ထိုနေရာတွင် မရှိခဲ့ပါ
Vol. 39 Ch. 757
သုန့်ရှီးယွင်သည် လက်ထဲတွင် လက်ကိုင် ပုဝါကိုကိုင်ကာ ဥယျာဥ်ဆီသို့ ပြေးသွားပြီး စိတ်ဓာတ်ကျနေပုံရသည်။
မကြာမီတွင် ချီဟွိုက်နှင့် အမျိုးသား အကယ်ဒမီက လူအနည်းငယ်က သူမကို တွေ့လိုက်ကြသည်။
အရည်အချင်းအရှိဆုံးအမျိုးသမီးသည် တိတ်တဆိတ် မျက်ရည်ကျလောက်အောင် အနိုင်ကျင့်ခံခဲ့ရသဖြင့် သူမကို သနားမိကြ သည်။
"မင်းကို ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ။ ရှဲ့ချောင်လား” ချီဟွိုက်က စိုးရိမ်နေပုံရသည်။
သုန့်ရှီးယွင်သည် ရှဲ့ချောင်ကို စော်ကားပြီး နန်းတော်တွင် အေးစက်စွာ ဆက်ဆံခဲ့ကြောင်း သူကြားခဲ့သည်မှာ ကြာပေပြီ။
"ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မ တကယ်... ဒါက သခင်မလေးရှဲ့နဲ့ မဆိုင်ပါဘူး၊ ဒါက ကျွန်မရဲ့... အရင်က လက်ဖက်ရည် ပါတီတွေ အများကြီးကျင်းပပြီး အားလုံးကို ပျော်ရွှင် အောင် လုပ်နိုင်မယ်လို့ထင်ခဲ့တာ" အဲဒါက … သူတို့တိုးတက်မှုကို နှောင့်နှေးစေလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ ဒီတစ်ခါ ကျွန်မတို့တွေ သစ်ခွခြံ၀င်းကိုရှုံးရင်… ကျွန်မ ပျိုနီပန်းခြံ၀င်းမှာ နေလို့မရတော့မှာကို စိုးရိမ် မိတယ်။" သုန့်ရှီးယွင်၏ မျက်နှာထားက ဝမ်းနည်းနေသည်။
တကယ်တော့ သူမ စာမေးပွဲပြီးရင် အိမ်ပြန်ပြီး လက်ထပ်ရန် ပြင်ဆင်ထားပြီးသားပင်။
နောက်နှစ်ရောက်ရန် လအနည်းငယ် လိုသေး သော်လည်း သူမသည် တော်ဝင်မိသားစုကို လက်ထပ်ပြီး တော်ဝင်ကျင့်ဝတ်များစွာကို သင်ယူရပေမည်။ သူမသည် သူမ၏ မင်္ဂလာဝတ်စုံကိုလည်း အလှဆင်ပန်းထိုးထား ရသည်။ ထို့အပြင် နန်းတော်မှ ဖိတ်စာများ ယခင်ထက် ပိုမိုများပြားလာမည်မှာ သေချာ သည်။ ထို့ကြောင့် သူမသည် ကျောင်းတော်ကို လာရန် အချိန်ရှိမည်မဟုတ်ပေ။
ရှဲ့ချောင်လည်း အတူတူပဲဟု ယူဆရသည်။
ထို့ကြောင့် ဤစာမေးပွဲကြီးသည် သူမအတွက် တကယ့်ကို အရေးကြီးသည်!
သူမ ရှဲ့ချောင်ကို အနိုင်ယူမှရပေမည်။ အနည်းဆုံးတော့ လာမည်ည့် စာမေးပွဲတွင် သူမက ရှဲ့ချောင်ထက် ပိုတော်အောင် လုပ်ရ ပေမည်!
မကြာသေးမီက သူမသည် လက်ဖက်ရည် ပါတီပွဲတစ်ပွဲ ကျင်းပခဲ့သော်လည်း နေ့ရောညပါ စာလေ့လာရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့သောကြောင့် သူမက ယုံကြည်မှု ရှိနေဆဲဖြစ်သည်!
သုန့်ရှီးယွင်သည် သူမ၏ သူငယ်ချင်းကောင်း များနှင့် ပဋိပက္ခဖြစ်မည်ဟု ချီဟွိုက်က မထင်ထားခဲ့ပေ။ သူမကို အလွန်အကျွံ စော်ကားမိမည်ကို ကြောက်သည့်အတွက် ဘယ်လိုနှစ်သိမ့်ရမလဲ မသိပေ။
“အမျိုးသား ကျောင်းဆောင်ဘက်မှာ မကြာသေးခင်က ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်။ အစက တော့ လူတိုင်းက သစ်ခွခြံ၀င်းကို အလေး အနက်မထားဘဲ ခဏတာတောင် လှောင်ပြောင်ခဲ့ကြတယ်။ ဒါပေမဲ့ သစ်ခွခြံ၀င်း ရဲ့ အရှိန်အဟုန်က
မြင့်မားနေတုန်းပဲ။ ဆောင်းပါးတွေရဲ့ အကဲဖြတ်မှုက ငါတို့ရဲ့ ဆောင်းပါးတွေထက် အကြိမ်အနည်းငယ် နည်းနည်းလောက် သာလွန်သွားတယ်။ ဒါကြောင့် အခု ငါတို့ စာလေ့လာဖို့ အာရုံစိုက်ရ မယ်..." ချီဟွိုက်က ခဏလောက် စဉ်းစားပြီး နောက် ပြောလိုက်သည်။
သုန့်ရှီးယွင်က ထိတ်လန့်တုန်လှုပ်စွာ သူ့ကို ကြည့်လိုက်သည်။ "ဒီတော့… ကျွန်မ မှားတာလား"
“မဟုတ်ဘူး! ငါ အဲလိုဆိုလိုတာမဟုတ်ဘူး။ မိန်းကလေး ကျောင်းဆောင်က ငါတို့ရဲ့ ကျောင်းဆောင်ဘက်လောက် မတင်းမာဘူး” ချီဟွိုက်က အနည်းငယ် စိုးရိမ်ထိတ်လန့်သွားသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုချီ" သုန့်ရှီးယွင် က ပိုအဆင်ပြေသွားသည်။ "ကျွန်မ အစ်ကို့ကို တစ်ခုလောက်မေးလို့ရမလား"
“ပြောလေ” ချီဟွိုက်က မြန်မြန်ပြောလိုက် သည်။
"ကျွန်မက… တစ်ကယ်တော့ မိန်းမသား တစ်ယောက်ပဲလေ။ ကျွန်မက စတုတ္ထမင်းသား နဲ့ စေ့စပ်ထားပေမဲ့ သူ့ကို ကမူးရှူးထိုး ရှာဖို့က မသင့်တော်ပါဘူး။ သူ့ကို ပေးချင်လို့ မကြာသေးခင်က ကျွန်မ အိတ်တစ်လုံးကို အလှဆင်ပန်းထိုးထားတယ်။ ကျွန်မအတွက် သူ့ဆီ ပို့ပေးဖို့ အစ်ကို့ကို ဒုက္ခပေးရလိမ့်မယ်။ နောက်ပြီး... စတုတ္ထမင်းသားက မကြာသေး ခင်က ကမ္ဘာ့မြေပုံကို လေ့လာနေတဲ့ ဆရာ တွေကလွဲပြီး တခြားသူတွေနဲ့ အဆက် အသွယ်ရှိလားဆိုတာ ကျွန်မ သိချင်မိတယ်။”
စတုတ္ထမင်းသားက တခြားတစ်ယောက် ယောက်နှင့် တိတ်တိတ်လေး တွဲနေမည်ကို သုန့်ရှီးယွင်က စိုးရိမ်နေသည်။
ယွမ်လင်းယင်က တစ်ယောက်ယောက်နှင့် စေ့စပ်ထားသည်ဟု ပြောသည်။ သူမ အဝေးတွင် လက်ထပ်ရန် သိပ်မကြာလောက် ပေ။ ဒါကို ကောင်းသည့်ကိစ္စဟု ယူဆ၍ရ သည်။
သို့သော် အရန်ကြင်ယာတော် ရာထူးမှာ လစ်လပ်နေသေးသည်။
မုန့်မိသားစုသည် စတုတ္ထမင်းသားအား ကိုယ်လုပ်တော်နှစ်ယောက်ကို ဆက်သလိုက် ကြောင်း သူမ သိသည်။ သို့သော်လည်း သူမသည် နောင်ကျရင် သူတို့ကို ဖယ်ရှားပစ် နိုင်သည်။ အရန်ကြင်ယာတော်က မတူပေ။ သူမသည် နောင်တွင် ဆွေစဥ်မျိုးဆက်ပြ စာအုပ်တွင် စာရင်း၀င်မည်ဖြစ်သည်။ အရန်ကြင်ယာတော်ကို ဘယ်သူ့ကိုပဲ ရွေးရွေး သူမ၏ရန်သူ ဖြစ်ပေလိမ့်မည်။
"ငါ...ဒါကိုသိတယ်" ချီဟွိုက်က ရှုပ်ထွေးသော အကြည့်ဖြင့် သုန့်ရှီးယွင်ကို ကြည့်လိုက်သည်။ “စတုတ္ထမင်းသား အားတဲ့အခါ သူ ကမ္ဘာ့မြေပုံ ကို ကူးယူနည်းကို လေ့လာဖို့ ဆရာရှောင်း ရဲ့နေရာကို သွားလိမ့်မယ်။ သူ တခြားသူတွေနဲ့ ရင်းနှီးတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး။ တကယ်လိို့...
“လွန်ခဲ့တဲ့ နှစ်ရက်က မြို့တော်က စားသောက် ဆိုင်တစ်ဆိုင်မှာ တစ်ယောက်ယောက်က မင်းညီမနဲ့ တွေ့တယ်လို့ ကြားတယ်။ မင်းလည်း အဲဒီမှာရှိတာပဲမလား။ ငါသိတာ ဒါအကုန်ပဲ” ချီဟွိုက်က ထပ်ပြောလိုက်သည်။
သုန့်ရှီးယွင်၏ သူငယ်အိမ်များသည် ကျဉ်းမြောင်းလာပြီး အသက်ရှူမြန်လာသည်။
သူမ ထိုနေရာတွင် လုံးဝမရှိခဲ့ပါချေ!
စတုတ္ထမင်းသားက သူမ၏ညီမကို ဘာကြောင့် တွေ့ခဲ့တာလဲ!
•••••