အနိုင်ယူခံရရန် ကံပါလာသည်
Vol. 39 Ch. 753
ရှဲ့ဖင်းဟွိုက်က လက်သီးများကို ကျစ်ကျစ် ပါအောင် ဆုပ်ထားသည်။ “ကျွန်တော် လုပ်နိုင်တယ်!"
"မင်းက လုပ်နိုင်တယ်လား… ငါ မယုံဘူး။ မင်းက အမြဲတမ်းအသုံးမှ မကျတာ။ မင်းက ဘာနာကျင်မှုကိုမှ ခံနိုင်ရည်မရှိဘူး။ မြို့တံခါး နဲ့ နည်းနည်း၀ေးသေးတယ်…” ရှဲ့ဖင်းဟွိုက်က ခဏလောက် စဉ်းစားလိုက်သည်။ “ဒီလိုဆိုရင် ရော။ မင်းမှားပါတယ်လို့ ပြောပြီး ငါ့ကို ဒူးထောက်ပြီး ခခယယလုပ်။ နောင်ကျရင် မင်းထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။ မင်းရဲ့ အစ်ကိုကြီးဖြစ်တဲ့ ငါ့ကို မင်း ကြည်ညို လေးစားရမယ်။ ငါ မင်းကို အရှေ့ကို သွားဖို့ ပြောရင် မင်း အနောက်ကို သွားရဲမှာ မဟုတ် ဘူး။ အဲလိုဆိုရင် ငါ မင်းကို ရထားပေါ်တက် ခွင့်ပေးပြီး အိမ်ပြန်ပို့ပေးမယ်။ မင်းအတွက် ငါ သမားတော်တောင် ခေါ်ပေးမယ်။ အဲ
ဒါ ဘယ်လိုလဲ"
"မလိုပါဘူး! ကျွန်တော်က ဘာဖြစ်လို့ အမှားတွေကို မင်းကို ဝန်ခံရမှာလဲ!" ရှဲ့ဖင်းဟွိုက်က ဒေါသတကြီး အံကြိတ်လိုက်သည်။
သူမှားသွားတယ်၊ ဒါပေမဲ့ သူ့အစ်မအကြီးဆုံး ကိုပဲ မှားခဲ့တာ။
ရှဲ့ဖင်းကန်းက သူ့အစ်မအကြီးဆုံးကို စိတ်ပျက်စေခဲ့သည်!
သူ့အစ်မအကြီးဆုံးက ကျိုးမိသားစုကိစ္စတွင် ကူညီပေးခဲ့သည့်အတွက် သူ ရာထူးတိုးပြီး ချမ်းသာလာနိုင်သည်ဟု အရင်က သူပြောခဲ့ သည်။
သို့သော် သူသည် ယခု ဤအကြောင်းကို တော်တော်ကြာအောင် မေ့သွားခဲ့သည်!
"မင်းက မလိုဘူးတဲ့လား။ မင်းအသက်ပြန် ရှင်နိုင်တယ်ဆိုတာ သေချာလား" ရှဲ့ဖင်းကန်း က ပြုံးလိုက်သည်။ "ထားလိုက်ပါ။ မင်းက မလိုအပ်ဘူးလို့ပြောမှတော့ ငါ မရမက မပြောတော့ဘူး။ မင်းရဲ့အလောင်းကို မနက်ဖြန် မနက်မှ လာကောက်ဖို့ ပြန်လာတော့မယ်!”
ထို့နောက် သူသည် လူအုပ်အား ပြောလိုက် သည်။ “နောက်ပြန်ဆုတ်ကြ”
ရှဲ့မိသားစုဝင်များ အမြန်ထွက်ခွာသွားကြ လေသည်။
မကြာခင်မီတွင် ရှဲ့ဖင်းဟွိုက် တစ်ယောက်သာ ကျန်တော့သည်။
သူ ရေသောက်ပြီးဖြစ်သော်လည်း ဗိုက်ဆာ နေသေးသည်။ သူ၏ခြေထောက်များက အားနည်းနေပြီး၊ ခွန်အားမရှိတော့ပေ။
သို့သော် သူပြန်သွားရမည်!
သူ ရှဲ့ဖင်းကန်းကို အထင်သေးခွင့်မပေး နိုင်ပေ။ သူပြန်ရောက်သောအခါ သူ့ဆရာဆီ က ကိုယ်ခံပညာကို သင်ယူပြီး သူ့အစ်မ အတွက်လက်စားချေပေးမည်!
သူသည် ဒေါသနှင့် ပြည့်နေပြီး စိတ်ပိုင်း ဖြတ်ထားပြီးဖြစ်သည်။ သူသည် အံကို ကြိတ်ကာ ဟို
ဟိုဒီဒီကြည့်လိုက်သည်။
ထိုမျိုးမစစ်ကောင် ရှဲ့ဖင်းကန်းသည် တကယ့် ကို ညှာတာထောက်ထားမှုမရှိပေ။ သူက သူနှင့် အစ်မကြီးကို ဘယ်လိုဆိုးရွားတဲ့ နေရာမျိုးမှာ မြှုပ်နှံခဲ့တာလဲ။ ပေါင်းပင်များနှင့် သစ်ပင်များ မှလွဲ၍ အခြားဘာမှမရှိပေ။ လမ်းပင် မရှိ!
သူက အံကြိတ်ပြီး၊ မြက်များကို နှုတ်ကာ မြက်ပင်အမြစ်များကို စားလိုက်သည်။ ခါးသီးမှုက မျိုချရခက်သော်လည်း အသက် ရှင်သန်ရန်အတွက် သူ သည်းခံခဲ့သည်။
တစ်ချို့အရာများနှင့် ဗိုက်ဖြည့်ပြီးနောက် သူ့ကိုယ်သူ ထောက်ကန်ရန် ပိုမာကျောသော သစ်ကိုင်းတစ်ကိုင်းကို ရှာတွေ့ပြီး ရှေ့ကို ခြေလှမ်းတစ်လှမ်းချင်း လှမ်းလိုက်သည်။
အခု သူဘယ်ရောက်နေလဲမသိပေ...
လမ်းသွားလမ်းလာများကို မမေးနိုင်ခင် ထိုတောထဲမှ ထွက်ပြီး လမ်းကိုကြည့်ရမည်!
“အစ်မကြီး၊ ကျွန်တော် အစ်မကို အခု တူးထုတ်ပေးလို့မရဘူး။ ကျွန်တော့်ကို စောင့်ပါ၊ ကျွန်တော်ပြန်လာတာကိုစောင့်ပါ။ နောက်ကျ ကျွန်တော့်မှာ ငွေရှာနိုင်တဲ့ အရည်အချင်းရှိတဲ့အခါ အစ်မကို မြေမြုပ်ဖို့ နေရာကောင်းတစ်နေရာ ရှာပေးပါ့မယ်” ရှဲ့ဖင်းဟွိုက်က သူ့မျက်လုံးများကို ပွတ်သပ်ပြီး စိတ်ပိုင်းဖြတ်ထားသောအကြည့် နှင့် ငိုမဲ့မဲ့ပြောလိုက်သည်။
တစ်ဖက်တွင်၊ ရှဲ့ဖင်းကန်းသည် တော်တော် ဝေးဝေးသို့ ရောက်သွားပြီဖြစ်သည်။
“ပထမသခင်လေး၊ ဒုတိယသခင်လေး အဆင် ပြေပါ့မလား။ ကြည့်လိုက်ပါဦး၊ သူ သိပ်အဆင်ပြေပုံမရဘူး။ သူ…” အိမ်တော်ထိန်းက အလွန်စိုးရိမ်သွားသည်။
ဒုတိယသခင်လေးသည် ဆိုးသွမ်းသော်လည်း၊ သဘာ၀ကျသော လူတစ်ယောက်ဖြစ်သည်။ သူ့သခင်ကြီးက သူတို့လိုမျိုး အစေခံများကို တစ်ခါမှ အနိုင်မကျင့်ခဲ့ပေ။
သူ့အမြင်အရ ဒုတိယသခင်လေးက ငယ်သေး ပြီး ဘာမှမသိသေးသော်လည်း နားလည်နိုင် လောက်သည် မဟုတ်လား။ သူ အသက်ကြီး လာသည့်အခါ ပို၍အဆင်ပြေလာမည်မှာ သေချာသည်။
“သူသေမှာမဟုတ်ပါဘူး။ မြေကြီးတစ်လျှောက်
လုံး စားစရာ တွေရှိတယ်။ သူ မြေကြီးကို စားရင်တောင် ငတ်သေမှာမဟုတ်ဘူး။ အဲဒီဒဏ်ရာသေးသေးလေးကတော့ သက်သာ သွားတာကြာပြီ။ အက်ကွဲသွားရင်တောင် သွေးနည်းနည်းပဲ ထွက်လိမ့်မယ်။ မစိုးရိမ်နေနဲ့” ရှဲ့ဖင်းကန်းက တည်ငြိမ်နေဆဲဖြစ်သည်။
သူ့အတွေးများက အိမ်တော်ထိန်း၏အတွေးများနှင့် မတူပေ။
ဤအသိဥာဏ်ကင်းမဲ့သူသည် ရုတ်တရက် စဥ်းစားဆင်ခြင်တတ်သူ မဖြစ်လာနိုင်ပေ။ သူ မပြောင်းလဲခင် ဒုက္ခ တွေ့ကြုံခံစားပြီး သူ့နှလုံးသားထဲက နာကျင်မှုကို ခံစားရပေမည်!
ဇာတ်လမ်းက ဒီအဆင့်ကို ရောက်နေပြီဆိုမှတော့ ရပ်တန့်လို့ရပါဦးမလား။
သူ ဉာဏ်ပညာပိုရှိလာအောင်လုပ်ရမည်!
“မင်းပြန်လာပြီးရင် ပထမသခင်မလေးကို ဆရာမမော့ရဲ့ အိမ်မှာ ဒါမှမဟုတ် ကျောင်းတော်မှာခနနေခိုင်းလိုက်။ လောလောဆယ် အိမ်ပြန်မလာစေနဲ့ဦး။ အိုး ဟုတ်သားပဲ၊ အဲဒီမိန်းကလေး ချွင်းအာကို သူမနောက်ကို မလိုက်ဖို့ ပြောလိုက်။ သူမ ဒီကလေးကိုတွေ့ရင် ဘာမှမပြောနဲ့။ သူ့ကိုပဲ စိုက်ကြည့်နေလိုက်လို့။" ရှဲ့ဖင်းကန်းက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
သူသည် စာကို လက်ခံရရှိပြီးဖြစ်သည်။ လင်းမိသားစုသည် မြို့တော်အပြင်ဘက်ရှိ ရွာသို့ ခေတ္တပြောင်းရွှေ့သွားသည်။
အိမ်တွင် သူသည် ရှဲ့ချောင်ကို နောက်ထပ် ရက်အနည်းငယ်ကြာအောင် ရှောင်ခိုင်းထား သည်။ သို့
မှသာ ပွဲက ပိုကောင်းပေမည်။
"နားလည်ပါပြီ” အိမ်တော်ထိန်းက နာခံစွာ ပြန်ဖြေလိုက်သည်။
"သူပြန်လာလို့ ပထမသခင်မလေးကိုမေးရင် မင်းတို့အားလုံး ပါးစပ်ပိတ်ထားတာ ပိုကောင်း လိမ့်မယ်" ရှဲ့ဖင်းကန်းက ၄င်းကို စောင့်မျှော် နေသည်။
သူ ရက်ရက်စက်စက် လုပ်ခဲ့သော်လည်း ဒီငတုံးကို ဘယ်သူက ဒီလောက် အရည်အချင်းမရှိဖြစ်အောင် နေခိုင်းလို့လဲ။
သူ အသုံးမကျသည့်အတွက် အနိုင်ယူခံရဖို့ ကံပါလာသည်!
•••••