← Chapters

ပိတ်လှောင်ခြင်း အစီရင်။

Vol. 9 Ch. 108

ပိတ်လှောင်ခြင်း အစီရင်။

Vol. 9 Ch. 108

( ဘာတွေဖြစ်နေတာလဲ ... ။)

မသက်မသာခံစားချက်များ ပျောက်ကွယ်သွားကာ မင်ယွဲ့တစ်ယောက် အံ့သြသွားခဲ့သည်။ မြေပြင်ပေါ်တွင် (crossbow) တစ်လက်ကိုင်ထားသော လက်ပြတ်ကြီးရှိ၏။

တစ်ဖက်တွင် သူမ မသိသော လူလတ်ပိုင်းအရွယ် လူစိမ်းအမျိုးသားတစ်ဦး ရှိနေသည်။ သေချာသည်မှာ တစ်ဖက်လူတွင် ကောင်းမွန်သော ရည်ရွယ်ချက် မရှိနိုင်ချေ။

အပြာရောင် ကျောက်ပြားများသည် တောင်အနောက်ဘက် ခြံဝင်းများအချင်းချင်း ဆက်သွယ်ပေးထားသည့် လမ်းဖြစ်သည်။

လူစိမ်းသည် လမ်းဆုံ၌ ရပ်နေ၏။ သို့တိုင် သူမသတိမထားမိသည်မှာ နားမလည်နိုင်စရာ ပေပင်။

“ ရောင်ဝါကို ဖုံးကွယ်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ရပ်ပါ။ ”

ကူချန်က သူမကို အဖြေပေးလိုက်သည်။ ထို့နောက် တစ်ဖက်လူအနား ရွေ့လျားလိုက်ပြီး ဦးခေါင်းပေါ် လက်ဖြင့် အုပ်ကိုင်လိုက်၏။

“ ရောင်ဝါဖုံးကွယ်နိုင်တဲ့ လျှို့ဝှက် နည်းစနစ်ကို သုံးတတ်တဲ့လူက ရှားလွန်းတယ် မင်းက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပဲ ... ကောင်းပြီ မင်းကို ဘယ်သူငှားခဲ့လဲ ပြောပြရင် သက်တောင့်သက်သာနဲ့ သေစေရမယ်။ ”

သို့သော် လုပ်ကြံသတ်ဖြတ်သူမှ ပြန်မဖြေချေ။ သူ မျက်နှာသည် မှုန်ကုပ်နေပြီး မျက်လုံးများထဲတွင် လက်မခံနိုင်မှုများရှိ၏။

“ ဓားသမားတစ်ယောက်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး ... သတင်း‌ပေးလာတဲ့လူက အတွက်မှားသွားပုံပဲ။ ”

တစ်ဖက်လူသည်သာ ဓားသမားမှန်း သိခဲ့သော် လာမည် မဟုတ်ချေ။ ဓားသမားသည် ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုများဖြစ်၏။

ထိုသူများသည် တိုက်ပွဲဝင်စွမ်းအား အပြင်းထန်ဆုံးသော ကျင့်ကြံသူများအတွင်း ပါရှိ၏။ သူ့အဖြစ်သည် ဥပမာပေပင်။

ရောင်ဝါဖုံးကွယ်ထားသည့်တိုင် မျက်စိတမှိတ်အတွင်း လက်တစ်ဖက်ဖြတ်ခြင်း ခံလိုက်ရသည်။

အဆိုးဆုံးအရာသည် ပစ်မှတ်သည် ယွမ်ဖူနယ်ပယ်ဖြစ်သော်လည်း ဓားတာအိုကို ခြေတဝက် နင်းနေပြီဖြစ်၏။

ယင်းသည် သံသယမရှိ ကြောက်စရာ ကောင်းအောင် ထက်မြက်လွန်းသော ဓားသမား တစ်ယောက်ဆိုသည်ကို ပြသနေသည်။

သူ့ အတွေ့အကြုံများအရ ယွမ်ဖူနယ်ပယ်တွင် ဓားတာအိုအပေါ် ဤသို့ နားလည်နိုင်သူ မရှိချေ။

“ မင်းငါ့ကို ဘယ်တုန်းက သတိထားမိတာလဲ။ ”

“ အရေးကြီးလို့လား ... ။ ”

ကူချန်မှ လုပ်ကြံသတ်ဖြတ်သူကို ပြန်ကြည့်လိုက်ပြီး၊

“ မင်းသေလူပဲ ... သိတော့ ဘာလုပ်လို့ရမှာလဲ။ ”

-ဟု ပြန်ဖြေလိုက်သည်။

လုပ်ကြံသတ်ဖြတ်သူမှ နှုတ်ဆိတ်သွား၏။ တစ်ဖက်လူလက်ဖဝါးသည် သူ့ခေါင်းထက်တွင် ပျံဝဲနေသည်။

ထိုလက်ဖဝါးသည် သူ့ခေါင်းကို ဖရဲသီးတစ်လုံးကဲ့သို့ အပိုင်းပိုင်းခွဲရန် အသက် တရှိုက်စာပင် ကြာမည်မဟုတ်ချေ။

“ မင်းလေထဲမှာ ဖြန်းလိုက်တဲ့ အဆိပ်ရဲ့သက်ရောက်မှုကို စောင့်ချင်ရင်တော့ ဆန္ဒပြည့်မယ်မထင်ဘူး။ ”

“ မင်း ... ။ ”

လုပ်ကြံသတ်ဖြတ်သူက ကူချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကူချန်က လက်ဝှေ့ယမ်းလျက် တံဆိပ်တစ်ခုကို ရေးဆွဲပြ၏။

အလင်းရောင် ပုံစံကွက်များ ထွက်ပေါ်လာကာ လေထုအတွင်းပြန့်နှံ့နေသော အဝါရောင်အမှုန့်များ စုဝေးလာတော့သည်။ လုပ်ကြံသတ်ဖြတ်သူခမျာ မျက်လုံးပြူးသွား၏။

“ အစီရင်သခင် ... ။ ”

တစ်ဖက်လူသည် ဓားသမားဖြစ်သည်သာမက ဝင်္ကပါပညာကိုပင် မြင့်မားစွာ နားလည်မှု ရထားချေပြီ။

( သေစမ် ... ။)

သတင်းပေးသူသည် ပစ်မှတ်သည် အရမ်းအစွမ်းထက်သည်ဟုသာ ပြောပြခဲ့၏။ ဓားသမား သို့မဟုတ် ဝင်္ကပါသခင်ဖြစ်ကြောင်း လုံးဝမပြောခဲ့ချေ။ ယင်းသည် တစ်ခုခု မေ့လျော့သွားသည်လော။

“ ဒီဆေးမှုန့်ဖြန့်ဖို့ လှုပ်ရှားလိုက်ချိန်မှာ မင်းကိုငါတွေ့တာ။ ”

ကူချန်မှ ပြောကြားလိုက်သည်။ ထို့ကြောင့် မင်ယွဲ့ကိုတိုက်ခိုက်စေလျက် ခြေလှမ်းတိုင်းတွင် ရှောင်တိမ်းရန် ရည်ရွယ်ကာ ဖိအားပေးခဲ့၏။

တစ်ချိန်တည်းမှာပင် အစီရင်တံဆိပ်ကို တာအိုဝတ်ရုံအောက်၌ ပုံစံဖော်ရန် ကြိုးစားထား ခဲ့သည်။ ထို့နောက် အဝါရောင်အမှုန့်များကို လက်ညိုး၊ လက်မဖြင့် ပွတ်သပ်ကြည့်၏။

“ ညတစ်ထောင်ပန်း ... အိမ်မက်စုစည်းခြင်းသစ်သီး ... အမြင်အာရုံကို လွဲမှားစေတဲ့ အာနိသင်ရှိတယ်။ ”

ကူချန်စကားကြောင့် လုပ်ကြံသူသည် ပို၍ပင် ထိတ်လန့်လာတော့သည်။ သည်ကောင် အဂ္ဂိရတ်ကိုလဲ နားလည်နေသည်လော။ လုံးဝ မှားယွင်းသော မစ်ရှင်ဖြစ်နေ၏။

အလုပ်ရှင်သည် သူ မသေမည့်အပေါ် ကြောက်နေပုံရသည်။ ထိုသူဟူသည် ပစ်မှတ်ကို မရည်ရွယ်ချေ။ လုပ်ကြံရန်လာသော သူ့ကိုသာ ရည်ရွယ်ချေပြီ။ ဓားသမား၊ ဝင်္ကပါသခင်၊ အဂ္ဂိရတ်ပညာရှင်။ ထိုသူကို အကြိမ်တစ်သန်း လုပ်ကြံသော်မှ ‌အောင်မြင်မည်မဟုတ်ချေ။

( ငါသေပြီးရင် မင်းဆီလာမယ်။)

စိတ်ထဲမှ အလုပ်ရှင်ကို ကျိန်ဆဲလျက် တစ်ဖက်တွင် သူ့ကိုမည်သို့ဖော်ထုတ်နိုင်သည့် အကြောင်း သိချင်လာပြန်သည်။ မဟုတ်သော် သေလျှင်ပင် ငြိမ်းချမ်းမည်မဟုတ်ချေ။

သူ့ရောင်ဝါ ဖုံးကွယ်မှု စွမ်းရည်ကို အလွန်ယုံကြည်သည်။ ယွမ်ဖူနယ်ပယ်သည် ဝိညာဉ်အသိ အသုံးမပြုထားသော် တည်ရှိမှုထံ ခံစားနိုင်မည်မဟုတ်ချေ။

“ မင်းရဲ့ ဝိညာဉ်အသိကို တစ်ချိန်လုံး ဖြန့်ကျက်ထားတာလား ဒါပေမယ့် မဖြစ်နိုင်ဘူး။ ”

အတွေးများဖြင့် ကူချန်ကို မေးမြန်းလိုက်သည်။ ဝိညာဉ်အသိဟူသည် စိတ်စွမ်းအင်ကို များစွာစားသုံး၏။

ယွမ်ဖူနယ်ပယ် တစ်ယောက်သည် ထိုသို့မလုပ်နိုင်သကဲ့သို့ မည်ည့်နယ်ပယ်မဆို ထိုသို့တစ်ချိန်လုံး ဖြုန်းတီးနေမည် မဟုတ်ချေ။ အလွန့်အကျွံသုံးခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရမည်ဖြစ်၏။

စိတ်စွမ်းအင် ကုန်ဆုံးခြင်း၏ အကြီးမားဆုံးအကျိုးဆက်မှာ တုံ့ပြန်မှုအရှိန်နှင့် ထိုးထွင်းသိမြင်မှုကို ထိခိုက်စေပေမည်။

ကူချန်မှ ပြန်မဖြေချေ။ သူ့တွင် အရာအားလုံးကိုမြင်နိုင်သော ကံကြမ္မာမျက်လုံး ရှိသည်။ မည်သည့် ပုန်းကွယ်မှုမျိုးမဆို မလွတ်မြောက်ချေ။

“ လက်ရှိအခြေအနေကို မင်းသိသင့်ပြီ အခုချိန်မှာ မေးခွန်းတွေဖြေသင့်တဲ့လူက မင်းပဲ ငါမဟုတ်ဘူး။ ”

ကူချန်စကားကြောင့် လုပ်ကြံသတ်ဖြတ်သူသည် သတိရသွားပြီး ချက်ချင်း ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် လုံးဝလှုပ်မရတော့ချေ။

လေထုထဲတွင် အလွန်သေးငယ်ပြီး ထက်ရှသောအလင်းများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ ဦးခေါင်းသာလျှင် လွတ်မြောက်နေသည်။

“ အစီရင် ... ။ ”

လုပ်ကြံသတ်ဖြတ်သူခမျာ မျက်နှာ ဖြူဖျော့လျက် ဆိုဖွယ်မရှိအောင် ဖြစ်လာသည်။ သူ မသိလိုက်ဘဲ အစီရင်ဖြင့် ချုပ်နှောင်ခြင်း ခံလိုက်ရချေပြီ။

“ အခုအချိန်မှာ မင်းလှုပ်ရှားနိုင်တဲ့ တစ်ခုတည်းသောအရာက မင်းရဲ့ပါးစပ်ပါပဲ မင်းကိုစဉ်းစားဖို့ ...

... အသက်ရှူချိန် ဆယ်ကြိမ်ပေးမယ် မဟုတ်ရင် ဒီနေရာမှာ သေဖို့အတွက် ... မင်း ရပ်စောင့်နေရပါ။ ”

ထို့နောက် ကူချန်မှ မင်ယွဲ့ကို လှည့်ကြည့်ကာ လက်ဝှေ့ယမ်းလျက် ထွက်ခွာ လိုက်တော့သည်။ အစီရင်သည် ခြေဖျားမှသည် လည်ပင်းအထိ ပိတ်လှောင်ထားချေ၏။

ယင်းသည် အစီရင်တစ်ခုဖြင့် တစ်စုံတစ်ဦးအပေါ် ပထမဆုံးအကြိမ်အဖြစ် ပိတ်လှောင်နိုင်ခြင်းပေပင်။

မင်ယွဲ့က ကူချန်နောက်မှ လိုက်လာစဉ် နောက်သို့ မကြာမကြာ ပြန်လှည့်ကြည့်နေ၏။ အဆုံးတွင် သည်းမခံနိုင်တော့ဘဲ၊

“ စီနီယာအစ်ကို ... သူတကယ် မလွတ်မြောက်နိုင်ဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။

ကူချန်က လက်နှစ်ဖက် နောက်ပို့ထားလျက်ဖြင့်၊

“ ဒီတောင်ပေါ်မှာ အစီရင်တစ်ခုရှိတယ် တစ်စုံတစ်ယောက် လှုပ်ရှားချင်နေတယ်ဆိုရင် ငါ့ကို သတိပေးလာလိမ့်မယ်။ ”

“ ဒါပေမယ့် ... ။ ”

မင်ယွဲ့က အနည်းငယ် သံသယဝင်လာပြီး၊

“ ငါတို့ ... သူ့ကို ဒီမှာထားခဲ့လိုက်ရင် တခြားလူတွေ ထပ်ပြီးရောက်လာနိုင်မှာလား။ ”

-ဟု မေး၏။

ကြေးစားအဖွဲ့အစည်း။ လုပ်ကြံ သတ်ဖြတ်သူများ စုစည်းထားသောကြောင့် ယင်းကို အဖွဲ့အစည်းဟု ခေါ်၏။

“ သေချာတာပေါ့ ... ။ ”

ကူချန်မှ တုန့်ပြန်သည်။ ထို့‌နောက် လှည့်မကြည့်ဘဲ၊

“ နောက်ထပ် သူ့အဖော်တွေကို လိုက်လာစေချင်တယ်။ ”

-ဟု တောင့်တစွာ ပြောကြားလိုက်သည်။

“ ဒီလူက လေ့ကျင့်ပေးထားတဲ့ လုပ်ကြံသူတစ်ယောက်ပဲ သာမန်ကြေးစားမျိုး မဟုတ်ဘူး ... ကျွမ်းကျင်တဲ့လုပ်ကြံသူတွေက သူတို့အဖွဲ့အစည်းရဲ့ ...

... လျှို့ဝှက်ချက်တွေကို သေတဲ့အထိ ထိန်းထားတတ်ကြတယ် အရေးကြီးဆုံးက ဖူစု နိုင်ငံလေးမှာ ... ဒီလိုအဖွဲ့အစည်းမျိုး မရှိဘူး ...

... သူနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ တစ်စုံတစ်ယောက် ရှိနေရင် ... သေချာပေါက် လက်စားချေဖို့ တစ်နေ့မှာ ကြိုးစားလာလိမ့်မယ် ဒါက အရမ်းအန္တရာယ်များတယ် ...

... ဒါဆို ... ဘာကြောင့် ငါတို့က အဲဒီသူ့မိတ်ဆွေတွေကို ထောက်ခြောက်ဆင်ပြီး အမြစ်ကနေဖယ်ရှားပစ်ဖို့ မစဉ်းစားရတာလဲ သူတို့အားလုံးကို သတ်ပစ်လိုက်ခြင်းကသာ ခြိမ်းခြောက်မှု ကင်းစင်သွားနိုင်မှာ ... ။ ”

***

All Chapters