← Chapters

အပိုင်း(၉၅)

Vol. 7 Ch. 65

အပိုင်း(၉၅)

Vol. 7 Ch. 65

"ဘာ ပျက်စီးသွားတယ်။ ဟုတ်လား"

"ဘာဖြစ်နေတာလဲ။ တစ်ယောက်ယောက်က ရောင်းနေတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား။ ငါ အဲဒါကို လက်လွှဲယူလို့ မရဘူးလား"

"မင်းတို့အားလုံး လွှတ်ပစ်လိုက်ကြတာလား။ ဘာဖြစ်လို့လဲ"

"မူဝါဒတစ်ခုခုများ ထွက်လာလို့လား။ ငါလည်း မကြားမိပါဘူး"

"စျေးနှုန်းထိုးကျသွားတယ်။ မဖြစ်နိုင်တာပဲ။ မနေ့တုန်းကတောင် အကောင်းကြီးမဟုတ်လား"

"ရောင်းရမှာလား ဟုတ်လား။ အခုချက်ချင်းရောင်းလိုက်။ ဒီစျေးနှုန်းနဲ့ဆိုရင် ငါတို့တွေအများကြီး ရှုံးနေပြီ မဟုတ်လား"

"ငါ ဒါကိုရောင်းမယ်ဆိုရင်တောင် ဘယ်သူကမှ ဝယ်မှာမဟုတ်တော့ဘူးလေ။ သွားပါပြီ..."

အာရုံစိုက်မှု အလယ်တွင်ရောက်နေသည့် ဖန်ရှို့ကျစ်နှင့် နဥ်ရှောက်ယန်တို့သည် တစ်စက္ကန့်အတွင်း များပြားလှစွာသော သက်တန့်ရောင်အရေခွံများကို လက်ခံရရှိခဲ့သော်လည်း ယခုတော့ သူတို့သည် နာကြည်းစိတ်ပျက်ဖွယ်ရာဖြင့် မေးခွန်းထုတ်ခံနေရ၏။

"ဘော့စ်ဖန် ဘာဖြစ်တာလဲ။ ဟိုင်နန်ကမြေတွေက ရုတ်တရက် ဈေးထိုးကျသွားတယ်တဲ့"

"ဒါက လုံးဝကို အခြေအနေကောင်းမွန်ပြီး ကျွန်တော်တို့တွေ ဒီနှစ်ကုန်မှ ရောင်းလို့ရတယ်လို့ ခင်ဗျားပဲ ပြောခဲ့တယ် မဟုတ်လား"

"ဒါတော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား"

တစ်စုံတစ်ယောက်က သူ့မျက်လုံးထဲတွင် မျှော်လင့်သည့်အရိပ်အယောင်ဖြင့် နဥ်ရှောက်ယန်ကို ကြည့်လိုက်၏။ "ရှောက်ယန် ဘာပြဿနာမှ မရှိလောက်ပါဘူးနော်။ ဟုတ်တယ်မလား။ ဒါက စတော့စျေးကွက်လိုပဲ ယာယီထိုးကျသွားတာ မဟုတ်လား။ ငါ မင်းစကားကို ဒီအတိုင်းပဲ နားထောင်လိုက်ပြီး မြေကွက်တချို့ကို ဖမ်းဆွဲထားဖို့ ငါ့ငွေအားလုံးကို ထည့်ထားခဲ့ရတာလေ..."

နဥ်ရှောက်ယန်သည် ထိုနီရဲနေသည့်မျက်လုံးများကိုကြည့်ပြီး သူ့ရင်မှာ တဒုတ်ဒုတ်ခုန်လာကာ သူသည် အမှတ်တမဲ့ ဖန်ရှို့ကျစ်ကို ကြည့်လိုက်လေသည်။

ဖန်ရှို့ကျစ်က သူ့လက်ကို တင်းကြပ်နေအောင် ကိုင်ထားလိုက်ပြီး တစ်ခုခုပြောတော့မည့်ဆဲဆဲတွင် သူမ၏ ဆဲလ်ဖုန်းကို သူမ၏လက်ထောက်က သူမထံသို့လှမ်းပေးလိုက်လေသည်။

အားလုံးက အသက်အောင့်ထားကြပြီး တစ်ဖက်မှရောက်လာမည့်သတင်းကို ဂရုတစိုက် နားထောင်နေကြသည်။

"မစ္စဖန် တစ်ခုခုမကောင်းတာ ဖြစ်သွားလို့လား..."

ဖန်ရှို့ကျစ်သည် နောက်တစ်စက္ကန့်အတွင်းတွင် သူမပတ်ဝန်းကျင်က ကြောက်စရာကောင်းလှသည့် အကြည့်များ၏ ဝါးမျိုခံရတော့မည်ဟု ခံစားလိုက်ရ၏။ သူမက အမှတ်တမဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်တွင် နဥ်ရှောက်ပိုင်၏အပြုံးတစ်ဝက် မျက်လုံးများနှင့် တွေ့ဆုံသွားတော့သည်။

ထိုအခိုက်အတန့်တွင် သူမ၏နှလုံးသားသည် သူမ၏လည်ချောင်းဆီသို့ ခုန်တက်လာသယောင်ပင်။

ဟင့်အင်း။ မဖြစ်နိုင်တာ။

ဖန်ရှို့ကျစ်သည် သူမကိုယ်သူမ နှစ်သိမ့်ရန် အကောင်းဆုံး ကြိုးစားလိုက်လေသည်။ နဥ်ရှောက်ပိုင်သည် မည်မျှပင် အင်အားကြီးနေသည်ဖြစ်စေ အိမ်ခြံမြေစျေးကွက်ကိုတော့ ထိန်းချုပ်ထားနိုင်မည် မဟုတ်ချေ။ ဒါက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ရမည်။

ဖုန်းချလိုက်ပြီးသည့်နောက်တွင် သူမက ကိုယ့်ဟာကိုယ် တည်ငြိမ်အောင်လုပ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ အားလုံးကို ပြုံးပြလိုက်သည်။ "ဒါဂာ ယာယီပဲ ဖြစ်မှာပါ။ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ဒီလိုပဲမဟုတ်လား။ စတော့ရှယ်ယာ လိုပဲပေါ့။ အတက်အကျ ရှိတယ်လေ။ လူအများစုက ကယောင်ကတမ်းတွေ ဖြစ်သွားတဲ့အချိန်တိုင်း ဒါက ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲလေ"

သူမ စကားဆုံးသွားသည်တွင် သူမက အားလုံး၏ရှေ့၌ နောက်ထပ်အမိန့်တစ်ခုကို ထပ်ထုတ်လိုက်လေသည်။ "စျေးကျတုန်း နောက်ထပ် မြေ၂ကွက်လောက်ဝယ်ထားလိုက်"

သခင်ကြီးနဥ်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူသည် သူမ၏မျက်နှာကို ဆယ်ပေးဖို့ရန် ဂရုမစိုက်တော့ချေ။ "ရှို့ကျစ် စိတ်လျှော့ထား"

ဖန်ရှို့ကျစ်က ပြုံးကာ ပြောလိုက်၏။ "အဖေ ကျွန်မတို့တွေ ရှောက်ယန်ကို ယုံကြည်ရမယ်"

နဥ်ရှောက်ယန်သည် အံကိုတင်းနေအောင် ကြိတ်ထားပြီး သူ့လက်ဖဝါးများပေါ်တွင် ချွေးစေးများအပြည့် ဖြစ်နေသော်ငြားလည်း သူသည် ဖန်ရှို့ကျစ်ကို စိတ်ပျက်သွားအောင် မလုပ်နိုင်ချေ။

ဖန်ရှို့ကျစ်၏နည်းလမ်းက လူအများအပြားကို အမှန်ပင် စိတ်အေးသွားစေပြီး ထို့နောက်တွင်တော့ သူမက သူတို့ကို အာမခံလိုက်လေသည်။ "ကျွန်မတို့မှာ ဒါတွေကိုကိုင်တွယ်ဖို့ ထုတ်ပြန်ထားတဲ့ မူဝါဒတွေ ရှိနေပါသေးတယ်။ မူဝါဒကို ခေါင်းဆောင်ကိုယ်တိုင်က ထုတ်ပြန်ထားတာပဲ။ ဒီတော့ ဒါက ဘယ်လိုလုပ်ပြီးတော့ မှားယွင်းနိုင်ပါ့မလဲ"

"ကျွန်မ ဒီနေ့ ဒါရိုက်တာချီကို ဖိတ်ခေါ်ထားပါတယ်။ သူ ရောက်လာတဲ့အခါကျရင် ကျွန်မတို့တွေ ဒီကိစ္စကို သူ့ကို မေးကြတာပေါ့။ တကယ်လို့ ဒါက ဒီလိုပဲ တကယ်ပျက်စီးသွားတယ်ဆိုရင် တရုတ်ပြည်ရဲ့အိမ်ခြံမြေလောက တစ်ခုလုံးက ဒုက္ခရောက်သွားလိမ့်မယ်။ နိုင်ငံက ဒါကို ခွင့်ပြုမှာ မဟုတ်ပါဘူး"

ရှမြန်က စဉ်းစားလိုက်၏။ ဒီတစ်ကြိမ်ကတော့ ဒါက မှန်တယ်လေ။ တရုတ်ပြည်ရဲ့အိမ်ခြံမြေလောကက ဒီကိစ္စကြောင့်ပဲ နှစ်ပေါင်းများစွာ ထိုးကျသွားခဲ့တာ။ ဒီအချိန်ကာလက တရုတ်ပြည်ရဲ့ အိမ်ယာစျေးကွက်တွေအတွက် အနိမ့်ဆုံးအချိန်ပဲလေ"

သို့သော်ငြားလည်း ဒီလူများသည် ဖန်ရှို့ကျစ်၏စကားကို ကြားလိုက်ရပြီးနောက်တွင် အနည်းငယ် စိတ်သက်သာရာရခဲ့သည်ကိုသာ မသိခဲ့ချေ။ သို့သော် သူတို့သည် တံခါးဖက်ကို မကြာခဏ လှည့်ကြည့်မိနေ၏။

လူများက ဆက်တိုက် မေးမြန်းနေသည်။ "ဒါရိုက်တာချီက ဘယ်တော့ ရောက်လာမှာလဲ"

နဥ်ရှောက်ယွင်နှင့် ပြခန်းအကြောင်း တိုင်ပင်နေသည့် ကျူးယွင်ဟိုင်သည် ထိုစကားကို ကြားလိုက်ချိန်တွင် ရုတ်တရက်ဆိုသလို သတိရသွားတော့သည်။ "ဪ ကျွန်တော် မေ့သွားတယ်။ ခင်ဗျားတို့ပြောနေတဲ့ ဒါရိုက်တာချီဆိုတာ ဒါရိုက်တာချီကျန်းကောကို ပြောနေတာလား"

ဒါရိုက်တာချီသည် ဒီလူများအတွက် အသက်ကယ်ကောက်ရိုးတစ်မျှင်နှင့် တူနေသည်။ ထို့ကြောင့် ကျူးယွင်ဟိုင်က စကားပြောလိုက်သည်နှင့် ချက်ချင်း အားလုံးက အလောတကြီး ရောက်လာပြီး ပြောလိုက်၏။ "ဟုတ်တယ် ဒါရိုက်တာချီကျန်းကောပါ။ မင်းက..."

ဝေဟုန်ချိုးက မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ဒါက ပါမောက္ခကျူးယွင်ဟိုင်ပါ"

"ဪ ပါမောက္ခကျူး ခင်ဗျား အခုလေးတင် ဒါရိုက်တာချီကို မေးလိုက်တယ်..."

"ကျွန်တော့်အထင်တော့ ခင်ဗျားမှာ ဒါရိုက်တာချီကို မေးစရာတစ်ခုခု ရှိနေတဲ့ပုံပဲ"

ဖန်ရှို့ကျစ်သည် စိတ်အခြေအနေ ဆိုးရွားလာပြီး သူတို့နှင့်ယဉ်ကျေးဖို့ရန် စိတ်မပါတော့ချေ။ "ကျွန်မ ဒါရိုက်တာချီကို ဒီကိုလာဖို့ ဖိတ်ကြားထားခဲ့တာပါ။ တကယ်လို့ ရှင်က သူ့ကို မေးစရာတစ်ခုခု ရှိတယ်ဆိုရင် ရှင့်ဟာရှင် နည်းလမ်းတစ်ခု ရှာလိုက်ပါ။ ကျွန်မတို့တွေက ကျွန်မတို့လုပ်ငန်းရဲ့ သန်းဆယ်ချီတဲ့ကိစ္စကို အချိန်နှောင့်နှေးစေဖို့ မတတ်နိုင်ဘူး"

ကျူးယွင်ဟိုင်သည် သူမ၏စော်ကားခြင်း ခံခဲ့ရသော်ငြားလည်း ကောင်းမွန်သည့်စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ထားသေးသည်။ သူက ရယ်မောကာ ပြောလိုက်၏။ "စိတ်မပူပါနဲ့ ကျွန်တော် သူ့ကိုမရှာပါဘူး။ သူက ကျွန်တော့်ကို မစ္စဖန်ဆီ တစ်ခုခု စကားပါး ခိုင်းလိုက်လို့ပါ။ ခင်ဗျားသာ ဒီအကြောင်းကို ထုတ်မပြောဘူးဆိုရင် ကျွန်တော်လည်း ဒီကိစ္စကို မေ့တော့မလို့ပဲ"

ဖန်ရှို့ကျစ်သည် သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး "ရှင်က ဘာအဓိပ္ပာယ်လဲ။ ဒါရိုင်တာချီက ဘာဖြစ်လို့ ရှင်နဲ့ ကျွန်မဆီ စကားပါးခိုင်းရမှာလဲ"

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူ့ဖိတ်စာကို ရထားလို့လေ" ကျူးယွင်ဟိုင်က သရော်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့မိသားစုရဲ့ တံခါးဘောင်က အရမ်းကိုမြင့်တာကိုး။ ရှောက်ယွင်ရဲ့စီနီယာတစ်ယောက်အနေနဲ့ ကျွန်တော်က သူ့ရဲ့မွေးနေ့ကို လာရောက်ဂုဏ်ပြုပေးလို့ မရနိုင်ဘူးလေ။ ရှောင်ချီက ဖိတ်စာတစ်ခုကို ရထားတယ်လို့ ကျွန်တော်လည်း ကြားလိုက်တော့ ကျွန်တော်လည်း အဲဒီဟာကို သွားပြီးညှစ်ဖို့ သူ့ဆီသွားခဲ့တာပေါ့..."

"ရှင် ဘယ်လိုပြောလိုက်တယ်"ဖန်ရှို့ကျစ်သည် ထိန်းမရဘဲ သူမ၏အသံကို မြှင့်ထားလိုက်လေသည်။

ကျူးယွင်ဟိုင်က ပြောလိုက်၏။ "ဟောဗျာ စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်က ခင်ဗျားကို ငွေမညှစ်ပါဘူးဆိုရင်တောင် ဒါရိုက်တာကြီးကလည်း လာနိုင်တော့မှာ မဟုတ်ဘူးလေ"

"သူက ခင်ဗျားကို ကျွန်တော်ကတစ်ဆင့် ပြောခိုင်းလိုက်တာပါ" ကျူးယွင်ဟိုင်က ပြောလိုက်သည်။ "သူ ဟိုင်နန်ကို အလုပ်ခရီး သွားရမှာမလို့ အဘိုးကြီးရဲ့မွေးနေ့ပွဲကို လာပြီး ဂုဏ်မပြုပေးနိုင်တော့ဘူးလို့ ပြောလိုက်ပါတယ်။ ကျေးဇူးပြုပြီးတော့ နားလည်ပေးပါတဲ့"

ဒီစကားများထွက်လာသည်နှင့် ချက်ချင်း ကွင်းပြင်တစ်ခုလုံးမှာ ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။

"ဘယ်လို"

"ဟိုင်နန်ကို အလုပ်ခရီးသွားတယ် ဟုတ်လား။ ဒါက ဘာအဓိပ္ပာယ်လဲ။ ‌ဒါက ဒီကိစ္စနဲ့ ပတ်သက်နေတာလား"

"မစ္စဖန် ကျွန်တော်တို့တွေက ခင်ဗျားစကားနားထောင်ပြီး အတူတူ ရင်းနှီးမြှုပ်နှံထားခဲ့တာ။ ခင်ဗျား ကျွန်တော်တို့ကို ဒုက္ခပေးမှာတော့ မဟုတ်ပါဘူးနော်"

"မစ္စဖန် တကယ်လို့တစ်ခုခု ဆုံးရှုံးသွားတာရှိခဲ့တယ်ဆိုရင် ဒါက ခင်ဗျားရဲ့ပိုင်ဆိုင်မှုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တယ်နော်..."

တချို့ဆုံးဖြတ်ချက်ပြတ်သားကြသည့် လူများကတော့ ဖုန်းခေါ်ဆိုမှုကို မြန်မြန်ဆန်ဆန် စလုပ်နေနှင့်ပြီဖြစ်သည်။ "မြန်မြန်ရောင်းလိုက်တော့။ တကယ်လို့ ရှုံးမယ်ဆိုရင်တောင်မှ အရှုံးခံပြီး ရောင်းလိုက်"

ဖန်ရှို့ကျစ်က သူမ၏တဒိန်းဒိန်း ခုန်နေသည့်နှလုံးကို ဖိနှိပ်ထားလိုက်ပြီး အားလုံးကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်လေသည်။ "မဟုတ်ပါဘူး ကျွန်မစကားကို နားထောင်ပါဦး။ ရုတ်တရက် စျေးထိုးကျသွားတာနဲ့ပတ်သက်ပြီး တစ်ခုခု လွဲနေတယ်ဆိုတာကို ခေါင်းဆောင်ကလည်း ခံစားမိမှာပါ။ ဒီတော့ သူက ဒီအကြောင်းအရာကို သွားစုံစမ်းတာဖြစ်မှာပါ"

"နိုင်ငံက အိမ်ယာစျေးကွက်စီးပွားရေးကို ပြိုလဲခွင့်ပေးမှာတော့ မဟုတ်ပါဘူး"

"ကျွန်မအထင်တော့ ဒီအတွက်ကြောင့်ပဲ ဒါရိုက်တာချီက ဒီတစ်ခါ မြေဈေးကျသွားတဲ့အခြေအနေကို ပြင်ဆင်ဖို့ သွားလိုက်တာပဲနေမှာပါ။ ပြင်ဆင်မှုတွေ ပြီးမြောက်သွားပြီဆိုရင် စျေးကလည်း သေချာပေါက် ပိုပြီးတော့ တက်လာပါလိမ့်မယ်..."

လောင်းကစားသမားများသည် နောက်တချီတွင် သူတို့သည် အချီကြီးနိုင်လိမ့်မည်ဟု အမြဲတမ်း ယုံကြည်ထားကြ၏။ ဒီနေရာတွင်ရှိနေသည့် လူအများစုကလည်း ဖန်ရှို့ကျစ်နှင့် တူညီသည့် အခြေအနေတွင် ရှိနေကြသည်။

တစ်စုံတစ်ယောက်က အံကြိတ်ကာ ပြောလိုက်၏။ "မစ္စဖန်ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျွန်တော်တို့တွေ ပြန်ပြီးတော့ တိုက်ခိုက်ရလိမ့်မယ်"

ဖန်ရှို့ကျစ်က တည်တည်ငြိမ်ငြိမ်ပြုံးကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်မကတော့ ဒါကိုသေချာပေါက် ထိန်းထားရလိမ့်မယ်။ ကျွန်မ အကုန်လုံးကိုလည်း ဝယ်ရလိမ့်မယ်"

အားလုံးကို စိတ်တည်ငြိမ်သွားအောင် လုပ်ဖို့ရန်သူမက စကားလမ်းကြောင်းမြန်မြန် ပြောင်းလိုက်လေသည်။ "ဒါရိုက်တာချီက မလာနိုင်ဘူး။ ဒါပေမဲ့လည်း မော့ဟယ်ကော်ပိုရေးရှင်းက မစ္စတာမော့ ရှိသေးတယ် မဟုတ်လား"

ဟိုင်နန်အိမ်ခြံမြေစျေးကွက်နှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည့်လူများသည် သူမထံမှ ဘာသတင်းအချက်အလက်မှ မရနိုင်တော့သည်ကို မြင်လိုက်သည်တွင် သူတို့က သူတို့ကိုယ်တိုင် အခြေအနေကို စုံစမ်းရန် ထွက်လာတော့သည်။

မိုဘိုင်းစျေးကွက်၏ တစ်စိတ်တစ်ပိုင်းကို ရယူလိုသူများကတော့ ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ရှေ့ထွက်လာကြသည်။

ဖန်ရှို့ကျစ်သည် ဒီအခိုက်အတန့်တွင် မည်သူ့ကိုမှ သံသယဖြစ်အောင် ဆက်မထားတော့ချေ။ သူမက သူမ၏ဆဲလ်ဖုန်းကို ဆွဲထုတ်လိုက်ကာ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်၏။

ဖုန်းက ချက်ချင်းဝင်သွားပြီး ဖန်ရှို့ကျစ်က ဝမ်းသာအားရပြောလိုက်၏။ "ဟုတ်ပြီ ကောင်းပါပြီ။ ကျွန်မ ရှင့်ကို အခုချက်ချင်းလာကြိုပါ့မယ်"

ဖုန်းချပြီးသည့်နောက်တွင် သူမက ဝမ်းသာအားရ ပြောလိုက်သည်။ "မော့ဟယ်ကုမ္ပဏီက မစ္စတာမော့က ခဏနေ ရောက်လာတော့မယ်တဲ့။ သူ့ကိုသွားကြိုရအောင်"

ထို့ကြောင့်အားလုံးက လူများကိုကြိုဆိုဖို့ရန် နောက်မှနေ၍ တံခါးဆီကို လိုက်လာကြ၏။

ရုံရှင်းသည် စိုးရိမ်သဖြင့် ရူးမတတ်နီးပါးဖြစ်နေသည့် ကျန်နေခဲ့သည့်စီအီးအိုများကို ကြည့်လိုက်ကာ

"အစ်ကိုမော့ ရောက်လာတဲ့အချိန်ကျရင်တော့ ခန်းမတစ်ခုလုံးက ဒီအခြေအနေ ဖြစ်သွားတော့မှာပဲ။ ဟုတ်တယ်မလား" နဥ်ရှောက်ပိုင်သည် ဘာမှမပြောချေ။

ရုံရှင်းက ထပ်မေးလိုက်သည်။ "အစ်ကိုပိုင် အစ်ကိုမော့နဲ့ တခြားသူတွေက အစ်ကိုနဲ့နဥ်မိသားစုကြားက ဆက်ဆံရေးကို သိကြလား"

နဥ်ရှောက်ပိုင်က ခေါင်းခါပြလိုက်သည်။ "မသိဘူး။ တကယ်လို့ သူတို့တွေ သိနေမယ်ဆိုရင်လည်း ဒါက စိတ်ကူးကောင်းတစ်ခု မဟုတ်တော့ဘူးလေ"

ရှမြန်က ထိုစကားကိုကြားလိုက်ပြီး "ကျစ်... ရှင်က တကယ်အကျင့်ပုပ်တာပဲ"

နဥ်ရှောက်ပိုင်က သူမကို ကြည့်လိုက်သည်။

ရှမြန်က ဒီသူဌေးနှင့် ငွေရှာရဦးမည်ကို သတိရသွားသဖြင့် သူမက ချက်ချင်းဆိုသလို မြှောက်ပင့်ပြောဆိုလိုက်သည်။ "တော်တယ်။ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"

နဥ်ရှောက်ပိုင်က မသိမသာ ပြုံးလိုက်သည်။

ဒီအပြုံးက သူ့ကို လေ့လာနေသည့် အဘိုးကြီးကို အထိတ်တလန့် ဖြစ်သွားစေတော့သည်။ သူက နဥ်ရှောက်ယန်ကို သူ့‌ဘေးသို့ မြန်မြန်ဆွဲခေါ်လိုက်ကာ ပြောလိုက်၏။

"မင်းအမေကို သွားပြီးတော့ နားချစမ်း။ ငါ မင်းရဲ့အစ်ကိုအကြီးဆုံးကို ရှယ်ယာတချို့ ပေးရလိမ့်မယ်။ ငါ မင်းကို သေချာပေါက် ကူညီပေးမှာပါ"

နဥ်ရှောက်ယန်ကလည်း ထိုမျှလောက်တော့ မတုံးအလှသေးချေ။ သူသည် ဒီအခိုက်အတန့်တွင် တစ်ခုခုကို သဘောပေါက်သွားပြီး သူ့အမေနောက်သို့ အလောတကြီး လိုက်သွားတော့သည်။

သို့သော်ငြားလည်း ဖန်ရှို့ကျစ်က သူ့စကားနားထောင်ခဲ့လျှင် သူသည် နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့နှင့်အတူ ဒီလိုကြီးမားသည့်ရန်ပွဲကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။

သူမက ချဉ်းကပ်လာသည့်ကားကို ကြည့်လိုက်ပြီး နဥ်ရှောက်ယန်၏နားနားသို့ကပ်ကာ သရော်လိုက်လေသည်။ "နင့်အဘိုးက အခုလေးတင် နင့်ကိုလိမ်ပြောလိုက်တာ။ နင့်အစ်ကိုကြီးကလည်း အစတုန်းက သူ့စကားနားထောင်ခဲ့တာပဲ။ အခုကျတော့ရော ဘာဖြစ်သွားလဲ"

နဥ်ရှောက်ယန်သည် တစ်ခုခုထပ်ပြောချင်နေသည့်အချိန်တွင် အနက်ရောင်ကားတစ်စီးက တံခါးရှေ့တွင် ဆိုက်ကပ်လာခဲ့သည်။

နဥ်ရှောက်ပိုင်နှင့် ရုံရှင်းတို့သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်မှမြင်ကွင်းကို မြင်နေရ၏။ ရုံရှင်းက သက်ပြင်းချပြီး ပြောလိုက်သည်။ "အဘိုးကြီးက တော်တော်ပါးနပ်တယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက..."

နဥ်ရှောက်ပိုင်က သူ့နှုတ်ခမ်းထောင့်များကို ကွေးထားလိုက်သည်။

ခဏအကြာတွင် အသက်၃၀ဝန်းကျင် ယောက်ျားတစ်ယောက်သည် လူအုပ်ကြီး၏ ဝိုင်းရံခံထားရပြီး ၀င်လာခဲ့လေသည်။

ထိုလူသည် ရိုးသားသည့်ပုံပေါ်ပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားရသည့်အတွက် အလွန်မှ နေရခက်နေသယောင်ရှိကာ သူသည် ကို့ယို့ကားယား လမ်းလျှောက်လာခဲ့လေသည်။

လူတိုင်းဆီမှ ဖောဖောသီသီ ချီးကျူးစကားများနှင့် ရင်ဆိုင်လိုက်ရသည်တွင် သူက မျက်မှောင်ကြုတ်ကာ လုံးဝချဉ်းကပ်လို့ မရနိုင်သည့်ဟန်ဖြင့် ကြည့်လိုက်၏။

ဖန်ရှို့ကျစ်၏ ဂရုတစိုက် ပြောဆိုနေသည့်စကားကို စဉ်းစားကြည့်လိုက်ပြီး ရုံရှင်းမှာမနေနိုင်ဘဲ အော်ရယ်လိုက်ကာ ပြောလိုက်လေသည်။

"အစ်ကို ဘာဖြစ်လို့ အစ်ကိုမော့ကို ဒီကိုလာခိုင်းလိုက်တာလဲ။ သူက နည်းပညာရှင်တစ်ယောက်ပဲ။ သူက စီးပွားရေးကိစ္စကို တိုင်ပင်ဖို့ဒီနေရာကို ဘာဖြစ်လို့လာရမှာလဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "အစ်ကိုလီရဲ့မိန်းမက မီးဖွားပြီး မီးတွင်းထဲမှာလေ။ ဒီတော့ သူက ဒီကိစ္စကို ဂရုမစိုက်နိုင်တော့ဘူး။ အစ်ကိုမော့က အစ်ကိုမီနဲ့ တခြားသူတွေနဲ့ ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးဂိမ်းကစားပြီး ရှုံးခဲ့တာလေ"

ရုံရှင်းမှာ အသံထွက်ကာ ရယ်မောတော်သည်။ ရှမြန်ကလည်း မရယ်ဘဲ မနေနိုင်တော့ချေ။ ဒါသည် နည်းပညာရှင်တစ်ယောက်၏ ဝိသေသလက္ခဏာများ အမှန်ပင်ဖြစ်လေသည်။

"ရှောက်ယန်ကလည်း ရှင်တို့လိုပဲ တက္ကသိုလ်အေကနေ ဘွဲ့ရခဲ့တာလေ။ ဒီတော့ သူကလည်း ရှင်တို့ရဲ့ဂျူနီယာပါပဲ..."

ဖန်ရှို့ကျစ်သည် သူမ၏စကားတစ်ဝက်တစ်ပြက်တွင် တစ်ဖက်လူ၏ အေးစက်စက်အမူအရာက ပြေလျော့လာသည်ကို မြင်လိုက်ရ၏။ သူမက ကြိတ်ပြီး ဝမ်းသာသွားကာ နဥ်ရှောက်ယန်ကို လှမ်းဆွဲလိုက်ပြီး စကားပြောတော့မည့်ဆဲဆဲတွင် တစ်ဖက်လူက ခြေထောက်ကိုမြှောက်ကာ တခြားဦးတည်ဘက်ဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရတော့သည်။

အားလုံးက လှည့်ကြည့်လိုက်သည်တွင် နဥ်ရှောက်ပိုင်က သူတို့ကို လက်ဝှေ့ရမ်းပြနေသည်ကို မြင်လိုက်ရ၏။

ဖန်ရှို့ကျစ်က သူ့နောက်မှ အလျင်စလိုလိုက်သွားကာ ရှက်ရွံ့ဟန်ဆောင်လိုက်သည်။

"အဲ့ဒါက ကျွန်မရဲ့သားအကြီးဆုံး ဆရာဝန်လေ။ ဒီတော့ သူက ဒီလောကရဲ့နည်းလမ်းတွေကို နားလည်မှာ မဟုတ်လောက်ဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်မနဲ့ပဲ သည်းခံပြီးဆွေးနွေးပေးပါ"

"ဒီတော့ ဂျူနီယာညီလေးနဥ်က ခင်ဗျားရဲ့သားလား" အခုလေးတင် အေးစက်စက်ရှိနေခဲ့သည့် မော့ဟောက်ရန်သည် ရုတ်တရက်ဆိုသလို ရင်းနှီးဖော်ရွေလာပြီး "ဒေါ်ဒေါ်ရယ် ကျွန်တော့်ကို စောစောစီးစီးကတည်းက ပြောပါတော့လား။ ဒေါ်ဒေါ်က အရမ်းငယ်သေးတာပဲနော်"

ဖန်ရှို့ကျစ်သည် အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

မြန်မြန်သတိပြန်ဝင်လာသည့် တစ်စုံတစ်ယောက်က ချက်ချင်း မေးလိုက်၏။

"ခင်ဗျားက သခင်လေးနဥ်ကို သိလို့လား"

မော့ဟောက်ရန်က ပြောလိုက်သည်။ "ခင်ဗျားတို့တွေ နဥ်ရှောက်ပိုင်အကြောင်း ပြောနေတာ မဟုတ်လား။ ကျွန်တော် သူ့ကို သိပါတယ်။ သူက ကျွန်တော်တို့ထက် နှစ်အနည်းငယ် ငယ်တယ်လေ။ ကျွန်တော်တို့ရဲ့ ဂျူနီယာအလုပ်သင် တစ်ယောက်ပေါ့..." သူသည် ဒုက္ခရောက်နေရာမှ ကယ်တင်ပေးခဲ့သည့် ဆွေမျိုးတစ်ယောက်ကို မြင်လိုက်ရသလို နဥ်ရှောက်ပိုင်ရှေ့သို့ လျှောက်သွားနှင့်ပြီ ဖြစ်လေသည်။ "ဂျူနီယာညီလေး ဒါက မင်းရဲ့အိမ်ပဲ။ ဘာဖြစ်လို့ ငါတို့ကို မပြောပြထားတာလဲ"

သူက ပြစ်တင်ဝေဖန်လိုက်သည်။

"ဒါဆိုရင် ပြဿနာတွေ အများကြီး နည်းသွားမဲ့ဟာကို၊ ဒါက အားထုတ်မှုတွေ အလကား ဖြစ်မနေဘူးလား"

နဥ်ရှောက်ပိုင်က ရယ်မောလိုက်သည်။ "ကျွန်တော်က ရင်းနှီးမြှုပ်နှံမှုကိုပဲ စိတ်ဝင်စားပြီး တခြားဟာတွေကိုတော့ စိတ်မဝင်စားပါဘူး။ ဒီအပြင် ဒါကကျွန်တော့်ရဲ့ မိသားစုသက်သက်ပါပဲ။ ဒါက ကျွန်တော့်ရဲ့ မိထွေးလေ။ ကျွန်တော်တို့တွေမှာ ရင်းနှီးတဲ့ဆက်ဆံရေးတွေ မရှိကြပါဘူး"

မော့ဟောက်ရန်က သတိဝင်မလာသေးချေ။

တခြားသူများကတော့ ဖန်ရှို့ကျစ်ကို မယုံမကြည်နှင့် ကြည့်လိုက်ကြလေသည်။ သူမ၏အတ္တကြောင့် သူတို့သည် ဒီလိုအဖိုးတန် ရတနာတစ်ခုနှင့် လွဲချော်ခဲ့ရသည်။

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး" ဖန်ရှို့ကျစ်သည် ဒါကိုယုံကြည်ဖို့ရန် ဆန္ဒမရှိနေချ။ "သူက ဘယ်လိုလုပ်ပြီး မော့ဟယ်မှာ ရင်းနှီးမြှုပ်နှံနိုင်မှာလဲ"

သူမ၏သဘောထားကို မြင်လိုက်သည်တွင် မော့ဟောက်ရန်သည် ဒီမိထွေးဖြစ်သူက နဥ်ရှောင်ပိုင်ကို မလိုလားသည်ကို နောက်ဆုံးတော့ သဘောပေါက်လိုက်၏။

သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မိုဘိုင်းလ်ဖုန်းကို အဆင့်မြှင့်တင်ထုတ်လုပ်တဲ့နေရာမှာ မော့ဟယ်ကုမ္ပဏီ အောင်မြင်ခဲ့တာကလည်း ကျွန်တော့်ရဲ့ဂျူနီယာညီလေး ကျေးဇူးကြောင့်ပါ။ သူက ကျွန်တော်တို့ကုမ္ပဏီမှာ အကြီးဆုံးရှယ်ယာရှင်လေ"

ဖန်ရှို့ကျစ်၏မျက်နှာသည် ဖြူဆုတ်သွား၏။ သို့သော်ငြားလည်း သူဌေးများကတော့ သူမနှင့် စာရင်းရှင်းဖို့ရန် အလုပ်များနေကြသည်။ သူတို့သည် ပြုံးကာ နဥ်ရှောက်ပိုင်ဆီသို့ ရောက်လာကြပြီး သူနှင့် ရင်းနှီးအောင် ကြိုးစားနေကြသည်။

"သခင်လေးနဥ်က တကယ်တော့ မော့ဟယ်ရဲ့ရင်းနှီးမြှုပ်နှံသူ ဖြစ်နေတာကိုး။ ကျွန်တော်တို့တွေက သူ့ကိုတကယ်ပဲ မမှတ်မိခဲ့ဘူး"

"ဟုတ်တယ်။ တကယ်ပဲ မလေးစားရာ ကျသွားတာပဲ"

"မင်းမှာ ဒီလိုသာလွန်တဲ့ ဆေးပညာအရည်အချင်းတွေရှိပြီး ရင်းနှီးမြှုပ်နှံတဲ့နေရာမှာလည်း ဒီလိုအမြင်ကောင်းတွေ ပိုင်ဆိုင်ထားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ"

...

တော်တော်ကို ဆိုးရွားသည့် စိတ်အားထက်သန်မှုတစ်ခုပင်။ နဥ်ရှောက်ယွင်နှင့် ရှမြန်တို့သည် ပါမောက္ခကျူးနှင့် တခြားသူများနှင့်အတူ မြန်မြန်သွားပုန်းနေရတော့သည်။

ယခုတော့ နဥ်ရှောက်ပိုင်နှင့် မရင်းနှီးနိုင်ကြသည့် ထိုလူများသည် သွယ်ဝိုက်သည့် နည်းလမ်းတစ်ခုမှတစ်ဆင့် အခြေအနေကို ကယ်တင်ဖို့ရန် စတင်လှုပ်ရှားနေကြသည်။

ရှမြန်က နဥ်ရှောက်ပိုင်ကို ‘ကူညီပါဦး’ဟူသည့်အမူအရာတစ်ခု လုပ်ပြလိုက်သည်။

နဥ်ရှောက်ပိုင်သည် သူမ၏ချဲ့ကားလွန်းသည့် အမူအရာကြောင့် သဘောကျသွားပြီး အားလုံးဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ကျွန်တော်က စီးပွားရေးကိစ္စတွေကို ဂရုမစိုက်ပါဘူး။ ခင်ဗျားတို့တွေ မစ္စတာမော့နဲ့ပဲ စကားသွားပြောသင့်ပါတယ်"

မော့ဟောက်ရန်မှာ သူ့ကိုဖမ်းဆွဲထားပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူး မင်းက အတော်ဆုံးပါ။ မင်းရဲ့မိသားစုက လက်တွဲလို့ ရနိုင်မလားဆိုတာကို မင်းကပဲ ငါ့ကို ကူညီပြီးကြည့်ပေးပါ"

နဥ်ရှောက်ပိုင်သည် ဖန်ရှို့ကျစ်ကို လှမ်းကြည့်လိုက်ပြီး ဖန်ရှို့ကျစ်မှာ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရ၏။

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"နဥ်မိသားစုက မသင့်တော်ပါဘူး။ လျှပ်စစ်ပစ္စည်းစက်ရုံတွေနဲ့ အီလက်ထရောနစ် ပစ္စည်းစက်ရုံတွေဆိုတာက မတူညီတဲ့ အခြေအနေပဲလေ"

"နောက်ပြီးတော့..." နဥ်ရှောက်ပိုင်က စိုးရိမ်နေသည့်လူများကို ကြည့်လိုက်ပြီး "သူတို့ရဲ့ရန်ပုံငွေတွေကလည်း သိပ်မကြာခင် လုံလောက်ကြတော့မှာ မဟုတ်ဘူးလေ။ ဒါက တိုးတက်မှုကို နှောင့်နှေးသွားစေနိုင်တယ်"

ဖန်ရှို့ကျစ်၏နှုတ်ခမ်းများသည် တုန်ရင်နေပြီး သူမသည် စကားမပြောနိုင်တော့ချေ။ နဥ်ရှောက်ပိုင်က ဒီနေရာတွင် မရှိသည့် နာမည်တချို့ကို ထောက်ပြလိုက်၏။ "မင်ချန် အီလက်ထရောနစ်၊ ဟိုင်၀မ် ဆက်သွယ်ရေး၊ ရုံခဲ့နည်းပညာ။ ဒီကုမ္ပဏီတချို့တွေကိုတော့ အခု ထည့်သွင်းစဉ်းစား ရနိုင်ပါတယ်"

နဥ်မိသားစုကုမ္ပဏီ၏ ရှယ်ယာရှင်များသည် ပြုံးကာ ပြောလိုက်လေသည်။ "ငါတို့တွေအားလုံးက ငါတို့ရဲ့ကိုယ်ပိုင် ကုမ္ပဏီတွေရှိနေကြတာပဲ။ ဒီတော့ ငါတို့တွေက မိသားစုအတွင်းမှာပဲ ချမ်းသာကြွယ်ဝမှုတွေကို ထိန်းထားသင့်ပါတယ်။ ငါတို့တွေ အလုပ်လုပ်နေကြတဲ့ အရည်အသွေး ကောင်းမွန်တဲ့ ကုမ္ပဏီတော်တော်များများ ရှိပါတယ်"

"ကျွန်တော်က ခင်များရဲ့အရည်အချင်းနဲ့ပတ်သက်ပြီး အများကြီး မသိထားပါဘူး။ ကျွန်တော် မစ္စဖန်ပြောလိုက်တဲ့ စကားတွေကိုလည်း တကယ်မယုံကြည်ပါဘူး..."

"ခင်ဗျားတို့တွေ မစ္စတာမော့ကိုပဲ ကိုယ်တိုင်ပြောသင့်ပါတယ်" နဥ်ရှောက်ပိုင်က ပြောလိုက်ပြီး သူ့လက်မောင်းကိုဆွဲထားသည့် မော့ဟောက်ရန်၏လက်ကို မြန်မြန်ဆွဲဖြုတ်လိုက်ကာ လူအုပ်ထဲမှ ထွက်သွားလေသည်။

နဥ်ရှောက်ပိုင်က သူ့နောက်အမှီလိုက်လာသည့် နဥ်ရှောက်ယန်ကို ပြောလိုက်၏။ "အဘိုးကို သွားပြီးတော့ စောင့်ရှောက်ပေးလိုက်။ အဲဒီလူတွေကို သူ့ကို ဒုက္ခပေးခွင့်မပေးနဲ့"

နဥ်ရှောက်ယန်သည် အခိုက်အတန့် ချီတုံချတုံ ဖြစ်သွားသော်ငြားလည်း တစ်စုံတစ်ယောက်က ခြိမ်းခြောက်နေသည့် အမူအရာတစ်ခုဖြင့် သခင်ကြီးနဥ်ဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရချိန်တွင် သူသည် အလောတကြီး သွားလိုက်လေသည်။

သခင်ကြီးနဥ်သည် ဖရိုဖရဲဖြစ်နေပြီး ဆူညံပွက်လောရိုက်နေသည့် ခန်းမကိုကြည့်နေမိပြီး အခြေအနေက မျှော်လင့်ချက် ကင်းမဲ့နေသည်ကို သိလိုက်၏။ သူက သက်ပြင်းချလိုက်ကာ အိမ်တော်ထိန်းကို အမိန့်ပေးလိုက်၏။ "သီချင်းကို သွားဖွင့်ပြီး စပီကာကိုလည်း အမြင့်ဆုံးအထိ တင်ထားလိုက်။ အနည်းဆုံးတော့ မမြင်ရရင် စိတ်ထဲမှာ မရှိတော့ဘူးပေါ့"

ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် နဥ်ရှောက်ယန် နောက်လိုက်ကာ အပေါ်သို့ တက်သွားလေသည်။

နဥ်ရှောက်ပိုင်က ခဏလောက် စောင့်နေလိုက်ပြီးသည့်နောက်တွင် ဖန်ရှို့ကျစ်သည် အမှန်ပဲ အမှီလိုက်လာလေသည်။

သူက သက်ပြင်းချလိုက်၏။ "နဥ်ရှောက်ယန်အပေါ်ကို အရာအားလုံး ပုံအပ်မထားပါနဲ့လို့ ကျွန်တော် ခင်ဗျားကို ပြောခဲ့သားပဲ။ ဒီအချိန်မှာ ခင်ဗျားက တစ်လှမ်း နောက်ဆုတ်ပေးလိုက်မယ်ဆိုရင်တောင် ဘယ်သူကမှ သူနဲ့လက်တွဲရဲတော့မှာ မဟုတ်ဘူးလေ"

ဖန်ရှို့ကျစ်၏မျက်နှာသည် ဖြူဆုတ်သွားတော့သည်။ "ရှောက်ယန်ကို လွှတ်ပေးဖို့အတွက် နင်က ဘာနဲ့ အလဲလှယ်လုပ်ချင်တာလဲ"

နဥ်ရှောက်ပိုင်က သူ့မျက်ခုံးများကို ပင့်ထားလိုက်သည်။ "ကျွန်တော်က ဘယ်တုန်းက နဥ်ရှောက်ယန်နဲ့ စာရင်းရှင်းနေလို့လဲ။ ကျွန်တော် အမြဲတမ်း စာရင်းရှင်းရမဲ့သူက ခင်ဗျားပဲ ဖြစ်နေခဲ့တာပဲ"

ဖန်ရှို့ကျစ်သည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်ကာ သူမ၏ခေါင်းကို သူ့ရှေ့တွင် ဦးမချနိုင်သေးချေ။

"နင် အခု စိတ်ကျေနပ်သွားပြီလား"

နဥ်ရှောက်ပိုင်က ခေါင်းခါပြလိုက်သည်။

ဖန်ရှို့ကျစ်က တစ်ကိုယ်လုံး တုန်ရင်နေ၏။ "နင်ဘာတွေ လုပ်နေတာလဲ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ကျွန်တော်ခင်ဗျားကို မပြောထားဘူးလား။ ကျွန်တော်က ခင်ဗျား သွားသင့်တဲ့နေရာကို ပို့ပေးမယ်လို့လေ"

သူက သူ့ကိုစိတ်အားထက်သန်စွာ ကြည့်နေကြသည့် စီမံခန့်ခွဲရေးမှူးများကို လှမ်းကြည့်လိုက်ပြီး ဖန်ရှို့ကျစ်ကို ပြုံးပြလိုက်သည်။ "အခုအချိန် ကျွန်တော့်မှာ အင်အားရှိနေတယ်လို့ မပြောနိုင်ပေမဲ့ ကျွန်တော်က ခင်ဗျားထက်ပိုပြီးတော့ ချမ်းသာတယ်လေ။ ဒီတော့ ကျွန်တော်က ခင်ဗျားကို အဝေးကို ပို့ပေးနိုင်သင့်တာပေါ့"

ဖန်ရှို့ကျစ်သည် ရေခဲခန်းတစ်ခုထဲကို ရောက်သွားသလို ခံစားလိုက်ရပြီး ဒါကိုမယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။ "မဖြစ်နိုင်တာ။ နင့်မှာ ဘာသက်သေမှမရှိဘဲ။ ရဲတွေကိုလည်း ငွေနဲ့ လာဘ်ထိုးထားလို့မှ မရတာ"

"ကျွန်တော်က ရဲတွေကို လာဘ်ထိုးထားမယ်လို့ ခင်ဗျားကို ဘယ်သူက ပြောတာလဲ" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"သိပ်မကြာခင်တုန်းက ကျွန်တော် စျေးထဲကို သွားတဲ့အချိန်တုန်းက လူကုန်ကူးတဲ့လူတစ်ယောက်ကို ဖမ်းမိခဲ့တယ်လေ"

"သူတို့ရဲ့ဝန်ခံချက်အရဆိုရင် သူတို့တွေက ယန်မြို့က မှုခင်းတစ်ခုကို ကျူးလွန်ခဲ့ပြီးတဲ့နောက်မှာ လူချမ်းသာတစ်ယောက်က သူတို့ကိုလွတ်မြောက်အောင် ကူညီပေးခဲ့တယ်တဲ့... ရဲတွေက အဲဒီလူချမ်းသာ ကြံရာပါကို တက်တက်ကြွကြွနဲ့ ရှာဖွေနေကြတယ်လေ"

အရောင်အဝါများသည် ဖန်ရှို့ကျစ်၏မျက်နှာပေါ်က လုံးဝပျောက်ဆုံးသွားလေတော့သည်။

နဥ်ရှောက်ပိုင်က သရော်ကာ ပြောလိုက်၏။ "ခင်ဗျားက မကောင်းတဲ့စိတ်ဓာတ်တစ်ခုနဲ့ အပေးအယူလုပ်ဖို့ ရွေးချယ်ခဲ့ပြီးပြီဆိုမှတော့ ခင်ဗျားက ငရဲကို ဆွဲချခံရဖို့ ပြင်ဆင်ထားရမှာပေါ့"

ဖန်ရှို့ကျစ်သည် သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး "ငါဘယ်တုန်းကမှ ပေါ်မလာခဲ့ဖူးတာ။ သူတို့တွေက ဘာသက်သေမှ ရနိုင်မှာမဟုတ်ဘူး..."

နဥ်ရှောက်ပိုင်က သရော်ကာ ပြောလိုက်၏။ "ခင်ဗျားက မကောင်းတဲ့စိတ်ဓာတ်တစ်ခုနဲ့ အပေးအယူလုပ်ဖို့ ရွေးချယ်ခဲ့ပြီးပြီဆိုမှတော့ ခင်ဗျားက ငရဲကို ဆွဲချခံရဖို့ ပြင်ဆင်ထားရမှာပေါ့"

ဖန်ရှို့ကျစ်သည် သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး "ငါဘယ်တုန်းကမှ ပေါ်မလာခဲ့ဖူးတာ။ သူတို့တွေက ဘာသက်သေမှ ရနိုင်မှာမဟုတ်ဘူး..."

နဥ်ရှောက်ပိုင်သည် စပီကာထဲမှထွက်လာသည့် စူးရှသည်အသံတစ်ခုကို နားထောင်လိုက်ပြီး ပြုံးပြလိုက်သည်။ "ခဏနေ အသင့်ဖြစ်ပါတော့မယ်..."

~~"...တကယ်လို့ နင်သာ အရမ်းကို သန်မာနေခဲ့မယ်ဆိုရင် နင် အလွယ်တကူ ကျိုးပျက်သွားမှာပဲ။ အဲဒီအချိန်ကျရင် နင်က ကိုယ့်ဟာကိုယ် မကယ်တင်နိုင်တဲ့အပြင် ချန်းချန်းကို ကယ်တင်ဖို့ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ဘူး"

...

"ဒီတော့ ခင်ဗျားက ချန်းချန်းကို ပြန်ပေးဆွဲဖို့ ဟော်မိသားစုနဲ့ ပူးပေါင်းခဲ့တယ်လို့ ဝန်ခံလိုက်တာလား"

"ဒီတော့ရော ဘာဖြစ်လဲ။ အခုအဘိုးကြီးက နဥ်မိသားစုတစ်ခုလုံးအတွက် ငါ့ကိုကာကွယ်ပေးမှ ရမှာလေ။ နင်က ဆရာဝန်ငယ်လေး တစ်ယောက်သာသာပဲ။ နင်ကဘာလုပ်နိုင်မှာလဲ..." ~~

"..."

သခင်ကြီးနဥ်သည် နဥ်ရှောက်ပိုင်က သူ့ဒေါသများကို ဝအောင်ဖွင့်ချပြီးသည်ဟု ထင်လိုက်သော်ငြားလည်း သေကွင်းသေကွက် ထိုးနှက်ချက်တစ်ခု ရှိနေလိမ့်ဦးမည်ဟု ထင်မထားခဲ့ချေ။

သူက အလောတကြီး အော်ပြောလိုက်လေသည်။ "ပိတ်လိုက်။ အခုချက်ချင်း ဒါကိုပိတ်လိုက်"

သို့သော်ငြားလည်း အလွန်မှနောက်ကျသွားခဲ့ပြီး စပီကာများ၏ အကောင်းဆုံး အသံအရည်အသွေးက ဖန်ရှို့ကျစ်၏ စကားလုံးများကို လူတိုင်း၏နားဆီသို့ ရှင်းလင်းနေအောင် သယ်ပို့ပေးနေသည်...

နဥ်မိသားစု၏ အရေးကိစ္စများသည် ဒီအခြေအနေသို့ ရောက်ရှိသွားပြီး ပြန်ပေးဆွဲမှုတစ်ခုပင် ပါဝင်နေလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူတို့သည် မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များဖြင့် ဖန်ရှို့ကျစ်ကို ကြည့်နေကြ၏။

ဒီမိန်းမက အရမ်းရက်စက်တာပဲ။

နဥ်ရှောက်ယန်ကလည်း မယုံမကြည်နှင့် ပြေးထွက်သွားလေသည်။ "အမေ ကျွန်တော့်အမေက..."

"မစ္စတာနဥ် ဒါက..." ရှယ်ယာရှင်တစ်ယောက်က ရှေ့သို့ထွက်လာပြီး နှစ်သိမ့်ပေးနေသည့် အမူအရာတစ်ခုဖြင့် ပြောလိုက်သည်။ "ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"သခင်လေးနဥ် နဥ်မိသားစုက အခုအချိန်ကစပြီး မင်းအပေါ်ပဲ အားကိုးရမှာ စိုးရိမ်မိတယ်"

ရုံရှင်းက မနေနိုင်ဘဲ ပြောလိုက်၏။ "ဒီအဘိုးကြီးက တကယ့်ကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တာပဲ"

ဒီအချိန်တွင် တုံ့ပြန်မှု နှေးကွေးနေသည့် လူအများအပြားမရှိချေ။

ရှယ်ယာရှင်များက ဦးဆောင်လိုက်ပြီးသည့်နောက်တွင် တခြားသူများကလည်း ဖန်ရှို့ကျစ်နှင့် နဥ်ရှောက်ယန်တို့သည် ကံဆိုးမိုးမှောင်ကျပြီကို ချက်ချင်းသဘောပေါက်လိုက်ကြ၏။ သို့သော်ငြား နဥ်ရှောက်ပိုင်သည် နဥ်မိသားစု၏ ဆက်ခံသူတစ်ယောက် ဖြစ်လာသဖြင့် သူတို့တွင် အခွင့်အရေးတစ်ခု ရှိလိမ့်ဦးမည်။

ဒီလိုစဉ်းစားလိုက်ကြပြီး သူတို့မှာ မနေနိုင်ဘဲ နောင်တရသွားတော့သည်။ သူတို့သည် ခုနက အဘယ်ကြောင့်များ ပါဝင်ပတ်သက်ခဲ့ပါသနည်း။ အကယ်၍ နဥ်ရှောက်ပိုင်သာ နဥ်မိသားစု၏ ကုမ္ပဏီရှယ်ယာများကို လက်လွှဲယူခဲ့မည်ဆိုလျှင် သူသည် သူ့အကူအညီမပါဘဲ နဥ်မိသားစုကို သေချာပေါက် ပြိုလဲခွင့်ပေးလိုက်မည် မဟုတ်ချေ။

ကံကောင်းချင်တော့ အခုအချိန်တွင် အလွန်မှ နောက်မကျသေးပေ။

"ဖန်ရှို့ကျစ်က အဲဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ နဥ်ရှောက်ယန်ကလည်း ဒီအတိုင်း ကြွားလုံးထုတ်နေတာပဲ။ နဥ်မိသားစုက တကယ်တမ်းကျတော့ သခင်လေးနဥ်ကိုပဲ အားကိုးနေရတာ"

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ငါတို့တွေ နဥ်မိသားစုထဲမှာ ငွေအများကြီး ရင်းနှီးမြှုပ်နှံထားခဲ့တာပဲ..."

"သခင်လေးနဥ်က အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတာဆိုတော့ ငါတို့တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ပါဘူး"

"..."

နဥ်ရှောက်ပိုင်က အပြုံးတစ်ခုဖြင့် သူတို့ကိုဖြတ်ပြောလိုက်သည်။ "ကျွန်တော်က ယန်မြို့မှာနေရတာကို အရမ်းသဘောကျပြီးတော့ ထွက်သွားဖို့လည်း စိတ်ကူးမရှိဘူးလေ။ ဒီတော့စိတ်မပူပါနဲ့။ ကျွန်တော်က နဥ်မိသားစုရဲ့လုပ်ငန်းတွေကို သေချာပေါက် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး"

အဝေးမှ ချဉ်းကပ်လာသည့် ဥဩသံများကို နားထောင်လိုက်ပြီးသည့်နောက်တွင် သူက ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်တော်တို့မှာ ကျွန်တော့်တူလေးရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းစရာတွေ ရှိနေသေးလို့ ဒီနေ့တော့ ကျွန်တော့်ကို ခွင့်ပြုပါဦး"

ဖန်ရှို့ကျစ်သည် အလန့်တကြား ပြေးထွက်သွားသည့် ဦးလေးမာကို ကြည့်လိုက်ကာ မြေကြီးပေါ်တွင် ပုံကျသွားတော့သည်။

...

All Chapters