← Chapters

အပိုင်း(၉၄)

Vol. 7 Ch. 94

အပိုင်း(၉၄)

Vol. 7 Ch. 94

စားသောက်ပွဲခန်းမထဲတွင် သာယာငြိမ့်ညောင်းသည့် တေးသံက စပီကာငယ်လေးမှတစ်ဆင့် လွင့်ပျံလာသည်။ ၃ယောက်၊ ၄ယောက်တစ်ဖွဲ့ လူများစုဝေးကာ တိတ်တိတ်လေး စကားပြောနေကြသည်။ ဟော်မိသားစု၏ ပေါက်ကွဲသွားသည့် အတင်းအဖျင်းများအပြင် သူတို့သည် နဥ်မိသားစု၏ ကြီးမားသည့် နောက်ဆက်တွဲ ဖြစ်မည့်ကိစ္စကိုလည်း ခန့်မှန်းနေကြသည်။

နဥ်ရှောက်ပိုင်သည် အပေါ်ထပ်မှဆင်းလာပြီး ရုံရှင်းကို သွားရှာသည့်အချိန်တွင် ကောင်းချုံးယင်းက သူ့ကို လှမ်းတားလိုက်၏။

အစောပိုင်းက အနည်းငယ် ခပ်တန်းတန်းဖြစ်နေသည့် ကောင်းချုံးယင်းသည် အခုတော့ အလွန်မှ စိတ်ဝင်စားနေပုံတူသည်။ "မစ္စဖန်က အခုလေးတင် ကျွန်မကို လာတွေ့တယ်။ သူ ဘာပြောခဲ့တယ်လို့ ရှင်ထင်လဲ"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ကျွန်တော် လုံးဝ စိတ်မဝင်စားဘူး"

"ဒါပေမဲ့ ကျွန်မကတော့ နည်းနည်း စိတ်ဝင်စားတယ်လေ" ကောင်းချုံးယင်းက ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် ကျွန်မ ရှင့်ကို တကယ် လေးစားပါတယ်။ ကျွန်မတို့တွေက လိုက်ဖက်တဲ့စုံတွဲတစ်တွဲ ဖြစ်မယ်လို့ ကျွန်မထင်တယ်"

"အဘိုးနဥ်က ရှင့်ကို ပြောခဲ့သေးလား။ ကျွန်မက ကောင်းခမ်းဆေးဝါးပစ္စည်းကို အမွေဆက်ခံမယ်။ ကျွန်မက ကုမ္ပဏီ လည်ပတ်ဖို့ တာဝန်ယူရလိမ့်မယ်။ ရှင်ကတော့ ရှင့်ကို ဖိနှိပ်မဲ့ဘယ်သူ့ကိုမဆို စိုးရိမ်နေစရာမလိုဘဲ ရှင့်သဘောအတိုင်း ဆရာဝန်တစ်ယောက် လုပ်နိုင်တယ်"

ကောင်းချုံးယင်းသည် ဖန်ရှို့ကျစ်ရှိရာဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်၏။ "တကယ်လို့ ရှင်ဆန္ဒရှိတယ်ဆိုရင် ရှင်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ကျွန်မက ကူညီပြီးတော့ ပြန်ယူပေးလို့ရတယ်"

အခုလေးတင်မှ လျှောက်လာခဲ့သည့် ရုံရှင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် တအံ့တဩ ဖြစ်သွားတော့သည်။ ဒီမိန်းကလေးကောင်းကတော့ တော်တော်လေးကို ကိုယ့်ဟာကိုယ် ဟုတ်လှပြီလို့ ထင်နေတာပဲ။

နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်၏။ "ကျွန်တော်ရဲ့ပစ္စည်းတွေကို ဘယ်တစ်စုံတစ်ယောက်ကမှ ဘယ်တုန်းကမှ ယူမသွားခဲ့ဖူးပါဘူး။ မိန်းကလေးကောင်းရဲ့စေတနာကို ကျွန်တော် ကျေးဇူးတင်ပါတယ်"

သူက လှေကားမှ ဆင်းလာသည့်နဥ်ရှောက်ယွင်နှင့် ရှမြန်တို့ကို ကြည့်လိုက်ပြီး "မစ်ကောင်း ကျွန်တော့်မှာ လုပ်စရာလေးရှိလို့ ခွင့်ပြုပါဦး"

နဥ်ရှောက်ယွင်၏ မျက်လုံးများသည် အနည်းငယ် နီမြန်းကာ ရောင်ကိုင်းနေသေးသည်။ သို့သော်ငြားလည်း သူမ၏စိတ်ခံစားချက်များကတော့ တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ သူမက နဥ်ရှောက်ပိုင်ကို ပြုံးပြလိုက်ကာ ပြောလိုက်၏။ "ငါ အဆင်ပြေပါတယ်"

နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို လှမ်းဖက်လိုက်ကာ အသေအချာ ပြောလိုက်လေသည်။ "စိတ်မပူနဲ့ သူ မလွတ်မြောက်နိုင်ပါဘူး"

ခပ်တိုးတိုးလွင့်ပျံနေသည့် တေးဂီတသံသည် ရုတ်တရက်ဆိုသလို ကျယ်လောင်လာပြီး အဖက်ဖက်မှ ပေါ်ထွက်လာလေသည်။ အားလုံးက တစ်ဖန်လန်းဆန်းလာကြ၏။ အဘိုးကြီးကို ပေးထားသည့် နဥ်ရှောက်ပိုင်၏အသံသွင်းစနစ်ကို တပ်ဆင်ထားပြီဖြစ်သည်။

ရှမြန်က ပြောလိုက်သည်။ "ဒီတီးလုံးသံeffectက တကယ်ကောင်းတာပဲ"

ရုံရှင်းက ပြောလိုက်သည်။ "ဒီလောက်အရေးကြီးတဲ့ ပစ္စည်းတစ်ခုက သေချာပေါက် ကောင်းရမှာပေါ့"

အမှန်ပင် သခင်ကြီးနဥ်က စင်ပေါ်တွင် စကားတက်ပြောသည့်အချိန်တွင် သူ့အသံက အိမ်တော်၏ ထောင့်တိုင်းဆီသို့ ပြန့်လွင့်သွားလေသည်။

"ကျွန်တော်ရဲ့မွေးနေ့ပွဲကို တက်ရောက်ဖို့ အချိန်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..."

အဘိုးကြီးက အဝတ်အစားသစ်တစ်စုံကို ပြောင်းလဲခဲ့ပြီးဖြစ်ကာ ဟော်မိသားစု၏ အစောပိုင်းက ညစ်ညမ်းသည့် လုပ်ရပ်များကို မြန်မြန်ဖုံးလွှမ်းချင်ဟန်တူသည်။ သူက လောကဝတ်စကား နည်းနည်းပါးပါး ပြောလိုက်ပြီးနောက် ဒီနေ့၏အဓိက အကြောင်းအရာကို တန်းပြောလိုက်၏။

"...တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဒီနေ့ ကျွန်တော်ကလည်း ကြေညာစရာ အရေးကြီးကိစ္စတစ်ခု ရှိပါတယ်။ ဒီတော့ ကျွန်တော်က အားလုံးကို မျက်မြင်သက်သေ လုပ်စေချင်ပါတယ်"

ဖန်ရှို့ကျစ်သည် မနေနိုင်တော့ဘဲ သူမ၏ကျောကို မတ်ထားလိုက်မိ၏။

"ဒီနေ့က ကျွန်တော်ရဲ့၇၀နှစ်ပြည့် မွေးနေ့ပါ" အဘိုးကြီးက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်မြေး၂ယောက်ကလည်း ကျောင်းကနေပြန်လာတယ်။ အားလုံးတွေ့တဲ့အတိုင်းပါပဲ။ သူတို့တွေက အရမ်းကို လုပ်ရည်ကိုင်ရည် ရှိကြပါတယ်။ ကျွန်တော့်ကိုယ်ပေါ်မှာရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေက အခုတော့ လုံးဝကိုလွှတ်ချနိုင်ပြီလို့ ကျွန်တော် ထင်တယ်"

အဘိုးကြီးက သူ့ကိုတွဲထားသည့် နဥ်ရှောက်ယန်ကို ပုတ်ပေးလိုက်ပြီး ရုတ်တရက် အေးစက်သွားသည့် မျက်လုံးပိုင်ရှင်ဖန်ရှို့ကျစ်ကို ကြည့်လိုက်ကာ သူ့အမူအရာက လုံးဝပြောင်းမသွားချေ။ "ရှို့ကျစ်က ပြီးခဲ့တဲ့နှစ်အတော်အတွင်းမှာ နဥ်မိသားစုအတွက် ပင်ပင်ပန်းပန်းကို အလုပ်လုပ်ခဲ့ရပါတယ်။ ကျုပ်က ဒါတွေအားလုံးကို မြင်ခဲ့ပါတယ်။ ဒါကြောင့် မင်း အခု စိတ်အေးအေးနဲ့ အနားယူလို့ရပါပြီ"

"ညီအစ်ကိုတွေက စည်းလုံးညီညွတ်ကြမယ်ဆိုရင် သူတို့ရဲ့အင်အားတွေက ပြိုင်ဘက်ကင်းပါတယ်"

အဘိုးကြီးက နဥ်ရှောက်ပိုင်ကို တစ်ဖန်ကြည့်လိုက်၏။ "နဥ်မိသားစုက မင်းတို့ရဲ့လက်ထဲမှာ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ အဘိုးက ယုံတယ်"

ပရိသတ်ထဲမှ လက်ခုပ်သံများက ပွင့်အံလာပြီး အဘိုးကြီး၏ဆုံးဖြတ်ချက်သည် မွေးနေ့ပွဲသို့ ရောက်လာကြသည့် လူအများစုအတွက်တော့ ကောင်းမွန်သည့်သတင်းတစ်ခု မဟုတ်ခဲ့ချေ။

ဖန်ရှို့ကျစ်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုရှိသည့် သို့မဟုတ် အလုပ်သဘောအရ ရင်းရင်းနှီးနှီးရှိကြသည့်သူများသည် ဒီနေ့က အဘိုးကြီး၏မွေးနေ့ပွဲ ဖြစ်သည့်အပြင် နဥ်မိသားစုထဲက လူဟောင်းနှင့် လူသစ်များ၏ အာဏာကို လွှဲပြောင်းပေးမည်ဟု ယုံကြည်ကြလေသည်။

ဖန်ရှို့ကျစ်နှင့် နဥ်ရှောက်ယန်တို့သည် နဉ်မိသားစု၏ကုမ္ပဏီကို တရားဝင် ထိန်းချုပ်နိုင်သွားခဲ့လျှင် သူတို့၏ကော်ပိုရေးရှင်းများက ပိုပြီးချောမွေ့လာလိမ့်မည်။

သို့သော် အခုတော့ လုံးဝကို ခက်ထန်ကြမ်းတမ်းသည့် နဥ်ရှောက်ပိုင်တစ်ယောက်က ရုတ်တရက် ကုမ္ပဏီကို ဝင်လာခဲ့သည်။ နောက်ပိုင်းတွင် အခြေအနေက ချောမွေ့တော့မည် မဟုတ်သည့်အပြင် အစောပိုင်းကော်ပိုရေးရှင်း အားလုံးကလည်း နှောင့်နှေးသွားတော့မည်။

အားလုံး၏ အမူအရာကို ကြည့်လိုက်ပြီး အဘိုးကြီးက နဥ်ရှောက်ယန်ကို ကြည့်လိုက်၏။ "ရှောက်ယန် အဘိုးရဲ့ဆုံးဖြတ်ချက်ကို မင်း ဘယ်လိုထင်လဲ"

နဥ်ရှောက်ယန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် အစ်ကိုနဲ့အတူ ကုမ္ပဏီကို သေချာပေါက် ကောင်းကောင်းစီမံပါ့မယ်"

အဘိုးကြီးသည် သူ့မျက်နှာပေါ်တွင် ကျေနပ်သွားသည့် ရုပ်တစ်ခုဖြစ်သွားကာ ပရိသတ်များထဲက နဥ်ရှောက်ပိုင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

နဥ်ရှောက်ပိုင်က စင်ပေါ်သို့ ခြေလှမ်းကြဲများဖြင့် တက်လာ၏။ အဘိုးကြီးက သူ့လက်ကို လှမ်းဆွဲလိုက်ကာ နဥ်ရှောက်ယန်၏လက်ပေါ် ထပ်ပေးလိုက်ပြီး ပြောလိုက်သည်။ "နဥ်မိသားစုကို အခုအချိန်ကစပြီး မင်းတို့ဆီ လက်လွှဲပေးလိုက်ပြီ။ မင်းတို့ညီအကိုတွေက အချင်းချင်းကူညီနိုင်ပြီး နဥ်မိသားစုကို ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုဖြစ်အောင် ခေါ်သွားပေးနိုင်ဖို့ အဘိုးမျှော်လင့်တယ်"

ပရိသတ်ထဲမှ ဆူညံသံကို လျစ်လျူရှုထားပြီး သခင်ကြီးနဥ်က ဆက်ပြောလိုက်သည်။ "ငါတို့တွေ ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ ငါက မင်းတို့တွေကြားမှာ ရှယ်ယာတွေကိုလည်း ခွဲပေးရလိမ့်မယ်။ ငါ့မှာ ရှယ်ယာ၇၀ရာခိုင်နှုန်းရှိပြီး ရှောက်ယွင်က ၁၀ရာခိုင်နှုန်း၊ ကျန်တဲ့၆၀ရာခိုင်နှုန်းကိုတော့ ရှောက်ပိုင်နဲ့ ရှောက်ယန်ရဲ့ အကြားမှာ ညီတူညီမျှ ခွဲဝေပေးရလိမ့်မယ်..."

ရုံရှင်းသည် ပထမတွင် အံ့သြသွားလေသည်။ "ဒီအဘိုးကြီးက ငွေတွေအများကြီး သုံးနေတာပဲ"

သူက ရှမြန်ကို ပြောလိုက်၏။ "ကြည့်စမ်း ဖန်ရှို့ကျစ်ရဲ့မျက်လုံးတွေက သူ့ခေါင်းထဲကနေတောင် ပွင့်ထွက်တော့မယ်"

ရှမြန်သည် ဖန်ရှို့ကျစ်ကို လှမ်းကြည့်လိုက်ချိန်တွင် သူမ၏မျက်လုံးများက ဖောင်းကားနေသည့်အပြင် သူမ၏ခန္ဓာကိုယ် တစ်ခုလုံးကလည်း တောင့်တင်းနေကာ သူမသည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်နေဟန် တူလေသည်။

"ဒါပေမဲ့ အဘိုးကြီးက ရုတ်တရက် ဒီအကွက်ကို ရွှေ့ခဲ့တာဆိုတော့..." ရုံရှင်းက သက်ပြင်းချလိုက်ပြီး

"အဘိုးကြီးက အပါးနပ်ဆုံး ဖြစ်နေသေးတာပဲ။ အစ်ကိုပိုင်က သန်မာတယ်ဆိုတာကို မြင်ခဲ့တော့ သူက အစ်ကိုပိုင်ရဲ့စိတ်ကို သူ့ဆီရောက်လာအောင် မြန်မြန်ကြိုးစားနေတာလေ"

"ဖန်ရှို့ကျစ်က အခုရှယ်ယာရဲ့ ၁၀ရာခိုင်နှုန်းကိုပဲ ကိုင်ထားတာ။ နဥ်ရှောက်ယန်ရဲ့၃၀ရာခိုင်နှုန်းကို ပေါင်းလိုက်မှ စုစုပေါင်း၄၀ရာခိုင်နှုန်း။ အစ်ကိုပိုင်နဲ့ အစ်မယွင်တို့ရဲ့ ရှယ်ယာနဲ့အတူတူပဲ"

ရုံရှင်းက ပီတိတဖွားဖွားဖြင့် ပြောလိုက်သည်။ "ဒီခွဲဝေပုံက အရမ်းကို မျှတပါပေတယ်။ ဒါကို အားလုံးရဲ့ရှေ့မှာ ကြေညာလိုက်တာဆိုတော့ နှမြောတသနေဖို့တောင် အချိန်မပေးတော့ဘူးပဲ။ အစ်ကိုပိုင်က အဘိုးကြီးကို ဘယ်လောက်တောင် ခြောက်လှန့်ခဲ့လဲ မသိပါဘူး"

ရှမြန်က အသံထွက်အောင် ရယ်လိုက်ပြီး သူမ၏မျက်လုံးများသည် အစောပိုင်းက တည်ငြိမ်သွားသည့် ဖန်ရှို့ကျစ်ဆီသို့ ရောက်သွားလေသည်။ "ဒါက အဘိုးကြီးရဲ့လုပ်ချင်စိတ် ဆန္ဒသက်သက်ပဲ ဖြစ်မှာစိုးရတယ်။ မစ္စဖန်က ဒါကိုသဘောတူနိုင်မှာ မဟုတ်ဘူး"

သူမ စကားဆုံးသွားသည်နှင့်ချက်ချင်း ပရိသတ်ထဲက တစ်စုံတစ်ယောက်က ထုတ်ပြောလိုက်လေသည်။

"အဘိုး အဘိုးက အနားယူလို့ရပါတယ်။ ဒါပေမဲ့ မစ္စဖန်ကတော့ မရနိုင်လောက်ဘူး"

နဥ်မိသားစု၏ နောက်ထပ်ရှယ်ယာရှင်တစ်ယောက်က ပြောလိုက်သည်။

"ကျွန်တော်တို့ကုမ္ပဏီက အသွင်ကူးပြောင်းနေတဲ့ အရေးကြီးအဆင့်တစ်ခုကို ရောက်နေတာ။ ကျွန်တော်တို့တွေက ဝန်ထုပ်ဝန်ပိုး အားလုံးကို ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ရဲ့ ကလေး၂ယောက်အပေါ်ပဲ လက်လွှဲထားနိုင်မှာလဲ။ သူတို့တွေက ဘယ်လိုပဲ လုပ်ရည်ကိုင်ရည်ရှိနေပါစေ အဓိကတာဝန်ယူမှု၊ တာဝန်ခံမှုကိုတော့ လုံးဝလုပ်နိုင်မှာမဟုတ်ဘူးလေ"

"ဒီအပြင် မတူညီတဲ့လုပ်ငန်းခွင်သဘောတရားကလည်း လုံးဝကို ကွဲပြားခြားနားနေတာ။ ကျွန်တော် ကြားထားတာတော့ အဘိုးရဲ့အကြီးဆုံးမြေးက ဆရာဝန်တစ်ယောက်ဆို။ တကယ်လို့ သူက ကုမ္ပဏီကို အလောတကြီး လက်လွှဲယူပြီး တစ်ခုခု မှားယွင်းသွားမယ်ဆိုရင် ကလေးတွေက နောက်ဆက်တွဲရလဒ်တွေကို တာဝန်ယူနိုင်မှာ မဟုတ်လောက်ဘူး"

ရှယ်ယာရှင် နောက်တစ်ယောက်က ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ပါတနာအများစုကလည်း သူတို့ရဲ့စိတ်နဲ့ နှလုံးသားတွေကို ဒီထဲမှာ ရင်းနှီးမြှုပ်နှံထားတာ။ သူတို့တွေက ဥက္ကဋ္ဌဖန်နဲ့ အဘိုးကိုယုံကြည်လို့ပါ"

တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်တွင် နောက်တစ်ယောက်ကလည်း နောက်မှ အနီးကပ်လိုက်လာလေသည်။

နဥ်ရှောက်ပိုင်အတွက် ဖန်ရှို့ကျစ်ချထားသည့်ထောင်ချောက်မှာ အလိုလိုပေါ်ပေါက်လာ၏။

"အဘိုး အဘိုးအနေနဲ့ ကလေးတွေကို သူတို့ရဲ့သဘောထားကိုလည်း မေးသင့်ပါတယ်"

"ဟုတ်ပါတယ်။ အကြီးဆုံးသခင်လေးက သူ ပထမရောက်လာတုန်းက သူက မိသားစုစီးပွားရေးကို စိတ်ဝင်စားမှု မရှိပါဘူး။ တစ်ပြားတချပ်မှ ယူမှာမဟုတ်ဘူးလို့ ကျိန်ဆိုခဲ့သေးတယ်လေ"

"ဒါကကိုယ်တိုင်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတော့... သိပ်ပြီးတော့ မကောင်းဘူးပေါ့"

"သခင်လေးနဥ်ကလည်း အရှက်မဲ့တဲ့လူတစ်ယောက်တော့ ဖြစ်ဟန်မတူပါဘူး..."

နဥ်ရှောက်ပိုင်သည် ပရိသတ်များထံမှ အထင်သေးပြီး လှောင်ပြောင်သရော်နေသည့်အကြည့်ကို ခံစားမိလိုက်၏။ ထိုသူများသည် ဖန်ရှို့ကျစ်နှင့်ရင်းနှီးသည့် ဆက်ဆံရေးရှိသူများ ဖြစ်လေသည်။

အဘိုးကြီးမှာ မကျေမနပ် ဖြစ်သွားတော့သည်။ ဖန်ရှို့ကျစ်ကတော့ တည်တည်ငြိမ်ငြိမ် ပြုံးလိုက်ကာ ဆက်ပြောလိုက်၏။ "အဖေ ဒီကိစ္စအတွက်တော့ ရှောက်ပိုင်ကို သူ့ရဲ့သဘောထားကို တကယ်ပဲ မေးသင့်ပါတယ်။ သူက ရှောက်ယန်နဲ့ အတူတူမလုပ်ချင်ပါဘူးလို့ အခုလေးတင်ပဲ ကျွန်မကို ပြောခဲ့တယ်"

"သူက အနာဂတ်မှာ သူ့စိတ်ကို ပြောင်းလဲလိုက်တာပဲဖြစ်ဖြစ် မပြောင်းလဲတာပဲဖြစ်ဖြစ်ပါ။ အခုလောလောဆယ်တော့ သူတို့အားလုံးက ငယ်ရွယ်ပြီးအားအင်ပြည့်ဝတဲ့ သူတွေလေ။ ကျွန်မတို့ကုမ္ပဏီကို ထိခိုက်သွားစေတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့တွေက ကျွန်မတို့ကို ယုံကြည်ထားတဲ့ပါတနာတွေကိုတော့ စွန့်စားခွင့် ပေးလို့မရဘူးလေ"

"ဒါက ကျွန်မတို့နဥ်မိသားစုရဲ့ မိသားစုအစဉ်အလာမှ မဟုတ်ဘဲ"

"ဟုတ်တယ် အဘိုး ကျွန်တော်တို့ကို လန့်အောင်မလုပ်ပါနဲ့"

"ကျွန်တော်တို့တွေ ကျွန်တော်တို့တွေရဲ့ ရင်းနှီးမြှပ်နှံမှုကို ပြန်ပြီးတော့ ရုပ်သိမ်းလိုက်ကြမယ်ဆိုရင်ရော"

"..."

ဖန်ရှို့ကျစ်က အားလုံးနီးပါးက ငြင်းပယ်မည့်အချိန်အထိ စောင့်စားလိုက်ပြီးမှ စကား ထပ်ပြောလိုက်လေသည်။ "တကယ်လို့ အဘိုးက ညီအစ်ကို၂ယောက်ကို ကုမ္ပဏီကိုအတူတူ တာဝန်ယူဖို့ အတင်းလုပ်နေမယ်ဆိုရင်တော့..."

"ဒါဆိုရင်တော့ ဟိုင်နန်နဲ့ မော့ဟယ်ပရောဂျက်တွေကို သီးသန့်ခွဲပြီးတော့ လုပ်ခိုင်းလိုက်ပါ။ နောက်ဆုံး ဒီပရောဂျက်၂ခုက ကြီးမားပြီးတော့ ကျွန်မတို့တွေမှာလည်း အတွေ့အကြုံ မရှိဘူးလေ။ တကယ်လို့ တစ်ခုခုမှားယွင်းခဲ့တယ်ဆိုရင်တောင် ဒါက ဘယ်သူ့ကိုမှ ထိခိုက်မှာမဟုတ်ဘူး"

သူမ ပြောလိုက်သည့်စကားက နားထောင်ကောင်းသော်ငြားလည်း အမှန်တွင်တော့ နဥ်မိသားစု၏ ကုမ္ပဏီသည် ဒီပရောဂျက်၂ခုအတွက် ကုန်ပစ္စည်းအများအပြားကို ဆက်လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ဒီ ပရောဂျက်၂ခုမရှိခဲ့လျှင် ကုမ္ပဏီသည် လုံးဝအခွံသက်သက်သာ ဖြစ်လာလိမ့်မည်။

ဖန်ရှို့ကျစ်၏ ခြိမ်းခြောက်မှုက ပြောင်ကျလွန်းလှပြီး အဘိုးကြီး၏မျက်နှာမှာ ညိုမည်းသွားတော့သည်။

ပါတနာများကတော့ လက်၂ဖက်ဖြင့် သဘာဝကျကျ ထောက်ခံပြောဆိုကြတော့သည်။ သူတို့သည် မည်သို့ဆိုစေ ဒီပရောဂျက်၂ခုအပေါ်တွင် အတူတူအလုပ်လုပ်နေကြပေသည်။

"ဒါဆိုရင်တော့ တကယ်သင့်တော်ပါပေတယ်။ ကလေးတွေလည်း ပရောဂျက်အကြီးကြီးကို လည်ပတ်နေတာကို ထိခိုက်မှုမရှိဘဲ ကုမ္ပဏီထဲမှာ သူတို့ရဲ့အရည်အချင်းတွေကို လေ့ကျင့်လို့ရတာပေါ့"

"ဘော့စ်ဖန်က တကယ့်ကို ပါးနပ်လွန်းလှပါပေတယ်။ သူက နဥ်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်ထိုက်ပါပေတယ်"

"အမျိုးသမီးတွေကလည်း အမျိုးသားတွေလိုပဲ တော်တတ်လာပါတယ်..."

"..."

ဖန်ရှို့ကျစ်သည် အဘိုးကြီး၏အကျည်းတန်နေသည့် မျက်နှာကို လျစ်လျူရှုထားလိုက်ပြီး နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်ကာ အပြုံးဖြင့်ပြောလိုက်လေသည်။

"ဒီလိုဆိုရင်ရော ဒါရိုက်တာချီနဲ့ မော့ဟယ်က မစ္စတာမော့တို့ကလည်း ခဏနေ ရောက်လာတော့မယ်။ ကျွန်မက သူတို့၂ယောက်စလုံးကိုခေါ်ပြီးတော့ လူတွေနဲ့ တွေ့ဆုံပေးလိုက်မယ်။ ကျွန်မတို့တွေ အခြေအနေကို ကြည့်ပြီးရင် အဖေလည်း ဆုံးဖြတ်ချက်တစ်ခု ချလို့ရတာပေါ့။ ဘယ်လိုလဲ"

နဥ်ရှောက်ပိုင်က အဘိုးကြီး၏တုန်ရင်နေသည့်လက်ကို ပွတ်ပေးလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "မလိုပါဘူး"

သူက မိုက်ခရိုဖုန်းကိုယူကာ ပြောလိုက်လေသည်။ "အဘိုး အဘိုးအရှက်ခွဲခံစရာမလိုပါဘူး။ ကျွန်တော်က နဥ်မိသားစုရဲ့စီးပွားရေးကို တကယ်စိတ်မဝင်စားပါဘူး။ အားလုံးပြောတဲ့စကားက မှန်ပါတယ်။ ဒေါ်ဒေါ်ဖန်က နဥ်မိသားစုရဲ့အောင်မြင်မှုမှာ အကြီးမားဆုံး အကျိုးဆောင်ပေးခဲ့တဲ့သူပဲ။ ကျွန်တော့်လို အပြင်လူတစ်ယောက်က ကြားဝင်စွက်ဖက်လိမ့်မှာ မဟုတ်ပါဘူး"

သူက ပြောလိုက်သည်။ "ကောင်းပါပြီ ကျွန်တော်က အားလုံးကို ကျွန်တော်ရဲ့မျက်မြင်သက်သေ လုပ်ပေးဖို့ တောင်းဆိုပါမယ်။ ကျွန်တော်က အဘိုး ကျွန်တော်နဲ့ ကျွန်တော့်အစ်မကို ပေးထားတဲ့ ရှယ်ယာတွေအားလုံးကို နဥ်ရှောက်ယန်ကို ပေးလိုက်ပါမယ်"

"ကျွန်တော်က အခုအချိန်ကစပြီး နဥ်ကုမ္ပဏီထဲက ဘယ်ကိစ္စကိုမှ လုံးဝဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း အားလုံးကို ကတိပေးပါတယ်"

အောက်ကတစ်စုံတစ်ယောက်က မေးလိုက်သည်။ "တကယ်လို့ ဝင်ပါခဲ့မယ် ဆိုရင်ရော"

နဥ်ရှောက်ပိုင်က ဖန်ရှို့ကျစ်ကိုကြည့်ကာ မသိမသာပြုံးပြီး ပြောလိုက်သည်။ "ဒေါ်ဒေါ်ဖန် ဒေါ်ဒေါ်ဖန်က ဘာဖြစ်လို့ မပြောတာလဲ"

"အရမ်းကြီး သူတော်ကောင်းယောင် ဆောင်မနေပါနဲ့။ ဒါက မင်းအတွက် ရှားပါးတဲ့ အခွင့်အရေးတစ်ခုနော်"

ဆက်ဆံရေးက ပျက်စီးသွားနှင့်ပြီဖြစ်သည့်အတွက် ဖန်ရှို့ကျစ်က ယဉ်ကျေးမနေတော့ချေ။ "တကယ်လို့ နင် ဝင်ရောက်စွက်ဖက်ခဲ့မယ်ဆိုရင် နင်တို့၂ယောက်ယန်မြို့ကနေ ထွက်သွားရမယ်ဆိုရင်ရော ဘယ်လိုလဲ"

အဘိုးကြီးသည် မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။ "ဖန်ရှို့ကျစ်"

နဥ်ရှောက်ယန်ကလည်း သူ့အမေကိုကြည့်လိုက်ပြီး"အမေ..."

ဖန်ရှို့ကျစ်ကတော့ မလှုပ်မယှက်ရှိနေဆဲဖြစ်ကာ နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး "နင် ဘယ်လိုထင်လဲ"

နဥ်ရှောက်ပိုင်က ဒါကိုပျော်ပျော်ရွှင်ရွှင် လက်ခံပေးလိုက်သည်။ "အိုကေလေ၊ ကျွန်တော် သဘောတူပါတယ်။ ဒီနေရာမှာရှိတဲ့အားလုံးကလည်း မျက်မြင်သက်သေတစ်ခုပါပဲ။ တကယ်လို့ ကျွန်တော်က နဥ်မိသားစုကုမ္ပဏီရဲ့ အရေးကိစ္စတွေကို တကယ်ပဲ ဝင်ရောက်စွက်ဖက်ခဲ့မယ်ဆိုရင် ခင်ဗျားတို့တွေ အားလုံးပေါင်းပြီး ကျွန်တော့်ကို ယန်မြို့ကနေ မောင်းထုတ်လိုက်လို့ရတယ်။ ဘယ်လိုလဲ"

တစ်စုံတစ်ယောက်က ချက်ချင်းချီးကျူးလိုက်၏။ "နဥ်မိသားစုရဲ့ အကြီးဆုံးသခင်လေးက တကယ့်ကို ပွင့်လင်းလှပါပေတယ်"

"ဟုတ်တယ်။ နဥ်မိသားစုရဲ့ ညီအစ်ကိုတွေက ဂုဏ်သိက္ခာကို ကြည့်ရမဲ့သူကလည်း ဂုဏ်သိက္ခာကို ကြည့်ပေးတယ်။ လုပ်ရည်ကိုင်ရည်ရှိတဲ့သူကလည်း သူတို့ရဲ့အလုပ်ကို လုပ်နိုင်တယ်ဆိုရင် ပေါများကြွယ်ဝနေမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့..."

"..."

လိုချင်သည့်ရလဒ်ကို အောင်မြင်ပြီးသွားသည်တွင် လူများသည် သူ့ကို ဖောဖောသီသီ စတင်ချီးကျူးကြတော့သည်။

နဥ်ရှောက်ယန်က ဆွံ့အစွာ နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။

"အစ်ကို ဒီလိုမလုပ်ပါနဲ့။ ကျွန်တော်မလိုချင်..."

"ရှောက်ယန်" ဖန်ရှို့ကျစ်က နဥ်ရှောက်ယန် စကားပြောမည်ကို လှမ်းတားလိုက်၏။ ဒီတုံးအလှသည့်ကလေးက ပြဿနာရှာမှာကို သူမက စိုးရိမ်လေသည်။ ထိုကြောင့် သူမက စင်ပေါ်သို့ တန်းတန်းမတ်မတ် တက်လာပြီးပြောလိုက်၏။ "လူကြီးလူကောင်းတစ်ယောက်ရဲ့စကားက သူ့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းလိုပဲ ခိုင်မြဲပါတယ်။ နင့်အစ်ကိုက အမြဲတမ်းသူ့စကားကို တည်လာခဲ့တာ။ သူ့ကို အခက်အခဲဖြစ်အောင် မလုပ်ပါနဲ့"

သူမက တစ်ဖန်ပြုံးကာ ပြောလိုက်သည်။

"အားလုံးက ဒီနေရာမှာ ရှိနေတယ်ဆိုတော့ ငါတို့ရဲ့ နောက်လုပ်မဲ့ ပရောဂျက်တွေကိုအားလုံးကိုပြောပြပြီး တက်ရောက်လာကြတဲ့ ဦးလေးနဲ့ဒေါ်ဒေါ်တို့ကို စိတ်ချအောင် လုပ်ပေးဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါပဲ"

သူမက နဥ်ရှောက်ယန်ကို လူရှေ့ထုတ်ပြတော့မည်ကို သိလိုက်သည်တွင် နဥ်ရှောက်ပိုင်က ပါးပါးနပ်နပ်ပင် သခင်ကြီးနဥ်ကို ခေါ်ထွက်လာခဲ့လေသည်။

အဘိုးကြီးက အင်တင်တင်ဖြင့် ပြုံးနေသည့်နဥ်ရှောက်ယန်ကို ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်၏လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်ကာ "ရှောက်ပိုင် အဘိုးအတွက်..."

နဥ်ရှောက်ပိုင်က ရယ်မောလိုက်သည်။ "အဘိုး ကျွန်တော်က သူ့ကို ချောက်ချတော့မယ်လို့ အဘိုးထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား"

"စိတ်မပူပါနဲ့ ကျွန်တော်က အဘိုးသင်ပေးထားတဲ့ အရာတွေအားလုံးကို မှတ်မိပါတယ်။ မကောင်းမှု လုပ်ထားတဲ့သူတွေက နောက်ဆုံးတော့ ပျက်စီးရလိမ့်မယ်ဆိုတာကို ကျွန်တော် ယုံပါတယ်"

ရုံရှင်းသည် စင်ပေါ်တွင် စကားပြောနေသည့် ဖန်ရှို့ကျစ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"တစ်လောကလုံးက အမေတွေက သူတို့ရဲ့သားအကြောင်း ပြောလိုက်တဲ့အခါကျရင် တစ်ပုံစံတည်းပဲ။ ကြည့်ပါဦး။ သူ တော်တော်လေးကို ဂုဏ်ယူနေတာ"

သူတို့သည် ဂုဏ်မယူနိုင်ဘဲ အဘယ်မှာရှိပါမည်နည်း။ လမင်းကိုဝန်းရံထားသည့် ကြယ်များကို ကြည့်လိုက်ပြီး သူတို့ပတ်ဝန်းကျင်က ခြောက်ကပ်နေမှုကြီးကို ကြည့်လိုက်သည်တွင် အရင်က ဝေခွဲမရဖြစ်နေသည့် သဘောထားများရှိသည့် လူများသည် ဖုန်မှုန့်များ လွင့်ပြယ်သွားပြီးနောက်တွင်တော့ သူတို့၏ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြလေသည်။

"ဒါနဲ့ ဒီလူတွေက တော်တော်ကို သိသာလွန်းလှချည်လား" ဝေဟုန်ချိုးသည် မျက်နှာစူပုတ်သွားပြီး နဥ်ရှောက်ယွင်ကို နှစ်သိမ့်ပေးလိုက်လေသည်။

"အစ်မယွင် ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ သူတို့တွေက လူကောင်းတွေမဟုတ်ပါဘူး။ ကျွန်တော်တို့တွေက သူတို့နဲ့ပတ်သက်ချင်တာတောင် မဟုတ်ဘူး"

ကျူးယွင်ဟိုင်က ခေါင်းညိတ်ကာပြောလိုက်၏။ "အရမ်းမှန်တယ်။ အသွင်တူတဲ့လူတွေပဲ ပေါင်းကြတယ်လို့ ပြောတယ် မဟုတ်လား။ ဖန်ရှို့ကျစ်လုပ်ထားတဲ့အခြေအနေက သူ့ရဲ့အကျင့်စရိုက်နဲ့ သေချာပေါက် ဆင်တူနေမှာပဲ"

"ဒီအပြင် စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာကလည်း အကျိုးအမြတ်နောက်ပဲ လိုက်တာလေ။ သူတို့တွေက မင်းနဲ့လည်း ရင်းနှီးကြတာ မဟုတ်ပါဘူး။ ဒါက လူ့သဘာဝပါပဲ။ ဘယ်သူကမှ မင်းရဲ့ကံဆိုးခြင်းကို အခွင့်ကောင်းမယူတာဘဲ ဟုတ်နေပါပြီ"

သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ဖန်ရှောက်ဝမ်သည် ကောင်းချုံးယင်း၏လက်ကိုတွဲကာ ရောက်လာလေသည်။

ရှမြန်က တစ်ဖက်လူ၏အမူအရာကို ကြည့်ကာပြောလိုက်၏။ "အခြေအနေကို အခွင့်ကောင်းယူမဲ့ တစ်စုံတစ်ယောက်တော့ လာနေပြီလေ"

"အစ်မချုံးယင်း" ဖန်ရှောက်၀မ်သည် သူမသည် ဖြတ်လျှောက်အသွား သူတို့ကို သတိထားမိသည့်ဟန်ဖြင့် ပြောလိုက်၏။

"အစ်ကိုရှောက်ပိုင် ဒီနေရာကိုရောက်နေတာပဲ။ အစ်မ စကားသွားမပြောချင်ဘူးလား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သူက ဆရာဝန်တစ်ယောက် အစ်မတို့မိသားစုကလည်း ဆေးပညာနယ်ပယ်ကပဲလေ။ ဒီတော့ အစ်မတို့မှာ ပြောစရာအကြောင်းအရာတွေ ရှိကြမှာပဲ"

ကောင်းချုံးယင်းက သိုသိုသိပ်သိပ် ပြုံးပြလိုက်ကာ "တကယ်တမ်းကျတော့ ဆရာဝန်တွေနဲ့ ဆေးဝါးလုပ်ငန်း နယ်ပယ်ဆိုတာကလည်း မတူညီတဲ့လောက၂ခုပါပဲ..." သူမက နဥ်ရှောက်ပိုင်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး သူ့သဘောထားကို စောင့်ဆိုင်းနေသည်ဟန်ပင်။

ဖန်ရှောက်ဝမ်က အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ သူမသည် အမှားတစ်ခု လုပ်မိသွားသည်ဟု ခံစားမိလိုက်၏။ ကောင်းချုံးယင်းသည် နဥ်ရှောက်ပိုင်အပေါ် စိတ်ဝင်စားမှုတချို့ ရှိနေဟန်တူသည်...

ကံအားလျော်စွာ နဥ်ရှောက်ပိုင်ကတော့ "သူ့အတွက် ဘာကကောင်းမှန်းမသိ"ဟူသည့် ပုံစံမျိုးဖြစ်နေပြီး "ဟုတ်တယ် စကားပြောစရာ များများစားစား မရှိပါဘူး"

ကောင်းချုံးယင်း၏အမူအရာမှာ အေးစက်သွားတော့သည်။

ဖန်ရှောက်၀မ်က တိတ်တိတ်လေး စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"အစ်မချုံးယင်း ဒါကတော့ မဟုတ်သေးဘူးနော်။ အစ်မတို့မှာ ယန်တက္ကသိုလ်တွဲဖက်ဆေးရုံ ဒါမှမဟုတ် အဲဒီလိုတစ်ခုခုနဲ့ ကော်ပိုရေးရှင်း လုပ်ထားတာ ရှိတယ်မဟုတ်လား"

ကောင်းချုံးယင်းက နဥ်ရှောက်ပိုင်ကိုကြည့်ကာ ပြောလိုက်သည်။ "နည်းနည်းပါးပါးတော့ ရှိပါတယ်။ ငါ့အဖေက ပါမောက္ခလီနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတယ်လေ။ တကယ်လို့ ဒေါက်တာနဥ်က..."

ဝိုး... ကြည့်ရတာ မစ်ကောင်းက နဥ်ရှောက်ပိုင်ကို တကယ်ကြိုက်တဲ့ပုံပဲ။ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ သုံးတော့မယ်ပေါ့။

နဥ်ရှောက်ပိုင်က ပွဲကိုကြည့်ရသည်ကို သဘောကျနေသည့် ရှမြန်၏အမူအရာကို ကြည့်လိုက်ပြီး လက်ကိုဆန့်လိုက်ကာ သူမနဖူးကို လှမ်းတောက်လိုက်လေသည်။ ထို့နောက်တွင်တော့ ကောင်းချုံးယင်းကို ပြောလိုက်၏။ "ဪ... ကျွန်တော်နဲ့ ပါမောက္ခလီတို့ကြားက ဆက်ဆံရေးက ပြောစရာ တခြားအကြောင်းအရာ မရှိပါဘူး"

ဒီအချိန်တွင် ဖန်ရှောက်ဝမ်သည် ကောင်းချုံးယင်း၏ သဘောထားကို သတိထားမိသွားသည်။ တစ်ခုခု မမျှော်လင့်သည့်အရာ ဖြစ်လာမည်စိုးသဖြင့် သူမက မြန်မြန်ပြောလိုက်၏။ "အစ်မချုံးယင်း ကျွန်မအဒေါ်ကို သွားရှာရအောင်ပါ။ သူတို့တွေ ဟိုင်နန်ပရောဂျက်အကြောင်း ပြောနေကြတယ် ထင်တယ်။ အစ်မလည်း ရင်းနှီးမြှုပ်နှံချင်တယ်လို့ ခုနက ပြောခဲ့တယ်မဟုတ်လား"

ကောင်းချုံးယင်းသည် နဥ်ရှောက်ပိုင်ကို အေးစက်စက်တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ဖန်ရှောက်ဝမ်၏ စကားက မှန်ပေသည်။ ခန်းမတစ်ခုလုံးသည် ဟိုင်နန်ပရောဂျက်အကြောင်း ဆွေးနွေးကြသည့်လူများနှင့် ပြည့်နှက်နေသည်။

ရုံရှင်းက သူတို့၏စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေသည့် အမူအရာများကို နားထောင်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ "အစ်ကိုပိုင် တကယ်လို့ သူတို့တွေသာ အချိန်မီ ရောင်းလိုက်မယ်ဆိုရင် သူတို့တွေ ငွေအများကြီးရှာနိုင်မှာ မဟုတ်လား"

နဥ်ရှောက်ပိုင်က သူ့ ဆဲလ်ဖုန်းကိုထုတ်လိုက်ပြီး အသစ်ရောက်လာသည့်စာကို ဖတ်လိုက်ပြီးနောက် ပြောလိုက်သည်။ "အရမ်း နောက်ကျသွားပြီထင်တယ်" သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ခန်းမထဲက မိုဘိုင်းလ်ဖုန်းများ၏ Ringtoneသံက ရုတ်တရက် တစ်ခုပြီးတစ်ခု ထွက်လာတော့သည်။

လွန်ခဲ့သည့် တစ်စက္ကန့်က ပြုံးနေဆဲဖြစ်ကြသည့် သူဌေးများသည် ရုတ်တရက်ဆိုသလို သူတို့၏အမူအရာများ ပြောင်းလဲသွားကြ၏။

...

All Chapters