← Chapters

သီလရှင်၀တ်ဖိိို့ သူမကို အ၀ေးကို ပို့လိုက်ပါ

Vol. 39 Ch. 760

သီလရှင်၀တ်ဖိိို့ သူမကို အ၀ေးကို ပို့လိုက်ပါ

Vol. 39 Ch. 760

သုန့်သခင်ကြီးက အစေခံအားလုံးကို ဦးစွာ ဖိနှိပ် ချုပ်ချယ်လိုက်သည်။ နောက်တစ်နေ့တွင် သူက ခွင့်ယူပြီး ရှဲ့အိမ်တော်သို့ ချက်ချင်း သွားလေသည်။

ရှဲ့ချောင် အိမ်တွင်မရှိသော်လည်း ရှဲ့နျိုရှန်းက ရှိနေသည်။

ရှဲ့နျိုရှန်းကိုကြည့်လိုက်တော့ သုန့်သခင်ကြီးက အလွန် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ တစ်နေ့မှာ သူ့ကိုလာရှာပြီး ထိုသို့သော လူမျိုးနှင့် ခမည်းခမက်ဖြစ်လာရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူတို့က ခမည်းခမက်တွေမဟုတ်တော့ရော သူ

ဘာလုပ်နိုင်မှာလဲ။

အကြီးဆုံးသမီးက ရှဲ့ဖင်းကန်းကို ဖော်ထုတ်ခဲ့ သော်လည်း… သက်သေ အထောက်အထား မရှိဘူးမလား။

သူတို့က သူလုပ်ခဲ့သည်ဟု သံသယရှိကြ သော်လည်း သူ့ကို ဖမ်း၍မရသလို လမ်းပေါ် တွင် ရုတ်ရုတ်ရုတ်ရုတ်လုပ်၍ မရပေ။ သိို့မဟုတ်ပါက သမီးအကြီးဆုံး၏ လက်ထပ် ပွဲကိုလည်း ထိခိုက်ပေလိမ့်မည်။ ဒီတော့ သူတို့က ခမည်းခမက်တော်ဖို့ကလွဲပြီး တခြားဘာလုပ်နိုင်မှာလဲ။

ထို သောက်ကောင်မလေးသည် ရှဲ့ဖင်းကန်း ကိုလက်ထပ်ရန် တိတ်တဆိတ် နည်းလမ်း အားလုံးကို အသုံးပြုလိုစိတ်ရှိခဲ့သည်။ ဒီလိုနုံအတဲ့သားတစ်ယောက်ကို သူဘယ်လိုများ ပြုစု

ပျိုးထောင်ခဲ့တာလဲ!

သူ့အကြည့်က ခက်ထန်နေ၏။

ရှဲ့နျိုရှန်းက ထူးဆန်းသည်ဟု ခံစားလိုက်ရ သည်။ “သခင်ကြီးသုန့်၊ ခင်ဗျား ဘာလို့ ကျွန်တော့်ကို ရှာနေတာလဲ"

သုန့်သခင်ကြီးက အသက်အောင့်ထားသည်။ “ဒီမှာ အပြင်လူ မရှိဘူးဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။ ခင်ဗျားသားက ကျုပ် သမီးကို အကြိမ်ကြိမ် စော်ကားခဲ့ပြီး အခု သူက သူမကိုတောင် အဓမ္မပြုကျင့်လိုက်ပြီ။ ဒီကိစ္စကို ခင်ဗျား ဘာလုပ်ပေးမလဲ။ ခင်ဗျား မသိသလို ဆက်ဟန်ဆောင်နေမယ်လို့တော့ ကျုပ်ကို မပြောလိုက်နဲ့!"

"ဘာ" ရှဲ့နျိုရှန်းက အံ့အားသင့်သွားသည်။ "ဒီလို

ကိစ္စမျိုး ရှိလို့လား မဖြစ်နိုင်ဘူး ဟုတ်တယ်မလား"

မြို့တော်သို့ ရောက်လာပြီးနောက် သားအဖနှစ်ယောက်ကို တစ်ရွာလုံးက တိုက်တွန်းခဲ့ကြသည်။

မြို့တော်တွင် နေရာအနှံ့ မင်းမျိုးမင်းနွယ် များရှိသည်။ သူတို့က လုယက်တာမျိုးတောင် မလုပ်နိုင်ကြပေ။ သူတို့သည် ဇနီးတစ်ယောက်ကို သဘောကျလျှင် ပေါ်တင် လက်ထပ်ခွင့်တောင်းနိုင်သည်..။

သူ့သားက ထိုသို့ အရင်ဆုံးလုပ်မည့်သူပင်။

ထို့ကြောင့် သူ အိပ်ပျော်နေစဥ် ယောင်၍ လမ်းထလျှောက်ပြီး အကျင့်ပျက် ယုတ်မာသည့်ကိစ္စတစ်ခုကို ပြုမိသည်ဟု ပြောခဲ့လျှင်ပင် ရှဲ့ဖင်းကန်းက

ထိုသို့လုပ်မည့်အကြောင်းကို သူမယုံပေ။

"ခင်ဗျား ဘာလို့ ယောင်ချာချာဖြစ်သလို ဟန်ဆောင်နေတာလဲ။ မနေ့ညက ခင်ဗျား သားက ကျုပ်အိမ်တော်ထဲဝင်ပြီး ည သန်းခေါင်မှာ အဲဒီညစ်ညမ်းတဲ့ကိစ္စကို လုပ်ခဲ့ပေမဲ့ သူက အမြန်ပြေးသွားတော့ ကျုပ်တို့ သူ့ကို မဖမ်းမိလိုက်ဘူး။ ဒီလိုမှ မဟုတ်ဘဲ ကျုပ်က ဧကရာဇ်ကို အစီရင်ခံလိုက်မယ် ဆိုရင် ကျုပ် ခင်ဗျားရဲ့မိသားစုကို မြို့တော်ကနေ နှင်ထုတ်လိုက်လို့ရတယ်!”

"ဟား၊ ခင်ဗျားက ဘယ်သူ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလဲ။ ကျုပ်ကို ဂျုံမုန့်ညက်နဲ့ လုပ်ထားတယ်လို့ ခင်ဗျား ထင်နေလား။ ခင်ဗျားသမီးက ကြင်ရာတော် မင်းသမီး ဖြစ်တော့မှာ။ ခင်ဗျား ဘယ်လိုလို့ ကျုပ်နဲ့ ငြင်းခုံနိုင်ရတာလဲ။ ကျုပ်သား မလုပ်ထားတာကို ကျုပ်က ဝန်ခံရမှာလား” ရှဲ့နျိုရှန်းက သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက် သည်။ သူသည် ဖရဲစေ့ကို စားရုံ

မှတစ်ပါး မတတ်နိုင်ပေ။

သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်သည်။

သုန့်သခင်ကြီးမှာ အလွန်ဒေါသထွက်နေ၏။

"ခင်ဗျားက ဒီလက်ထပ်ပွဲကို သဘောမတူဘူး လို့ဆိုလိုတာလား!" သုန့်သခင်ကြီးသည် အလွန် လေးနက်နေပုံရသည်။

“ဒီမယားခိုးမှု ကျူးလွန်တဲ့သူက ဘယ်သူလဲ ဆိုတာ ကျုပ် မသိဘူး။ ကျုပ်မိသားစုမှာ ချွေးမ မရှိရင်တောင် ကျုပ်သားကို မျိုးမစစ်ကောင် တစ်ယောက်လို ရှင်သန် နေထိုင်ခွင့် မပေးနိုင်ဘူး" ရှဲ့နျိုရှန်းက သူသည် အလွန်ကျိုးကြောင်းဆီလျော်သည်ဟု ထင် သည်။

သူ့သားက တဏှာရာဂစိတ်ကြွရွသော လူ မဟုတ်ပေ။

သူ့သားက ညဉ့်နက်သန်းခေါင်မှာ လူသတ်ဖို့ ထွက်သွားသည်ဟု ပြောလျှင်တော့ သူယုံကောင်း ယုံပေလိမ့်မည်။

"ခင်ဗျားသားကို မေးပြီးပြီလား။ ရှဲ့ဖင်းကန်း ဘယ်မှာလဲ။ သူ့ကို ဒီကိုလာခိုင်းလိုက်! ကျုပ် ကိုယ်တိုင် သူ့ကိုမေးချင်တယ်!” သုန့်သခင်ကြီးက ထိုဓားပြကို ဘာမှ ထပ်မပြောချင်တော့ပေ။

ရှဲ့ဖင်းကန်းသည် မှုခင်းစီရင်ရေးဌာနသို့ မသွား သေးပေ။ သူက ထိုအကြောင်းကြားသည်နှင့် နာခံမှုရှိစွာ ရောက်ရှိလာသည်။

သူ့အရပ်သည် သုန့်သခင်ကြီး၏အရပ်ကို ကျော်လွန်သွားပြီး တခဏချင်းတွင် သူ့မာန က အနည်းငယ် မှိန်ဖျော့သွားသည်။

“ငါ့သမီးက…. အနည်းဆုံးတော့ မြင့်မြတ် တဲ့မိသားစုက မိန်းကလေးတစ်ယောက်ပါ။ မင်း ငါ့မိသားစုနဲ့ ရန်သူဖြစ်ချင်ရင် ဒီလက်ထပ် ပွဲကို ငြင်းလိုက်လို့ရတယ်။ ငါ ပြန်သွားတာနဲ့ သူမကြောင့် ငါတို့မိသားစု အရှက်မရအောင် လို့ သူမ အသက်ကိုအဆုံးသတ်ဖို့ အဆိပ် ဝိုင်တစ်ခွက်ပေးရုံကလွဲလို့ တခြားနည်းလမ်း မရှိဘူး!” သုန့်သခင်ကြီးက ထပ်ပြောလိုက်သည်။

ရှဲ့ဖင်းကန်းက မျက်မှောင်ကြုတ်လိုက်သည်။ "သခင်ကြီးရဲ့ မိသားစုကိစ္စက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ သခင်ကြီး ဘာလို့ ကျွန်တော့် ကို ဒါတွေ လာပြောပြနေတာလဲ"

သုန့်သခင်ကြီး၏ မျက်နှာသည် ဒေါသကြောင့် အစိမ်းရောင် ပြောင်းသွား၏။

သူ့သွေးများ ပွက်ပွက်ဆူလာပြီး တစ်စုံ တစ်ယောက်ကို ဓားနှင့် ထိုးသတ်ချင်နေခဲ့ လေသည်။

“မနေ့ညက မင်း နံရံပေါ်ကျော်တက်ပြီး သူ့သမီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သူက ပြောနေတယ်” ဟု ရှဲ့နျိုရှန်းက ရှင်းပြပြီး မီးလောင်ရာ လေပင့်ပေးလိုက်သည်။

ရှဲ့ဖင်းကန်းမှာ ခဏလောက် ကြက်သေ သေသွားပေသည်။ "မဟုတ်တာ။ သခင်ကြီးရဲ့သမီး…"

သူ ခဏလောက်စဉ်းစားလိုက်သည်။ "အဲဒီ ဒုတိယသခင်မလေးသုန့်ကို ပြောတာလား။ ကံဆိုးလိုက်တဲ့ မိန်းကလေး။ သူမက ကျားရဲ့

သားရဲတွင်းကနေ ထွက်လာခါစပဲရှိသေး တာကို အခု ဝံပုလွေတွင်းထဲရောက်နေပြန်ပြီလား။ ဒါက ၀မ်းနည်းစရာကောင်းလွန်းတယ်.. သခင် ကြီး သူမကို တစ်ခုခုဆိုးဆိုးရွားရွား လုပ်လိုက် တာအစား သူမကို သီလရှင်၀တ်ဖို့ အ၀ေးကို ပို့လိုက်ပါလား။ အဲဒါက ပိုအဆင်ပြေ လောက်တယ်”

•••••

All Chapters