အပိုင်း(၉၁)
Vol. 7 Ch. 91
ဟော်ဖိန်းရိက အလောတကြီး ပြောလိုက်၏။ "ဟုတ်တယ်လေ ဒါကို ငါ့ချွေးမက ဆွဲထားတာ။ သူက ပါရမီရှိတဲ့ သူတစ်ယောက်ပဲ။ မင်း အချိန်ရှိတဲ့အခါ သူ့ကို သင်ကြားပေးလို့ရပါတယ်။ ဉာဏ်ပူဇော်ခကိုလည်း တိုင်ပင်လို့ရ..."
ဝေဟုန်ချိုးသည် ခေါင်းမော့လိုက်ပြီး ဟော်ဖိန်းရိကို ကြည့်လိုက်ကာ သူ့လေသံက အနည်းငယ် စိုးရိမ်သွားလေသည်။ "ခင်ဗျား လာ နောက်နေတာလား"
သခင်မကြီးဟော်သည် မနေနိုင်တော့ဘဲ လှောင်ရယ်နေသည့် အမူအရာတစ်ခုကို ထုတ်ပြလိုက်၏။
"သူ့ကိုသင်ပေးဖို့ ရှင့်ကို တောင်းဆိုရတာက ရှင်ရဲ့အရည်အချင်းကို နည်းနည်းလောက်တော့ အလကားဖြစ်သွားစေမှာပါ။ ဒါပေမဲ့ သူ့ရဲ့အစောပိုင်းပန်းချီကားတွေက တော်တော်လေး ကောင်းတဲ့ပုံပါပဲ။ ဒီတစ်ခုကတော့ သူ့ရဲ့အကောင်းဆုံးဟာ မဟုတ်လား..."
ထို့နောက်တွင်တော့ သူက နဥ်ရှောက်ယွင်ကို ပြောလိုက်၏။
"ကြည့်လေ နင့်ရဲ့ပန်းချီကားတွေက နင့်အတွက်တော့ မိသားစုမှာ ကျေးဇူးတင်စရာကောင်းတဲ့ လက်ဆောင်တစ်ခုပါပဲ။ အပြင်လူရဲ့အမြင်မှာတော့ အဲဒါတွေက အဖိုးမတန်ဘူးလေ။ ဒီအတွက်နဲ့များ နင်က နင့်မိသားစုကို ပြောင်းပြန်လှန်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား"
"ဒီပန်းချီကားက အဖိုးမတန်ဘူးလို့ ဘယ်သူကပြောတာလဲ" ဝေဟုန်ချိုးသည် ဒေါသတကြီး ပြောလိုက်၏။
"ဒီပန်းချီကားက ကျွန်တော့်ဆရာဖြစ်လာဖို့ အရည်အချင်းရှိတာထက်တောင် ပိုသေးတယ်။ ခင်ဗျားတို့တွေက သူ့ကိုသင်ပေးဖို့ တကယ်ပဲ ကျွန်တော့်ကို တောင်းဆိုနေကြတာတဲ့လား"
သူသည် နားမလည်နိုင်စွာဖြင့် ဟော်ဖိန်းရိကိုကြည့်ကာ ပြောလိုက်၏။ "တကယ်တည်း ခင်ဗျားက ဘာကို စနောက်ချင်နေတာလဲ။ တကယ်လို့ ခင်ဗျားတို့ သူ့ကိုစော်ကားချင်တယ်ဆိုရင် ကျွန်တော့်ကို ဓားတစ်ချောင်းအနေနဲ့ မသုံးပါနဲ့"
ဟော်ဖိန်းရိ၏မျက်နှာသည် ပြောင်းလဲသွားပြီး သူက ချက်ချင်း တောင်းပန်လိုက်၏။
"ဆရာဝေ ကျွန်တော်တို့က တကယ်ပဲ ဒီလိုမရည်ရွယ်ပါဘူး"
"ခင်ဗျားက ဒီစကားပြောတာ ဘာအဓိပ္ပာယ်လဲ" ဝေဟုန်ချိုးသည် အလွန်မှ ဒေါသထွက်သွား၏။
"ခင်ဗျားတို့တွေ ခင်ဗျားရဲ့ချွေးမအကြောင်းကို ပြောနေကြတာ မဟုတ်ဘူးလား။ သူက ခင်ဗျားတို့မိသားစုထဲကို လက်ထပ်လာတာ ၆နှစ်၊ ၇နှစ်တောင် ရှိသွားပြီ။ သူက ပန်းချီပညာမှာ ဘယ်လောက်အထိ တော်လဲဆိုတာ ခင်ဗျား မသိဘူးလား"
"ဒီအဆင့်နဲ့ဆိုရင် သူက ဒီလောကထဲမှာ နာမည်ကြီးပြီးသားပဲ။ ဒါပေမဲ့ အခုတော့ သူ့ကို ဘယ်သူမှ မသိကြဘူး။ ခင်ဗျားတို့တွေ သူ့ကိုတမင်တကာ ဖိနှိပ်နေကြတာလား"
ရှမြန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူမသည် ဒီလူငယ်လေးကို မှတ်မိသွားခဲ့လေသည်။ သူသည် ထိုနေ့က လေလံပွဲကာလအတွင်း သူတို့၏ နောက်တန်းတွင် ထိုင်ခဲ့ပြီး နဥ်ရှောက်ယွင်၏ စောင့်ရှောက်သူပန်းချီကားကို အလွန်မှသဘောကျခဲ့သည့် လူငယ်လေးဖြစ်နေသည်။
ဒီလူငယ်လေးက စကားပြောလိုက်သည်နှင့်ချက်ချင်း လူအများအပြားက သူ့ကိုသိသွားသည်မှာ သေချာသည်။
အစောပိုင်းက နဥ်ရှောက်ယွင်ကို လူကြီးအပေါ် မသိတတ်မလိမ္မာဟု ထင်ထားခဲ့ကြသည့်လူများသည် ယခုတော့ စတင်ဆင်ခြင်တတ်လာ၏။ သူတို့သည် ဟော်ဖိန်းရိနှင့် ဟူချွေ့ဟွား၏ အမူအရာထဲမှ တစ်ခုခုလွဲနေသည်ကို မြင်လိုက်ရသည်။
ဟော်ဖိန်းရိက တစ်ခုခုကို ဆက်ပြောချင်လိုက်သော်ငြားလည်း အားကောင်းသည့်အသံတစ်ခုက တံခါးအပြင်ဘက်မှ ထွက်လာ၏။
"ကျုပ်ရဲ့ဆရာတူညီမလေးက အရမ်းကို အရည်အချင်းရှိရဲ့သားနဲ့ အိမ်ထောင်ကျပြီး ဘာအရိပ်အယောင်မှမရှိဘဲ ပျောက်သွားပြီး သူက စီနီယာအစ်ကိုတွေဖြစ်တဲ့ ကျုပ်တို့ကိုတောင်မှ တဖြည်းဖြည်းချင်း အဆက်အသွယ်ဖြတ်ခဲ့တာ ဘာကြောင့်များလဲလို့ စဉ်းစားနေခဲ့မိတာ"
ကျူးယွင်ဟိုင်သည် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်နှင့် အတူလျှောက်ကာ ဝင်လာပြီး ခနဲ့လိုက်၏။
"အကြောင်းအရင်းက ဒီလိုဖြစ်နေတာကိုး။ သူက လက်ထပ်သွားတာလား ဒါမှမဟုတ် အချုပ်ထဲကို ဝင်သွားခဲ့တာလား"
သူက သခင်ကြီးနဥ်ကို ပြောလိုက်၏။
"သခင်ကြီး ခင်ဗျားက ခင်ဗျားရဲ့ချွေးမက အပြင်လူတွေနဲ့ ပူးပေါင်းပြီး ခင်ဗျားရဲ့မွေးနေ့ပါတီမှာ ခင်ဗျားရဲ့မြေးတွေကို အနိုင်ကျင့်နေတာကို ဒီအတိုင်းကြည့်နေတာလား"
သခင်ကြီးနဥ်သည် ဖန်ရှို့ကျစ်ကို တည်တည်ငြိမ်ငြိမ် လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများကို မှိတ်လိုက်ကာ သက်ပြင်းချလိုက်၏။
"အားလုံးကို အရှက်ရအောင် လုပ်ခဲ့မိတဲ့အတွက် ကျုပ်ကပဲ တောင်းပန်ပါတယ်"
ဖန်ရှို့ကျစ်သည် ခုနက အဘိုးကြီးသူမကို လှမ်းတားလိုက်သည်မှာ သူမကို သတိပေးခြင်းဖြစ်ကြောင်းကို သဘောပေါက်လိုက်လေသည်။
သို့သော်ငြားလည်း ဒီလိုငြိမ်ငြိမ်နေသည့်လူများက ဘယ်က ထွက်ပေါ်လာပါသနည်း။ ဖန်ရှို့ကျစ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "တစ်ဆိတ်လောက်ပါ ရှင်တို့က ဘယ်သူများ..."
"ပါမောက္ခကျူး၊ ဥက္ကဋ္ဌမြောင်၊ ဆရာ" ဝေဟုန်ချိုးသည် ဝမ်းသာအားရ သူတို့ကို သွားရောက်နှုတ်ဆက်လိုက်၏။ "ဆရာတို့ဒီကို ဘာဖြစ်လို့ရောက်လာတာလဲ"
ဒါကိုမြင်လိုက်သည်တွင် ဖန်ရှို့ကျစ်သည် သူမ၏လေသံကို ထိန်းညှိပြီး ပြောလိုက်၏။
"ဟုန်ချိုး ဒီလူတွေက ဘယ်သူများလဲ..."
အဖေဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်နှင့်ယှဉ်လျှင် ဝေဟုန်ချိုးသည် သူ၏စံထားရသည့်ဆရာကို သေချာပေါက်ပိုပြီး ယုံကြည်မှု ရှိပေသည်။ ဖန်ရှိုးကျစ်ကို ပြောလိုက်သည့်သူ့လေသံက သိပ်ပြီးသဘောကျစရာ မကောင်းတော့ချေ။
"ဒါက ပါမောက္ခကျူးယွင်ဟိုင်၊ လက်ရေးနဲ့ပန်းချီပညာရဲ့ မျက်မှောက်ခေတ် ပန်းချီဆရာတစ်ယောက်လေ။ ဒါက ဒီလောကရဲ့ တကယ့်ခေါင်းဆောင်သူ အစစ်ပေါ့"
"ဒါကတော့ လက်ရေးနဲ့ပန်းချီအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌမြောင်ပါ။ ဒါကတော့ ကျွန်တော့ဆရာ ဆရာကြီးမာလိရှန်းပါ"
ဖန်ရှို့ကျစ်သည် သူတို့ကိုအရေးတယူ မလုပ်ချင်ခဲ့သော်ငြားလည်း ဝေဟုန်ချိုးကြောင့် သူမက ပြုံးကာပြောလိုက်၏။ "ကြိုဆိုပါတယ် ကြိုဆိုပါတယ်။ ရှင်တို့ ရောက်လာလိမ့်မယ်လို့ ကျွန်မ မသိခဲ့လို့ပါ။ မကြိုဆိုခဲ့မိတာ ကျွန်မ တောင်းပန်ပါတယ်"
ကျူးယွင်ဟိုင်က ပြောလိုက်သည်။ "ထေ့ငေါ့ပြီး ပြောနေဖို့ မလိုပါဘူး။ ခင်ဗျားတို့ရဲ့နဥ်မိသားစုမှာ ဝင်ထွက်ဖို့အတွက် အရမ်းကိုမြင့်မားတဲ့ အတားအဆီးတွေ ရှိတယ်ဆိုတာ ကျုပ်တို့ သိပါတယ်။ ကျုပ်တို့တွေလည်း နှစ်ပေါင်းများစွာ ခင်ဗျားတို့တွေဆီကို အလည်မလာခဲ့ပါဘူး။ ဒီတော့ ကျုပ်တို့တွေလည်း ကိုယ့်ဟာကိုယ် စိတ်မချမ်းသာရအောင် မလုပ်ချင်တာ သဘာဝပဲလေ"
"ကျုပ်ရဲ့ ဆရာတူညီမလေးရဲ့ သီးသန့်ပန်းချီကားတွေက လေလံပွဲမှာ ပေါ်လာပြီး တချို့တရားမဝင်တဲ့ ကိစ္စတွေနဲ့ ပါဝင်ပတ်သက်နေတယ်လို့ ကျုပ်ကြားထားလို့ အခြေအနေအရ ဒီကိုလာမေးတာပါ"
ဟော်ဖိန်းရိက မျက်မှောင်ကြုတ်သွား၏။ "လေလံပွဲဟုတ်လား။ တရားမဝင်ဘူးဟုတ်လား"
ဝေဟုန်ချိုးသည် ဒီအခိုက်အတန့်တွင် နောက်ဆုံးတော့ သတိပြန်ဝင်လာတော့သည်။ "ပါမောက္ခကျူးရဲ့ ဂျူနီယာညီမလေး။ ဆရာကြီးချီမင်ဟောက်ရဲ့ အငယ်ဆုံးနဲ့ အရင်းနှီးဆုံးတပည့်..."
သူသည် သူ၏အိုင်ဒေါတစ်ယောက်ကို တွေ့လိုက်ရသလို ဝမ်းသာအားရဖြင့် နဉ်ရှောက်ယွင်ကို ကြည့်လိုက်လေသည်။ "ရွှယ်... ဆရာမရွှယ်ယွင်"
"ဒီတော့ လေလံပွဲထဲက စောင့်ရှောက်သူပန်းချီကားကို ဆရာမက ဆွဲခဲ့တာပေါ့။ ကျွန်တော် အဲဒီပန်းချီကားကို အရမ်းကိုကြိုက်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော် မဝယ်နိုင်ခဲ့တာတော့ နှမြောစရာပဲ..."
"ဒါပေမဲ့..." သူ့မျက်လုံးများသည် ကျေးလက်သဘာဝကို ဆွဲထားသည့် နဉ်ရှောက်ယွင်၏ မွေးနေ့ပန်းချီကားပေါ်သို့ ကျရောက်သွားပြီး "ဒါပေမဲ့ ဆရာမရဲ့စုတ်ချက်တွေကတော့... အသစ်အဆန်းဖြစ်ပြီး စည်းချက်တစ်ခုကျနေပါလား"
နဥ်ရှောက်ယွင်က ခါးသက်သက်ပြုံးကာ ရှင်းပြလိုက်သည်။
"အမှန်အတိုင်းပြောရရင်တော့ စောင့်ရှောက်သူပန်းချီကားကို ဟော်မိသားစုမှာ နှစ်ပေါင်းများစွာ အချိန်ပေးပြီး ဖန်တီးခဲ့ရတယ်လို့ ပြောရင်တော့ ရှက်စရာကောင်းပါတယ်"
"ဟော်မိသားစုကနေ ထွက်လာပြီးတဲ့နောက်မှာ ကျွန်မလည်း အခက်အခဲကို ချိုးဖျက်နိုင်ပြီး ဘဝအသစ်တစ်ခုကို ရခဲ့တယ်လေ။ ဒါကြောင့်မို့လို့ ကျွန်မက ကျွန်မရဲ့နာမည်ကို ရှန်းယွင်လို့ ပြောင်းခဲ့တာပါ"
"ဒါဆိုရင် သဘောက ဆရာမရဲ့စောင့်ရှောက်သူပန်းချီကားက နောက်ဆုံးလက်ရာမဟုတ်လား" ဝေဟုန်ချိုးသည် နက်နက်နဲနဲ နှမြောတသမိတော့သည်။
"ကျွန်တော်သာ ဒါကို စောစောသိရမယ်ဆိုရင် ၁သန်းပေးရလည်း ဝယ်ခဲ့ပါတယ်"
သခင်မကြီးဟော်၏ မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ "၁သန်းဟုတ်လား"
"အဲဒီသဘော မဟုတ်ပါဘူး" ဝေဟုန်ချိုးက ပြောလိုက်သည်။ "အဲဒီပန်းချီကားကို ယွမ်၈သိန်းခွဲနဲ့ ရောင်းချခဲ့တာလေ..."
၈သိန်းခွဲနှင့် ၁သန်းကြားတွင် ကွာခြားချက်ကမရှိချေ။ သခင်မကြီးဟော်သည် နဥ်ရှောက်ယွင်၏ ပန်းချီကားများက ထိုမျှလောက် တန်ဖိုးရှိလိမ့်မည်ဟု အမှန်ပင် မျှော်လင့်မထားခဲ့ချေ...
ဒါရိုက်တာလော့က ပရောဂျက်ကို ထိုမျှလောက်အလွယ်တကူ ထောက်ခံပေးခဲ့သည်ကလည်း မဆန်းတော့ပေ။ အဘွားကြီးသည် လက်ဆောင်က ယွမ်၈သိန်းကျော်တန်နေသည်ကို စဉ်းစားမိလိုက်ချိန်တွင် သူမသည် စိတ်ဓာတ်မကျဘဲ မနေနိုင်တော့ချေ။ နောက်ဆုံး သူမသည် ဟော်မိသားစုထဲတွင် ဒီနှစ်များစွာ၌ သူမ၏လက်ထဲတွင် ယွမ်၈သိန်းပင် မထားခဲ့ဖူးချေ။
နဥ်ရှောက်ပိုင်က ဟော်ဖိန်းရိနှင့် သခင်မကြီးဟော်ကို ကြည့်လိုက်ပြီး ခနဲ့ကာပြောလိုက်၏။
"ကျွန်တော့်အစ်မက ခင်ဗျားတို့မိသားစုထဲကို လက်ထပ်ပြီးဝင်လာတာ ၇နှစ်တောင်ရှိခဲ့ပြီ။ သူက အဘွားကြီးရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သူ့ယောက်ျားနဲ့ကလေးကို ပြုစုစောင့်ရှောက်လာပေးခဲ့တယ်။ ခင်ဗျားက သူ့ကို လျစ်လျူရှုထားတယ်ဆိုရင်လည်း ထားပါဦး။ ဒါပေမဲ့ ခင်ဗျားတို့က ခင်ဗျားတို့စိတ်တိုင်းကျ သူ့ရဲ့လက်ရာကို ခိုးခဲ့တယ်လေ"
"ဒီနေရာမှာရှိနေတဲ့ လူအားလုံးကို မေးပါရစေ။ ခင်ဗျားတို့ရဲ့ ချွေးမ မပြောသေးနဲ့ဦး။ တစ်စုံတစ်ယောက်က ယွမ် ၈သိန်း၊ ၉သိန်းတန် ခင်ဗျားတို့ရဲ့ အဖိုးတန်ပစ္စည်းကို ယူသွားခဲ့ပြီး ခင်ဗျားတို့ကို ဘာမှမပြောဘဲနဲ့ တိတ်တိတ်လေး ပေးပစ်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ ဘာလုပ်ကြမလဲ"
သူက ဖန်ရှို့ကျစ်ကို ကြည့်လိုက်၏။ "ဒေါ်ဒေါ်ဖန် ကျွန်တော်က ကုမ္ပဏီရဲ့ ရှယ်ယာ၁၀ရာခိုင်နှုန်းကို ယူသွားမယ်ဆိုရင် ဒေါ်ဒေါ်ကရော ဒီအတိုင်းလျှော်ပေးနိုင်မှာလား"
သူက ဖန်ရှို့ကျစ်ကို မစောင့်ဘဲ ဆက်ပြောလိုက်၏။
"ဒီတော့ ဒီနေရာမှာ တခြားသူတွေအပေါ် အရမ်းကို သဘောထားကြီးပြီး ရက်ရောနေတဲ့ပုံ ဟန်ဆောင်မနေပါနဲ့။ ခင်ဗျားက ချန်ပေပရောဂျက်မှာ ဟော်မိသားစုနဲ့ လက်တွဲချင်တဲ့အတွက် ကျွန်တော်တို့မောင်နှမကို ဖိနှိပ်ထားဖို့ ၂ဖက်အင်အား ပေါင်းစည်းခဲ့တယ် မဟုတ်လား"
ကျူးယွင်ဟိုင်က ရယ်မောကာ ပြောလိုက်၏။
"ထူးဆန်းလိုက်တာ။ နဥ်မိသားစုနဲ့ ဟော်မိသားစုက မဟာမိတ်ဖြစ်နေပြီးသားပဲ။ ဟော်မိသားစုက သူတို့ရဲ့ချွေးမကို မသိဘူးဆိုရင်လည်း ထားပါဦး။ ဒါပေမဲ့ မစ္စဖန် ခင်ဗျားက ကျွန်တော့်ညီမလေး အသက်၇နှစ်၊ ၈နှစ်အရွယ်ကတည်းက ပန်းချီပညာကို စတင်လေ့လာခဲ့တဲ့အချိန်ကတည်းက နဥ်မိသားစုထဲကို လက်ထပ်ပြီး ဝင်လာခဲ့တာပဲ။ ခင်ဗျားက သူ့ဆရာကိုတောင် မသိဘဲနဲ့ မိထွေးကောင်းတစ်ယောက်လို ဟန်ဆောင်နေသေးတယ်"
"ဒီမှာရှိနေတဲ့ လူအားလုံးကို ကျွန်တော် မေးပါရစေ။ ဘယ်သူက ခင်ဗျားကို ယုံကြည်မှာလဲ။ ဒီထဲက ဘယ်သူကများ ဒါကိုယုံကြည်နိုင်ပါ့မလဲ"
အားလုံးက အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့သည် သူတို့၏ဆန္ဒကို ဆန့်ကျင်ကာ ဒါကိုယုံကြည်ပါသည်ဟု မပြောနိုင်ကြတော့ချေ။
ဖန်ရှို့ကျစ်သည် မိထွေးတစ်ယောက် ဖြစ်နေသည့်အတွက် သူမက နဥ်မိသားစုကို သူမ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်က သဘာဝကျမှန်းသိသော်ငြားလည်း ဒါက အနည်းငယ်အမှန်ပင်...
ဖန်ရှို့ကျစ်က တစ်ခုခုကို ပြောလိုက်ချင်သည်။
နဥ်ရှောက်ပိုင်က သူမကို ချက်ချင်းဖြတ်ပြောလိုက်၏။
"ဒေါ်ဒေါ်ဖန် ခင်ဗျားက ကျွန်တော်တို့တွေကို ခင်ဗျားရဲ့အရေခွံကို ဆွဲခွာပြီး တက်နင်းတာကို မလိုချင်ဘူးဆိုရင် အခုအချိန်ကစပြီး ကျွန်တော်တို့မောင်နှမနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဘာတစ်ခုမှ မပြောပါနဲ့"
"အလိမ်အညာတစ်ခုက အမြဲတမ်းလိမ်ညာဖို့ ဖြစ်နေဦးမှာပဲ။ ခင်ဗျားက ဘယ်လောက်ပဲ စကားကို လှလှပပပြောနေပါစေ။ ခင်ဗျားရဲ့အလိမ်အညာတွေကတော့ နောက်ဆုံးတော့ ပေါ်ပေါက်သွားမှာပဲ" နဥ်ရှောက်ပိုင်က အဓိပ္ပာယ်ပါသည့် ဟန်တစ်ခုဖြင့် ပြောလိုက်၏။ "ခင်ဗျားကိုယ်တိုင်အတွက် မျက်နှာလေး နည်းနည်းလောက် ချန်ထားလိုက်ပါတော့လား"
ဖန်ရှို့ကျစ်သည် မကျေနပ်သည့် အမူအရာတစ်ခုဖြင့် အဘိုးကြီးကို ကြည့်လိုက်၏။ မျက်လုံးများမှာ ညိုမဲပြီး မကြည်လင်နိုင်တော့ချေ။
သို့သော်ငြားလည်း သခင်ကြီးနဥ်သည် ဒီတစ်ကြိမ်တွင်တော့ သူမအတွက် ဝင်မရှင်းပေးတော့ချေ။ သူက ကျူးယွင်ဟိုင်ကိုသာ မေးလိုက်လေသည်။ "ရှောင်ကျူး ရှောင်ယွင်ရဲ့ပန်းချီကားတွေက တရားမဝင်ကိစ္စတွေနဲ့ ပါဝင်ပတ်သက်နေတယ်လို့ မင်းက ထင်တာလား..."
"ဪ ဒါရိုက်တာလော့က သတင်းပို့ထားပြီးတော့ စုံစမ်းစစ်ဆေးရေးတောင် စနေပြီလေ"
ကျူးယွင်ဟိုင်က သခင်မကြီးဟော်ကို ကြည့်လိုက်ကာ "အဓိက အကြောင်းအရင်းကတော့ သူက ယွမ် ၈သိန်းခွဲတန်တဲ့ စောင့်ရှောက်သူပန်းချီကားလို့ခေါ်တဲ့ ပန်းချီကားတစ်ခုကို လက်ခံရရှိခဲ့လို့ပေါ့"
"မဖြစ်နိုင်တာ" သခင်မကြီးဟော်၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ နဉ်ရှောက်ပိုင်က မျက်နှာကို မဲ့ထားလိုက်ပြီး "ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ကျိုးချန်ချန်ကို မေးလို့ရပါတယ်။ သူက ဒီကိစ္စကို အသိဆုံးဖြစ်မှာပါ"
"သူက ဒါကို သေသေချာချာလေး သိတဲ့အပြင် ၈သိန်းကျော်တန်သွားတာကလည်း သူ့ရဲ့ကျေးဇူးကြောင့်လေ"
နဥ်ရှောက်ပိုင်က ပြောလိုက်၏။
"ကျွန်တော်က အစတုန်းကတော့ ဒီပန်းချီကားကို ပြန်ယူပြီး ကိစ္စကို တိုးတိုးတိတ်တိတ် ဖြေရှင်းချင်ခဲ့တာပါ။ နောက်ဆုံး ဒါက ကျွန်တော့်အစ်မရဲ့ ပန်းချီကားပဲ။ တကယ်လို့ ခင်ဗျားတို့တွေသာ လာဘ်ထိုးမှုနဲ့ တရားစွဲခံရမယ်ဆိုရင် ခင်ဗျားတို့တွေက သူ့အပေါ် အပြစ်ပုံချလိုက်ဖို့ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလေ"
"ဒါပေမဲ့ ကျွန်တော် ထင်မထားခဲ့တာက ကျိုးချန်ချန်က ဒါရိုက်တာလော့ကို ကိုယ်တိုင် ကူညီပြီး စျေးတောင်မှ တင်ပေးလိုက်သေးတယ်"
ဟော်ဖိန်းရိသည် သိပ်မဝေးလှသည့်နေရာတွင် ရပ်နေသည့် ကျိုးချန်ချန်ကို ရုတ်တရက် လှည့်ကြည့်လိုက်၏။
ကျိုးချန်ချန်၏မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။ "မဟုတ်ဘူး ကျွန်မ အဲဒီလိုမလုပ်..."
ဝေဟုန်ချိုးက ပြောလိုက်၏။ "ခင်ဗျားပဲ၊ ကျွန်တော် ဒါကို သေချာမှတ်မိနေတယ်။ လေလံပွဲကို ယွမ်၆သိန်းနဲ့ အောင်မြင်နိုင်ခဲ့ရဲ့သားနဲ့။ ခင်ဗျားက ယွမ် ၈သိန်း ခေါ်ခဲ့တယ်လေ"
ဝေဟုန်ချိုးသည် ပန်းချီကားကို အလွန်မှနှစ်သက်ခဲ့သည့်အတွက် ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်မှရှင်းလင်းသည့် မှတ်ဉာဏ်တစ်ခု ရှိနေသည်။ အကယ်၍ ယွမ်၆သိန်းသာ ဖြစ်ခဲ့လျှင် သူသည် ဒီပန်းချီကားကို ဝယ်နိုင်ခဲ့လိမ့်မည်...
ထို့နောက်တွင်တော့ နဥ်ရှောက်ယွင်က တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်၏။ "ငါက အဲဒီပန်းချီကားကြောင့် ကွာရှင်းချင်နေတာလို့ နင်က ထင်နေတာလား"
"ရှင်တို့ဟော်မိသားစုရဲ့ မရိုးဖြောင့်တဲ့မိသားစု အစဉ်အလာကြောင့်ပါ။ ကျွန်မရဲ့သားကို ဒီလိုပတ်ဝန်းကျင်မျိုးမှာ အသက်မရှင်စေချင်ဘူးလေ။ ဖောက်ပြန်တဲ့တိရစ္ဆာန်တစ်ကောင် ဖြစ်မလာစေချင်ဘူး"
ဟော်ဖိန်းရိနှင့် သခင်မကြီးဟော်တို့သည် နဥ်ရှောင်ယွင်၏ မျက်လုံးများနှင့် ဆုံတွေ့သွားချိန်တွင် တစ်ဖက်လူက သူတို့နှင့်ပတ်သက်ပြီး အကြောင်းအရာအားလုံးကို မြင်နေသည်ဟု ခံစားမိသွားတော့သည်။
...