← Chapters

မကျေမချမ်းဖြစ်ခြင်း

Vol. 39 Ch. 758

မကျေမချမ်းဖြစ်ခြင်း

Vol. 39 Ch. 758

သုန့်ရှီးယွင်က စိုးရိမ်ထိတ်လန့်သွားသည်။ သူမ၏ ညီမလေးက နှစ်လိုဖွယ်အကောင်းဆုံး ဆိုသည်ကို အားလုံးထက် သူမပိုသိသည်။

သူမသည် မိထွေး၏နှလုံးသားကိုပင် သိမ်းပိုက်အနိုင်ယူခဲ့သည်။ သူမက သူမကို သမီးအရင်းကဲ့သို့ ဆက်ဆံသည်။

ဒီလိုလူမျိုးက...

သုန့်ရှီးယွင်သည် အေးစက်သောလေကို ရှုရှိုက်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွား သည်။

သူမက ချီဟွိုက်ကို နှုတ်ဆက်ပြီးနောက် ကုလန်

ကျောင်းတော်သို့ မသွားခဲ့ပေ။

သူမက အဲဒီမှာမဟုတ်ပေ။ သုန့်ယိယွင်က အဲဒီမှာ မဟုတ်ပြန်ပေ။

သူမ ဘာလုပ်ခဲ့တာလဲ။ သူမက… စတုတ္ထ မင်းသားကို ထပ်သွားတွေ့တာများလား။

စတုတ္ထမင်းသားသည် မကြာသေးမီက သူမ အား လျစ်လျူရှုခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ သုန့်ယိယွင်က သူ့ရှေ့တွင် သူမ မကောင်းကြောင်းပြောခဲ့ခြင်း ဖြစ်ရမည်!

သုန့်ရှီးယွင်က ထိုအကြောင်းကို ပိုတွေး လေလေ၊ ဖြစ်နိုင်သည်ဟု ပိုထင်လေလေ ဖြစ်သည်။ သူမ၏မျက်လုံးများသည် ဒေါသဖြင့် တောက်

လောင်နေပြီး မျက်နှာထား မှာ ရက်စက်ကြမ်းကြုတ်လာသည်။

သုန့်ယိယွင်!

သူမက ရှဲ့မိသားစုက အရိုင်းအစိုင်းကောင်ကို ကြိုက်တာမဟုတ်ဘူးလား။ သူမက ဘာလို့ အဲဒီကောင်ကို အာရုံမစိုက်တာလဲ။ သူမရဲ့ စေ့စပ်ထားတဲ့ယောက်ျားကို ဘာလို့ ပစ်မှတ် ထားနေတာလဲ!

သုန့်ရှီးယွင်သည် မာန်ပါပါဖြင့် အိမ်သို့ပြန် လာခဲ့သည်။ သိပ်မကြာမီတွင် သုန့်ယိယွင် လည်း ပြန်ရောက်လာသည်။ သို့သော် သူမသည် အစ်မအကြီးဆုံးကို မတွေ့ချင်ပေ။ သူမ၏ အစ်မအကြီးဆုံးက သူမကို လာရှာ လျှင်ပင် သူမကို ဖယ်ရှားပစ်ရန် အကြောင်း ပြချက်ရှာပေလိမ့်မည်။

သုန့်ယိယွင်၏ နှလုံးသားထဲတွင် အေးစိမ့်စိမ့် ဖြစ်သွားသလို ခံစားလိုက်ရသည်။ အစောပိုင်း က သူမသည် သခင်မလေးယွမ်နှင့်အတူ ပြန်ပေးဆွဲခံရသောအခါတွင် ၎င်းသည် သူမအစ်မအကြီးဆုံး၏လက်ချက် ဖြစ်သည်။

သူမ ဒီအစ်မကို ဘယ်လို ထပ်ရင်ဆိုင်ရမည်လဲ။

ဘာပဲဖြစ်ဖြစ် သူမ၏အစ်မက နောက်နှစ်မှာ လက်ထပ်တော့မှာမို့ နောင်ကျရင် သူမကို မြင်တာနည်းလာရင် ပိုကောင်းလာမှာ မဟုတ် လား။ စတုတ္ထမင်းသားသည် လူကောင်း တစ်ယောက်ဖြစ်ပြီး အစ်မအကြီးဆုံးအပေါ် ဂရုစိုက်ပြီး ထောက်ထားစာနာသူဟု ယူဆနိုင် သည်။ နောင်ကျရင် သူမ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာသောအခါတွင် သူမ၏ ခေါင်းမာ သော စိတ်သဘောထားလည်း ပြောင်းလဲသွား နိုင်သည်။

သုန့်ယိယွင်က နုံအစွာ တွေးနေသော်လည်း သုန့်ရှီးယွင်က သူမကို မကောင်းတဲ့လူ ဖြစ်အောင် လုပ်ထားပြီးသားမှန်း သူမ မသိခဲ့ပေ။

သုန့်ရှီးယွင်က ထိုညီမသည် စတုတ္ထမင်းသား ကို ဖြားယောင်းသွေးဆောင်ရန် သွားခြင်း ဖြစ်ရမည်ဟု သူမ အခိုင်အမာယုံကြည်ခဲ့ သည်။ ထိုသို့မဟုတ်ပါက သူမကို ဒီလိုမျိုး ရှောင်နေမည် မဟုတ်ပေ!

သူမ၏ ဆိုးယုတ်ရက်စက်မှု တစ်ဟုန်ထိုး တက်လာသည်။

ထိုညီမကို အမြန်လက်ထပ်ပေးရမည် ဒါမှမဟုတ်...

သူမ၏ညီမသည် ယုတ်မာတာတစ်ခုခု အရင် လုပ်

ခဲ့၍ သူမကို အကြင်နာကင်းမဲ့သည့် အတွက် အပြစ်တင်၍မရပေ။

သုန့်ရှီးယွင်တွင် ငွေရှိသည်။ နှစ်များ တစ်လျှောက် သူမသည် လက်အောက်ငယ် သားများစွာကို စုရုံးခဲ့သည်။ သူမညီမ၏ ခြံဝင်းထဲတွင်ပင် လက်အောက်ငယ်သားတွေ အများကြီးရှိသည်!

သူမ၏ နာကြည်းမှုသည် ပြင်းထန်လွန်းသဖြင့် သူမက ၄င်းကို တစ်ရက်ပင် သည်းမခံနိုင် တော့ပေ။

ထိုညတွင် သူမသည် သုန့်ယိယွင်အပေါ် အန္တရာယ်အရှိဆုံးနည်းလမ်းကို အသုံးပြုခဲ့ သည်။

သူမသည် အထိန်းတော်ကို သုန့်ယိယွင်၏

ကိုယ်ပိုင် အမျိုးသမီးအစေခံများ မူးမေ့သွားစေရန် အမွှေးနံ့သာထွန်းခိုင်းလိုက်သည်။

ညဘက်တာဝန်ကျသည့် အမျိုးသမီး အစေခံများအားလုံး သတိလစ်ကုန်ကြသည်။ တိတ်ဆိတ်သောညတွင် လူတစ်ယောက်က သုန့်ယိယွင်၏ အခန်းထဲသို့ ခြေဖျားထောက် ဝင်လာသည်။ ကုတင်ပေါ်ရှိလူကို ကြည့်လိုက် တော့ သူ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

သို့သော် ပထမသခင်မလေး၏ အမိန့်ကြောင့် သူက သူမကို မနာခံဘဲမနေရဲပေ။

သူက မျက်စိမှေးပြီး ဒုတိယသခင်မလေး၏ အဝတ်အစားများကို ချွတ်လိုက်သည်။ ထို့နောက် သူက သူမ၏ အတွင်းခံကို ပြတင်း အောက်ခြေဘောင်တွင် ချိတ်ဆွဲထားလိုက် သည်။

ကြမ်းပြင်ပေါ်တွင် အမျိုးသမီးများ၏ အဝတ်အစားများနှင့် ရှုပ်ပွနေသည်။ သုန့်ယိယွင်၏ မျက်နှာသည် အနည်းငယ် နီရဲနေလေသည်။ သူမတစ်ကိုယ်လုံးက ပို၍ပင် ဆွဲဆောင်မှု ရှိပုံရသည်။

ပထမသခင်မလေးက သူ့ကို သူမအား အဓမ္မပြုကျင့်စေချင်သော်လည်း... သူ အခု တကယ် မလုပ်ရဲပေ!

၀မ်၀ူဆိုသူသည် လူကောင်းတစ်ယောက် မဟုတ်ဘဲ အခြားသူများနှင့် အမြဲတမ်း လိင် ဆက်ဆံချင်သည်။ သူ့ရှေ့ရှိလူက မျိုးရိုးမြင့်မိသားစုက မိန်းကလေးတစ်ယောက် ဖြစ်ပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက် နေသည်။ သူ ၄င်းကို မွေ့လျော်နေချိန်မှာ သူမက ရုတ်တရက် နိုးလာရင်ရော။

ဘာပဲဖြစ်ဖြစ် သူသည် ဒုတိယသခင်မလေး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ချင်ရုံသာ။ သူလုပ်ခဲ့သည်က အတူတူပင်!

သူက အဝတ်အစားအားလုံးကို ချွတ်လိုက် သည်။ သူ သူမကို အဓမ္မပြုကျင့်ကျင့်၊ မကျင့်ကျင့် အရေးမကြီးပါချေ။

ဒါတွေအားလုံးလုပ်ပြီးနောက် ဝမ်ဝူ ထွက်လာ သည်။ သူ မထွက်မီတွင် ခြံဝင်း၌ အော်လိုက် သည်။ “သူခိုးတစ်ယောက်ရှိနေတယ်!”

သူသည် ခြံ၀င်းထဲရှိ အခြားအမျိုးသမီးများနှင့် အမျိုးသမီးအစေခံများအားလုံးကို နိုးအောင် သေချာလုပ်ပြီးနောက်တွင် သဲလွန်စမကျန်စေ ဘဲ သုတ်သုတ်ပျာပျာပြေးသွားလေသည်။

ခြံဝင်းထဲရှိ လူများ နိုးလာကြသည်။

မနိုးသည့်သူများကိုပင် သုန့်ရှီးယွင်၏ သူလျှိုများက နိုးလိုက်ကြသည်။ ခဏလောက် ခြံဝင်းက ကမောက်ကမ ဖြစ်နေသည်!

တစ်ယောက်ပြီးတစ်ယောက် သူတို့ အဝတ် အစားများ၀တ်ပြီး ပြေးထွက်လာကြရာ ဒုတိယသခင်မလေး၏ အခန်းပြတင်းပေါက် ပွင့်နေသည်ကို တွေ့လိုက်ကြရသည်! ထိုအပေါ်တွင် တွဲလောင်းချိတ်ထားသော ယောက်ျားတစ်ယောက်၏ အောက်ခံ ဘောင်းဘီပင် ရှိနေသည်!

•••••

All Chapters