← Chapters

အပြစ်တင်ခြင်း

Vol. 39 Ch. 756

အပြစ်တင်ခြင်း

Vol. 39 Ch. 756

သုန့်ရှီးယွင်သည် ပျိုနီပန်းခြံ၀င်း၏ ခန်းမထဲ တွင် ထိုင်နေသည်။ ပုံမှန်အားဖြင့်၊ သူမက မဖိတ်ခေါ်ဘဲ မိန်းကလေးများစွာသည် သူမနှင့် လက်ရေးလှအတတ်နှင့် ကဗျာအကြောင်း ဆွေးနွေးရန် လာကြသည်။

သို့သော် ထိုရက်ပိုင်းအတွင်း သူမအနားတွင် မည်သူမျှမရှိပေ။

“စာမေးပွဲကြီးဖြေဖို့ ဆယ်ရက်လောက် ကျန်သေးတယ်။ မကြာသေးခင်က ဆရာတောင်မှ သစ်ခွခြံ၀င်းကလူတွေကို ပိုပိုပြီး စိတ်အားထက်သန်လာကြတဲ့အတွက် ချီးကျူးခဲ့တယ်။ ဒီတစ်ကြိမ်တော့ သူတို့ ရလဒ်ကောင်းတွေ ရလာမှာ သေချာတယ်။ ငါ့အဆင့်က အရမ်းနိမ့်ပြီး ညံ့နေမှာကို စိုးရိမ်လာပြီ။ အဲဒီအချိန်ကျရင် ငါ့မိသားစုက ငါ့ကို ထပ်ပြီး

အပြစ်တင်မှာ ကြောက်တယ်…”

“အရင်တုန်းက ငါ ကြိုးစားအားထုတ်ချင်ပေမဲ့…”

စကားပြောနေသောသူသည် မနေနိုင်ဘဲ သုန့်ရှီးယွင်ကို တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

ခြံဝင်းနှစ်ခုကြား ပြိုင်ဆိုင်မှုစတင်သောအခါ သူတို့သည်လည်း ရည်မှန်းချက်ကြီးပြီး သစ်ခွခြံ၀င်းရှိလူများအား သင်ခန်းစာပေးရန် ကြိုးပမ်းအားထုတ်ရန် ပြင်ဆင်ခဲ့ကြသည်။

သို့သော်… ဟောပြောပို့ချချက်မှာ နာရီ အနည်းငယ်သာရှိပြီး အမျိုးမျိုးသော ဟောပြောပို့ချချက်များစွာကို နားထောင်ခဲ့ကြ ရသည်။ သူ

တို့ ပိုလေ့လာချင်တယ်ဆိုရင်တော့ သူတို့၏ အားလပ်ချိန်တွင်သာ လေ့လာနိုင် သည်။

ထိုအချိန်က…

သခင်မလေးသုန့်သည် လက်ဖက်ရည် ပါတီပွဲ များ ကျင်းပလေ့ရှိသည်။ သူမသည် အနာဂတ် စတုတ္ထမင်းသား၏ကြင်ရာတော် မင်းသမီး ဖြစ်လာမည်ဖြစ်သောကြောင့် သူမကိုယ်တိုင် သူတို့ကို ဖိတ်ကြားသောအခါ သူတို့တွင် သွားရန်မှ တပါး ရွေးချယ်စရာ မရှိပေ။

သူတို့ သုန့်အိမ်တော်သို့ သွားသောအခါ လက်ဖက်ရည်သောက်ခြင်း၊ ပန်းများကြည့် ခြင်း၊ အဝတ်အစားနှင့် လက်ဝတ်ရတနာများ အကြောင်း ပြောခြင်း၊ ဒါမှမဟုတ် ဂိမ်းဆော့ ခြင်းများ လုပ်လေ့ရှိသည်။

သူတို့ကစားတုန်းက တော်တော်ပျော်ခဲ့ကြ သော်လည်း အခုတော့ သစ်ခွခြံ၀င်းက သူတို့ကို ကျော်သွားတော့မှာမို့ အတိတ်ကို ပြန်တွေးကြည့်တော့ သူတို့ တကယ်ကို နောင်တရမိကြသည်။

ဒါတင်မကပါ…

သခင်မလေးရှဲ့သည် သစ်ခွခြံ၀င်းမှလူများကို အမြဲတမ်း သင်ကြားပြသပေးနေသည်ကို မကြာသေးမီကမှ သူတို့ သိရှိခဲ့ကြရသည်!

သူတို့က စာလေ့လာရန် မကြာခဏ စုဝေးကြ သည်။

ထိုအချိန်တွင် သုန့်ရှီးယွင်လည်း ထိုလူပြော သည်ကို ကြားလိုက်ရသည်။

သူမ၏နှလုံးသားထဲတွင် မီးလုံးတစ်ခု ပေါ်လာပေသည်။

“အဲဒီတုန်းက ငါက လက်ဖက်ရည်ပါတီပွဲတွေ ကျင်းပပြီး လူတိုင်းကို အနှောင့်အယှက်ပေး တယ်လို့ ပြောချင်တာလား။ နင် စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်ရင် ငါ့အပြစ်ပေါ့လေ" သုန့်ရှီးယွင်က မတ်တပ်ထရပ်ပြီး ငိုပေတော့မည်။ သူမ၏အသံတွင် ဒေါသ အရိပ်အယောင်တစ်ခု ရှိနေသည်။

သူမက ထိုသို့ပြောသောအခါ အားလုံး၏ မျက်နှာထားက ပြောင်းသွားသည်။ "ညီအစ်မသုန့်၊ ငါတို့က ဒီလိုသဘောမျိုး ပြောတာမဟုတ်ပါဘူး..."

“ပျိုနီပန်းခြံ၀င်းကို ဝင်ဖို့ ငါတို့ရဲ့ ကိုယ်ပိုင် အရည်အချင်းကို အားကိုးခဲ့ကြတယ်။ သစ်ခွ ခြံ၀င်းက အဲဒီလူတွေကို ငါတို့ရှုံးမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ငါ အဲဒါကို မမျှော်လင့်ထားဘူး… ဒီလိုဖြစ်လာမယ်ဆိုတာ သိရင် နင်တို့ရဲ့အချိန်တွေကို ငါ ဖြုန်းမှာ မဟုတ်ဘူး။ နောင်ကျရင် ငါ ပိုသတိထားပါ့ မယ်။ ဒါပေမဲ့ နင်တို့က ငါ့နောက်ကွယ်မှာ ဒီလိုပြောနေတာ... ဒါက ငါ့ကိုနာကျင်စေ မယ်ဆိုတာ နင်တို့တွေးမိလား။" သုန့်ရှီးယွင်က စိတ်မကောင်းဖြစ်နေသဖြင့် သူမ၏ စကားများက အလွန်ဒဲ့တိုးဆန်သည်။

အရင်ကဆိုရင်တော့ သူမ၏ဒေါသကို မျိုသိပ်မိပေလိမ့်မည်။

သုန့်ရှီးယွင်က နာကျင်နေပုံရသည်။ ထိုသို့ ပြောပြီးနောက် သူမ ပြေးထွက်သွားလေသည်။

ကျန်ရစ်သူများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

“ငါ သူမကို တကယ် အပြစ်မတင်မိပါဘူးဟယ်…” သခင်မလေးချူးက ပြောလိုက်သည်။

ရှဲ့ချောင် မရောက်လာမီ သူမက မြို့တော်တွင် အလှဆုံး အမျိုးသမီး ဘွဲ့ကို ရရှိခဲ့သည်။ သူမသည် အရည်အချင်းအရှိဆုံးအမျိုးသမီး သုန့်ရှီးယွင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။

"သူမ စိတ်မကောင်းဖြစ်နေမှာပေါ့ ဟုတ်တယ် မလား။ အိမ်ရှေ့မင်းသားက သခင်မလေးရှဲ့ကို လက်ဆောင်တွေ မကြာခဏ ပို့ပေးပေမဲ့ စတုတ္ထမင်းသားက သူမကို သိပ်ဂရုမစိုက်ဘူး လို့ကြားတယ်။ သူမ စတုတ္ထမင်းသားဆီ ပို့လိုက်တဲ့ ဖိတ်စာကို သူက စာပြန်မပို့ခဲ့ဘူး။” တစ်ယောက်ယောက်က မနေနိုင်ဘဲ ပြောလိုက်

သည်။

"မဖြစ်နိုင်ဘူးမလား။ ညီမသုန့်က သူမရဲ့ ဒေါသကို တခြားသူတွေအပေါ် ပုံချတတ်တဲ့ လူစားမျိုး မဟုတ်ဘူးမလား။” သခင်မလေး ချူးက အနည်းငယ် နားမလည်နိုင်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

အားလုံး တိတ်ဆိတ်သွားကြသည်။

ရိုးရိုးသားသား ပြောရရင် နန်းတော်တွင် မတော်တဆမှု ဖြစ်ပျက်ပြီးကတည်းက သူတို့အားလုံး ကိုယ့်ကိုယ်ကို ဆင်ခြင်ခဲ့ကြ သည်။

သူတို့ အလွန်စိတ်လိုက်မာန်ပါလုပ်သည့် အကြောင်းရင်းကတော့ သုန့်ရှီးယွင်၏ သဘောထားကြောင့်ဖြစ်သည်။

သုန့်ရှီးယွင်က သူတို့ကို အလကားသက်သက် ပါ၀င်ငြိစွန်းအောင်လုပ်ခဲ့သော်လည်း သူမက တောင်းပန်စကား မပြောခဲ့ပေ။ ယင်းက သူတို့ကို သူမအပေါ် အနည်းငယ် အေးစက် သွားစေသည်။

“ဒီစာမေးပွဲမှာ သူမ ရလဒ်ကောင်းတွေ ရနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ ဒီလိုဖြစ်ရင် သခင်မလေးရှဲ့ကို ကျော်လွန်ပြီးရင် သူမ ပိုကောင်းလာမှာ မဟုတ်လား။” တစ်ယောက် ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် နှစ်ပေါင်းများစွာ သူငယ်ချင်း ကောင်းများ ဖြစ်ခဲ့ကြသည်။ သူတို့ ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ သုန့်ရှီးယွင်က ရှဲ့ချောင်

ထက် ပိုတော်လိမ့်မည် ဟု မျှော်လင့်နေကြဆဲပင်..

•••••

All Chapters