← Chapters

ငါ အရမ်း၀မ်းနည်းတယ်

Vol. 39 Ch. 754

ငါ အရမ်း၀မ်းနည်းတယ်

Vol. 39 Ch. 754

ရှဲ့ဖင်းကန်း အိမ်ပြန်ရောက်ပြီးနောက် ချက်ချင်း အနားယူလိုက်သည်။

အိမ်တော်ထိန်းသည် ရှဲ့ဖင်းကန်း၏ စကားများကို ရှဲ့ချောင်ကို တစ်ဆင့်ပြန်ပြောပြလိုက်သည်။ သူမက ထိုစကားကို ကြားသောအခါ ရိုးသားစွာ သဘောတူလိုက်သည်။

"ရှဲ့အာ စိတ်မပူအောင်လို့ သူမကိုပြောပြလိုက် ပါ" ထိုသို့ပြောပြီးနောက် ရှဲ့ချောင်သည် သူမ၏ ပစ္စည်းများကိုထုပ်ပိုးပြီး ကြမ္မာဥယျာဥ် တွင်နေနေလေသည်။

ဤရက်အနည်းငယ်အတွင်း သူမ၏ မိုက်မဲ သောမောင်ကို ရက်အနည်းငယ်ကြာ စိတ်အားငယ်သွား

စေရန် သူမသည် သိုသို၀ှက် ၀ှက်နေနေလေသည်။

သူမ၏မောင်ကို လိမ်ညာသည့်အတွက် သူမက အပြစ်ရှိသည်ဟု မခံစားရပေ။

ဒီမိသားစုမှာ မင်းငါ့ကို အနိုင်ကျင့်ရင်ကျင့် မဟုတ်ရင် ငါ မင်းကို အနိုင်ကျင့်မယ်။ သူက ၄င်းကို ကျင့်သားရအောင် လုပ်ရပေမည်။ သူမ အတွက်ပင်၊ သူမ၏ အစ်ကိုအကြီးဆုံးက သူမကို မကြာခဏ စိတ်မဆိုးဘူးလား။

အစာကွင်းဆက်၏ အောက်ခြေရှိလူမှာ သူမ၏ မောင်ဖြစ်သည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမ လုပ်နိုင်တာ ဘာမှမရှိဘူး ဟုတ်တယ် မလား။

ထို့အပြင် သူမသည် အမှားတစ်ခု ပြုလုပ်ခဲ့

သည်။ ဘယ်လိုဖြစ်လို့ ဘာပြစ်ဒဏ်မှ မရှိရ တာလဲ။

ရှဲ့ချောင်က ညတွင်းချင်း ထွက်သွားလိုက်၏။

ရှဲ့ဖင်းဟွိုက်မှာ မြို့ပြင်တွင် ရုန်းကန် လှုပ်ရှားနေရလေသည်။

သူ့ခန္ဓာကိုယ်က သန်မာသည်။ အစာစားပြီး နောက် ခွန်အားနှင့် စတင်လမ်းလျှောက်လာ သည်။ သို့သော် သူသည် ဦးတည်ဘက်ကို မပြောနိုင်သောကြောင့် ပတ်ချာလည်ကာ လမ်းဆက်လျှောက်နေသည်။ သူ လမ်းမကြီး ကိုမြင်တော့ သန်းခေါင်ကျော်နေလေပြီ။

သို့သော် သူသည် ဘယ်ဟာမြောက်ဘက် ဘယ်ဟာတောင်ဘက် မပြောနိုင်ပေ။ သူ ဘယ်ကိုသွား

ရမလဲ မသိသောကြောင့် မြို့ထဲသို့ ၀င်လာ၏။

ယခင်ကသေချာ မလေ့လာမိခဲ့သဖြင့် သူ ရုတ်တရက် နောင်တရသွားသည်။

ကြယ်များကို ကြည့်ပြီး ဦးတည်ရာလမ်း ကြောင်းကို ပြောနိုင်သည်ဟု ဆရာရှောင်းက တစ်ခါပြောဖူးသော်လည်း သူက သူ့စကားကို နားမထောင်ခဲ့ပေ...

နောင်ကျရင် သူသည် အခြားသူများထက် ပိုကြိုးစားသင်ယူနိုင်မည်မှာ သေချာသည်။ နောက်ပိုင်း သူ အရာရှိတစ်ယောက် ဖြစ်လာလျှင်၊ သူ့အစ်ကိုကြီးကို သူ့ရှေ့တွင် ဒူးထောက်ခိုင်းပစ်ပေမည်။

သူသည် ဒေါသထွက်ပြီး ရည်မှန်းချက်တစ်ခု ရှိ

အောင်လုပ်လိုက်သည်၊ သို့သော် ၄င်းက ခဏအတွင်းပင် ကွယ်ပျောက်သွားသည်။

ဘာပဲဖြစ်ဖြစ် အစ်မအကြီးဆုံးက ပြန်မလာနိုင် တော့ဘူး၊ ဒါ့အပြင်...သူ ထိုအကြောင်းကို အခုမှ တွေးနေလေသည်။ သူက သူ့အစ်ကို အကြီးဆုံးထက် အများကြီး ပိုငယ်သည်။ အစ်ကို့ကို အနိုင်ယူဖို့က သူ့အတွက် တကယ်ကို အလွန်ခက်ခဲလေသည်။

သူက ခေါင်းကိုမော့ပြီး ကောင်းကင်ကို ကြည့် လိုက်သည်။ သူ့နှလုံးသားထဲတွင် နာကြည်းမှု နှင့် ရှုပ်ထွေးမှုတို့ ပြည့်နှက်နေပေသည်။

ပတ်ဝန်းကျင်သည် ပိန်းပိတ်အောင်မှောင် နေပြီး တိတ်ဆိတ်နေသည်။ ဤသည်က အလွန်ကြောက်စရာကောင်းသော်လည်း တောထဲတွင်နေရခြင်းထက်တော့ ပိုကောင်း သည်။ သူက ထိုနေရာတွင်

ထိုင်ပြီး စောင့်နေ သည်။

အနီးအနားရှိ ရွာများနှင့် မြို့ငယ်များမှ လူများသည် မိုးမလင်းမီ မြို့ထဲသို့ အပြေးအလွှား လာကြသည်ကို သူသိသဖြင့် လမ်းသွားလမ်းများ မရှိမီ နာရီအနည်းငယ် ကြာ ကောင်းကောင်းမွန်မွန် အနားယူရန်သာ လိုအပ်သည်။

သူ့အတွက်ကတော့ အပြင်လောကက ခေါင်းတလားအထဲတွင်လောက် ကြောက်စရာ မကောင်းပေ။

သူ အိပ်မပျော်ရုံသာ။

သူ ထိုအကြောင်းကို အလွန်စဉ်းစားနေသည်။

သူစိတ်တည်ငြိမ်သွားပြီးနောက်၊ ဆရာရှောင်း အတိတ်ကအမှန်တရားကိုပြောပြခဲ့တုန်းက သူ ဘာကိုဆိုလိုသည်ကို နောက်ဆုံးတွင် နားလည် သွားသည်။

ဆရာရှောင်းက သူ့အဖေနှင့် အစ်ကိုထက် သူ့ကိုယ်သူအားကိုးတာက ပိုကောင်းသည်ဟု အမြဲပြောသည်။ ထိုအချိန်က သူ့အဖေနှင့် အစ်ကိုသည် အလွန်သြဇာအာဏာကြီးသည် ဟု သူထင်သဖြင့် ဘာဖြစ်လို့ သူ့ကိုယ်သူ အားကိုးဖို့လိုမှာလဲ။ ဤသည်က ပင်ပန်းလွန်း သည်။

ဒါ့အပြင် အစ်မအကြီးဆုံးက သူ့အား သူမကို ဆရာအဖြစ် အသိအမှတ်ပြုစေရန် ကြိုးစား ခဲ့သည်။ သူမက သူ့အတွက် ဘက်စုံဗဟုသုတ ပညာနှင့် သိုင်းပညာ သင်ကြားပို့ချပေးသည့် ဆရာတစ်ယောက်ကို ခေါ်ခဲ့သည်။ သူတို့က သူ့ကို သူ့ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်စေ ချင်ကြသည်။ အရင်တုန်းက သူ နာခံမှု ရှိခဲ့မယ်ဆိုရင်

အခု နည်းနည်း ပိုအရည်အချင်း ရှိနေပေလိမ့်မည်။ သူ အရမ်း အသုံးမကျ ဖြစ်နေမည်မဟုတ်ပေ၊ သူက ရှဲ့ဖင်းကန်း အတွက် ဟာသဖြစ်နေပေလိမ့်မည်။

အချိန်တွေတဖြည်းဖြည်းကုန်သွားသည်။ မိုးလင်းခါနီးတွင် လမ်းပေါ်၌ ရွာသူရွာသား အများအပြား ရှိလာကြသည်။

သူ လမ်းသိရပြီး မြို့ထဲသို့ ဦးတည်သွားလိုက်သည်။

လမ်းတလျှောက် ဘာပြဿနာမှ မရှိခဲ့ပေ။

သူက နှေးကွေးစွာ လျှောက်လာခဲ့ရုံသာ။ သူ အိမ်ပြန်ရောက်တော့ မွန်းတည့်နေပေပြီ။

အိမ်တော်ထိန်းက သူ့ကိုတွေ့တော့ တစ်ခဏမျှ အံ့သြသွားပုံရသည်။ ထို့နောက် ဘာမှမဖြစ်ခဲ့ သလိုပင်။ အရင်ကလိုပဲ သူက သူ့အတွက် အစား အသောက်များ ပြင်ပေးသည်။

သို့သော်၊ ဤသည်က ကွဲပြားသည်။ သူ၏အကြီးဆုံးအစ်မက အနားမှာမရှိတော့မှတော့ အရင်ကနဲ့ ဘယ်လိုလုပ် တူနိုင်ဦးမှာလဲ!

သူ မပြုံးနိုင်တော့ပေ။ သူ့ကိုယ်သူ သန့်စင်ပြီး ခန္ဓာကိုယ်ပေါ်တွင် ဆေးလိမ်းလိုက်သည်။ လောလောဆယ် သူ ကိုယ်ခံပညာကို မလေ့ကျင့်သင့်ပေ။ ထိုအကြောင်းကို တွေးပြီး သူ့အတွက် ဆရာရှောင်း စီစဉ်ပေးထားသည့် စာအုပ်များကိုဖတ်ရန် သူ့အခန်းထဲတွင် နာခံမှုရှိရှိ နေနေလေသည်။

အိမ်တော်ထိန်းမှာ နေ အနောက်က ထွက်လာသည်ဟုပင် ထင်မိသွားသည်။

အရင်တုန်းကတော့ သူ့မှာ ဒုတိယသခင်လေး စာလေ့လာရန်နှင့် သိုင်းပညာ လေ့ကျင့်ဖို့ သေလောက်အောင် အဆက်မပြတ် လောဆော်ခဲ့ရသည်။

ယနေ့တွင် သူ့ခန္ဓာကိုယ်က ပြန်ကောင်းမလာသေး။ သူ အားနည်းနေသေးသော်လည်း တကယ်ပင် နာခံမှုရှိရှိ စာဖတ်နေသည်တဲ့လား။

အစီအစဥ်က တကယ်အလုပ်ဖြစ်တာလား။

ရှဲ့ မိသားစုတစ်စုလုံး အံ့အားသင့်သွားကြသည်။

သူ့ကို အိမ်မှာစောင့်နေသည့် ရှဲ့ရှီလည်း ထိုကဲ့သို့ပင်။ ကြည်လင်သော မျက်လုံး တစ်စုံဖြင့် သူမသည် ပြတင်းပေါက်ရှေ့တွင် ရပ်နေသည်။ "ဒုတိယအစ်ကို၊ ဘာဖြစ်နေ တာလဲ။ အစာသွတ်မုန့်တွေစားချင်လား"

"ဘာအစာသွတ်မုန့်တွေလဲ။ ငါ အဲဒါတွေကို မစားနိုင်ဘူး။" ရှဲ့ဖင်းဟွိုက်က မျက်ရည်များ ကျလာသည်.. "ရှဲ့အာ၊ အစ်မကြီး မရှိတော့တာ ငါ အရမ်း၀မ်းနည်းတယ်"

•••••

All Chapters