← Chapters

နှစ်ဆတောင်းပါ ... ။

Vol. 9 Ch. 109

နှစ်ဆတောင်းပါ ... ။

Vol. 9 Ch. 109

ကျင့်ကြံမှုလောကရှိ ကြေးစား လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းအကြောင်း မသိသော်လည်း သေမျိုးလောကရှိ လူသတ် အဖွဲ့အစည်းများအကြောင်း ကောင်းစွာသိ၏။

မည်သို့ပင် ဆိုစေကာမူ ထိုအဖွဲ့အစည်းနှစ်ခု၏ လုပ်ဆောင်ချက်သည် အတူတူပင် ဖြစ်၏။

သေမျိုးလောက၌ ကြေးစား လူသတ်သမားများသည် မိဘမဲ့ကလေးများကို မွေးစားပြီး လေ့ကျင့်သင်ကြားပေးသည်။

ငယ်ရွယ်စဉ်ကတည်းကပင် သွေးအေးလွန်းပြီးရက်စက်သော လူသတ်သမား အဖြစ် ပြောင်းလဲထား၏။

ကလေးငယ်များအချင်းချင်း လေ့ကျင့်ရေးများတွင် သတ်ပစ်စေခြင်းဖြင့် ကျန်ရှိနေသူများကို ထိန်းချုပ်ကြသည်။

ထို့ကြောင့် လူသတ်သမားအဖြစ် တာဝန်များပေးအပ်ခံရချိန်တွင် သွေးအေးပြီး ရက်စက်ကြမ်းကြုတ်ကုန်တော့၏။

ဖူစုနိုင်ငံနှင့် အနီးတစ်ဝိုက်တွင် ချင်းယွမ်စျေးမြို့သည် ကျင့်ကြံသူများအတွက် အကြီးမားဆုံး စျေးဖြစ်သည်။

ထိုမြို့၌ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းများ မရှိသော်လည်း အခြားသော မြို့များ၌ မရှိဟု မဆိုလိုချေ။

အချို့သော လူသတ်သမားများသည် ကြင်နာတတ်ပြီး ကျွမ်းကျင်သော လုပ်ကြံသူသို့ အဆင့် မရောက်သေးကြောင်း ပြောနိုင်၏။

ထို့ကြောင့် ထိုသူများတွင် အဖော်အပေါင်းအသင်းများ ရှိနေနိုင်သည်။ သူ အကြောက်ဆုံးမှာ ထိုအရာပေပင်။

ဤလုပ်ကြံသူသည် သူ့၌ ထိုသို့သော အပေါင်းအသင်းမျိုးရှိနေပါက လွယ်လွယ်ဖြင့် ပြီးသွားနိုင်မည် မဟုတ်ချေ။

ယင်းအတွက် ထိုသူ၏ အပေါင်းအဖော်များကို ဖမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်ကို သတ်သော် ထိုသူနှင့်ပတ်သတ်သူများမှ လက်စားချေနိုင်၏။

ဤနည်းဖြင့် သူ့ပတ်ဝန်းကျင်ရှိ အခြားသူများအပေါ် ထိခိုက်စေလာနိုင်ပေမည်။ သူ့အနေဖြင့် လူတိုင်းကို ဂရုတစိုက်ကြည့်နေရန် မဖြစ်နိုင်ချေ။

“ စီနီယာအစ်ကို သူ့ကို ဘယ်သူလွှတ်လိုက်တာလဲ သိလား။ ”

“ နည်းနည်းသိမယ် ထင်တယ်။ ”

ကူချန်က မြောက်ဘက်သို့ လှမ်းကြည့်၏။ ထိုအရပ်တွင် ဖူစုရုံးတော်မှလွဲ၍ အခြားမည်သူမျှ မရှိချေ။ တစ်ဖက်တွင် ဤလုပ်ကြံမှုကြောင့် ကောက်ချက်အချို့လည်း ရှိလာ၏။

ဆိုလိုသည်မှာ တော်ဝင်မိသားစုရှိ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူသည် လတ်တလော လှုပ်ရှားရန် ဆန္ဒမရှိချေ။ ယင်းမှာ သတင်းကောင်းပေပင်။

***

ချင်ယွမ်ဈေးမြို့။

ခြံဝင်းတစ်ခုအတွင်း လူသုံးယောက် လျှို့ဝှက်စွာစုရုံးနေကာ တစ်စုံတစ်ခုအပေါ် အရေးတကြီးတိုင်ပင်နေ၏။

ဦးဆောင်သူသည် ပိန်ပိန်ပါးပါး အဘိုးအိုဖြစ်ကာ၊ ကျန်သူများမှာ တာအိုအဖိုးအို တစ်ဦးနှင့် လှပသောအမျိုးသမီးတစ်ဦးဖြစ်၏။

“ စုန့်လောင်စန်း မစ်ရှင်မအောင်မြင်ဘူး။ ”

အဘိုးအိုက ပြောလိုက်သည်။ ချစ်စရာကောင်းသော အမျိုးသမီးမှ၊

“ စုန့်လောင်စန်းက အထွတ်အထိပ် ယွမ်ဖူနယ်ပယ် ... ပစ်မှတ်က ယွမ်ဖူနယ်ပယ် ပြီးပြည့်စုံခြင်းမှာ ဖြစ်ပုံရတယ် ...

... အလုပ်အပ်တဲ့သူက ဒါကို မသိဘူး မဖြစ်သင့်တဲ့ ဆုံးရှုံးမှုတစ်ခုပဲ ဒါပေမယ့်လည်း စုန့်လောင်စန်းဟာ ယွမ်ဖူနယ်ပယ် အလယ်အလတ်အဆင့်နဲ့ ...

... အထွတ်အထိပ်အဆင့် ပစ်မှတ်ကို အောင်မြင်စွာ သတ်ခဲ့ဖူးတယ် အခုချိန်မှာ သူက ယွမ်ဖူအထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ သူက ဂရုမစိုက်တော့တာ သဘာဝပါပဲ။ ”

ထိုစကားကြောင့် ချစ်စရာကောင်းသော အမျိုးသမီးက မျက်ခုံးပင့်လျက်၊

“ ပြီးပြည့်စုံခြင်းနဲ့ အထွတ်အထိပ် နယ်ပယ်ကြားက ပါးလွှာတဲ့မျဉ်းတစ်ကြောင်းပဲ ရှိတယ်လို့ သူ တကယ်ထင်နေတာလား။ ”

-ဟု အော်ဟစ်လိုက်သည်။

ပြီးပြည့်စုံမှုအဆင့်သည် အရေးကြီးသော အဆင့်ဖြစ်သည်။ ထိုအဆင့်တွင် လူတစ်ဦးသည် အုတ်မြစ်ကို စုစည်းမှုပြုရ၏။

များများ စုစည်းနိုင်လေ သန်မာလေဖြစ်သည်။ အချို့သော သူများသည် ယွမ်ဖူနယ်ပယ် ပြီးပြည့်စုံခြင်းဖြင့် ခရမ်းရောင် နေမင်း နယ်ပယ်ကို ရင်ဆိုင်နိုင်၏။

တာအိုအဖိုးအိုမှ၊

“ အခုအခြေအနေကို အရင်ပြောပါ စုန့်လောင်စန်း သေပြီလား ... အသက်ရှင် နေသေးလား။ ”

“ မသေးသေးဘူး။ ”

ပိန်းပိန်ပါးပါးအဘိုးအိုက ခေါင်းယမ်းကာ သိုလှောင်လက်စွပ်မှ လက်သီးအရွယ်ရှိသော သလင်းကျောက်ကို ထုတ်ယူလိုက်သည်။

ကြည်လင်သော သလင်းကျောက်၏ အလယ်ဗဟိုတွင် မှိန်ဖျော့ဖျော့ အလင်းတစ်စ ရှိနေ၏။

“ စုန့်လောင်စန်းထားခဲ့တဲ့ ဝိညာဉ်ရေး အမှတ်အသားက ဒီမှာရှိနေတုန်းပဲ ဒါပေမယ့် အရမ်းအားနည်းနေပုံရပြီး အခြေအနေ မကောင်းပုံပဲ။ ”

“ ထွက်ပြေးလာတာလား ... ။ ”

“ မဟုတ်ဘူး ... ချုပ်နှောင်ခံထားရတယ်။ ”

“ ဘယ်လိုသိတာလဲ။ ”

လှပသောအမျိုးသမီးက အဘိုးအိုကို အံ့သြစွာ မေးမြန်းလိုက်သည်။ ပိန်ပိန်ပါးပါး အဖိုးအိုမှ၊

“ ဝိညာဉ်အသိနဲ့ စစ်ဆေးပြီးပြီ တောင်အနောက်ဘက် ရင်ပြင်တစ်နေရာမှာ လူ တစ်ယောက် ချုပ်နှောင်ခံထားရတယ် ... ဒါ စုန့်လောင်စန်း ဖြစ်ဖို့များတယ်။ ”

-ဟု ပြန်ဖြေ၏။

ထိုအဖြေကြောင့် တာအိုအဖိုးအိုနှင့် အမျိုးသမီးမှာ နှုတ်​ဆိတ်​သွားသည်​။ ပစ်မှတ်မှာ သေချာပေါက် ယွမ်ဖူနယ်ပယ် ပြီးပြည့်စုံခြင်း၌ ရှိနေပုံရချေပြီ။

အစီရင်ပညာရပ် သို့မဟုတ် အဂ္ဂိရတ်ပညာကိုလည်း ကျွမ်းကျင်နေရပေမည်။ မဟုတ်သော် စုန့်လောင်စန်းလက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သည်ပြင် သားရဲထိန်းကျောင်းသူလည်း ဖြစ်နိုင်၏။ သားရဲများကို ထိန်းကျောင်းရာတွင် ကျွန်အမှတ်အသားကို စိတ်ဝိညာဉ်၌ ထည့်သွင်းတတ်ကြသည်။

ဤနည်းဖြင့် စုန့်လောင်စန်းကို ထိန်းချုပ်ထားပုံရချေပြီ။ အမျိုးသမီးက မျက်မှောင်ကြုတ်ကာ၊

“ သတင်းပေးက အမှားကြီးကြီး ကျူးလွန်ခဲ့တာပဲ။ ”

-ဟု ပြောကြားလိုက်၏။ ပိန်းပိန်ပါးပါးအဘိုးအိုမှ ခေါင်းညိတ်ပြကာ၊

“ မှန်တယ် ... ပစ်မှတ်က အဂ္ဂိရတ်ပညာ၊ ဝင်္ကပါပညာနဲ့ သားရဲထိန်းချုပ်မှုမှာ အောင်မြင်မှု တချို့ ရထားပုံပဲ။ ”

-ဟု တုန့်ပြန်၏။

“ ဒါဆို အလုပ်ရှင်ကို ‌စျေးတိုးခိုင်းပါ။ ”

တာအို အဖိုးအိုမှ ဝင်ပြောသည်။

“ ဘာလို့ သူ့ကို မသတ်ရတာလဲ။ ”

အမျိုးသမီး တွေးဆလျက် ရေရွတ်၏။ စုန့်လောင်စန်းမှ အချက်အလက်များ ဖော်ထုတ် မိမည်ကို စိုရိမ်၏။

သူမတို့ အဖွဲ့အစည်းတွင် အဖွဲ့ဝင် လေးယောက်သာရှိပြီး အားလုံးသည် ယွမ်ဖူ နယ်ပယ်တွင်ဖြစ်သည်။ သူတို့တွင် ထုတ်ဖော် မရသော နောက်ခံများရှိ၏။

ထို့ကြောင့် တိုက်ဆိုင်စွာဖြင့် လေးယောက်သား ဆုံတွေ့ပြီးနောက် ကြေးစား အဖွဲ့အစည်းကို တည်ထောင်ခဲ့ခြင်းပေပင်။

“ မင်း အခုလိုစိတ်ပူနေအောင် ပစ်မှတ်က ရည်ရွယ်နေတာဖြစ်မယ်။ ”

အဖိုးအိုစကားကြောင့် အမျိုးသမီးမှ အသက်ပြင်းပြင်းရှူပြီး၊

“ ပစ်မှတ်က စုန့်လောင်စန်းဆီ လိုက်လာမယ့် ငါတို့ကို ထိုင်စောင့်နေတာလို့ ငါထင်တယ်။ ”

-ဟု ညည်းတွားလိုက်၏။ အဘိုးအိုက ခဏလောက် နှုတ်ဆိတ်သွားပြီး၊

“ စိတ်မပူပါနဲ့ ... ငါတို့အားလုံးက ကျိန်ဆိုထားတာမို့ စုန့်လောင်စန်းက ထုတ်ဖော် မပြောလောက်ပါဘူး။ ”

အမျိုးသမီးက မျက်ဝန်းများ မှေးစင်းလျက်၊

“ နင်တို့နှစ်ယောက်မှာရော ကျိန်ဆိုထားတဲ့အမှတ်အသားတွေ ရှိသေးလား။ ”

-ဟု မေးမြန်းလိုက်၏။

တာအိုအဖိုးအိုနှင့် ပိန်ပိန်အဘိုးအိုတို့က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ခဲ့သည်။ ထို့‌နောက် လက်ဖဝါးဖြန့်ကာ တံဆိပ်တစ်ခုစီ ထုတ်ပြလာသည်။

အမျိုးသမီးသည်လည်း တံဆိပ်ကို ထုတ်ပြကာ သက်ပြင်းချလိုက်၏။ သို့သော် စုန့်လောင်စန်းနှင့်ပတ်သက်၍ အနည်းငယ် စိတ်မချ ဖြစ်နေသေးသည်။

“ ဘာပဲဖြစ်ဖြစ် စုန့်လောင်စန်းကို ဆက်နေခွင့် မပြုသင့်ဘူး သူ့ကိုကယ်တင်ရမယ် ဒါမှမဟုတ် သတ်ပစ်ရမယ်။ ”

ပိန်ပိန်ပါးပါး အဖိုးအိုမှ အကြံပြု၏။ တာအိုအဖိုးအိုသည်လည်း ခေါင်းညိတ်သည်။ ကျင့်ကြံမှု နိမ့်ကျသူများသည် စိတ်ဝိညာဉ်ဖြင့် ကျိန်ဆိုမရသေးချေ။

ထို့ကြောင့် တံဆိပ်များတွင် သစ္စာတရားများရေးထိုးပြီး အစီရင်များခင်းကာ နှလုံးသားတွင် ကပ်ထားကြ၏။

ဤနည်းဖြင့် တစ်စုံတစ်ယောက်သည် သစ္စာဖောက်သော် နှလုံးကို တံဆိပ်မှခံစားပြီး ချက်ချင်းပေါက်ကွဲသွားပေမည်။

“ ပစ်မှတ်က အစီရင်သခင်ဖြစ်နိုင်တယ် တစ်ချိန်ချိန်မှာ စုန့်လောင်စန်းက ကတိသစ္စာကို ဖောက်ဖျက်သွားခဲ့ရင် ငါတို့ကို ဖော်ထုတ်ဖို့ လွယ်ကူသွားလိမ့်မယ်။ ”

ဆိုလိုသည်မှာ ပစ်မှတ်သည် အစီရင်အကြောင်း နားလည်သော် ထိုတံဆိပ်ကို အချိန်ယူကာ ဖယ်ရှားနိုင်မည်။ သို့မဟုတ် တံဆိပ်အသစ်ဖြင့် အစားထိုးနိုင်၏။

“ ပြီးတော့ ... ငါတို့က ပစ်မှတ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီပေးနိုင်ကြောင်း အလုပ်ရှင်ကို အကြောင်းကြားပါ တန်ကြေးကို နှစ်ဆတိုးတောင်းလိုက်။ ”

***

All Chapters