အံ့သြစရာကောင်းသောအသံ
Vol. 39 Ch. 755
ရှဲ့ရှီက သူ့အစ်မအကြီးဆုံး ဘာမှမဖြစ်ဟု ပြောချင်သည်...
သို့သော် သူမသည် နာခံမှုရှိသောကြောင့် ဘာမှ မပြောပေ။
"အစာသွတ်မုန့်တွေစားလိုက်ရင် ပိုကောင်း သွားပါလိမ့်မယ်" ရှဲ့ရှီက သူမ၏ အိတ်ကပ် ထဲမှ အစာသွတ်မုန့်တစ်ခုကို ထုတ်ကာ သူ့ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ “ကောင်း ကောင်းလေ့လာပါ အစ်မအကြီးဆုံး ပျော်နေ မှာပါ”
"သူမ ပျော်တော့ရော သူမ ပြန်လာ နိုင်မှာ မဟုတ်ဘူး…” ရှဲ့ဖင်းဟွိုက်က သက်ပြင်းချလိုက်သည်။ “အစ်မအကြီးဆုံးက ကျန်းမာရေး ချူချာတယ်ဆို
တာ ငါသိတယ်၊ သူမက အနှေးနဲ့အမြန် သေမှာပဲ။ ဒါပေမဲ့ သူမ ရောဂါနဲ့သေရင် ငါ ဒီကိစ္စကို ဘာမှပြောလို့ မရဘူး။ ဒါပေမဲ့ သူမက အရမ်း သနားစရာ ကောင်းလောက်အောင် သေသွားခဲ့တယ်…”
သူသည် သူ့အစ်မအကြီးဆုံးနှင့် အချိန်သိပ် မကုန်ဆုံးသော်လည်း သူ့အပေါ် ဘယ်သူက ကောင်းလဲ ဘယ်သူမကောင်းဘူးလဲဆိုတာ သူသိသည်!
သူ့အစ်မအရင်း သူ့ကိုကြည့်ပုံက မတူပေ။ သူ ၄င်းကို ခံစားနိုင်သည်!
"ငါ ကောင်းကောင်း လေ့လာသင်ယူမယ်။" ကောင်းကင်ဘုံရှိ သူ့အကြီးဆုံးအစ်မ၏ ဝိညာဉ်သည် ကလဲ့စားချေမှုအောင်မြင်စေရန် အတွက် သူ့ကို ကောင်းချီးပေးပေလိမ့်မည်။
ရှဲ့ဖင်းဟွိုက်က ကြိုးကြိုးစားစား လေ့လာရင်း ပြောလိုက်သည်။
ဤစာအုပ်များထဲရှိ စကားလုံးများသည် ယခင်ကကဲ့သို့ စိတ်အနှောက်အယှက်ဖြစ် စရာကောင်းဆဲဖြစ်သော်လည်း ရှဲ့ဖင်းဟွိုက် သည် ယခုတစ်ကြိမ်တွင် ၎င်းတို့အား လျစ်လျူမရှုရဲပေ။
သူက အလွန်လိမ္မာရေးခြားရှိသည်။
“အဒေါ်က ပြောင်းရွှေ့သွားပြီ။ ညီမ လောလောဆယ် အိမ်မှာ နေရုံပဲတတ်နိုင် တယ်” ဟု ရှဲ့ရှီက ရှဲ့ဖင်းဟွိုက်ကို ပြောလိုက် သည်။
ရှဲ့ဖင်းဟွိုက်က အံ့အားသင့်သွားသည်။
“အဒေါ်လည်း ငါ့ကို အရမ်းစိတ်ပျက်နေတာပဲ …” သူက အခု ပို၍ပင် စိတ်ဓာတ်ကျနေပုံရ သည်။
“လောဘကြီးတာက ကျေနပ်စရာမဟုတ်ဘူး။” ရှဲ့ရှီက လူများကို ဘယ်လိုချော့ရမှန်းမသိဘဲ အမှန်အတိုင်းပြောဖို့သာ သိသည်။
သူမ၏ဒုတိယအစ်ကို အမှားတစ်ခုခုလုပ်ခဲ့ သည်ဟု သူမလည်း ထင်ခဲ့သည်။
သူမက ငွေကို ကြိုက်တာတော့ မှန်သော်လည်း သူမကိုယ်တိုင်သာ ငွေရှာပြီး တခြားသူများဆီက မယူပေ။ သို့သော် သူမ၏ဒုတိယအစ်ကိုက ယူနေကျဖြစ်သဖြင့် သူ ၄င်းကို နားမလည်ပေ။
ရှဲ့ဖင်းဟွိုက် တစ်ခဏမျှ တိတ်ဆိတ်သွား သည်။
အစ်ကိုနှင့် အစ်မတို့သည် တကယ်တော့ ညီအကိုမောင်နှမများဖြစ်သည်။ ရှဲ့ရှီသည် ရှဲ့ဖင်းဟွိုက်၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ပြီး တံစက်မြိတ်အောက် တွင် ခဏထိုင်လိုက်သည်။ သူမ ငယ်ငယ်က သူ့ကိုချော့ရန် သင်ယူခဲ့သည့် တောင်ပေါ်စခန်း က တေးသွားတချို့ကို သီဆိုရင်း ရေရွတ်နေသည်။ သူမ၏ အသံသည် ကြည်လင်သော နွေဦးကဲ့သို့ သန့်ရှင်းပြီး နား၀င်ချိုသည်။
ထိုအသံကြားသည်နှင့် အနီးနားက မကောင်းဆိုး၀ါး၀ိဥာဥ် တစ်ကောင် ရစ်သီ ရစ်သီလုပ်နေသည်။
မမြင်နိုင်သော၊ ထိုအရာသည် ရှဲ့ရှီဆီသို့ ပျံသန်းသွားသည်။
“အံ့သြစရာကောင်းလိုက်တဲ့အသံ…” မကောင်းဆိုး၀ါး ၀ိညာဥ်၏အသံသည် အားဟူ တူရိယာကို မည်သို့တီးရမည်ကို မသိသူ တစ်ဦးကဲ့သို့ အလွန် သာယာနာပျော်ဖွယ် မကောင်းလှပေ။ အလွန်စူးရှသည်။
မကောင်းဆိုးဝါး၀ိဥာဥ်သည် လက်လှမ်း၍ ရှဲ့ရှီ၏လည်ပင်းကို ထိချင်သည်။
သို့သော် သူမကို ထိလိုက်သောအခါတွင် ပြန်ကန်ထွက်လာသည်။
မကောင်းဆိုး၀ါး၀ိဥာဥ်၏ မျက်လုံးများထဲ တွင် သူ့ရှေ့ရှိ မိန်းကလေးငယ်သည် သူမကို ဖုံးအုပ်ထားသောရွှေရောင်အလင်းတန်းတစ်ခုရှိပုံရသည်။ သူ သူမကို ထိ၍မရပေ!
“တောက်…” မကောင်းဆိုး၀ါး၀ိဥာဥ်သည် ထူးဆန်းသော ဆူညံသံအနည်းငယ်ထွက်ပြီး အလွန်စိတ်တိုနေပုံရသည်။
သူသည် နာကြည်းမှုအပြည့်နှင့် မျက်လုံးများ နီရဲလာသည်။
ရှဲ့ရှီသည် တစ်ခုခုလွဲနေသည်ကို မခံစားမိ ခဲ့ပေ။ သူမ၏ ခေါင်းက ယိမ်းနွဲ့နေဆဲဖြစ်ပြီး သူမသည် တိတ်ဆိတ်ပြီး လှပနေသည်။
…
ရှဲ့ချောင်သည် ရှဲ့အိမ်တော်သို့ မပြန်ဘဲ နောက်တစ်နေ့တွင် နာခံမှုရှိရှိ ကျောင်းတော်သို့ သွားခဲ့သည်။
ရှဲ့ဖင်းဟွိုက်လည်း ကျောင်းတော်သို့ သွားသော် လည်း ခြံဝင်းနှစ်ခုက ဝေးကွာသည့်အတွက် သူတို့ မတွေ့ခဲ့ကြပေ။ ထို့အပြင်၊ ရှဲ့ဖင်းဟွိုက် သည် ယခု ဆရာရှောင်းနောက်သို့ လိုက်ရမည် ဖြစ်သောကြောင့် ရှဲ့ချောင်ကို တွေ့နိုင်ခြေမှာ ပို၍ပင် နည်းပါးသွားခဲ့သည်။
ဇွန်လ ကုန်လွန်သွားခဲ့ပြီး တော်ဝင်ကျောင်းတော် စာမေးပွဲ မဖြေမီ ရက်အနည်းငယ်သာ ကျန်တော့သည်။
ကျောင်းတော်တစ်ခုလုံးတွင် ပြင်းထန်ပြီး တင်းမာသောလေထုဖြင့် ပြည့်နှက်နေသည်။
ရှဲ့ချောင် ရှိသည့် သစ်ခွခြံ၀င်းမှ ကျောင်းသား များသည် အလွန်ယုံကြည်မှု ရှိကြသည်။ ဖန်းမုရွှ
ယ်နှင့် အခြားသူများသည် မကြာသေးမီက များစွာ တိုးတက်လာခဲ့ကြ သည်!
တစ်ဖက်တွင်၊ အတန်းတူဖြစ်သော ပျိုနီပန်းခြံ၀င်းသည် အလွန်အားနည်းနေ၏။
ဒါတွေအားလုံးက သုန့်ရှီးယွင်ကြောင့် ဖြစ်သည်။
သူတို့ နန်းတော်သို့ နောက်ဆုံးအကြိမ်သွား တုန်းက သုန့်ရှီးယွင်ကို ကူညီသူတိုင်း ဆုမရရှိခဲ့ပေ။ သူတို့ အိမ်ပြန်ရောက်ပြီးနောက် သူတို့၏ မိသားစုဝင်များသည် နောက်ထပ် မေးခွန်းအချို့ကို မလွဲမသွေမေးကြပေ လိမ့်မည်။
သို့သော်လည်း သူတို့သည် နန်းတော်ရှိ ကိစ္စများကို သိပ်မပြောရဲဘဲ အံကြိတ်၍ သူတို့ အမှားတစ်ခုခု လုပ်မိသည်ဟုသာ ပြောနိုင်ကြသည်။
ထို့ကြောင့် သူတို့အားလုံး ဆူပူကြိမ်းမောင်း ခံခဲ့ကြရသည်။
သူတို့သည် အစပိုင်းတွင် အမြဲတမ်း မာနကြီး သော နူးညံ့သိမ်မွေ့သည့် မိန်းကလေးများ ဖြစ်ကြသည်။ အခုတော့ သူတို့ ရှက်လွန်းလို့ ဘယ်သူ့ကိုမှ မတွေ့ရဲကြပေ။
အနစ်နာဆုံးသူကတော့ သုန့်ရှီးယွင် ဖြစ်နေ တုန်းပါပင်။
နန်းတော်တွင် ဖြစ်ပျက်ခဲ့သည်များကြောင့်… သူမအပေါ် သူမ၏ သူငယ်ချင်းကောင်းများ၏ စိတ်သဘောထားက ပိုအေးစက်လာခဲ့သည်!
သူတို့က အရေးမကြီးသည့်လူများဖြစ်သဖြင့် ကောင်းပါသည်။ အရေးအကြီးဆုံးကိစ္စမှာ စတုတ္ထမင်းသားသည် သူမ ခံစားနေရသည်ကို ရှင်းရှင်းလင်းလင်းသိသော်လည်း သူမအား မနှစ်သိမ့်ပေးပေ။ ထိုမျှမကသေးဘဲ ထိုရက် ပိုင်းအတွင်း စတုတ္ထမင်းသားက ကမ္ဘာ့မြေပုံကို ကူးယူလေ့လာရန် ဆရာရှောင်း၊ တခြားသူများနှင့်အတူ စု၀ေးနေသည်ကိုလည်း သူမ ကြားခဲ့ရသည်!
ဤသည်က သူမမျက်နှာကို ပေါ်တင် ပါးရိုက် လိုက်ခြင်းပင်!
•••••