← Chapters

ဓားတစ်လက် ... ။

Vol. 9 Ch. 107

ဓားတစ်လက် ... ။

Vol. 9 Ch. 107

လေထုထဲတွင် အပူရှိန်များ တဖြည်းဖြည်းမြင့်တက်လာနေပြီဖြစ်သည်။ ကူချန်တစ်ယောက် တံခါးပိတ်ကျင့်ကြံနေရာမှ ရပ်နားကာ အခန်းထဲမှထွက်လာခဲ့၏။

လင်းရင်ဘုံကျောင်း အနောက်ဘက် တောင်တန်းတစ်နေရာ၌ အပြာရောင်အခင်းပြား များကို လေးထောင့်ပုံစံခင်းပေးထားသော ရင်ပြင်တစ်ခုရှိသည်။

ထိုအရပ်မှနေ၍ ကျယ်ပြောလှသော ဟန်မြစ်ကို မြင်နိုင်၏။ မြစ်ရေသည် တဟုန်ထိုး စီးဆင်းလျက် အကြေးခွံများကဲ့သို့ ငွေရောင်များ တလက်လက်တောက်ပနေသည်။

ဤရင်ပြင်ကို တာအိုဘုန်းကြီးများ ကိုယ်ခံပညာလေ့ကျင့်ရန်အတွက် အသုံးပြုပြီး အနားတွင် သစ်ပင်ကြီးတစ်ပင် ရှိ၏။

ကူချန်သည် ထိုသစ်ပင်၏အမည်ကို မသိသေးချေ။ အရွက်သည် ကြီးမားလွန်းပြီး နွေရာသီတွင် အဝါရောင်ပြောင်းကာ ကြွေကျနိုင်၏။

ရင်ပြင်တစ်နေရာတွင် မင်ယွဲ့သည် သူသင်ပေးထားသော ဓားပညာကို လေ့ကျင့် နေချေပြီ။ တစ်ခါတစ်ရံတွင် ဝင်္ကပါပညာရပ် အပေါ် ပူးတွဲသင်ကြားပေးထား၏။

ကောင်းကင်တာအို ပေါင်းစည်းခြင်း ပညာရပ်တွင် ကောင်းကင်ဘုံရှိနက္ခတ်တာရာ၏ အချက်အလက်များပါရှိပြီး အခြေခံကျသော အစီရင်များကို အသေးစိတ်ဖော်ပြထားသည်။

“ ငါ့ကို လာတိုက် ... ။ ”

“ ရွှပ် ... ။ ”

ကူချန်မှ သစ်ပင်အောက်တွင် ရပ်ကာ မင်ယွဲ့ကိုလှမ်းခေါ်လိုက်၏။ မင်ယွဲ့တစ်ယောက် ပါးလျသော ဓားတစ်လက်ကိုင်လျက် ကူချန်ကို လှမ်းထိုးလိုက်သည်။

နှစ်ယောက်ကြား ကျင့်ကြံခြင်း ကွာဟချက်များသည် တွင်းနက်တစ်ခုလိုပေပင်။ ထို့ကြောင့် မင်ယွဲ့သည် သူမ၏ခွန်အားရှိသမျှ အသုံးချနေခဲ့သည်။

“ ဝှစ် ... ။ ”

ကူချန်သည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး ညာလက်ဖြန့်ကာ ပုတ်ထုတ်လိုက်၏။ ဓားဖျားလွဲချော်သွားသဖြင့် မင်ယွဲ့တစ်ယောက် ဦးတည်ချက်ကို ချက်ချင်းပြောင်းလိုက်သည်။

“ ဖျပ် ... ။ ”

“ ဝှစ် ... ။ ”

ဤတစ်ကြိမ်၌ ကူချန်မှ ခြေတစ်လှမ်း ပြန်ဆုတ်ကာ နောက်သို့ လှန်ချပြီး ရှောင်သည်။ တစ်ဆက်တည်းမှာပင် ဓားတံဆိပ်ကို ပစ်လွှတ်လိုက်၏။

မင်ယွဲ့က တိုက်ခိုက်မှုအပေါ် ရုတ်တရက် ပြောင်းလဲလိုက်ရသည်။ သို့သော် သူမခန္ဓာကိုယ် လှုပ်မရတော့ချေ။

“ ကောင်းတယ် ... ။ ”

ကူချန်မှ ကျေနပ်သွားသည်။ မင်ယွဲ့က သူမခြေထောက်များထံ ငုံ့ကြည့်လိုက်သောအခါ စွမ်းအင်များ စီးဆင်းနေသော အစီရင်တစ်ခုကို မြင်လိုက်ရသည်။

ယင်းသည် မူလက ခင်းကျင်းထားသော အစီရင်မဟုတ်ချေ။ ရုတ်ချည်း ပေါ်လာခဲ့ခြင်း ပေပင်။ ကြည့်နေဆဲမှာပင် အစီရင်မှာ ပျောက်ကွယ်သွားသည်။ မင်ယွဲ့မှ ခေါင်းမော့ကြည့်၏။

“ စီနီယာအစ်ကို ... ။ ”

“ မင်းက ဓားရေးအပေါ် ကျွမ်းကျင်နေပြီ၊ ဒါပေမယ့် ဦးတည်ချက်ကို တစ်နေရာထဲထားလို့ မရဘူး … မင်းကိုယ်မင်း ကန့်သတ်ထားသလို ဖြစ်နေလိမ့်မယ် ...

... ပြီးတော့ ... ဓားပညာဆိုတာ သတ်ဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးရတာ မင်းရဲ့ဓားရေးမှာ သတ်ဖို့ရည်ရွယ်ချက် ရှိမနေဘူး ...

... နောင်မှာ သားရဲအချို့နဲ့ မင်းလေ့ကျင့်ရမယ် အောင်မြင်ခြင်းရှိ-မရှိက မင်းရဲ့ကံကြမ္မာပဲ။ ”

ဤမတိုင်မီ သေဒဏ်ချပြီးသား အကျဉ်းသားအချို့ဖြင့် မင်ယွဲ့ကို လေ့ကျင့်ရန် စဉ်းစားခဲ့သည်။ သို့သော် ပြန်တွေးကြည့်ချိန်၌ ခွင့်မပြုလိုတော့ချေ။

အဆုံးတွင် တောရိုင်းတိရိစ္ဆာန်များကို သတ်ခြင်းဖြင့်သာ ပို၍အဆင်ပြေနိုင်ကြောင်း ဆုံးဖြတ်လိုက်ရသည်။ ကျန်သည်များမှာ မင်ယွဲ့၏ ကံကြမ္မာသာဖြစ်၏။

“ အစ်ကို၊ မင်းရဲ့ဓားဘယ်မှာလဲ။ ”

မင်ယွဲ့က ကူချန်ကိုပြန်ကြည့်ကာ မေးလိုက်သည်။

“ ပြီးတော့ ... ကျင့်ကြံသူတစ်ယောက်ရဲ့ ဓားနဲ့ .. စစ်သည်တော် တစ်ယောက်ရဲ့ဓားကြား ကွာခြားချက်ရှိလား စီနီယာအစ်ကို။ ”

“ ရှိတယ် ... ။ ”

ဤတစ်ကြိမ်၌ ကူချန်မှ ခေါင်းညိတ်ကာ ခဏမျှစဉ်းစားပြီး၊

“ စစ်သည်တော်တွေရဲ့ ဓားဟာ တိကျတဲ့ပုံစံရှိပြီး လှုပ်ရှားမှုတိုင်းက သတ်မှတ် ပုံစံအတိုင်းသွားရတယ် ... ဘယ်သူမဆို တက်မယ်၊ လှမ်းမယ်၊ ခုတ်မယ်။ ”

-ဟု တုန့်ပြန်လိုက်၏။ ထို့နောက်။

“ ကျင့်ကြံသူတွေရဲ့ ဓားကတော့ တာအိုပဲ အတားအဆီးမရှိဘူး ... ရွေ့လျားမှုသို့မဟုတ် ပုံစံ ဘာမှမရှိဘူး အားလုံးသဘာဝနဲ့ ပေါင်းစည်းနေတယ်။ ”

“ ဒါဆို ရှန်ရှင်းနယ်ပယ်ကို ဘာလို့ မဟာသခင်တွေလို့ ခေါ်ကြတာလဲ။ ”

“ ဘာလို့လဲဆိုတော့ သူတို့ရဲ့ လေ့ကျင့်မှုတွေက အားလုံးပြီးပြည့်စုံသွားလို့ပဲ သူ့အထက်မှာ တာအိုရှိတယ်။ ”

“ တာအိုလား ... ။ ”

မင်ယွဲ့က ဤစကားနှစ်လုံးကို ငြီးတွားလိုက်၏။ ကူချန်မှ ရော်ရွက်ဝါများ ကြွေနေသောသစ်ပင်ထံ မော့ကြည့်ပြီး၊

“ မှန်တယ် ... ဒါက ဓားအပေါ် မင်းရဲ့ ကျွမ်းကျင်မှုက သာမန်ထက်ပိုသွားတဲ့ အဆင့် ဆိုလိုတာက ဓားရေးကို ပြီးပြည့်စုံအောင် မင်းကျွမ်းကျင်လာရင် ...

... အုတ်မြစ်ချနိုင်ပြီလို့ အဓိပ္ပါယ်ရတယ် ... ဒါကို တာအိုထဲ ခြေတစ်လှမ်း ဝင်နိုင်လာပြီလို့ သတ်မှတ်ကြတယ် ...

... တာအိုဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ် ဒါကြောင့် မင်းရဲ့ဓားလည်း အမြဲပြောင်းလဲနိုင်မယ် ... ။ ”

-ဟု ပြောကြားလိုက်၏။ ထို့နောက်။

​“ ဆိုလိုတာက မင်းရဲ့ဓားဟာ မီးတောက်တစ်ခုလို လောင်မြိုက်ပေါက်ကွဲပြီး ရေတွေလို အဆုံးမရှိ စီးဆင်းနိုင်တယ် ... ဒါမှမဟုတ် လေပြင်းတွေလို လျင်မြန်ပြီး မြေကြီးလို တည်ငြိမ်လေးနက်နိုင်တယ် ...

... ပြောချင်တာက ဓားတာအိုဆိုတာ ကမ္ဘာပေါ်က အရာခပ်သိမ်းနဲ့လိုက်လျောညီထွေ ဖြစ်နိုင်တယ် ပြောင်းလဲနိုင်တယ်။ ”

“ ဒါဆို စီနီယာအစ်ကို မင်းဓားက တာအိုထဲဝင်နေပြီလား။ ”

မင်ယွဲ့တစ်ယောက် စူးစမ်းချင်စိတ်ကို မထိန်းနိုင်ခဲ့ချေ။ ထိုမေးခွန်းကိုကြားပြီးနောက် ကူချန်မှ ပြုံးလိုက်တော့၏။

“ ငါလား ... ခြေလှမ်းတစ်ဝက်လောက် ဝင်နိုင်နေပြီ။ ”

လေဟာနယ်ဓားသုတ္တန်သည် မည်သည့်အဆင့်တွင် ဖြစ်မည်ကို သူ မသိချေ။ သေချာသည်မှာ ပထမနှင့်ဒုတိယပုံစံသည် အုတ်မြစ်ဖြစ်ကြောင်း သူသိ၏။

တတိယပုံစံသည် လှုပ်ရှားမှုဖြစ်ကာ၊ စတုတ္ထမှာ လေဟာနယ်ဓား၏ ရည်ရွယ်ချက် ဖြစ်သည်။ ထိုပုံစံနှစ်ခုကို ကျွမ်းကျင်မှသာ တာအိုအတွင်း ခြေချနိုင်ပေမည်။

ဆိုလိုသည်မှာ တတိယပုံစံမှစကာ ဓားတာအိုအကြောင်း စတင်သိလာမည်ဖြစ်၏။ လေဟာနယ်ဓားသုတ္တန်သည် ဓားတာအိုအပေါ် ဖြည်းဖြည်းချင်း နားလည်သဘောပေါက် စေနိုင်သည့် ကျမ်းဖြစ်၏။

ဓားတာအိုကျမ်းဖြစ်နိုင်မည်။ လက်ရှိ သူလေ့ကျင့်နေသော လေဟာနယ်ဓားအရွေ့ ဟူသည် တတိယမြောက်ပုံစံဖြစ်သည်။

ဓားရောင်ဝါသည် ပြင်ပခွန်အားဖြစ်ပြီး ဓားရည်ရွယ်ချက်မှာ အတွင်းပိုင်းခွန်အားဖြစ်၏။ ဤနည်းဖြင့် ဓားသမားသည် ပြိုင်ဘက်အပေါ် အင်အားအပြည့်ဖြင့် ခြိမ်းခြောက်နိုင်မည်။

တစ်စုံတစ်ယောက်၏ ဝိညာဉ် သန်မာလာသည်နှင့်အမျှ ဓားရောင်ဝါသည် အားကောင်းမည်ဖြစ်၏။ ဓားရည်ရွယ်ချက်မှာမူ သန့်စင်သောခံယူချက် ဖြစ်သည်။

ပြင်းပြသော ဆန္ဒရှိသူများအတွက် ဓားရောင်ဝါအပေါ် အကျိုးသက်ရောက်မှုသည် ထင်သလောက်မပေးချေ။ ဓားရည်ရွယ်ချက် အပေါ်မူ ခြားနားသော အဓိပ္ပါယ်ပေပင်။

ဓားရောင်ဝါသည် အတုအယောင် ခြိမ်းခြောက်မှုဖြစ်သော ဓားရည်ရွယ်ချက်သည် အစစ်အမှန် ခြိမ်းခြောက်မှုဖြစ်၏။

တစ်စုံတစ်ယောက်ကို ဓားဖြင့်ခုတ်ပိုင်းခြင်းဖြင့် ဓားရည်ရွယ်ချက်သည် ထိုဒဏ်ရာပေါ်တွင် ကျန်ရှိနေမည်ဖြစ်၏။

ပယ်ဖျက်ရန် အလွန်ခက်ခဲသည်။ မင်ယွဲ့၏စူးစမ်းလိုသော မျက်ဝန်းများအပေါ် သတိထားမိသည့် ကူချန်မှပြုံးကာ၊

“ ဒါကို မင်းခံစားကြည့်ချင်လား။ ”

-ဟု မေးမြန်းလိုက်၏။

မင်ယွဲ့တစ်ယောက် ခဏမျှတုံ့ဆိုင်းပြီး ခေါင်းညိတ်ပြလိုက်သည်။ ရုတ်ချည်း လေထုမှာ ပြောင်းလဲသွားချေပြီ။

ကောင်းကင်ကြီးကို အလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်သကဲ့သို့ နေရောင်ခြည်များသည် အနည်းငယ် မှေးမှိန်လာ၏။

မင်ယွဲ့တစ်ယောက် ခန္ဓာကိုယ် တောင့်တင်းလာပြီး မျက်နှာဖျော့သွားသည်။ လေထု အပူချိန်ပင် ​ပြောင်းလဲသွား၏။

ဤနေရာတွင် နေရောင်ခြည်များ ရှိနေသေးသော်လည်း နွေးထွေးမှုကို မခံစားရဘဲ ထိုအစား အရိုးထိတိုင် အေးစက်ခြင်းပေပင်။

( နေဦး ... မဟုတ်ဘူး။ )

ယင်းသည် အအေးဒဏ် မဟုတ်ချေ။ ၎င်းထက် ပို၍အေးစက်သော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ဖြစ်သည်။ လေထုအတွင်း နေရာမလပ် ဓားများပြည့်နေသလိုပင်။

လေ၊ မြက်၊ သဲ၊ ကျောက်တုံးများနှင့် အရာအားလုံး ဓားများဖြစ်နေ၏။ မွှေးညှင်းများ သည်ပင် မကျန်ချေ။

“ ရွှပ် ... ။ ”

ထိုစဉ် ကူချန်က ချင်းဟုန်ဓားကို ဆွဲထုတ်လိုက်၏။ သို့သော် လက်ထဲ ပေါ်မလာ ခဲ့ချေ။ လေထဲချက်ချင်း ပျောက်ကွယ်သွား၏။

“ ဘုတ် ... ။ ”

ရုတ်တရက် မြေပြင်ပေါ် တစ်စုံတစ်ခုပြုတ်ကျသံ ထွက်ပေါ်လာသဖြင့် မင်ယွဲ့မှ ချက်ချင်းလှည့်ကြည့်လိုက်သည်။

(Crossbow)တစ်လက် ကိုင်ထားသော လက်တစ်ဖက် လက်ကောက်ဝတ်မှ ပြတ်ပြီး မြေပြင်ပေါ် ပြုတ်ကျနေသည်။

အနားတွင် ချင်းဟုန်ဓားသည် တစ်စုံတစ်ယောက်၏ လည်မျိုထံချိန်ရွယ်လျက် ပြန်ပေါ်လာ၏။ ထိုသူ၏ မျက်ဝန်းများသည် ထိတ်လန့်မှုကြောင့် တုန်ရင်နေသည်။

“ မင်းကို ... ငါဖိတ်ခေါ်ထားတာ မဟုတ်တဲ့အတွက် ယဉ်ကျေးနေမှာမဟုတ်ဘူး နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

ကူချန်မှ မဝေးလှသော ထိုသူထံ စိုက်ကြည့်လျက် ပြောကြားလိုက်တော့သည်။

***

All Chapters