← Chapters

ဓားဆွဲခြင်းပညာရပ်နှင့် ခုခံကာကွယ်မှု အစီရင် ... ။

Vol. 9 Ch. 106

ဓားဆွဲခြင်းပညာရပ်နှင့် ခုခံကာကွယ်မှု အစီရင် ... ။

Vol. 9 Ch. 106

သည်ကောင်လေး ဟဲရှလမ်းကို တကယ်သွားခဲ့သည်လော။ လက်ထဲရှိစာကို ပြန်ကြည့်ပြီး တွက်ချက်ကြည့်လိုက်၏။

ထိုအပြုအမူကြောင့် တာအိုချင်းရှတစ်ယောက် အနည်းငယ် စိုးရိမ်လာပြီး၊

“ ဘာဖြစ်တာလဲ ဒီကလေး အန္တရာယ်ရှိနေလား။ ”

-ဟု အမြန်မေးလိုက်၏။

ကူချန်မှ ခေါင်းရမ်းလျက် တာအိုချင်းရှထံ စာကိုပေးလိုက်သည်။ ထို့နောက် မင်ယွဲ့၊ မုဝေ နှင့် ရှောင်ယွင်ထံ လက်ဆင့်ကမ်းလိုက်၏။ လူတိုင်းအံ့အားသင့်သွားချေပြီ။

“ သူ ... သူ တကယ်ပဲ ဟဲရှလမ်းကို သွားခဲ့တာလား။ ”

ရှောင်ယွင်က အံ့သြသောအမူအရာဖြင့် ရေရွတ်၏။ ဟဲရှလမ်းရှိ မိုးခေါင်ရေရှားမှုဖြစ်စဉ် များကြောင့် လူသူဆိတ်သုဉ်းနေချေပြီ။

အိမ်ထောင်စု ဆယ်စုအတွင်း အိမ်ထောင်စုကိုးခုသည် လွတ်လပ်နေတော့၏။ ဤမတိုင်မီ ဟဲရှလမ်းဒေသသည် ဖူစုနိုင်ငံ၏ လူဦးရေအများဆုံး အရပ်ဖြစ်သည်။ ယခုမူ လူဦးရေသည် (၂၀)ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့၏။

အများစုသည် သူခိုးဓားပြများ ဖြစ်ကုန်ကြကာ ငတ်မွတ်လာချိန်၌ လူ့အသက် သက်ရန် တွန့်ဆုတ်ခြင်း မရှိကြချေ။

ကြီးစွာသော အငတ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် ပုန်ကန်သူများသည်လည်း ဟဲရှလမ်းရှိ ရုံးတော်ကို ဖျက်ဆီးခဲ့သည်။

လက်ရှိဖူစုတွင် ဟဲရှဒေသသည် ဦးခေါင်းမရှိသော မြွေသားရဲတစ်ကောင်ကဲ့သို့ ဖရိုဖရဲဖြစ်နေ၏။

တော်ဝင်မိသားစုမှ ကျွမ်းကျင်သူများ ပေးပို့လာခဲ့သည့်တိုင် ဟဲရှလမ်း၏ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ကြချေ။

ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် လူပေါင်းထောင်ဂဏန်းအထိကို ခြိမ်းခြောက်နိုင် သော်လည်း ဟဲရှလမ်းတွင် အနည်းဆုံး လူသန်း(၂၀)ခန့် ကျန်ရှိနေသေးသည်။

ထိုဒေသအပေါ် ကောင်းမွန်စွာ ထိန်းချုပ်လိုသော် အရပ်ဘက်အရာရှိများနှင့် စစ်သည်အင်အား အများအပြား လိုအပ်သည်။

လက်ရှိဖူစုနိုင်ငံသည် နေရာတိုင်းတွင် ပြောင်းလဲမှုများစ်နေသဖြင့် ဟဲရှလမ်းအပေါ် ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိသေးချေ။

ထို့ပြင် ဟဲရှလမ်း၌ ဝိညာဉ်ဂိုဏ်းသည် ၎င်း၏တည်ရှိမှုကို မဖုံးကွယ်တော့ဘဲ တရားဝင် ထွက်ပေါ်လာနေပြီဖြစ်သည်။

“ ငါတို့အားလုံးက အသွေးနဲ့ အသားရှိတဲ့အတွက် အားလုံးတစ်သားတည်းပဲ အကြင်နာတရားက ကမ္ဘာကြီးကို ကယ်တင်ပြီး ညီအစ်ကိုတွေအားလုံးကို ကယ်တင်မယ် ...

... သန့်ရှင်းသောသခင် အကျွန်ုပ်ကို တန်ခိုးအာဏာပေးတော်မူပါ ရောဂါအားလုံး ပျောက်ကင်းပြီး အသက်သည် ထာဝရ တည်ပါစေ။ ”

မုဝေတစ်ယောက် စာရွက်ပေါ်ရှိ ‘သွေးဝိညာဉ်ဂိုဏ်း၏ ဆောင်ပုဒ်ထံကြည့်ကာ လွန်ခဲ့သည့်နှစ်က သူမ ကြုံတွေ့ခဲ့ရသော မတော်တဆမှုကို ပြန်သတိရလာ၏။

အတွေးထဲ နစ်မျောလျက် ကူချန်ကို ငေးငိုင်စွာပြန်ကြည့်ကာ ရင်ဘက်ပေါ်လက်​​ဖြင့် အုပ်ထားလိုက်မိသည်။

အကြောင်းရင်းကို မပြောသော်လည်း ထိုနေ့က ကယ်တင်ရှင်သည် ကူချန်သာလျှင် ဖြစ်ကြောင်း ယုံကြည်နေ၏။ မင်ယွဲ့က စိုးရိမ်တကြီးဖြင့်၊

“ စီနီယာအစ်ကို ငါတို့ဘာလုပ်သင့်လဲ။ ”

-ဟု ကူချန်ကို မေးသည်။

“ လူတိုင်းဟာ ဆန္ဒနဲ့ ရွေးချယ်မှုကိုယ်စီ ပြုလုပ်ကြတယ် ရလဒ်ဘယ်လိုပဲ ဖြစ်နေပါစေ ဒါက လူတစ်ယောက်ရဲ့ ကံကြမ္မာပဲ။ ”

သူသည် သူ့ဖခင်ကူဖုန်းကဲ့သို့ပင် တခြားသူများအပေါ် အနှောင့်အယှက်ပေးမည် မဟုတ်ချေ။

ဤကမ္ဘာကြီးတွင် တူညီသော လူနှစ်ယောက်မရှိချေ။ လူတိုင်းတွင် ကိုယ်ပိုင် ရွေးချယ်မှုများရှိပြီး အတွေးကိုယ်စီရှိကြ၏။ အကြံဉာဏ်ပေးရုံသာ တတ်နိုင်ပြီး ဝင်ရောက် စွက်ဖက်မည်မဟုတ်ချေ။

မုဝေသည် ဥပမာဖြစ်သည်။ သူမ လင်းရင်ဘုံကျောင်းသို့ မကြာမကြာ လာရောက် ရသည့် အကြောင်းရင်းကို သူသိသည်။

မုဝေသည်လည်း သူ့သဘောထားကို သိထားသည်။ သို့တိုင် သူမ ရွေးချယ်ထား၏။ ထို့အတွက် မည်သူမျှ မမှားချေ။ လူတိုင်း တိတ်ဆိတ်သွားတော့၏။

အချိန်များ လျင်မြန်စွာ ကုန်လွန်နေသည်။ ယွမ်ဖူနယ်ပယ်ကျင်ကြံသူကို သတ်ပြီးနောက် ရှန့်နန်လမ်းသည် တည်ငြိမ်သွား၏။

ကူချန်သည်လည်း ဤကာလအတွင်း လေဟာနယ် ဓားသုတ္တန်၌ပါရှိသော ဓားအစီရင် အပေါ် တွေးတောဆင်ခြင်နေခဲ့သည်။

အဂ္ဂရတ်ပညာနှင့် ဝင်္ကပါပညာရပ်တို့နှင့် ယှဉ်သော် ဓားအစီရင်သည် တိုက်ပွဲများ၌များစွာ အသုံးဝင်သည်။ ၎င်းကိုထိန်းချုပ်ရန် ဓားတံဆိပ် အပေါ် နားလည်ရန်သာလိုပေမည်။

ဓားတံဆိပ်သည် ဝင်္ကပါပညာနှင့် ဓားပညာရပ်ကို ပေါင်းစပ်မှုပေပင်။ ဓားအချို့၌ အစီရင်ရူရ်ရေးထွင်းကာ အသက်သွင်းခြင်းဖြင့် တိုက်ပွဲအတွင်း အသုံးပြုနိုင်မည်။

အစီရင်သခင်များသည် အင်္ကျီလက် ဝှေ့ရမ်းရုံဖြင့် မယုံနိုင်ဖွယ်ရာ များပြားလှသော တိုက်ပွဲဝင်အစီရင်များကို ဖန်တီးနိုင်သည်။

အစီရင်များတွင် အကြီးစားအစီရင်နှင့် အသေးစားစီရင်ဟူ၍ ခွဲခြားထားလေသည်။ ကြီးမားသောအစီရင်များသည် အချိန်ကုန်ပြီး လုပ်အားပိုလိုအပ်သည်။ လိုအပ်ပစ္စည်းများ သည်လည်း ပိုများ၏။

သို့သော် ၎င်းသည် ဧရိယာအပေါ် ကျယ်ပြန့်စွာလွှမ်းခြုံနိုင်ပြီး စွမ်းအားကြီးမား ကြသည်။ ယင်းသည် ပြင်ဆင်ရန် အချိန်လို၏။

ထို့ကြောင့် ထိုအဆင့်အစီရင်ကို ဝင်္ကပါဟုခေါ်ဆိုကြကာ နယ်မြေများအပေါ် ကာကွယ်ရန် အသုံးပြုကြသည်။ ရန်သူကို ဆယ်ဆ သတ်ဖြတ်နိုင်၏။

တစ်ဖက်တွင် အသေးစားအစီရင်သည် စစ်သည်တော်များအတွက် မြန်ဆန်လက်တွေ့ ကျလေသည်။ တိုက်ပွဲငယ်များတွင် အလွန် ထိရောက်ပြီး သက်ရောက်မှုမှာ မြန်ဆန်၏။

ကူချန်တစ်ယောက် ကြယ်ကမ္ဘာ နယ်မြေအတွင်း ရပ်နေသည်။ ကောင်းကင်၌ မည်းမှောင်နေပြီး ပတ်ဝန်းကျင်သည် အမှောင် နံရံများဖြင့် ပိတ်ဆို့ထား၏။ သို့တိုင် မြေပြင်မှာ လင်းကျင်းနေသည်။

ယင်းသည် ကျောက်စိမ်းသစ်ခွမှ ထုတ်လွှတ်နေသော အလင်းရောင်များဖြစ် ချေ၏။

ထို့နောက် ကျောက်စိမ်းသစ်ခွပန်း ဘေးနားတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ဤနယ်မြေသည် စိတ်ဝိညာဉ်အပေါ် များစွာ သက်ရောက်မှုပေး၏။

ဆိုလိုသည်မှာ ရှုပ်ထွေးသော အကြောင်းအရာများအပေါ် ရှင်းလင်းရာတွင် အကူအညီရချေပြီ။

လက်ရှိ သူ့ တိုက်ပွဲဝင်စွမ်းအားသည် ဓားဆွဲခြင်း၌သာရှိသည်။ လျှို့ဝှက်နည်းစနစ်များ စျေးနှုန်းသည် မိုးထိအောင်မြင့်မားနေသဖြင့် ဝယ်ယူနိုင်ခြင်း မရှိသေးချေ။

ထို့ကြောင့် အစီရင်တစ်ခုကိုသာ နားလည်ထားသော် ကောင်းမွန်သော ဝှက်ဖဲ တစ်ချပ် ဖြစ်လာနိုင်ပေမည်။

“ ဝှစ် ... ။ ”

လက်ဖဝါးကို ဖြန့်ကြည့်လိုက်သည်။ ဝိညာဉ်ရေးစွမ်းအားများ ပိုးစုန်းကြူးများကဲ့သို့ ပျံ့ကျဲရုန်းကန်နေပြီး တိကျသော ပုံသဏ္ဍန်မရှိချေ။

သို့တိုင် ထူးခြားသော အလှတစ်ခု ရှိနေသည်။ အဆုံးတွင် သေးငယ်သောစွမ်းအင် စီးကြောင်း အဖြစ် ပေါင်းစပ်လာ၏။

ဝင်္ကပါတစ်ခု၏ မောင်းနှင်အားသည် စွမ်းအင်စီးဆင်းမှုဖြစ်သည်။ ထိုစီးဆင်းမှုအပေါ် အခြေတည်ကာ တောင်၊ မြစ်နှင့် သစ်ပင်တို့၏ ရည်ရွယ်ချက်ကို အသုံးချကြသည်။

အစီရင်တစ်ခုအတွက်မူ လူကိုဗဟိုပြုထား၏။ လူတစ်ယောက်ရှိသရွေ့ အစီရင်ရှိသည်။ ထိုလူသည် ဝိညာဉ်စွမ်းအင်များ လုံလောက်သော် ဆန္ဒအတိုင်းအသုံးချနိုင်၏။

လက်ရှိ လေ့ကျင့်နေသော အစီရင်သည် ခုခံကာကွယ်ရေးအစီရင် ဖြစ်သည်။ စွမ်းအင်ကို တံဆိပ်တစ်ခုဖန်တီးကြည့်ကာ ကျန်လက် တစ်ဖက်ဖြင့် တွန်းထုတ်လိုက်၏။

“ ဝူး ... ။ ”

အခြားလက်သည် ပိတ်ဆို့နေသော သဏ္ဍန်မဲ့အတားအဆီးတစ်ခုကို ရှင်းလင်းစွာ ခံစားလာရသည်။

“ စမ်းကြည့်ရအောင် ... ။ ”

“ ချပ် ... ။ ”

ထိုလက်ဖြင့်ပင် အစီရင်တံဆိပ်အပေါ် အားစိုက်ဖိချလိုက်၏။ အစီရင်ဖန်တီးထားသော ညာဘက်လက်သည် မည်သည့် ဖိအားမျှ မခံစားရချေ။

အစီရင်တံဆိပ်ကို ဖိအားပေးနေသော ဘယ်လက်သည်သာ ပါးလွှာသောအတားအဆီး တစ်ခုကို ခံစားနေရသည်။

“ ဒါပဲ ... ။ ”

ယင်းသည် နူးညံ့ပြီး မာကြောနေ၏။ ခိုင်မာသောနံရံတစ်ခုလိုပင်။ အစီရင်တံဆိပ်မှ ဖြစ်ပေါ်လာသော အလွှာတစ်ခုဖြစ်၏။

“ ဘန်း ... ။ ”

အဆုံးတွင် လက်ကို ရုတ်လိုက်သည်။ အစီရင်တံဆိပ်သည် ပူဖောင်းတစ်လုံးကဲ့သို့ပင် ပေါက်ကွဲပျက်ပြယ်သွား၏။

“ အရမ်းမိုက်တယ် ... ။ ”

မျက်ဝန်းများ တောက်ပလျက် ခေါင်းညိတ်လိုက်လေသည်။ ဤအစီရင်သည် ယွမ်ဖူနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးနိုင်၏။

နောက်ထပ် အလွှာများစွာကို ထပ်မံ ပေါင်းထည့်နိုင်သော် အကာအကွယ်ပို၍တိုးလာ နိုင်ပေမည်။

လက်ရှိအချိန်၌ အရေးကြီးဆုံးသည် အစီရင်ဖော်ဆောင်နိုင်မည့် အရှိန်နှင့် အလွှာကို အရေအတွက် တိုးမြှင့်ရန်ဖြစ်သည်။

သတ္တမ သို့မဟုတ် အဋ္ဌမအလွှာအထိ ပေါင်းစပ်နိုင်သော် ယွမ်ဖူနယ်ပယ်နှောင်းပိုင်းရှိ တစ်စုံတစ်ယောက်သည်ပင် သူ့ကို ဒဏ်ရာ ပေးနိုင်တော့မည် မဟုတ်ချေ။ အတွေးဖြင့် စိတ်လှုပ်ရှားလာတော့သည်။

***

All Chapters