← Chapters

အပိုင်း(၉၈)

Vol. 7 Ch. 98

အပိုင်း(၉၈)

Vol. 7 Ch. 98

နောက်တစ်နေ့တွင် ကလေး၃ယောက်သည် နေ့လယ်ခင်းရောက်သည်အထိ အိပ်ခဲ့ကြပြီးမှ လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။

ပထမဦးဆုံး နိုးလာသူမှာ မောက်ဟွေ့ကျူးပင်။ သူမသည် မျက်လုံးများကို ဖွင့်လိုက်သည်တွင် သူမ၏ဘေးတွင် အိပ်နေကြသည့် ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကို တွေ့လိုက်သော်လည်း သူမက တအံ့တဩ ဖြစ်မသွားချေ။ နောက်ဆုံး သူတို့၃ယောက်သည် နေ့လယ်ခင်း တရေးတမော အတူတူအိပ်ခဲ့ကြသည်ပင်။

ရှမြန်သည် သူမက အေးအေးလူလူဖြစ်နေသည်ကို မြင်လိုက်ရ၏။ ရုတ်တရက်ဆိုသလို သူမသည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ခုန်ထကာ ချန်းချန်းကို ဆွဲထူတော့သည်။ "ချန်းချန်း မြန်မြန်ထ၊ ဒီနေ့သိုင်းလောက အစည်းအဝေးတစ်ခု ရှိတယ်လေ"

ချန်းချန်းက ၂ခါလောက် ညည်းညူလိုက်ပြီး တစ်ဖက်သို့ လှည့်သွားကာ ဆက်ပြီးအိပ်နေလေသည်။

မောက်ဟွေ့ကျူးက‌ စောင်ကိုမ,လိုက်ပြီး အဝတ်အစားကို ရှာဖွေရင်း ပြောလိုက်သည်။ "ဒါဆိုရင် သိုင်းလောက ခေါင်းဆောင်နေရာက ငါ့နေရာဖြစ်သွားပြီ"

ချန်းချန်းသည် ရုတ်တရက်ဆိုသလို သူ့မျက်လုံးများဖွင့်လာပြီး သူသည် အခြေအနေကို နားမလည်သေးခင်မှာပင် ပြောလိုက်လေသည်။ "သိုင်းလောက ခေါင်းဆောင်နေရာက ငါ့ဟာ"

ရှမြန်သည် ထိုစကားကို ကြားလိုက်ချိန်တွင် သူတို့ကို မစနောက်ဘဲ မနေနိုင်တော့ချေ။

"သိုင်းလောကခေါင်းဆောင်က ဝမ်ဖန်ဖြစ်သွားပြီ"

ချန်းချန်းသည် ရုတ်တရက် နိုးလာပြီး ထထိုင်လိုက်ကာ ရှမြန်ကို ကြည့်ပြီးပြောလိုက်၏။ "မဟုတ်ဘူး။ ဝမ်ဖန်က မိစ္ဆာဂိုဏ်းချုပ်ကြီးပဲ။ သူက သိုင်းလောကအစည်းအဝေးထဲ ဝင်ပြိုင်လို့မရဘူးလေ"

ထိုသို့ပြောလိုက်ရင်း သူသည် အဝတ်ဝတ်ရန် အဝတ်အစားများကို ပတ်ပြီးရှာဖွေတော့သည်။

တစ်ချိန်တည်းတွင် သူသည် သူ့တပည့်ရှောင်ဖုန်းလေးကို နှိုးဖို့မမေ့ချေ။ "ရှောင်ဖုန်း ထတော့"

ရှောင်ဖုန်းသည် သူတို့၏ဟိုတွန်းဒီတွန်းကြားက နောက်ဆုံးတော့ နိုးလာတော့သည်။ နိုးလာပြီးသည့်နောက်တွင်လည်း ကောင်ကလေးက နှုတ်ဆိတ်ကာ နေနေ၏။ သူသည် ရှမြန်ကို တွေ့လိုက်သည့်အချိန်မှ ချစ်စရာအပြုံးလေးတစ်ခုကို အရင်ဆုံးပြလိုက်ကာ "အန်တီလေး"

ရှမြန်က လျှောက်သွားလိုက်ပြီး သူ့ကိုအိပ်ရာထဲမှ ချီထုတ်လာခဲ့သည်။ သူ၏ပျော့ပျောင်းပြီး နာခံတတ်သည့် ရုပ်အသွင်လေးကို မြင်လိုက်ရချိန်တွင် သူမသည် မနေနိုင်ဘဲ မေးရတော့သည်။

"မနေ့ညတုန်းက သားဘာတွေ လုပ်ခဲ့လဲဆိုတာ မှတ်မိလား"

ရှောင်ဖုန်းသည် သူ့ခေါင်းလေးကို စောင်းထားကာ ဇဝေဇဝါဖြင့် သူမကို ကြည့်နေလေသည်။

"မနေ့ညတုန်းကဟုတ်လား" ထိုနောက်တွင်တော့ သူသည် သူ၏‌သေးငယ်သည့် သွားဖြူဖြူလေးများကို ထုတ်ပြလိုက်ပြီး"အိပ်သွားတာမလား"

ရှမြန်က သူ၏ထောင်တက်နေသည့်ဆံပင်လေးကို သပ်ချလိုက်ပြီး မျက်နှာကို ခပ်ကြမ်းကြမ်း အနမ်းပေးလိုက်ကာ "နင်လေးဟာလေ အရမ်းချစ်စရာကောင်းနေတော့ ငါ နင့်ကို ဒေါသမထွက်နိုင်တော့ပါဘူး"

ရှောင်ဖုန်းသည် ရှမြန်ပြောသည့်အဓိပ္ပာယ်ကို နားမလည်ချေ။ သို့သော်ငြားလည်း သူသည် အကျင့်အတိုင်း သူ့လက်လေးကို ဆန့်ကာ သူမ၏လည်ပင်းကို သိုင်းဖက်ထားရင်း သူမ၏လည်ပင်းကို ခေါင်းလေးဖြင့် တိုးဝှေ့လေသည်။

ရှမြန်က သူ့ကိုပွတ်သပ်ပေးလိုက်ပြီး အဝတ်အစားဝတ်ရင်း အလုပ်များနေကြသည့် တခြားကလေး၂ယောက်ကို ပြောလိုက်၏။ "စိတ်မပူပါနဲ့ ဖြည်းဖြည်းလုပ်။ နေ့လယ်ရောက်နေပြီ။ နင်တို့တွေ သိုင်းလောက အစည်းအဝေးကိုလည်း လုပ်နိုင်တော့မှာ မဟုတ်ပါဘူး"

ဒီနေ့မနက်ခင်း အစောပိုင်းတွင် သူမသည် မူကြိုကျောင်းသို့သွားပြီး ကလေး၃ယောက်အတွက် ခွင့်တိုင်ပေးခဲ့ရသေးသည်။

‌မောက်ဟွေ့ကျူးသည် ဒီစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ်စိုးရိမ်ပူပန်သွား၏။ "အယ် အခုနေ့လယ်ခင်း ဘာဖြစ်လို့ ရောက်သွားတာလဲ။ မနက်ခင်းကရော"

ရှမြန်က သဘောကျသွားကာ "နင်တို့တွေတစ်မနက်လုံး အိပ်နေကြတာလေ"

မောက်ဟွေ့လန်သည် ဆူညံသံကို ကြားပြီးဝင်လာကာ နှာခေါင်းရှုံ့ပြီး ရယ်မောတော့သည်။

"နင်က ဘယ်သူ့ကို အပြစ်လာတင်နေတာလဲ။ ဝိုင်နီတွေကို တိတ်တိတ်လေး ခိုးသောက်ဖို့ နင့်ကို ဘယ်သူပြောထားလို့လဲ"

"တိတ်တိတ်လေး ခိုးသောက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ" မောက်ဟွေ့ကျူးသည် သူမ၏မှတ်ဉာဏ်က ပျောက်ဆုံးနေသေးလား၊ သူမက အပြစ်ပေးခံရမှာကို ရှောင်ဖယ်ချင်၍လားတော့ မသိချေ။ သူမက လုံးဝကို အပြတ်အသတ်ငြင်းဆန်နေသည်။

"သမီးမသောက်ခဲ့ပါဘူး..." သူမ လွတ်သွားခဲ့သည့် သိုင်းလောကအစည်းအဝေးကို စဉ်းစားလိုက်မိသည်တွင် သူမသည် အနည်းငယ် စိုးရိမ်လာတော့သည်။ "အစ်မ သမီးကို ဘာဖြစ်လို့မနှိုးတာလဲ"

မောက်ဟွေ့ကျူးက သူ့မကို လျစ်လျူရှုထားပြီး ချန်းချန်းကို ကြည့်လိုက်၏။ "နင် မှတ်မိလား။ နင်တိတ်တိတ်လေး ခိုးသောက်ခဲ့တာလား"

ချန်းချန်းကတော့ ဒါကိုလုံးဝကို မှတ်မိနေသည်။ သူက မလုံမလဲ ခေါင်းလေးကို စောင်းထားလိုက်ပြီး ချက်ချင်းဆိုသလို စကားလမ်းကြောင်း ပြောင်းလိုက်၏။ "ငါ့မေမေရော"

နဥ်ရှောက်ယွင်က တံခါးနားတွင် ပေါ်လာသည်။ "ဒီမှာလေ"

ချန်းချန်းက မျက်နှာချိုသွေးကာ သူမကို ပြုံးပြလိုက်ပြီး "မေမေ သားအချိန်အကြာကြီး ဘာဖြစ်လို့ အိပ်ပျော်သွားတာလဲ"

နဥ်ရှောက်ယွင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ဘာဖြစ်လို့လဲဆိုတော့ သားကမနေ့ညက မူးအောင် သောက်လိုက်လို့လေ။ သားဦးလေးက သားကို ဆေးထိုးဖို့အတွက် ဆေးရုံကို ခေါ်သွားခဲ့တာ။ ဆေးထိုးပြီးသွားတော့ သားလည်းအချိန်အကြာကြီး အိပ်ပျော်သွားတော့တာပေါ့"

ချန်းချန်းသည် အမှတ်တတ်မဲ့ သူ့ဖင်လေးကို ကာထားလိုက်ပြီး ပြောလိုက်၏။ "ဒါပေမဲ့ မေမေ သားလုံးဝမနာဘူးရော"

နဥ်ရှောက်ယွင်သည် ကလေးများကို ခြောက်လှန့်ရာတွင် အနည်းငယ်သာ အတွေ့အကြုံရှိခဲ့၏။ ထိုအခိုက်အတန့်တွင် သူမမှာ မည်သို့ပြန်ဖြေရမည်ကိုပင် မသိတော့ချေ။

ရှမြန်က ပြုံးကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ နင်တို့တွေက မူးနေလို့လေ။ ဒါကြောင့်မလို့ နင်တို့တွေ ဒါကို မခံစားနိုင်တာပေါ့"

"မူးနေတဲ့အချိန်ကျရင် ဆေးထိုးရင် မနာဘူးလား" ချန်းချန်း၏အာရုံက အနည်းငယ် ပြောင်းသွားပြီး သူက မျှော်လင့်တကြီးဖြင့် နဥ်ရှောက်ယွင်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။ "ဒါဆိုရင် မေမေ နောက်တစ်ခါ ဆေးထိုးတဲ့အခါတိုင်း သား မူးအောင်သောက်ရမယ်..."

ရှမြန်...

ဆောရီး။ ငါတော့ မှားသွားပြီ။

နဥ်ရှောက်ယွင်က ဟန်ဆောင်ကာ ပြောလိုက်လေသည်။ "ဒါဆိုရင် မေမေတို့တွေ နောက်ထပ်ဆေးတစ်ချောင်းလောက် ထပ်ထိုးကြည့်ကြမလား"

ချန်းချန်းမှာ အလွန်မှ အထိတ်တလန့်ဖြစ်သွားပြီး ခေါင်းကို တွင်တွင်ခါတော့သည်။ "ဟင့်အင်း၊ ဟင့်အင်း၊ စကားနားမထောင်တဲ့ ကလေးတွေကပဲ ဆေးထိုးခံရမှာလေ။ မေမေ သားက စကားနားထောင်ပါတယ်"

နဥ်ရှောက်ယွင်က သူ့ကိုအဝတ်အစား ဝတ်ပေးလိုက်ပြီး သူ့ခေါင်းလေးကို ပွတ်သပ်ပေးကာ မေးလိုက်လေသည်။ "သားက စကားနားထောင်တယ်လို့ ထင်တယ်ပေါ့လေ။ သား မနေ့တုန်းက ဘာလုပ်ခဲ့လဲ။ သားက စကားနားထောင်တယ်လို့ ထင်လား။ ဒါမှမဟုတ် ညီလေးရှောင်ဖုန်းက စကားနားထောင်တယ်လို့ ထင်လား"

အမေဖြစ်သူက ထိုကိစ္စကို ထုတ်ပြောတော့မည်ကို မြင်လိုက်သည်တွင် ချန်းချန်းသည် အနည်းငယ် စိုးရိမ်စိတ် ဖြစ်လာ၏။ သူကမျက်လုံးလေးကို စွေထားလိုက်ကာ ရုတ်တရက် မောက်ဟွေ့ကျူးကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ "သားက မောက်ဟွေ့ကျူးထက်တောင် စကား ပိုနားထောင်ပါတယ်။ ဒါကြောင့် သူက ဆေးထိုးရမှာ"

ရှမြန်...

အဓိကဇာတ်လိုက်လို့ မပြောရဘူး။ ဒီလောက် ငယ်ငယ်ရွယ်လေးနဲ့ ပြီးပြည့်စုံတဲ့လော့ဂျစ်တစ်ခု ရှိနေတာပဲ။

တစ်ဖက်က မောက်ဟွေ့ကျူးကတော့ ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် ထိုသို့မလုပ်ချင်သည်မှာ သေချာလေသည်။ "နင်ကမှ စကားနားမထောင်တာ။ နင်ပဲ ဆေးထိုးခံရမှာ"

"နင်ပဲ ဆေးထိုးခံရမှာ၊ နင်ပဲဆေးထိုးခံရမှာ"

ကလေး၂ယောက်သည် စတင်ငြင်းခုံလာကြပြီး နောက်ဆုံးတွင်တော့ သူတို့၂ယောက်စလုံးသည် ဒေါသထွက်လာကြကာ ပြောလိုက်လေသည်။ "နင်တို့ဆေးထိုးခံရမှာ၊ နင်တို့၂ယောက်စလုံး ဆေးထိုးခံရမှာ"

ချန်းချန်းက ထိုစကားကို အော်ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ရှမြန်မှာ လက်ကို မြန်မြန်လှမ်းဆွဲလိုက်ပြီး သူ့ပါးစပ်ကို လှမ်းအုပ်လိုက်လေသည်။ "ကောင်ကလေး နင့်ရဲ့အရည်အချင်းကို မမေ့နဲ့လေ။ နင် အခုလေးတင် ပြောလိုက်တဲ့စကားကို ပြန်ရုပ်သိမ်းဖို့ နည်းလမ်းတစ်ခု ရှာဖွေသင့်တယ်လို့ ငါတော့ ထင်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နင်တို့အားလုံးကတော့ အမြဲတမ်း ဒုက္ခရောက်နေတော့မှာပဲ "

ချန်းချန်းက နားမလည်ချေ။ ဟုတ်ပါသည်။ သူသည် သူ့စကားလုံးကို မရုပ်သိမ်းနိုင်ခဲ့ချေ။

ရှမြန်ကိုယ်တိုင်ကပင် ဒါကိုရယ်စရာတစ်ခုဟု သဘောထားခဲ့ပြီး အတည်မမှတ်ခဲ့ချေ။

ရလဒ်အနေဖြင့် ညနေပိုင်းတွင် သိုင်းလောကအစည်းအဝေး၏ အသိအမှတ်ပြုခံရရန်အတွက် မူကြိုကျောင်းသို့ သွားမည်တကဲကဲလုပ်နေကြသည့် ကလေးများကို သွားကြိုပေးခဲ့ရသည်။

ဆရာမက သူမကိုလှမ်းတားကာ ပြောလိုက်၏။ "အခန်းထဲက ကလေး၂ယောက်က ဒီနေ့ အအေးမိသွားကြတယ်။ ဒါက တုပ်ကွေး ဖြစ်ဖို့များတယ်။ ကူးစက်မှာ စိုးရိမ်ရတယ်။ မိဘတွေက ပြန်ရောက်သွားတဲ့အချိန်ကျရင် ဒါကိုသေချာပေါက် ဂရုစိုက်ပေးရမယ်နော်"

ရှမြန်သည် သိုင်းလောကသူရဲကောင်း အသစ်နှစ်ယောက်နှင့် သူတို့၏တပည့်လေးကို ငုံ့ကြည့်လိုက်ပြီး သူမ၏စိတ်ထဲတွင် ဆိုးဝါးသည့် ခံစားချက်တစ်ခုဖြစ်လာ၏။

အိမ်သို့ပြန်ရောက်လာပြီးနောက် ဆရာမပြောခဲ့သည့်စကားများကို ပြန်ပြောပြလိုက်ပြီးနောက်တွင် မိဘများသည် အလွန်မှ အလေးအနက်ထားရတော့သည်။ သူတို့သည် ကလေး၃ယောက်ကို နွယ်ချိုမြစ်ပြုတ်ရေ တစ်ယောက်ချင်းစီ တိုက်ပေးလိုက်ပြီးနောက် သူတို့ကို ခဏလောက် တစ်ယောက်ချင်းစီ ခွဲထားလိုက်ကြကာ ကိုယ့်ဟာကိုယ် ကစားခိုင်းထားရတော့သည်။

သို့သော်ငြားလည်း နောက်တစ်နေ့မနက်ခင်းတွင် ကလေး၃ယောက်သည် ရန်တက္ကသိုလ်ဆေးရုံ၏ ကလေးဆေးခန်း အပြင်ဘက်တွင် တန်းစီပြီး ထိုင်နေရသေးသည်။

ဒီကာလသည် တုပ်ကွေးရာသီ အဖြစ်များဆုံးကာလဖြစ်၏။ စင်္ကြံပေါ်တွင် ကလေးများစွာရှိနေပြီး အထူးသဖြင့် ကလေးဆေးခန်းရှေ့တွင် ဖြစ်သည်။ သူတို့သည် တူညီသည့်ထိုးဆေးကို ထိုးနေရသော်ငြားလည်း ငိုယိုသံများကတော့ ကွာခြားလွန်းလှသည်။

ချန်းချန်းသည် မက်စ်သေးသေးလေးကို တပ်ကာ နဉ်ရှောက်ယွင်၏လက်မောင်းကို မှီထားပြီး စိုးရိမ်တကြီး ပြောလိုက်၏။ "မေမေသား ဆေးမထိုးချင်ဘူး"

နဉ်ရှောက်ယွင်က အနည်းငယ်ပူနေသေးသည့် သူ့နဖူးလေးကို စမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

"လိမ္မာတယ် ဆရာဝန်က စစ်ဆေးပြီးတဲ့အထိစောင့်ပြီးမှ မေမေတို့ထပ်ပြောကြတာပေါ့"

မောက်ဟွေ့ကျူးသည် ပုံမှန်ဆိုလျှင် တော်တော်လေးကို အကြောက်အရွံ့ကင်းလှသည်။ သို့သော်ငြားလည်း သူမက ဆေးထိုးရမည်ကို ကြောက်သေးသည်။ ရုတ်တရက်ဆိုသလို သူမက တစ်ခုခုကို သတိရသွားဟန်ဖြင့် ရှ၀မ်ယွဲ့၏ လက်မောင်းပေါ်သို့ တက်လိုက်ကာ "အမေ သမီး ဝိုင်နီသောက်ချင်တယ်"

ရှ၀မ်ယွဲ့သည် မနေ့က ဘာဖြစ်ခဲ့သည်ကို မသိချေ။ အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ မေးလိုက်၏။ "ဘာကိုလဲ"

ချန်းချန်းကလည်း သတိဝင်လာသည်။ "မေမေ သားလည်း ဝိုင်နီသောက်ချင်တယ်"

ရှမြန်...

သူမသည် သူမ၏ရင်ခွင်ထဲတွင် လိမ်လိမ်မာမာလေး ကွေးနေသည့် ရှောင်ဖုန်းကို မလုံမလဲ ငုံ့ကြည့်လိုက်လေသည်။

ကလေးက မက်စ်သေးသေးလေးကို တပ်ထားကာ သူမကို ကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးတစ်စုံကို အပြုံးတစ်ခုဖြင့် လှစ်ဟာပြထားလေသည်။

အဖျားအနည်းငယ်ရှိနေသည်ကလွဲလျှင် သူသည် စိတ်အားတက်ကြွနေဟန်တူပြီး ပုံမှန်နှင့် လုံးဝကွာခြားနေ၏။

သေးငယ်သည့်လက်တစ်ဖက်က ရှမြန်၏လက်ချောင်းများကို တင်းကြပ်နေအောင် ဖမ်းဆုပ်ထားသည်။ ရှမြန်က ကျန်သည့်လက်တစ်ဖက်ကိုသုံးကာ သူ့ကိုနှစ်သိမ့်ပေးရန် သူ့ကျောလေးကို အသာအယာ ပုတ်ပေးလိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်တွင် သူမ၏ရှောင်ဖုန်းက ချစ်စရာအကောင်းဆုံး ဖြစ်နေသေးသည်။

တခြားဘက်တွင်တော့ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့က သူတို့သည် ဝိုင်နီသောက်ချင်သည်ဟု အော်ဟစ်နေကြသေးသည်။

အထူးသဖြင့် မောက်ဟွေ့ကျူးပင်။ သူမသည် နေမကောင်းဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် ရှ၀မ်ယွဲ့ကတော့ သူမကို ရိုက်ခဲ့ပြီးလောက်ပြီ။

ချန်းချန်းက သူ့လက်သေးသေးလေးကို ဆန့်ထုတ်ပေးလိုက်ပြီး လက်ညှိုးနှင့် လက်မလေးကို ပူးကပ်သလောက် ထားလိုက်ကာ နဥ်ရှောက်ယွင်ကို စျေးဆစ်နေလေသည်။ "မေမေ သားနည်းနည်းလေးပဲ သောက်မှာလေ။ နည်းနည်းလေးပဲ သောက်မှာပါ..."

တကယ်တော့လည်း ငါ့အမှားပါပဲလေ။

ရှမြန်က သက်ပြင်းချလိုက်ပြီး ကလေး၂ယောက်ကို ပြောလိုက်၏။ "ဝိုင်နီသောက်စရာ မလိုပါဘူး။ နင်တို့တွေ ဆေးထိုးတဲ့အခါကျရင် သူနာပြုဆရာမရဲ့ အရက်ပြန်စိမ်ထားတဲ့ ဝါဂွမ်းလုံးထဲမှာ ၀ိုင်နီတွေပါတယ်လေ။ အဲဒါနဲ့ နင်တို့ဖင်ကို သုတ်လိုက်တာနဲ့ပဲ နင်တို့တွေ မူးသွားကြလိမ့်မယ်"

ချန်းချန်းက မျက်မှောင်ကြုတ်လိုက်သည်။ "တကယ်လား"

ရှမြန်... တလေးတနက် ခေါင်းညိတ်ပြလိုက်ပြီး သူမက ပြာယာခပ်မနေဘဲ ပြောလိုက်၏။ သူမသည် ထွက်ပေါက်တစ်ခုကို စဉ်းစားထားခဲ့ပြီးဖြစ်ရာ သေသေချာချာ ရှင်းပြရပေမည်။

မျှော်လင့်မထားဘဲ ချန်းချန်းက အရမ်းကို စဉ်းစားတွေးတောတတ်ပြီး တိုက်ရိုက်မေးလိုက်၏။ "ဒါပေမဲ့ အဲဒီကလေးတွေက ဘာဖြစ်လို့ ငိုနေသေးတာလဲ"

သူက ခဏလောက်တုံ့ဆိုင်းသွားပြီးမှ တလေးတနက် ပြောလိုက်၏။ "ကြည့်ရတာ သူက နာလို့ငိုနေတဲ့ပုံပါပဲ"

ရှမြန်က ပြောလိုက်သည်။ "အဲ့ဒါက သူတို့တွေက အများကြီး သောက်နိုင်နေလို့လေ။ နင်ပဲ ပြောခဲ့တယ် မဟုတ်လား။ နည်းနည်းလေးပဲ သောက်ရုံနဲ့ မူးသွားပြီဆို။ နင်တို့တွေ အများကြီး မသောက်နိုင်ဘူးလေ။ အလွန်ဆုံး နင်တို့က သူနာပြုဆရာမကို အရက်ပြန်စိမ်ထားတဲ့ ဝါဂွမ်းလုံးတွေ အများကြီးနဲ့ ပွတ်ခိုင်းလိုက်ရုံပဲပေါ့"

အခြေအနေကို စစ်ဆေးနေသည့်နဥ်ရှောက်ပိုင်သည် ထိုမှတ်ချက်များကို ကြားလိုက်ပြီး မရယ်ဘဲ မနေနိုင်တော့ချေ။

ဒီကလေးမရဲ့ လူတွေကို လှည့်စားတတ်တဲ့အရည်အချင်းကတော့ တကယ့်ကိုပါပဲ...

ရှ၀မ်ယွဲ့နှင့် နဥ်ရှောက်ယွင်တို့ကလည်း မရယ်မိအောင် ကြိုးစားထားရသည်။ အကြောင်းမှာ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့သည် နောက်ဆုံးတော့ တည်ငြိမ်သွားကြပြီး ဝိုင်နီသောက်ရန် မတောင်းဆိုကြတော့ချေ။

ခဏအကြာတွင် သူတို့ကို ခေါ်လေသည်။

ထိုခေတ်အခါတွင် သီးခြားဆွေးနွေးခန်းများထားသည်က တော်တော်လေး နည်းပါးသည်။ ပုံမှန်ဆိုလျှင် ဆရာဝန်၄ယောက်က တစ်ချိန်တည်းတွင် တစ်ခန်းတည်း၌ လူနာများကို ကြည့်ပေးရသည်။

ရှမြန်က ရှောင်ဖုန်းကိုချီပြီး တံခါးနားတွင်ထိုင်လိုက်၏။ သူတို့ကို စစ်ဆေးပေးနေသည့် ဆရာဝန်သည် ခပ်ပြည့်ပြည့်သက်လတ်ပိုင်း အမျိုးသမီးဆရာဝန် ဖြစ်သည်။ နဉ်ရှောက်ပိုင်က သူမကို ကြိုပြီး နှုတ်ဆက်ထားပုံရသည်။ ထိုကြောင့် ဆရာဝန်မက သူတို့ကို အလွန်မှ ဂရုတစိုက်စစ်ဆေးပေးပြီး အလွန်ကြင်နာတတ်သည့် သဘောထားတစ်ခုကို ပြသလေသည်။

ရှောင်ဖုန်းက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့ရင်ဘတ်ကို ဖွင့်ထုတ်ထားကာ တစ်ဖက်လူက သူ့ကို စစ်ဆေးပေးနေသည်ကို နာနာခံခံဖြင့် ခွင့်ပြုထားလေသည်။ ထို့နောက်တွင်တော့ ဆရာဝန်မက သာမိုမီတာကို ထုတ်ယူလိုက်ပြီး သူ့ချိုင်းကြားထဲတွင် ညှပ်ထားပေးလိုက်ပြီးနောက် သူ့အပူချိန်ကိုယူရန် စောင့်ဆိုင်းနေလိုက်သည်။

ခဏကြာပြီးနောက်တွင် သူနာပြုဆရာမတစ်ယောက်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာ၏။ "ဒေါက်တာလီ ခုတင်နံပါတ်၅ကကလေးက ဒီနေ့သိပ်ပြီးတော့ နေမကောင်းဘူး။ ကျွန်မ အခုတော့ သူ့ကို ဆေးထိုးမပေးရသေးဘူး..."

ရှမြန်၏လက်မောင်းထဲတွင် နာနာခံခံ ကွေးနေသည့်ရှောင်ဖုန်းသည် ရုတ်တရက်ဆိုသလို တင်းကြပ်သွားပြီး ရှမြန်၏လက်မောင်းကို ခပ်တင်းတင်း ဖတ်ထားကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

"အန်တီလေး"

ရှမြန်လည်း အခိုက်အတန့်တော့ မှင်တက်အံ့ဩသွားသည်။ ဒီအခြေအနေက သူမ အချိန်ကူးပြောင်းလာစက ဒီကလေးနှင့် တွေ့ဆုံသည့်အချိန်နှင့် ဆင်တူနေသည်။

ရှမြန်က သူ့ကိုမြန်မြန်တင်းနေအောင် ဖက်ထားပေးလိုက်ပြီး "ဘာဖြစ်လို့လဲ ရှောင်ဖုန်း။ ဘာဖြစ်လို့လဲ"

ရှောင်ဖုန်း၏မျက်လုံးများသည် သိပ်မဝေးလှသည့် နေရာတစ်ခုသို့ ရောက်နေ၏။ သူသည် အလွန်မှ ကြောက်ရွံ့နေသဖြင့် ရှမြန်ခန္ဓာကိုယ်ထဲသို့ပင် ဝင်သွားချင်နေသယောင်ဖြစ်နေသည်။ သူက ကလေးသံလေးဖြင့် ငိုယိုကာပြောလိုက်၏။ "အန်တီလေးရှောင်ဖုန်းကို မထိုးပါနဲ့"

ရှမြန်သည် သူ့အကြည့်ကို လိုက်ကြည့်လိုက်သည်တွင် သူနာပြုဆရာမ၏ လှည်းပေါ်က တန်းစီကာ တင်ထားသည့် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များကို တွေ့လိုက်ရသည်။

သူမက ရှောင်ဖုန်းကို မြန်မြန်ထချီလိုက်ပြီး ထရပ်လိုက်၏။ "မကြောက်နဲ့ မကြောက်နဲ့နော်။ အန်တီလေးက ရှောင်ဖုန်းကို နာအောင်မလုပ်ပါဘူး"

ချန်းချန်း...

ရှောင်ဖုန်းသည် ဆေးထိုးမည့်ကိစ္စကို ဘာတုံ့ပြန်မှုမှ မပြသခဲ့သဖြင့် ရှမြန်က သူအဆင်ပြေမည်ဟု ထင်ထားခဲ့သည်။

ယခုတော့ သူသည် ဆေးရုံသို့ တစ်ခါမှလာခဲ့ဖူးဟန် မတူချေ။ ထို့ကြောင့် ဆေးထိုးသည်ဟူသည့် အဓိပ္ပာယ်ကို မသိခြင်းသာဖြစ်ရမည်။ သူသည် ဆေးထိုးအပ်ကို မြင်လိုက်သည့်အချိန်တွင် ဟွမ်ရှောင်ကျွမ်းက သူ့အပေါ်ထိခိုက်စေခဲ့သည့် နှိပ်စက်မှုများကို ပြန်သတိရသွားဟန်တူသည်။

ရှမြန်မှာ အလွန်မှ စိတ်မကောင်းဖြစ်သွားပြီး သူ၏ကျောပြင်လေးကို ဆက်တိုက် ပွတ်သပ်ပေးနေလိုက်၏။ "မကြောက်နဲ့၊ မကြောက်နဲ့နော်။ အန်တီလေးက တကယ် ရှောင်ဖုန်းကို နာအောင်မလုပ်ပါဘူး"

"အန်တီလေး သားကိုကတိပေးတယ်။ ဟုတ်ပြီလား"

နဥ်ရှောက်ပိုင်က သူနာပြုဆရာမကို လှည်းကို မြန်မြန်တွန်း ထုတ်သွားခိုင်းလိုက်ပြီးနောက် ရှမြန်ကို ပြောလိုက်သည်။ "အချိန်စေ့ပြီ။ သာမိုမီတာကို ထုတ်လိုက်။ ကလေးကို အပြင်ခေါ်ပြီး လမ်းသွားလျှောက်လိုက်နော်"

ရှမြန်က ရှောင်ဖုန်း၏ ချိုင်းကြားထဲက သာမိုမီတာကို ထုတ်လိုက်ပြီး နဥ်ရှောက်ပိုင်ကို လှမ်းပေးလိုက်ကာ ဆရာဝန်မကို ပြောလိုက်လေသည်။ "ကျွန်မ တောင်းပန်ပါတယ်ရှင်။ ကျွန်မတို့ကလေးရဲ့ အခြေအနေက နည်းနည်းလေး ကွဲပြားနေလို့ပါ"

"ရပါတယ် ရပါတယ်" ဆရာဝန်မကလည်း သတိထားမိသွားပြီး ကိုယ်ချင်းစာစိတ်ဖြင့် ပြောလိုက်လေသည်။ "ကျွန်မ အပူချိန်ကိုပဲ စစ်ဆေးမှာပါ။ ဒေါက်တာနဥ်က ခဏနေကြမှ ရှင်တို့အတွက် ရလဒ်ကို ယူလာပေးပါလိမ့်မယ်"

ရှမြန်သည် ရှောင်ဖုန်းကိုချီကာ ဆေးရုံဝင်းတံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်ထွက်လာခဲ့သည်။ ရှောင်ဖုန်း၏ ခန္ဓာကိုယ်လေးသည် တဖြည်းဖြည်း ပြေလျော့လာသော်လည်း သူ၏ စိတ်အခြေအနေကတော့ အနည်းငယ် မတည်မငြိမ်ဖြစ်နေသေးကာ သူသည် ရှမြန်၏ပုခုံးပေါ်တွင် နုံးခွေစွာ မှီထားလေသည်။

"ဘာမှမဖြစ်ဘူးနော်" ရှမြန်က သူ့ကို တိုးတိုးလေးပြောလိုက်၏။

"အန်တီလေး သားကို ကတိပေးတယ်။ အန်တီလေးတို့ ဆေးထိုးတာတွေ ဘာမှလုပ်မှာ မဟုတ်ဘူး။ အလွန်ဆုံး အန်တီလေးတို့တွေ ဆေးနည်းနည်းပါးပါး သောက်မှာပေါ့။ ပြီးရင်ဖြည်းဖြည်းချင်း ပြန်ကောင်းလာအောင်လုပ်ကြမယ်လေ"

ရှမြန်၏လည်ပင်းကို သိုင်းဖက်ထားသည့် ရှောင်ဖုန်း၏ လက်သေးသေးလေးများက လှုပ်ရှားသွားပြီး သူသည် သူ့ပါးဖြင့် ရှမြန်၏လည်ပင်းလေးကို ချွဲနွဲ့စွာဖြင့် ပွတ်သပ်လိုက်လေသည်။

ရှမြန်မှာ အနည်းငယ် စိတ်အေးသွားရတော့သည်။

ဆေးရုံ၏လမ်းဘေးတွင် ဆိုင်တန်းလေးတစ်ခုရှိ၏။ လူကြီးတော်တော်များများက ဆေးထိုးပြီးစ ကလေးများကို ချော့မော့ဖို့ရန် ဒီနေရာသို့လာတတ်ကြသည်။

ရှမြန်က ကိတ်မုန့်ဆိုင်တစ်ခု၏ တံခါးနားအထိ ရှောင်ဖုန်းကို ချီသွားလိုက်ပြီး သူ့ကိုအထဲဘက်သို့ ကြည့်ရန် လက်ဟန်ပြလိုက်သည်။ "အန်တီလေးက သားအတွက် ခရင်မ်ကိတ်တစ်တုံး ဝယ်ပေးရမလား"

ရှောင်ဖုန်းသည် ဖြည်းဖြည်းချင်း လှည့်လာပြီး သူ့မျက်လုံးဝိုင်းဝိုင်းလေးများက အနည်းငယ် နီနေဆဲဖြစ်ကာ ရှမြန်က သူ့မျက်နှာသေးသေးလေးကို ထိကိုင်လိုက်ပြီး "ရှောင်ဖုန်း သား ခရင်မ်ကိတ်ကို တစ်ခါမှမစားဖူးသေးဘူး မဟုတ်လား"

ထိုအချိန်တွင် ခရင်မ်ကိတ်သည် စျေးကြီးသည့် ပစ္စည်းတစ်ခုဖြစ်ကာ လူအများအပြားက ထိုအရာကို မစားနိုင်ကြချေ။

ဒီအချိန်တွင် သားအဖ၂ယောက်က လျှောက်ပြီး ထွက်လာလေသည်။ ကလေးမလေးက အပေါ်တွင် ရောင်စုံပန်းများပါသည့် လက်တစ်ဖဝါးစာ ကိတ်မုန့်တစ်တုံးကို ကိုင်ထား၏။ ကိတ်မုန့်လေးက အလွန်မှလှပနေလေသည်။

မိန်းကလေးများအားလုံးသည် သူတို့မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးများ ရှိနေကြ၏။

အဖေဖြစ်သူက သူမ၏ခေါင်းလေးကို ချစ်စနိုးထိကိုင်ပေးပြီး ပြောလိုက်သည်။ "ဒီနေ့ ဖေဖေ့ကလေးလေးရဲ့ မွေးနေ့လေ။ ဒီတော့ မငိုရဘူးနော်"

ရှောင်ဖုန်း၏မျက်လုံးများက ကိတ်မုန့်ပေါ်သို့ ကျရောက်နေသည်ကို မြင်လိုက်ချိန်တွင် ရှမြန်က ပြုံးပြီးပြောလိုက်၏။

"ငါတို့ရှောင်ဖုန်းရဲ့မွေးနေ့ကလည်း မကြာခင် ရောက်လာတော့မှာပဲ။ မွေးနေ့ရောက်လာတဲ့အချိန်ကျရင် အန်တီလေးက သားအတွက် မွေးနေ့ကိတ်အကြီးကြီး ဝယ်ပေးမယ်နော်။ ဟုတ်ပြီလား"

ရှောင်ဖုန်းက နားမလည်နိုင်ချေ။ "မွေးနေ့ ဟုတ်လား"

ရှမြန်သည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဝမ်းနည်းသွားတော့သည်။ ဟုတ်သားပဲ။ ဒီကလေးက သူ့ဘဝမှာ မွေးနေ့ဆိုတာကို ဘယ်တုန်းကမှ သိခဲ့ဖူးမှာ မဟုတ်ဘူးလေ။

"ဟုတ်တယ် မွေးနေ့လေ" ရှမြန်ကသူ့မျက်နှာသေးသေးလေးကို နမ်းလိုက်ကာ ပြောလိုက်၏။ "အဲဒါက ရှောင်ဖုန်းလေးကို မွေးတဲ့နေ့ပေါ့။ အဲဒီနေ့က ရှောင်ဖုန်းတစ်ယောက်တည်း ပိုင်တဲ့နေ့လေ။ ပေါင်ပေါင်းက အဲဒီနေ့မှာ ပေါင်ပေါင်းလုပ်ချင်တာတွေ အကုန်လုပ်လို့ရတယ်"

ရှောင်ဖုန်းသည် သူတစ်ယောက်တည်းပိုင်ဆိုင်သည့် ထိုနေ့က ဘာဖြစ်သည်ကို တော်တော်လေး နားမလည်ခဲ့ချေ။ သို့သော်ငြားလည်း သူသည် သူလိုချင်သည့်အရာနှင့် ပက်သက်ပြီး အမြဲတမ်း ရိုးရိုးရှင်းရှင်းရှိလေသည်။

သူက ရှမြန်ကို ဖက်ထားလိုက်ပြီး "ရှောင်ဖုန်းက အန်တီလေးနဲ့ပဲ တစ်သက်လုံးနေချင်တာ"

"ဒါက ဆုတောင်း မဟုတ်ဘူးလေ။ အန်တီလေးက သားနဲ့အမြဲတမ်း အတူတူရှိနေမှာပဲ"

ရှမြန်က သူ့ခေါင်းလေးကို အသာအယာထိပြီး ပြောလိုက်၏။ "ရပါတယ် အန်တီလေးက သားအတွက် ပျော်ရွှင်ဖို့ကောင်းတဲ့မွေးနေ့တစ်ခုကို လုပ်ပေးမှာ"

သူဒီလောကကို ရောက်လာတဲ့အတွက် ပျော်ရွှင်နေကြတဲ့သူတွေ ဒီလောကမှာ အများကြီး ရှိတယ်ဆိုတာကို သူ့ကိုသိခွင့်ပေးရမယ်။

နည်းနည်းလေး လောဘကြီးတတ်ပြီး နည်းနည်းလေး အထိန်းအကွပ်မဲ့ပြီး ဒီလောကထဲမှာ သူနဲ့ထိုက်တန်တဲ့ပျော်ရွှင်မှုကို တောင်းဆိုတတ်အောင် သူ့ကိုသင်ပေးရဦးမယ်။

နောက်ဆုံးတွင် ရှမြန်သည် ရှောင်ဖုန်းကို လက်တစ်ဖဝါးစာကိတ်မုန့်တစ်တုံး သွားဝယ်ပေးလိုက်၏။

သူမက မဝယ်ပေးချင်၍တော့ မဟုတ်ချေ။ ဒီခေတ်ကာလ၏ ခရင်မ်ကိတ်အရည်အသွေးက အမှန်ပင် ညံ့ဖျင်းလှသောကြောင့် ဖြစ်ပေသည်။

အရောင်များက ထူးထူးဆန်းဆန်း ဆေးဆိုးထားသည်ကိုမပြောနှင့် ခရင်မ်က ပင်မာကြောနေကာ မကျန်းမာသည့်ကလေးများကို ပိုပြီးမကျန်းမာအောင် လုပ်နေသည်ဟုပင် ခံစားရစေသည်။

သို့သော်ငြားလည်း ရှောင်ဖုန်း၏ အံ့ဩခြင်းအပြည့်ဖြစ်နေသည့် မျက်လုံးများကို မြင်လိုက်သည်တွင် ရှမြန်က အတုံးငယ်လေးတစ်တုံးတော့ ဝယ်ပေးခဲ့သေးသည်။

သူတို့သည် ကိတ်မုန့်ဆိုင်မှာ ထွက်လာသည်နှင့်ချက်ချင်း ရှ၀မ်ယွဲ့နှင့် နဥ်ရှောက်ယွင်တို့ကလည်း ကလေး၂ယောက်ကို လက်တွဲကာ ထွက်လာကြသည်။

နဥ်ရှောက်ပိုင်က သူတို့နောက်မှ လိုက်ထွက်လာကာ အညိုရောင်စက္ကူဆေးအိတ်ကို ရှမြန်ဆီသို့ လှမ်းပေးလိုက်သည်။ "ကလေးက အဆင်ပြေပါတယ်။ အချိန်မှန် ဆေးတိုက်ပေးရုံပဲ။ အသေးစိတ်ကိုတော့ နောက်မှ ငါ့အစ်မကို မေးလိုက်"

ရှမြန်သည် လုံးဝစိတ်အေးသွားပြီး ရှောင်ဖုန်းကိုပြောလိုက်၏။ "တွေ့လား ဦးဦးနဥ်က အားလုံး အဆင်ပြေတယ်လို့ ပြောနေတယ်"

ရှောင်ဖုန်း၏အမူအရာကလည်း စိတ်အေးသွားတော့သည်။ သူက သူ့ပါးစပ်သေးသေးလေးကို ဖွင့်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်လေသည်။ သူ၏ ရင်ဘတ်သေးသေးလေးက ရှုံ့သွားသယောင် မြင်လိုက်ရသဖြင့် လူများမှာ ချစ်စဖွယ်ဖြစ်ပြီး သနားစရာဖြစ်အောင် ခံစားမိတော့သည်။

နဥ်ရှောက်ပိုင်က သူ၏ထောင်နေသည့်ဆံပင်လေးကို သပ်ချပေးလိုက်ပြီး ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူးနော်၊ မကြောက်နဲ့တော့"

မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့ကလည်း ရောက်ချလာ၏။ သူတို့ထဲက တစ်ယောက်ကတော့ သူ့ကိုနှစ်သိမ့်ပေးရန် သူ့လက်လေးကို တွဲထားလိုက်လေသည်။

ချန်းချန်းက ပြောလိုက်၏။ "ရှောင်ဖုန်းမကြောက်နဲ့နော်၊ ငါတို့တွေ ဆေးထိုးစရာမလိုတော့ဘူး"

ရှမြန်က ပြုံးလိုက်သည်။ ကြည့်ရတာ ချန်းချန်းရဲ့ ကျီးပါးစပ်က ချစ်ခင်ရတဲ့သူတွေ အတွက်တော့ ထိခိုက်မှုတော်တော်လေး နည်းသွားတဲ့ပုံပဲ။

မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "ရှောင်ဖုန်း စိတ်မပူနဲ့နော်။ ငါတို့တွေနောက်ဆိုရင် ဝိုင်နီသောက်စရာလည်း မလိုတော့သလို ဆေးလည်းထိုးစရာ မလိုတော့ဘူး"

ကလေးများအားလုံးက အဆင်ပြေကြသဖြင့် လူကြီးများကလည်း စိတ်အေးကြရသည်။ ရှ၀မ်ယွဲ့မှာ ထိုစကားကို ကြားလိုက်ချိန်တွင် မနေနိုင်ဘဲ အော်ရယ်တော့သည်။ "နင်တို့ရဲ့ဖင်လေးတွေကို အရက်ခံနိုင်ရည် မစမ်းကြည့်လိုက်ရတာတော့ တကယ်နှမြောစရာပဲ"

ရှမြန်မှာလည်း မနေနိုင်ဘဲ အော်ရယ်တော့သည်။ "အရက်မူးသွားတဲ့ ဖင်တုံးလေးက ဘယ်လိုဖြစ်မလဲဆိုတာတော့ ကျွန်မလည်း မသိတော့ပါဘူး"

ချန်းချန်းနှင့် မောက်ဟွေ့ကျူးတို့သည် အမှတ်တမဲ့ သူတို့၏ဖင်လေးများကို ထိကိုင်လိုက်ကြ၏။ လူကြီးများမှာ မနေနိုင်တော့ဘဲ အော်ရယ်ကြပြန်သည်။ နဥ်ရှောက်ပိုင်က ရှမြန်၏နဖူးကို လှမ်းတောက်လိုက်ကာ ပြောလိုက်သည်။ "မင်း တစ်နေ့လုံး ပေါက်ကရတွေ ပြောနေတော့တာပဲ"

နဥ်ရှောက်ပိုင်က သူတို့ကို ညွှန်ကြားချက်တချို့ ပေးလိုက်ပြီးနောက် အလုပ်သို့ ပြန်ဝင်သွားလေသည်။

နဥ်ရှောက်ယွင်က ရှမြန်၏လက်ထဲက ကိတ်မုန့်ငယ်လေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒီကိတ်မုန့်မျိုးက မာဂျရင်းသုံးထားတာလေ။ ဒါက အရသာလည်းမရှိသလို ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ တကယ်လို့ ခရင်မ်ကိတ် ကိုစားချင်တယ်ဆိုရင် ဟွမ်းဖူလမ်းကို သွားလို့ရတယ်။ အဲဒီမှာခရင်မ်စစ်စစ် ရတယ်လေ။ ဒါပေမဲ့ ဈေးကတော့ နည်းနည်းကြီးတယ်"

"မလိုပါဘူး။ ကျွန်မ အိမ်ပြန်ရောက်သွားတဲ့အခါကျရင် ကိုယ့်ဟာကိုယ် လုပ်တတ်ပါတယ်" ရှမြန်က စိတ်အခြေအနေ တိုးတက်လာသည့် ရှောင်ဖုန်းလေးကို လှုပ်ခါလိုက်ကာ ပြောလိုက်လေသည်။

"သားရဲ့မွေးနေ့ကျရင် သားရဲ့အန်တီလေးက သားအတွက် ခရင်မ်ကိတ်တစ်ခုကို ကိုယ်တိုင်လုပ်ပေးမှာ ဟုတ်ပြီလား"

ရှောင်ဖုန်းက သူ့နှုတ်ခမ်းလေးကို တင်းနေအောင် စေ့ထားလိုက်ပြီး ပြုံးပြလိုက်လေသည်။

မောက်ဟွေ့ကျူးကတော့ ပျော်ရွှင်ထားနှင့်ပြီးဖြစ်၏။ ယခုတော့ သူမသည် အတွေ့အကြုံတစ်ခု ရခဲ့ပေသည်။ ရှမြန်က လှုပ်ရှားလိုက်သည့်အချိန်တိုင်း စားလို့မကောင်းသည့် အရာမရှိချေ။

နဥ်ရှောက်ယွင်က ပြောလိုက်၏။ "ရှောင်ဖုန်း မွေးနေ့ရောက်တော့မှာလား"

ရှောင်ဖုန်းသည် ခဏလောက်တော့ တွေဝေနေသေးသည်။ သူသည် မွေးနေ့ပွဲ၏အဓိပ္ပာယ်ကို တော်တော်လေး နားမလည်သေးချေ။ ထို့ကြောင့် ရှမြန်ကို ကြည့်လိုက်၏။

ရှမြန်က ပြုံးပြီး ပြောလိုက်သည်။ "ဟုတ်တယ် နောက်တစ်ပတ်သောကြာနေ့က ရှောင်ဖုန်းရဲ့မွေးနေ့လေ။ ရှောင်ဖုန်းအတွက် မွေးနေ့လက်ဆောင်တစ်ခု ပြင်ဆင်ထားဖို့မမေ့ကြနဲ့နော်”

...

All Chapters