တန်ကြေး ... ။
Vol. 9 Ch. 104
ကူချန်မှပြုံးလျက် မက်မွန်ပွင့်ကို ဆက်ကောက်နေပြီး မင်ယွဲ့ကိုင်ထားသော ခြင်းတောင်းထဲ ထည့်လိုက်သည်။
“ ငါ … ခွိုက်ဖူဆေးပြား သန့်စင်ဖို့ စဉ်းစားနေတယ်။ ”
“ မင်း … ။ ”
တာအိုချင်းရှတစ်ယောက် အနည်းငယ်ရှုပ်ထွေးသွားသည်။ ထို့နောက် တစ်စုံတစ်ရာတွေးမိပြီး၊
“ ရှန်ရှင်းနယ်ပယ်အဆင့် ချိုးဖြတ်ဆေးအကြောင်း မင်းပြောနေတာလား။ ”
-ဟု ပြန်မေးလိုက်၏။
ကူချန်မှ ခေါင်းညိတ်ပြသဖြင့် တာအိုချင်းရှခမျာ ချက်ချင်း စိတ်လှုပ်ရှား လာတော့သည်။
“ ခွိုက်ဖူဆေးပြား ... ။ ”
ဤသည်မှာ ရှန်ရှင်းနယ်ပယ်မှ ယွမ်ဖူနယ်ပယ်သို့ တက်ရောက်လိုသူများ အတွက် အိပ်မက်ဆေးပြားပေပင်။
ဂိုဏ်းရှိ ပြင်ပသင်းထောက်ထံမှ ထိုဆေးပြားအမည်ကို ကြားဖူး၏။ ရုတ်တရက် ဖြစ်သဖြင့် ချက်ချင်း သတိမရခဲ့ချေ။
ထိုဆေးပြား အဋ္ဌမတန်းဆေးပြား ဖြစ်သော်လည်း စျေးနှုန်းသည် သတ္တမတန်း ဆေးပြားများထက် မြင့်မားချေ၏။
လူအများစုသည် ရှန်ရှင်းနယ်ပယ်၌ ပိတ်မိနေတတ်ကြသဖြင့် ထိုဆေးပြားမျိုးသာ ပေါ်လာသော် သုတ်သော်သောင်းနင်း ဖြစ်ကုန်ကြပေသည်။
ထို့ကြောင့် ခွိုက်ဖူဆေးပြားသည် အမြဲတမ်းရှားပါးပြီး စျေးနှုန်းသည် အခြားသော ဆေးများထက် များစွာမြင့်မားခြင်းဖြစ်၏။
ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူ(၁၀)ဦးတွင် (၂)ဦးသို့မဟုတ်(၃)ဦးသည်သာ သဘာဝအတိုင်း ယွမ်ဖူနယ်ပယ်သို့ တက်ရောက်နိုင်၏။
သို့သော် ရှန်ရှင်းနယ်ပယ် ရောက်ရှိပြီး နှစ်(၃၀)အတွင်း မည်သူတစ်ဦး တစ်ယောက်မျှ ယွမ်ဖူနယ်ပယ်ကို သဘာဝအတိုင်း မရောက်ချေ။
ချီသန့်စင်ခြင်းနယ်ပယ်နှင့် ရှန်ရှင်းနယ်ပယ်သည်လည်း အလားတူပေပင်။ ချီစုစည်းခြင်းနယ်ပယ်၌ အတွင်းအင်္ဂါများကို သန့်စင်ပြီး ရှန်ရှင်းနယ်ပယ်၌ စွမ်းအင် လမ်းကြောင်း၊ အရွတ်နှင့် အရိုးများကို သန့်စင်ရ၏။
ယွမ်ဖူနယ်ပယ်သည် ခန္ဓာကိုယ်အတွင်း လျှို့ဝှက်နယ်မြေကို ဖွင့်ပေးသည်။ ထို့ကြောင့် ထိုနယ်ပယ်ကို ကျင့်ကြံခြင်းစတင်ခြင်းအဖြစ် သတ်မှတ်ချေပြီ။
ဤကမ္ဘာပေါ်တွင် ထိုသို့သော ကျင့်ကြံမှုလမ်းကြောင်းပေါ် မတက်လိုသည့် တစ်စုံတစ်ယောက် မည်သို့ရှိနိုင်မည်နည်း။
“ မင်းမှာ ... အောင်မြင်နိုင်တဲ့ အခြေအနေရှိလား။ ”
“ အင်း ... ။ ”
တာအိုချင်းရှက ကူချန်ကို မေးမြန်းလိုက်သည်။ ကူချန်မှ ခေါင်းညိတ်၏။ တစ်ဖက်လူသည် ရိုးသားလွန်းသောကြောင့် ဖုံးကွယ်ထားရန် ဆန္ဒမရှိချေ။
“ ဆရာ ... မင်းနဲ့ငါကြားက ရင်းနှီးတဲ့ဆက်ဆံရေးအရ ဒီလိုဆေးပြားမျိုးကို ပေးတာ ပြောပလောက်တာ မဟုတ်ပါဘူး။ ”
ပတ်ဝန်းကျင်ရှိ လူများစွာအတွက်၊ မိသားစုအတွက်၊ မိတ်ဆွေများအတွက် စသည့် ကမ္ဘာကြီးအတွက် သူ့ဘဝကို မပေးနိုင်ချေ။
ဤကမ္ဘာကြီးတွင် မွေးဖွားလာပြီးနောက် ဆန္ဒရှိသလိုရှင်သန်မည်။ သို့သော် အနည်းငယ် ကြင်နာတတ်သဖြင့် တစ်စုံတစ်ယောက်မှ အကူအညီလိုသော် သူ လျစ်လျူရှုမည် မဟုတ်ချေ။
အရာရာတွင် အကန့်အသတ်ရှိ၏။ ကိစ္စကြီးငယ်များ များလွန်းသော် ရှုပ်ထွေးလာ ပေမည်။
တစ်ကြိမ် ကူညီခြင်းသည် ဒုတိယအကြိမ်ဆီသို့ ဦးတည်နိုင်၏။ ထိုဒုက္ခကို မလိုချင်ချေ။ ယင်းကြောင့် တာအိုချင်းရှထံ ကြည့်ကာ၊
“ ဆရာ ... လက်ရှိ ငါ့ကူမိသားစု အခြေအနေကို မင်းလည်းနားလည်မှာပါ။ ”
-ဟု ပြောကြားလိုက်၏။
ဖူစုနိုင်ငံရှိ ကျားများ၊ မြေခွေးများ၊ ဝံပုလွေများနှင့် သူရဲကောင်းများစွာတို့သည် ကူမိသားစုထံသို့ ဦးတည်လာနေ၏။
“ ငါသိတယ် ... ။ ”
တာအိုချင်းရှမှ ခေါင်းညိတ်သည်။ လင်းရင်ဘုံကျောင်းတွင် နေထိုင်သော်လည်း ကမ္ဘာကြီးအကြောင်း နားလည်ထား၏။
ကူချန်နှင့် သူသည် သူငယ်ချင်းပေပင်။ နတ်နဂါးမြို့တော်သည် ကူမိသားစုအတွက် အုတ်မြစ်ဖြစ်၏။
တစ်စုံတစ်ရာ ဖြစ်ပျက်သွားသော် လင်းရင်ဘုံကျောင်းသည်လည်း လွတ်မြောက် နိုင်မည် မဟုတ်ချေ။
“ ငါမှာ ခွိက်ဖူဆေးပြားအတွက် ပါဝင်ပစ္စည်းတစ်ဖုံစာလောက်ပဲ ရှိသေးတယ် နောက်ထပ် ချင်ယွမ်ဈေးမြို့မှာ ...
... ဝယ်လို့ရနိုင်မလား ငါ မသိဘူး ... ဒါကြောင့် ဒီဆေးပြားက အရမ်းအဖိုးတန်တယ် သူတို့ကို ကူမိသားစုဆီပေးရမယ် ...
... ကူမိသားစုမှာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေရှိလာရင် ငါတခြားကိစ္စတွေကို လုပ်နိုင်ပြီ ... မင်းယူမယ်ဆိုရင် ကူမိသားစု လိုအပ်တဲ့အခါ မင်းကူညီရမယ်။ ”
ကူချန်က စကားရပ်ကာ မက်မွန်ပွင့်များ ဆက်ကောက်နေ၏။ တာအိုချင်းရှတစ်ယောက် မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးသွားသည်။
ယခင်အချိန်က ကမ္ဘာကြီးပြိုကျသော်မှ စိုးရိမ်ခြင်းမရှိချေ။ ယခုတွင်မူ သူ့တွင် မိန်းမနှင့် ကလေးနှစ်ယောက်ရှိနေပြီဖြစ်၏။ ထို့နောက် မျက်ခုံးများကို ပွတ်သပ်လျက်၊
“ ကောင်လေး ... မင်းငါ့ကို ပြဿနာအကြီးကြီး ပေးထားတာပဲ ဒါက တကယ့် ဒုက္ခ ... ။ ”
-ဟု ညည်းတွားလိုက်သည်။
အထူးသဖြင့် ကူချန်သည် တော်ဝင်မင်းသားတစ်ပါးကို သတ်ထား၏။ ထို့ပြင် ပုန်ကန်မှုသည်လည်း အထွတ်အထိပ် ရောက်နေပြီဖြစ်သည်။
ကူချန်မှ ပြုံးသည်။ အတင်းအကြပ် မတိုက်တွန်းချေ။ တာအိုချင်းရှ ဆုံးဖြတ်ချက်ကို လက်ခံပေမည်။
မက်မွန်ပွင့်များ ခြင်းတောင်းအတွင်း ပြည့်လျှံလာချိန်အထိ တာအိုချင်းရှတစ်ယောက် ရပ်နေဆဲဖြစ်သည်။ မင်ယွဲ့က ခြင်းတောင်းကို ကောက်လွယ်ကာ ပြန်ရန်ပြင်နေ၏။
အချိန်အတော်ကြာအောင် တိတ်ဆိတ် နေပြီးနောက် တာအိုချင်းရှခမျာ ရုတ်တရက် သက်ပြင်းချကာ ကူချန်ထံကြည့်သည်။
“ ငါတကယ် ရှုံးနိမ့်သွားပြီ ... အဲဒီနေ့တည်းက မင်းကို ဘုံကျောင်းထဲဝင်တာ ငါလက်မခံခဲ့သင့်ဘူး။ ”
အမှန်ပင် သူ့အသွင်သည် နောင်တရ နေပုံရ၏။ ကူချန်မှ ပြုံးသည်။
“ ဒါဆို မင်းသဘောတူလား ဆရာ။ ”
“ ရှန်ရှင်းနယ်ပယ်ကနေ ... ယွမ်ဖူနယ်ပယ်ကို ဝင်ရောက်ဖို့ အခွင့်အရေးက ဘယ်လောက်သွေးဆောင်မှု ပျင်းပြလဲ မင်းလိုလူက မသိနိုင်ပါဘူး။ ”
ယွမ်ဖူနယ်ပယ်။ ဤသည်မှာ ကျင့်ကြံခြင်းလမ်းအစ ဖြစ်သည်။ လောကကြီး၌ အင်မော်တယ်များ တကယ်ရှိချေ၏။
ထိုအင်မော်တယ်များနှင့် သာမန်သေမျိုးများကြား ခြားနားချက်သည် ယွမ်ဖူနယ်ပယ်မှ စလေသည်။
လေနှင့်မိုးကို ဆင့်ခေါ်ကြပြီး နတ်ဆိုးများသတ်ရန် တိမ်ပင်လယ်အတွင်း ပျံသန်းကာ ဓားများဆွဲကိုင်ထား၏။
တာအိုဘာသာကို လေ့ကျင့်သည်။ အဂ္ဂိရတ်ပညာကို ဖန်တီး၏။ ဝင်္ကပါခင်းလျက် နိုင်ငံတစ်နိုင်ငံကို ကိုင်လှုပ်နိုင်မည်။ မည်သူ ငြင်းဆန်နိုင်မည်နည်း။
သူ့အတွက် သက်တမ်းများစွာ ကျန်ရှိနေသေးသော်လည်း ဤအတားအဆီးကို ချိုးဖြတ်နိုင်ခြင်း ရှိ၊မရှိ မသိနိုင်ချေ။
ရှန်ရှင်းနယ်ပယ်တွင် ပြီးပြည့်စုံမှုကို ရရှိထားလျှင်ပင် လူများစွာသည် သက်တမ်း ကုန်အောင်ပင် မျှော်လင့်ချက်မဲ့ကုန်၏။
ယခု အခွင့်အလမ်းတစ်ခု ရှိနေသည်။ သဘာဝအတိုင်း လက်မလွှတ်ချင်သည်မှာ လူ မနောပေပင်။
တစ်ဖက်တွင် ငြင်းဆန်လိုက်သော် ကူမိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် ယွမ်ဖူနယ်ပယ်ရောက်ရှိကုန်မည်ကို တစ်ချိန်လုံး သူ ထိုင်ကြည့်နေရနိုင်သည်။
မည်မျှ မနာလိုစရာ ကောင်းမည်နည်း။ အတွေးဖြင့်ပင် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်မိ ပေလိမ့်မည်။
ကူချန်မှ သူ့ကို မနှောက်ယှက်ချေ။ မက်မွန်ပွင့်များကို ထပ်မံကောက်ယူပြီး ခြင်းထဲ ထည့်နေတော့သည်။
အဝေးမှကြည့်သော် တာအိုချင်းရှသည် မုတ်ဆိတ်မွှေးများကိုသပ်ကာရပ်လျက် နစ်မျော နေကာ ကူချန်သည် မက်မွန်ပွင့်ကောက်နေ၏။
လင်းရင်တောင်တန်း တစ်ခုလုံး မက်မွန်ပွင့်များဖြင့်ဝေကာ လှပသောပန်ချီကား တစ်ချပ်လိုပေပင်။ ခပ်ဝေးဝေးတွင် မင်ယွဲ့သည် မက်မွန်ပွင့်များ သယ်ရန်ပြန်လာနေချေပြီ။
“ အား ... ၊ အစ်မု ... ငါမပြောဘူး ငါမပြောတော့ဘူး။ ”
ရုတ်တရက် တောင်တက်လမ်းမဆီမှ ကျယ်လောင်သော အော်ဟစ်သံများကြောင့် သက်ဝင်နေသော ထိုပန်းချီကားပုံရိပ်များမှာ ပျက်ပြယ်သွားတော့၏။
***