုက်ခိုက်ရန် သွားသောအခါ ရှဲ့ဖင်းဟွိုက်က ပျော်ရွှင်စွာ နေကျန်ရစ်ခဲ့သည်။ သူသည် စစ်မြေပြင်သို့ တစ်ခါမှ မရောက်ဖူးသော်လည်း ညီအစ်ကို များက သူ့ကို ဘုရင်တစ်ပါးကဲ့သို့ ဆက်ဆံကြသည်။ နောက်တော့ သူ မြို့တော်သို့ ရောက်သောအခါ သခင်မလုက သူ့ကို အလိုလိုက်ခဲ့သည်။

သူက သူ့ကို အကြိမ်အနည်းငယ် ရိုက်နှက်ခဲ့ သော်လည်း ၎င်းတို့အားလုံးမှာ အပေါ်ယံ ဒဏ်ရာများသာ ဖြစ်ကြသည်။

ဒီတစ်ခါတော့ မတူပေ။ ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုသည် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက် နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

ရှဲ့ဖင်းဟွိုက်သည် အကြိမ်အနည်းငယ် လဲကျပြီးနောက် နောက်ဆုံးတွင် တွင်းထဲမှ တက်လာနိုင်ခဲ့သည်။

သူသည် ရှဲ့ချောင်၏ အုတ်ဂူရှေ့သို့ ထပ် တက်သွားသည်။

ရှဲ့ဖင်းကန်းသည် “ရှဲ့ချောင်၏ အုတ်ဂူ" ဟု ရေးထားသည့် အလွန်ရိုးရှင်းသော သင်္ချိုင်း ကမ္ဗည်းကျောက်စာတိုင်တစ်တိုင်ကိုပင် စိုက်ထူထားခဲ့သော်လည်း အမှားတစ်ခုရှိနေသည်!

သို့သော်လည်း ရှဲ့ဖင်းဟွိုက်၏ အမြင်အာရုံမှာ မှုန်ဝါးနေရာ သူ မပြောနိုင်ခဲ့ပေ။

သူသည် သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်ကို ပွေ့ဖက်လိုက်ပြီးနောက် အက်ကွဲသော အသံဖြင့် စတင်ငိုကြွေးမြည်တမ်းတော့သည်။ "အစ်မကြီး၊ ကျွန်တော် အစ်မကို စိတ်ပျက်စေမိပြီ။ အစ်မကြီး! ဒါက အရမ်းမိုက်မဲမိတဲ့ ကျွန်တော့်ရဲ့အပြစ်ပါ။ သူတို့ပစ္စည်းတွေကို ကျွန်တော် မယူခဲ့သင့်ဘူး။ အကျိုးအမြတ်တွေကို မြင်တော့ ကျွန်တော် အရမ်းစျေးပေါသွားပြီး မရှောင်လွဲနိုင် မဖြစ်ခဲ့သင့်ဘူး။ အစ်မကြီး၊ ပြန်လာပေးပါ။ အစ်မကြီး၊ ကျွန်တော့်ရဲ့အစ်မ…”

“သူ့ကို ရေနည်းနည်းပေးသောက်ပြီး ထပ်ငို ခိုင်းလိုက်။ ဒါက တကယ်ကို ရှားတယ်လေ” ဟု ရှဲ့ဖင်းကန်းက ထိုင်ချပြီး စီစဉ်ပေးလိုက်သည်။

အိမ်တော်ထိန်းက ရေကို အမြန်ထုတ်ယူလိုက်သည်။

ရှဲ့ဖင်းဟွိုက် ရေငတ်နေသည်မှာကြာပေပြီ။ သူ အခု ရေသောက်လိုက်တော့ ပိုအဆင်ပြေ လာသည်။

သူက ပို၍ပင် ပြင်းပြင်းထန်ထန် ငိုသည်။

သူ့တစ်ကိုယ်လုံး တုန်လှုပ်နေ၏။

အချိန်အတော်ကြာအောင် တုန်လှုပ်သွားပြီး နောက် သူ တစ်ခုခုကို တွေးမိသွားပုံရသည်။ သူသည် သစ်သားအပိုင်းအစကို လွှင့်ပစ်လိုက် ပြီး အုတ်ဂူကို စတင်တူးလေသည်။ "အစ်မကြီး! ကျွန်တော်တို့ ဒီမှာနေနေတာ မဟုတ်ဘူး။ ကျွန်တော် အစ်မကို ကယ်ချင် တယ်! အစ်မရဲ့မောင်က အစ်မကို ကြီးကျယ် ခမ်းနားတဲ့ ဈာပနလုပ်ပေးမယ်!”

သူ၏ ရုပ်ရည်ချောမောပြီး ကြင်နာတတ်သည့် အစ်မကြီးကို ဒီလို အနုတ်စုတ်ကုပ်စုတ် နေရာမှာ ဘယ်လိုလုပ် မြေမြှုပ်နိုင်မှာလဲ။

အစ်ကိုကြီးက အလွန့်အလွန်တွန့်တိုလွန်းသည်။

သူသည် ယခင်က တွန့်တိုခဲ့ဖူးသည်။ သူ၏ ညီမကိုလည်း တွန့်တိုခဲ့သည်။ သူက ယောက်ျားမဟုတ်ပေ!

"သူမကို ကြီးကျယ်ခမ်းနားတဲ့ ဈာပန လုပ်ပေးမှာလား။ ငါ မင်းကို အထင်အမြင် သေးတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းကိုယ် မင်းကြည့်လိုက်ဦး။ မင်းမှာ ဘာရှိလဲ။ မင်းက တခြားသူတွေဆီက ရလာတဲ့ လက်ဆောင်တွေ နဲ့ မင်းရဲ့အစ်မကြီးကို မြေမြုပ်ချင်နေ တာလား။ မင်းက သူ့(မ)ကို တကယ် စက်ဆုပ် ရွံရှာစေချင်နေတာ မဟုတ်လား!” ရှဲ့ဖင်းကန်း က ထေ့ငေါ့၍ ရယ်လိုက်

သည်။

ရှဲ့ဖင်းဟွိုက်က ရှဲ့ဖင်းကန်းကို မကျေနပ်သော မျက်လုံးများဖြင့် စိန်းစိန်း၀ါး၀ါးကြည့်နေ သည်။ "အကိုကြီးကမှ သူမကိုသတ်လိုက်တဲ့သူ!"

“ဟုတ်တယ်၊ ငါပဲ။ ဒီတော့ဘာဖြစ်လဲ။ မင်း ငါ့ကို အနိုင်မယူနိုင်သလို မင်းက ငါ့လောက်လည်း အရည်အချင်း မရှိဘူး။ ဒီနေ့ ငါ မင်းရဲ့ အကြီးဆုံးအစ်မကိုသတ်လိုက်တယ် မနက်ဖြန် ငါ မင်းအဖေအရင်းကိုသတ်ရင်တောင် မင်း ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး!"

လူတိုင်း အံသြသွားကြသည်။

အဲဒါကလည်း မင်းအဖေအရင်းပဲလေ!

ရှဲ့ဖင်းဟွိုက်က အရှက်ခွဲခံလိုက်ရသည်ဟု အမှန်တကယ် ခံစားခဲ့ရသည်။ သူ အရင်က ဒီလောက်ထိ စိတ်ထိခိုက်ပြီး နာကျဥ်းခြင်းမျိုး တစ်ခါမှ မခံစားခဲ့ရဖူးပေ။

“အကြီးဆုံးအစ်မက အကိုကြီးရဲ့ညီမအရင်းပဲလေ။ အကိုကြီး ဘာလို့ အရမ်းအကြင်နာကင်းမဲ့ ရတာလဲ! သူမက အရမ်းအားနည်းပြီး သနားစရာကောင်းတာတောင်မှ အကိုကြီးက အနိုင်ကျင့်တုန်းပဲ။ ကျွ-ကျွန်တော် အိမ်ရှေ့စံမင်းသား ကို သွားပြောပြမယ်။ အကိုကြီး အကြီးဆုံးအစ်မကို သတ်လိုက်တယ်ဆိုတာ သူ့ကို ပြောပြ လိုက်မယ်။ သူမက ရောဂါကြောင့် သေသွား တာမဟုတ်ဘူး! အချိန်တန်ရင် အကိုကြီးလည်း နာကျင်ခံစားရလိမ့်မယ်!” ရှဲ့ဖင်းဟွိုက်က ရှဲ့ဖင်းကန်းကို လက်ညှိုးထိုးပြပြီး သူ့အကြည့်က စားတော့၀ါးတော့မလို ဖြစ်နေသည်။

ရှဲ့ဖင်းကန်းက ထိုစကားကိုကြားသောအခါ သူ့နားရွက်ကို ထိလိုက်သည်။ "မင်းကလား။ ဒါပေမဲ့… အိမ်ရှေ့စံမင်းသားက မင်းကို ယုံမလား ငါ့ကိုယုံမလားဆိုတာကတော့ ပြောဖို့ခက်သား။ မင်းအစ်မကို သေလောက်အောင် ဒေါသထွက်စေခဲ့တဲ့ မျိုးမစစ်ကောင်က မင်းပဲလို့ ငါ အိမ်ရှေ့စံမင်းသားကို ပြောလိုက် လို့ရတယ်!"

ရှဲ့ဖင်းဟွိုက်က ယခု ပို၍ပင် ဒေါသထွက် သွားသည်။

ရှဲ့ဖင်းကန်းက အခြေအနေမှန်သည်ဟု ထင်သည်။

"မင်း အိမ်ကိုတောင် ပြန်လို့မရဘူး မဟုတ် လား။ ငါ မင်းကို မကူညီရင် မင်းပြန်လာနိုင်မှာ တောင်မဟုတ်ဘူး!" ရှဲ့ဖင်းကန်းက လှောင်ရယ်လိုက်သည်။….

••••

All Chapters